Wednesday, November 13, 2013

နောက်ထုတ်မဲ့ ငွေစက္ကူမှာ ဗိုလ်ချုပ်ပုံနဲ့  ထုတ်ဝေမှာဖြစ်တယ်လို့  ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဒေါ်ခင်စောဝေက လွှတ်တော်မှာပြောကြား




၂၀၁၃-၁၁-၁၃
နောက်ထုတ်မဲ့ ပိုက်ဆံမှာ ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ထုတ်ဝေတော့မှာမို့ ဝမ်းသာရပါသည်။
 မြန်မြန်လည်း ထုတ်စေချင်ပါသည်။နောက်ထုတ်တဲ့ ငွေစက္ကူတွေမှာ ဗိုလ်ချုပ်ပုံနဲ့ ထုတ်ဝေသွား
ါမယ်လို့ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဒေါ်ခင်စောဝေက ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဦးသိန်းညွန့်ရဲ့ မေးခွန်းကို ဖြေကြားသွားပါတယ်။

  ၉၆၂ နောက်ပိုင်းကာလတစ်ခုအတွင်း မြန်မာပြည်သူလူထု အများစုကြီးရဲ့ ရင်ထဲမှာ ကသိကအောင့် မကျေမချမ်းဖြစ်ခဲ့ရတာက ပြည်သူတွေရဲ့ ရင်ထဲက သူတို့မိဘဘိုးဘွားဘီဘင် အရင်းအချာတွေ ထက်တောင်ပိုပြီး လေးစားမြတ်နိုးတန်ဖိုးထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အခန်းကဏ္ဍကို အဲဒီနှစ်ငါးဆယ်ကာလ အထူးသဖြင့် ၁၉၈၈ ခုနှစ် ဒီဘက် ၂၄ နှစ်ကာလအတွင်း တမင်ရည်ရွယ်ချက် ရှိရှိ မှေးမှိန်အောင် လုပ်ထားခြင်း ခံနေခဲ့ရတာကိုတွေ့ ရပါတယ်။ နိုင်ငံလွတ်လပ်ရေးအတွက် စွမ်းစွမ်း
တမံ ကြိုးပမ်း ဆောင်ရွက်ရင်း တိုင်းပြည်အတွက် အသက်ကိုစတေးပေးဆပ်သွားခဲ့သူလည်း ဖြစ်တယ်  ဆိုတဲ့အပေါ်မှာ မြန်မာနိုင်ငံသားအားလုံးဟာ တစ်သဘောတည်း ရှိကြပါတယ်။

ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဒေါ်ခင်စောဝေက ပြည်ထောင်စုလွှတ်တော်မှာ အတိအလင်းကြေညာခဲ့တာကြောင့်
ဖုံးကွယ်ဖျောက်ဖျက်ထားခြင်းခံခဲ့ရတဲ့ လွတ်လပ်ရေး၏ဗိသုကာကြီး  တပ်မတော်ရဲ့ ဖခင်ကြီးဖြစ်တဲ့
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံနဲ့  ငွေစက္ကူတွေ အသစ်ပြန်လည် မြင်တွေ့ ရမယ်ဆိုတော့ ၀မ်းသာစရာပါဘဲ
ပြည်သူတွေလည်း ပီတိဖြစ်ကြမယ်လို့  ယုံကြည်ပါတယ်။

No comments: