Monday, December 30, 2013

ဧရာဝတီတိုင်း လပွတ္တာမြို့နယ် ကန်ဘက်ကျေးရွာက မီးဘေးသင့် ကျောင်းသူကျောင်းသားတွေကို ကူညီကြဖို့

လပွတ္တာမြို့နယ် ကန်ဘက်ကျေးရွာက မီးဘေးသင့် ကျောင်းသူကျောင်းသားတွေကို ကူညီကြဖို့



Maung Ne Lynn Aung

လပွတ္တာမြို့နယ် ကန်ဘက်ကျေးရွာက မီးဘေးသင့် ကျောင်းသူကျောင်းသားတွေကို ကူညီကြဖို့ တိုက်တွန်းလိုပါတယ်

လပွတ္တာမြို့နယ်၊ ကန်ဘက်ကျေးရွာကြီးမှာ ဒီဇင်ဘာ ၂၉ ရက်နေ့ညက လောင်ကျွမ်းခဲ့တဲ့ မီးဘေးဒဏ်ကြောင့် အိမ်ခြေ ၂၃၁ အိမ် ပျက်စီးဆုံးရှုံးပြီး၊ လူပေါင်း ၁၁၀၈ ယောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။ မြို့သူမြို့သားတွေ စုစည်းပြီး ကူညီရေး အစီအစဉ်တွေ ဆောင်ရွက်နေပါတယ်။

ဆောင်းတွင် အချိန် ဆိုတော့ စောင်၊ ခြင်ထောင်၊ အ၀တ်အစား ဒါတွေ လိုအပ်ပါတယ်။ အစားအသောက်အတွက်လည်း အခုမနက်က စပြီး ပို့နေပါပြီ။ မနက်ဖြန်ကျရင်လည်း မြို့က ပဲ့ထောင်တွေ ထပ်ပြီး ရိက္ခာနဲ့ အ၀တ်အထည်တွေ သွားပြီး ပို့မှာ ဖြစ်ပါတယ်။

မီးဘေးဒဏ်သင့်တဲ့ ကန်ဘက်ရွာက အထက်တန်းကျောင်းမှာ သူငယ်တန်းကနေ ဒဿမတန်းအထိ ကျောင်းသားပေါင်း ၁၇၅ ယောက် ပညာသင်ယူနေကြပါတယ်။ ဆယ်တန်း နှစ်ကျ အပြင်ဖြေ ကျောင်းသားတွေပါ ထည့်ပြီး တွက်ရင် တစ်ရွာလုံးမှာ ကျောင်းသားပေါင်း ၂၀၀ အနည်းဆုံး ရှိပါလိမ့်မယ်။ အစားအသောက်နဲ့ ရိက္ခာတွေ ပို့နေပြီ ဆိုပေမယ့် ကျောင်းသုံး ပစ္စည်းတွေ လိုအပ်နေတာကို တွေ့ရပါတယ်။

ဒီတော့ကာ မီးဘေးသင့် ကျောင်းသူ ကျောင်းသားတွေ အတွက် လှူကြပါလို့ တိုက်တွန်းလိုပါတယ်။ ကျွန်တော်လည်း အိမ်ပြန်ရောက်နေတော့ မြို့မှာ နေတဲ့ သူငယ်ချင်းတွေနဲ့ စုပြီး ကျောင်းသုံးပစ္စည်း ဖြန့်ဖြူးဖို့ စပြီး လုပ်နေပါတယ်။ ခန့်မှန်းလိုအပ်ချက် စာရင်းကို အောက်မှာ ဖော်ပြထားပါတယ်။

ဗလာစာအုပ် - ၃၀၀ ဒါဇင်
ဘောပင် - ၃၀ ဒါဇင်
ခဲတံ - ၃၀ ဒါဇင်
ပေတံနဲ့ ခဲဖျက် - ၂၀၀ ခု စီ

ကလေးတွေကို လှူချင်တယ် ဆိုရင်တော့ ဒီလို လှူလို့ ရပါတယ်။

၁၃၀၀ ကျပ် ဆိုရင် ဗလာစာအုပ် ၁ ဒါဇင်
၁၀၀၀ ကျပ် ဆိုရင် ဘောပင် ၅ ချောင်း
၅၀၀ ကျပ် ဆိုရင် ခဲတံ ၃ ချောင်းနဲ့ ခဲဖျက် ၁ ခု
၃၀၀ ကျပ် ဆိုရင် ပေတံ ၁ ချောင်း

အတန်းကြီးတွေ အတွက် စက်ဝိုင်းခြမ်း၊ ကွန်ပါ၊ ကျင်တွယ် ဒါတွေ လိုပါတယ်။ သူတို့ စာမေးပွဲမှာ မဖြစ်မနေ သုံးရမယ့် ပစ္စည်းတွေ ဖြစ်ပါတယ်။
ဝိုင်းဝန်းကူညီမယ် ဆိုရင်တော့ ပစ္စည်းတွေကို ကလေးတွေ လက်ထဲ ရောက်အောင် ကျွန်တော် ကိုယ်တိုင် သွားပြီး ဝေပါ့မယ်။ ဇန်န၀ါရီ ၁ ရက်နေ့မှာ ကျွန်တော် အဲဒီကို သွားပြီး ဝေဖို့ရာ စီစဉ် ထားပါတယ်။ အခု ဗလာစာအုပ် စပြီး မှာထားပါပြီ၊ ရသလောက်ကို အရင်ဆုံး ဝေပါ့မယ်။

ကလေးတွေကို ကူချင်တယ် ဆိုရင်တော့ ကျွန်တော့် အိမ်ဖုန်း ၀၉၄၉၇၄၄၄၀၇ နဲ့ ကျွန်တော့် မိတ်ဆွေ ကိုဇော်မင်းသန်းရဲ့ ဖုန်း ၀၉၃၁၇၁၀၂၉၃ ကို ဆက်သွယ်နိုင်ပါတယ်။ ဒီပစ္စည်းတွေ အမြန်ဆုံး ပေးနိုင်ဖို့ လိုနေပါတယ်။ အမြန်ဆုံး ကူကြပါ။ လှူချင်ရင် စာရင်း လှမ်းပေးလို့ ရပါတယ်။ ငွေကိစ္စကို ကျွန်တော် ရန်ကုန် ပြန်ရောက်မှ ရှင်းလို့ ရပါတယ်။ လာယူ ဆိုလည်း လာယူလို့ ရပါတယ်။ တစ်ထောင်၊ နှစ်ထောင် ဆိုလည်း မနည်းပါဘူး။ ကလေးတွေ စာအုပ်ဖိုး၊ ခဲတံဖိုး ရတာပေါ့။

ဓာတ်ပုံ - နှလုံးသားလပွတ္တာ

Saturday, December 7, 2013

အခြေခံဥပဒေပြဌာန်းမှုမကြာသေးသဖြင့် ပြင်ဆင်ရန်မလိုဟု မျက်စိမှိတ်နေပါက အမှားဖြစ်ဟု သူရဦးရွှေမန်းပြော


ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် မိချောင်းကန် သပိတ်စခန်းတွင် ပဋိပက္ခဖြစ်ပွား

  
ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် မိချောင်းကန် သပိတ်စခန်းတွင် ယနေ့ ဒီဇင်ဘာ (၇) စနေနေ့က တပ်စည်ပင်မှ တာဝန်ရှိသူများဟုဆိုသော လူတစုနှင့် ပဋိပက္ခဖြစ်ပွားသဖြင့်
သပိတ်မှောက်သူတချို့ ဒဏ်ရာရသွားသည်။


(သတင်းနှင့်ဓာတ်ပုံများ - စိုင်းဇော် / ဧရာဝတီ ) နေ့လယ်ပိုင်းတွင် တပ်စည်ပင်က မြဇံရာအေးစေတီဝင်းအတွင်း ခြံခတ်စဉ် ဖယ်ရှားခြင်းမပြုသည့် သပိတ်မှောက်သူများကို သွပ်ပြားများဖြင့်တွန်းကာ ခြံခတ်ရာမှ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

အမျိုးသမီး(၇)ဦးဒဏ်ရာရရှိပြီး ၎င်းတို့ထဲမှ တဦး သတိလစ်မေ့မြောသွားပြီး တဦး လက်ကျိုးသွားသည်။

ဒဏ်ရာရသူတချို့မှာ ည(၇)နာရီခန့်တွင် သင်္ဃန်းကျွန်းပြည့်သူဆေးရုံကြီးမှ ပြန်လည်ဆင်းလာခဲ့ပြီဖြစ်သည်။

သပိတ်စခန်းရှိလူထုမှာမြဇံရာအေးစေတီအတွင်းရှိအိမ်သာကို အသုံးပြုခဲ့သူများဖြစ်သည်။
တပ်စည်ပင်က သော့ခတ်ကာပိတ်ဆို့လိုက်ပြီးနောက်ပိုင်း တောင်းဆိုမှုများကြောင့် တကြိမ်လျှင် ငါးဦး အိမ်သာသုံးခွင့်ရသွားသည်။

ည(၇)နာရီခန့်တွင်ပင် မြန်မာ့တပ်မတော်မှ အင်အား သုံးဆယ်ကျော်ခန့်မှာ စေတီသို့ရောက်ရှိ နေရာယူလိုက်ကြသည်။
ထိုနေရာတွင် မူလကတည်းကရှိနေသည့် တပ်စည်ပင် လုံခြုံရေးဝန်ထမ်းများနှင့် ပူးတွဲ တွေ့နေရသည်။

ယနေ့ညနေပိုင်း မြန်မာနှင့်ကမ္ဘောဒီးယားဘောလုံးပွဲစဉ်ရှိသည့်အတွက်  ဒေသခံတို့ ဘောလုံးပွဲစဉ်အပေါ် အာရုံစိုက်နေကြစဉ်တွင် သပိတ်စခန်း ဖြိုခွင်းခံရဖွယ်ရှိသည်ဟု သုံးသပ်မှုများလည်း သပိတ်စခန်းအတွင်းမှ ထွက်ပေါ်လာသည်။ 


 မြဇံရာအေးစေတီဝင်းအတွင်းရှိနေသည့်သူများမှာ တပ်စည်ပင်ဟူသော ဌာနမှ ဖြစ်သည်ဟု ဆိုသည်


တပ်စည်ပင်ဟူသော ဌာနမှ ပုဂ္ဂိုလ်များ

 သပိတ်စခန်းအတွင်းမြင်ကွင်း

  သပိတ်စခန်းအတွင်းမြင်ကွင်း

 သပိတ်စခန်းကို တပ်စည်ပင်မှ ဟူသော ဌာနမှ ပုဂ္ဂိုလ်တို့က ပိတ်ဆို့လိုက်ပုံ

  မြဇံရာအေးစေတီဝင်းအတွင်းရှိ အိမ်သာကို အလှည့်စနစ်ဖြင့်
အသုံးပြုခွင့် ခေတ္တပေးနေစဉ်

 သပိတ်စခန်းညစာ

  ဒဏ်ရာရရှိသူတချို့ ဆေးရုံမှ ပြန်လည်ရောက်ရှိလာစဉ်

  ဒဏ်ရာရသူတချို့


  မြဇံရာအေးစေတီဝင်းအတွင်းနေရာယူနေသည့် စစ်သားများ

From Irrawaddy

(၂၇)ကြိမ်မြောက် Sea Game SEA Games 2013 Live Streamingကြည့်ရန် လင့်ခ်..

SEA Games 2013 Live Streaming ကြည့်ရန်လင့်ခ်
http://www.pinoyheadline.com/2013/12/02/sea-games-2013-live-streaming/

နောက်ဆုံးရ သတင်းများ Page..

Saturday, November 30, 2013

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရဲထွဋ် ဈာပန


RFA Burmese

မြန်မာ့တပ်မတော်ကို ထူထောင်ခဲ့တဲ့ ရဲဘော်သုံးကျိပ်ဝင်တွေထဲက တစ်ဦးတည်းသောကျန်ရှိသူ ဗိုလ်ရဲထွဋ်ဟာ ရန်ကုန်မြို့မှာ နိုဝင်ဘာ ၂၇ ရက်နေ့က ကွယ်လွန်သွားခဲ့ပါတယ်။ ဗိုလ်ရဲထွဋ်ရဲ့ ဈာပနအခမ်းအနားကို ဒီနေ့ ရေဝေးသုဿာန်မှာ ပြုလုပ်ခဲ့ပါတယ်။ ဗိုလ်ရဲထွဋ်ကို ၁၉၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်မှာ ရန်ကုန်မြို့မှာ မွေးဖွားခဲ့ပါတယ်။ အမည်ရင်း ဦးအောင်သိန်းဖြစ်ပြီး အထက်တန်းကျောင်းဆရာအဖြစ် လုပ်ကိုင်ရင်း သခင်ကိုယ်တော်မှိုင်းဦးစီးတဲ့ ဒို့ဗမာအစည်းအရုံးဝင်တစ်ဦးအဖြစ်နဲ့ အင်္ဂလိပ်နယ်ချဲ့ကို ဆန့်ကျင်ရာမှာ ပါဝင်ခဲ့ပါတယ်။
photo: RFA/ Kyaw Zaw Win

Wednesday, November 27, 2013

သြစတြေးလျနိုင်ငံရောက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်များ


ဒေါ်အောင်ဆန်းစုကြည် အားသြစီတွင် ဒေါ်စန်းစန်းမှဦးဆီးကြိုဆို


DKBA ကလိုထူးဘော စစ်ဌာနချုပ်သို့ ဦးကျော်သူ ရောက်ရှိခဲ့

November 27, 2013
၂၄.၁၁.၂ဝ၁၃ ရက်နေ့ နံနက် (၁၂းဝဝ) နာရီအချိန်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့၊ ကလိုထူးဘော စစ်ဌာနချုပ် (ဆုံဆည်းမြိုင်) သို့ ဗိုလ်ချုပ်ကြီး စောလားပွယ် (ခ) ဗိုလ်နှုတ်ခမ်းမွှေး ၏ ဖိတ်ကြားချက် အရ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ နှင့် (၁း၃ဝ) နာရီကြာတွေ့ဆုံ၍ ဒေသအတွင်း
လူမှုရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး D.K.B.A ကလိုထူးဘော စစ်ဌာနချုပ် ဦးစောလာပွယ် (မိသားစု) နှင့် အရာရှိ၊ အရာခံ၊ အကြပ်စစ်သည်များတို့မှ စုပေါင်း၍ နာရေးကူညီမှု အသင်း(ရန်ကုန်) အတွက် အလှူငွေ ၃ဝဝဝဝဝဝိ/- (သိန်းသုံးဆယ်) ကျပ်တိတိအား လှူဒါန်းပေးအပ် ခဲ့ရာ ဥက္ကဋ္ဌ ဦးကျော်သူမှ လက်ခံရယူခဲ့သည်။
1424379_184129325124529_1285790521_n1459816_184129085124553_792659911_n1459816_184129091791219_1404030978_n
About these ads

Wednesday, November 13, 2013

နောက်ထုတ်မဲ့ ငွေစက္ကူမှာ ဗိုလ်ချုပ်ပုံနဲ့  ထုတ်ဝေမှာဖြစ်တယ်လို့  ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဒေါ်ခင်စောဝေက လွှတ်တော်မှာပြောကြား




၂၀၁၃-၁၁-၁၃
နောက်ထုတ်မဲ့ ပိုက်ဆံမှာ ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ထုတ်ဝေတော့မှာမို့ ဝမ်းသာရပါသည်။
 မြန်မြန်လည်း ထုတ်စေချင်ပါသည်။နောက်ထုတ်တဲ့ ငွေစက္ကူတွေမှာ ဗိုလ်ချုပ်ပုံနဲ့ ထုတ်ဝေသွား
ါမယ်လို့ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဒေါ်ခင်စောဝေက ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဦးသိန်းညွန့်ရဲ့ မေးခွန်းကို ဖြေကြားသွားပါတယ်။

  ၉၆၂ နောက်ပိုင်းကာလတစ်ခုအတွင်း မြန်မာပြည်သူလူထု အများစုကြီးရဲ့ ရင်ထဲမှာ ကသိကအောင့် မကျေမချမ်းဖြစ်ခဲ့ရတာက ပြည်သူတွေရဲ့ ရင်ထဲက သူတို့မိဘဘိုးဘွားဘီဘင် အရင်းအချာတွေ ထက်တောင်ပိုပြီး လေးစားမြတ်နိုးတန်ဖိုးထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အခန်းကဏ္ဍကို အဲဒီနှစ်ငါးဆယ်ကာလ အထူးသဖြင့် ၁၉၈၈ ခုနှစ် ဒီဘက် ၂၄ နှစ်ကာလအတွင်း တမင်ရည်ရွယ်ချက် ရှိရှိ မှေးမှိန်အောင် လုပ်ထားခြင်း ခံနေခဲ့ရတာကိုတွေ့ ရပါတယ်။ နိုင်ငံလွတ်လပ်ရေးအတွက် စွမ်းစွမ်း
တမံ ကြိုးပမ်း ဆောင်ရွက်ရင်း တိုင်းပြည်အတွက် အသက်ကိုစတေးပေးဆပ်သွားခဲ့သူလည်း ဖြစ်တယ်  ဆိုတဲ့အပေါ်မှာ မြန်မာနိုင်ငံသားအားလုံးဟာ တစ်သဘောတည်း ရှိကြပါတယ်။

ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဒေါ်ခင်စောဝေက ပြည်ထောင်စုလွှတ်တော်မှာ အတိအလင်းကြေညာခဲ့တာကြောင့်
ဖုံးကွယ်ဖျောက်ဖျက်ထားခြင်းခံခဲ့ရတဲ့ လွတ်လပ်ရေး၏ဗိသုကာကြီး  တပ်မတော်ရဲ့ ဖခင်ကြီးဖြစ်တဲ့
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံနဲ့  ငွေစက္ကူတွေ အသစ်ပြန်လည် မြင်တွေ့ ရမယ်ဆိုတော့ ၀မ်းသာစရာပါဘဲ
ပြည်သူတွေလည်း ပီတိဖြစ်ကြမယ်လို့  ယုံကြည်ပါတယ်။

Thursday, November 7, 2013

MYANMAR-BURMA:တိုင်းပြည်လွတ်လပ်ရေးသမိုင်းမှာ သူတို.ပါခဲ့တယ် ဒါပေမယ့်

November 7, 2013
1458482_1432295946993855_315530306_n1000278_1432295953660521_1720648320_n1393860_587961504586781_1215720253_n-11461868_1432295950327188_791971935_n1452396_587961601253438_432894738_n
တိုင်းပြည်လွတ်လပ်ရေးသမိုင်းမှာ သူတို.ပါခဲ့တယ် ဒါပေမယ့်
============================== ပဲခူးတံတားပေါ်မှာ ပိုက်ဆံတောင်းစားနေရရှာတဲ့ တော်လှန်ရေးရဲဘော်ကြီး။
ပဲခူးတံတားပေါ်မှာ ပိုက်ဆံတောင်းစားနေတဲ့ အဖိုးကြီးတစ်ယောက်
ကိုအင်တာသွားဗျူးတာလေး တင်ပေးလိုက်ပါတယ်။
မေး။ ။အဘနံမည်ဘယ်လို ခေါ်ပါသလဲ?အသက်ဘယ်လောက်ရှိပြီလဲ ?
ဖြေ။ ။သခင်လှကြိုင်ပါ။အသက်က ၉၃ နှစ်ကွဲ့။
မေး။ ။အဘကစစ်မှု့ထမ်းဟောင်းလား?
ဖြေ။ ။တော်လှန်ရေးရဲဘော်ပါ။ဗိုလ်ရန်နိုင်ရဲ့ တစ်ပည့်ပါ။
မေး။ ။ဘယ်မှာနေလဲ ?ဘယ်သူနဲ့နေလဲ?
ဖြေ။ ။အိုးလေးစုထဲမှာနေတယ်။မုဆိုးမသမီးနဲ့ မြေးနဲ့နေပါတယ်။
မေး။ ။ဘာလို့ပိုက်ဆံတောင်းတာလဲ?ဘယ်လောက်ကြာပြီလဲ?
ဖြေ။ ။အဆင်မပြေလို့ပါ။ တစ်နှစ်လောက်ရှိပြီ။
မေး။ ။နိုင်ငံတော်က မထောက်ပံဘူးလား?။မော်ကွန်းဝင်လက်မှတ်တွေ
ဘာတွေ မရှိဘူးလား?
ဖြေ။ ။မထောက်ပံပါဘူး။ဦးနေ၀င်း ပေးခဲ့တဲ့ ဂုဏ်ပြုလွှာတော့ရှိပါတယ်။
မေး။ ။မျက်စီတစ်လုံးက ဘာဖြစ်တာလဲ?။
ဖြေ။ ။မမြင်ရတော့ဘူး။
မေး။ ။တစ်နေ့ဘယ်လောက်ရလဲ?။
ဖြေ။ ။သုံးထောင်လောက်ရပါတယ်ကွယ်။
( သခင်လှကြိုင်၏ နေအိမ်နှင့် သူ့ပုံများ )
Posted by Kyi Linn

Tuesday, November 5, 2013



  အစိုးရနဲ့  လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ ပထမဆုံး ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေ ဘယ်လို ရလဒ်တွေ ထွက်လာပါသလဲ။


လောလောဆယ်တော့ ပူးတွဲ ကြေညာချက်တစောင် ထွက်လာပါပြီ။

ဒီဇင်ဘာမှာ ထပ်တွေ့မယ်၊ နေရာကတော့ ကရင်ပြည်နယ်  ဖားအံမြို့ဖြစ်တယ် လို့ ဆိုပါတယ်။

 ပြန်လည်တွေ့ဆုံရန် သဘောတူညီကြပါသည် ဆိုတဲ့ အချက်က သတင်းကောင်းပါပဲ။
တွေ့ကြတယ်၊ စကားပြောကြတယ် ဆိုတာတွေဟာ သေနတ်သံတွေထက် ပိုကောင်းတယ် မဟုတ်လား။

ကြေညာချက် ၂ မျက်နှာကို ကူးယူ ဖော်ပြလိုက်ပါတယ်။

စာ ၁

စာ ၂

Sunday, November 3, 2013

Ethnic Armed Organizations Conference - Laiza (2-11- 2013)


Sky Net မှာ မြင်ရမယ့် ဦးကိုကိုကြီးရဲ့ ဆွေးနွေးခန်း

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးရဲ့ အသွင်ကူးပြောင်းရေး ကာလ စိန်ခေါ်မှုများ (Transitional challanges (Social impact) ဆို တဲ့ ခေါင်းစဉ်နဲ့ နိုင်ငံရေး ဆွေးနွေးပွဲကို Yangon Media Group နဲ့ MNTV တို့ရဲ့ အစီအစဉ်အဖြစ်  Sky Net  ရဲ့ Political Dialogue Show ကဏ္ဍ ကနေ ဒီကနေ့ နိုဝင်ဘာ လ ၃ ရက်နေ့မှာ တင်ဆက်ဖို့ ရှိပါတယ်။ 


  နိုင်ငံရေးဆွေးနွေးခန်းက ကောက်နှုတ်ချက်တွေကတော့
"ဥပဒေတခု ထုတ်ပြီဆိုရင် ပြည်သူတွေကို အရင် ကြိုတင်ပညာပေး ၀ါဒမဖြန်.ပဲအရေးယူဖို.ပဲ လုပ် ရင် ဥပဒေ ဆိုတာ ဘယ်လို အသက်ဝင်တော့မလဲ။ ဥပဒေတစ်ခု ပြုပြီးရင် ပြည်သူတွေကို ထိထိရောက် ရောက် နားလည်နိုင်အောင် အရပ်ဖက် အဖွဲ.အစည်းတွေ က တဆင့် မီဒီယာတွေက တဆင့် အသိပညာပေးဖို.လိုတယ်။"
 
သူများက ဖန်တီးတဲ့အတိုင်း ငြိမ်ခံမယ်ဆိုတာ ကျွန်တော်တို.မှာ
ဘယ်တော့မှမရှိဘူးတဲ့။

ပြည်သူတွေဘက်ကလည်း ငါတို.သဘောဆန္ဒအမှန်ကို ပြခွင့်ရရင် အမြဲရှေ.တန်းက
ပြသခဲ့ကြတယ်။ ဥပမာ ၂၀၀၉ ရွေးကောက်ပွဲနဲ. ၂၀၁၀ ကြားဖြတ်ရွေးကောက်ပွဲ
ရလာဒ်ကိုကြည့်လိုက်ပါ ပြည်သူတွေက အသံတိတ်ဆန္ဒပြခဲ့ကြတာပဲ။

စံနစ်ဟောင်းရဲ. အကြွင်းအကျန်တွေကလည်း ယခုအချိန်အထိ မပြောင်းချင်လို.
အတင်းခုခံနေကြတယ်။

သမတကြီးအနေနဲ.လည်း အလိုက်နိုင်တဲ့သူတွေထားခဲ့မယ်ဆိုပြီး တချို.ဟာတွေကို
မထားရစ်လို.များလား၊ ဒါမှမဟုတ် ထားခဲ့ရမယ့်သူတွေကို ရွေးရခက်နေတာလား။

ဖင်တရွတ်ဆွဲနေတဲ့ နောက်ပြန်ရေးသမားတွေကို ပြတ်ပြတ်သားသား
ထားခဲ့ဖို.လိုပါပြီ။ အဲဒါဟာ တိုင်းပြည်ရဲ.ပြုပြင်ပြောင်းလဲရေးအတွက်ပါ။

စစ်သားတွေကို ဗိုလ်သင်တန်းတက်ကတည်းက လုံခြုံရေးနဲ.တည်ငြိမ်ရေးဆိုတာပဲ
သင်ပေးလိုက်တယ်။ အဲဒီလူတွေက အရပ်ဖက်အုပ်ချုပ်ရေးကိုရောက်လာတဲ့အခါ
ပြည်သူတွေ လူထုတွေက လွတ်လပ်ပွင့်လင်းမှုကိုတောင်းဆိုတဲ့အခါ သူတို.အရိုးစွဲ
ခဲ့တဲ့ လုံခြုံရေးဆိုတာကြီးနဲ. ထိပ်တိုက်တွေ.ပြီး ပြသာနာတွေဖြစ်တော့တာပါပဲ။

အသွင်ကူးပြောင်းရေးကာလမှာ တိုက်ခိုက်မှုတွေမပြီးသေးပါ။ နောက်ပြန်ဆွဲမယ့်
သူတွေ ထုကြီးထည်ကြီးနဲ.ရှိနေသေးတဲ့အတွက်ပါ။ ဒါကို တွန်းလှန်ရေးအဖြစ်
ပုံသဏ္ဍာန်ပြောင်းပြီး ဆက်လက်တိုက်ပွဲသွားရမည်။ ဒီမိုကရေစီဖြစ်စဉ်ကြီးကို
အနှောက်အယှက် အတားအဆီးဖြစ်နေသမျှကို တွန်းလှန်ပြောင်းလဲသွားမယ်။
မတရားမှုကို ဆန်.ကျင်တာ ဝေဖန်တာကို ဆက်လုပ်သွားမယ်။

တချိန်က ထောင်ချခဲ့တဲ့သူတွေနဲ.လည်း တိုင်းပြည်ကောင်းဖို. ပြောင်းဖို.ဆိုရင်
အတူ တွန်းလှန်ပြောင်းလဲရေးကို ဆက်လုပ်မယ်။ အရေးကြီးဆုံက ယုံကြည်မှု
တည်ဆောက်ဖို. အရေးအကြီးဆုံး အခက်ဆုံးပဲ။ သက်သေပြဖို.လိုတယ်။

ယုံကြည်မှုတည်ဆောက်ပြီဆိုရင် အာမခံချက်ရှိရမယ်။ လူထက် မူဝါဒရေးရာ
ခိုင်မာပြီး ပွဲပြီးမီးသေ မဖြစ်ဖို.လိုတယ်။ ကောက်ရိုးမီးလို ၀ုန်းကနဲထတောက်တာမျိုး
မဖြစ်ဖို.လိုတယ်။

မိသားစုပုံစံ၊ မူလတန်းကျောင်းပုံစံတွေကအစ ပြောင်းလဲဖို.လိုတယ်။ သာမန်မိသားစု
တွေမှာ ဖခင်က အုပ်ချုပ်ပြီး ငါခိုင်းတာလုပ်ဆိုတာမျိုးကနေ မိသားတစ်ခုလုံး
အပြန်အလှန် တန်ဘိုးထားတတ်ပြီး အမိန်.ပေး အမိန်.ခံ မိသားစုစံနစ်ကိုပြောင်းလဲဖို.
လိုအပ်နေပါပြီ။

ပညာရေးစံနစ်မှာ အရင်က ခေါင်းဆောင်တစ်ယောက်ကလွယ်လွယ်လေး
အမိန်.ပေးလိုက်တာပဲ၊ ပညာရေးကို တပွဲတိုး စိတ်ကူးပေါက်ရာတွေ
မလုပ်ဖို.လိုတယ်။ တကယ် တန်ဘိုးစံချိန်စံညွှန်းရှိတဲ့ ပညာရေးစံနစ်
ပေါ်ပေါက်ဖို. လိုအပ်ပါတယ်။

အုပ်ချုပ်သူတွေကို ပြည်သူတွေ မယုံကြည်တဲ့စိတ်ဟာ အတွင်းထဲမှာ မြုံပြီး
တည်ရှိနေတယ်။ ဒါကြောင့် ပြည်သူတွေဟာ အုပ်ချုပ်သူတွေ တခုခု အမိန်.ပေးရင်
မလိုက်နာချင်ဘူး ဆန်.ကျင်မယ်ဆိုတဲ့စိတ်မျိုးတွေ အရိုးစွဲလာခဲ့တယ်။

ဥပဒေတစ်ခုထုတ်ပြီဆိုရင် ပြည်သူတွေကို အရင် ကြိုတင်ပညာပေး ၀ါဒမဖြန်.ပဲ
အရေးယူဖို.ပဲ လုပ်ရင် ဥပဒေဆိုတာ ဘယ်လို အသက်ဝင်တော့မလဲ။ ဥပဒေတစ်ခု
ပြုပြီးရင် ပြည်သူတွေကို ထိထိရောက်ရောက်နားလည်နိုင်အောင် အရပ်ဖက်
အဖွဲ.အစည်းတွေကတဆင့် မီဒီယာတွေကတဆင့် အသိပညာပေးဖို.လိုတယ်။

တရားစီရင်ရေးမှာလည်း အုပ်ချုပ်ရေးက ၀င်ရောက်မစွက်ဖက်ဖို. လိုတယ်။
ဒါမှသာ ပြည်သူတွေက တရားစီရင်ရေးမဏ္ဍိုင်ကို ယုံကြည်လာမယ်။
ဒါမှမဟုတ်ရင်တော့ ပြည်သူတွေက တရားစီရင်ရေးကို မယုံကြည်ကြဘူး။
အပြင်မှာ ကြိတ်ရှင်းကြတဲ့ အကျင့်ဆိုးမျိုးတွေ ရှိလာကြရော။ ဘာလို.လဲဆိုတော့
တရားရုံးကို မသွားချင်ကြဘူး တရားစီရင်ရေးမဏ္ဍိုင်ကို မယုံကြည်ကြဘူး။

အုပ်ချုပ်တွေအနေနဲ. ကျိုးကြောင်းဆီလျော်တဲ့ အမိန်.မျိုးတွေ ထုတ်ပြန်ဖို.လိုတယ်။
ဆိုက်ကားတွေ စက်ဘီးတွေ ရှုပ်နေတဲ့နေရာမှာ ကားဟွန်းတီးဖို.လိုတာကို
ကားဟွန်းမတီးရဆိုတဲ့ အမိန်.မျိုးထုတ်နေရင် ကျိုးကြောင်းဆီလျော်ပါ့မလား။

ဒါကြောင့် အမိန်.တစ်ခုထုတ်မယ်ဆိုရင်
အုပ်ချုပ်မှုအခွင့်အာဏာရှိတဲ့သူတွေက လူထုနဲ.တိုင်ပင်ကြပါ။

( ကိုကိုကြီး )
 
ဦးကိုကိုကြီးဟာ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးလည်းဖြစ်ပြီး လက်ရှိ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းရဲ့ ဦးဆောင်သူ တဦးအနေနဲ့ တာဝန်ယူနေတာလည်းဖြစ်ပါတယ။် 


ဒီအပြင် ဦးကိုကိုကြီးဟာ Open Myanmar Initiative -OMI ဆိုတဲ့ သုတေသနအဖွဲ့မှာလည်း ဒါရိုက်တာ ဘုတ် အဖွဲ့ နာယကအဖြစ် တာဝန်ယူပေးနေပါတယ်။ 






အိမ့်သံစဉ် ~