Sunday, June 23, 2013

“အမျိုးသားရေး” ဆိုတာ


“အမျိုးသားရေး” ဆိုတာ လူမျိုးတစ်မျိုးထဲ ကိုးကွယ်ရာ ဘာသာတစ်ခုထဲအတွက်ဘဲ ဖြစ်ရမယ်ဆိုရင် ဒါဟာ တရားမဲ့တဲ့ မျက်ကန်းမျိုးချစ်ဝါဒဘဲ။ “အမျိုးသားရေး” ဆိုတာ တိုင်းပြည်တစ်ပြည်အတွင်းမှာ နေထိုင်သူ အားလုံး ဘာသာမခြား လူမျိုးမခြား နိုင်ငံအပေါ် သစ္စာစောင့်ထိန်းပြီး နိုင်ငံတည်တံ့အောင် အတူတစ်ကွ ၀ိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်ရမယ့် “အမျိုးသားရေး” ကို ဆိုလိုတာ။ ယခုတော့ “အမျိုးသားရေး” ဆိုတာ ငါ့လူမျိုး ငါ့ဘာသာမှဆိုတဲ့ “အစွန်းရောက် မျက်ကန်းအမျိုးသားရေး” ဖြစ်နေတာဘဲ။ဗုဒၵဘာသာမွ ဗုဒၶဘာသာ၊ အစၥလမ္ဘာသာမွ အစၥလမ္ဘာသာ၊ ခရစ္ယာန္မွ ခရစ္ယာန္ဘာသာ၊ ဗမာမွ ဗမာ၊ မြန္မွ မွန်၊ ကရင်မှ ကရင်၊ ချင်းမှ ချင်း၊ ကချင်မှ ကချင်၊ ရှမ်းမှ ရှမ်း စတဲ့ လုပ်မနေကြပါနဲ့ ။ မဟာလူမျိုးကြီးဝါဒကို လက်မခံသလို ကျဉ်းမြောင်းတဲ့ လူမျိုးစုဝါဒကိုလည်း လက်မခံပါဖူး။ ကိုယ့်ဘာသာမှ ကောင်းပြီး အခြားဘာသာ မကောင်းပြောတာကိုလည်း လက်မခံပါဖူး။ ကိုယ့်လူမျိုးမှ ကောင်းပြီး အခြားလူမျိုးက မကောင်းဖူးဆိုတာ မသင့်တော်ပါဖူး။

969


from

KoNiknayman

“အမျိုးသားရေး” ဆိုတာ

“အမျိုးသားရေး” ဆိုတာ တိုင်းပြည်တစ်ပြည်အတွင်းမှာ နေထိုင်သူ အားလုံး ဘာသာမခြား လူမျိုးမခြား နိုင်ငံအပေါ် သစ္စာစောင့်ထိန်းပြီး နိုင်ငံတည်တံ့အောင် အတူတစ်ကွ ၀ိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်ရမယ့် “အမျိုးသားရေး” ကို ဆိုလိုတာ။


မြန်မာနိုင်ငံ နယ်ချဲ့ ကိုလိုနီလက်အောက် ကျရောက်မယ့်  ကျရောက်ခဲ့တဲ့အခါမှာ အမျိုးသားအရေးအတွက် ရည်စူးပြီး လွတ်လပ်ရေး မဆုံးရှုံးဖို့  လွတ်လပ်ရေး ပြန်လည်ရယူဖို့  ကြိုးပမ်းခဲ့ကြတဲ့နေရာမှာ ဘာသာတရားတစ်ခုထဲ ရှေ့ တန်းတင်ပြီး လူမျိုးတစ်မျိုးထဲ အရေးထားပြီး ဆိုပြီး မလုပ်ခဲ့ကြပါဖူး။ မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ ဘာသာဝင်အားလုံး လူမျိုးအားလုံး တိုင်းပြည် လွတ်လပ်ဖို့  အတူတစ်ကွ လက်တွဲပြီး အသက်စွန့်  ကြိုးပမ်းဆောင်ရွက်ခဲ့ကြတာပါ။

“အမျိုးသားရေး” ဆိုတာ လူမျိုးတစ်မျိုးထဲ ကိုးကွယ်ရာ ဘာသာတစ်ခုထဲအတွက်ဘဲ ဖြစ်ရမယ်ဆိုရင် ဒါဟာ တရားမဲ့တဲ့ မျက်ကန်းမျိုးချစ်ဝါဒဘဲ။ “အမျိုးသားရေး” ဆိုတာ တိုင်းပြည်တစ်ပြည်အတွင်းမှာ နေထိုင်သူ အားလုံး ဘာသာမခြား လူမျိုးမခြား နိုင်ငံအပေါ် သစ္စာစောင့်ထိန်းပြီး နိုင်ငံတည်တံ့အောင် အတူတစ်ကွ ၀ိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်ရမယ့် “အမျိုးသားရေး” ကို ဆိုလိုတာ။ ယခုတော့ “အမျိုးသားရေး” ဆိုတာ ငါ့လူမျိုး ငါ့ဘာသာမှဆိုတဲ့ “အစွန်းရောက် မျက်ကန်းအမျိုးသားရေး” ဖြစ်နေတာဘဲ။

အာဏာရှင်လက်အောက်မှာ ဆုံးရှုံးနေရတဲ့ လွတ်လပ်ရေးကို အားလုံး စုစည်းပြီး အရင်ဆောင်ရွက်ကြမှာလား၊ တစ်နိုင်ငံထဲမှာ ဒီမြေမှာ နေ ဒီရေကို သောက်ပြီး နေထိုင်ကြသူအချင်းချင်း သွေးခွဲတဲ့ စကားတွေ သွေးကွဲစေတဲ့ လုပ်ရပ်တွေ လုပ်နေကြမှာလား။

ဗုဒၵဘာသာမွ ဗုဒၶဘာသာ၊ အစၥလမ္ဘာသာမွ အစၥလမ္ဘာသာ၊ ခရစ္ယာန္မွ ခရစ္ယာန္ဘာသာ၊ ဗမာမွ ဗမာ၊ မြန္မွ မွန်၊ ကရင်မှ ကရင်၊ ချင်းမှ ချင်း၊ ကချင်မှ ကချင်၊ ရှမ်းမှ ရှမ်း စတဲ့ လုပ်မနေကြပါနဲ့ ။ မဟာလူမျိုးကြီးဝါဒကို လက်မခံသလို ကျဉ်းမြောင်းတဲ့ လူမျိုးစုဝါဒကိုလည်း လက်မခံပါဖူး။ ကိုယ့်ဘာသာမှ ကောင်းပြီး အခြားဘာသာ မကောင်းပြောတာကိုလည်း လက်မခံပါဖူး။ ကိုယ့်လူမျိုးမှ ကောင်းပြီး အခြားလူမျိုးက မကောင်းဖူးဆိုတာ မသင့်တော်ပါဖူး။

နှစ်ပေါင်းမြောက်မြားစွာ သေလုမြောပါး ဖြစ်နေတဲ့ မြန်မာနိုင်ငံကို အာဏာရှင်တွေ လက်အောက်က အရင်ကယ်တင်ဖို့  ကြိုးစားကြမှာလား၊ တစ်ဘာသာရေး တစ်မျိုးသားရေးတွေကို လုပ်နေကြမှာလားဆိုတာ စဉ်းစားကြပါ။ သေလုနီးပါး လူနာရဲ့  အသက်ကို အရင်ကယ်ဖို့ အရေးထက်၊ သေရင် ဘယ်လို ကောင်းအောင် ဘာသာရေးအရ ရက်လည်ဆွမ်း ကျွေးမယ်၊ ရိုးရာဓလေ့ထုံးတမ်းအရ ဘယ်လို မြေမြုပ်မယ်ဆိုတာ ဦးစားပေး လုပ်နေတာကတော့ မဖြစ်သင့်ပါဖူး။

ယခုလက်ရှိ ပြောဆိုဖြစ်ပျက်နေတာတွေက အရင်နယ်ချဲ့ ကိုလိုနီခေတ်က အဝေးက တိုင်းတစ်ပါးသား နယ်ချဲ့ က လူမျိုးဘာသာကို ဖိနှိပ်ခဲ့တယ်၊ ယခုက တစ်မြေထဲနေ တစ်ရေထဲသောက်နေသူတွေကိုယ်တိုင်က မိစ္ဆာဒိဌိလို့  ခေါ်တဲ့ အာဏာရူးတွေရဲ့  လှည့်ကွက်ထဲမှာ ကိုယ်ကိုးကွယ်ရာ ဘာသာကိုရော အခြားဘာသာကိုရော၊ ကိုယ့်လူမျိုးကိုရော အခြားလူမျိုးကိုရော အပြုသဘောနဲ့  ပြောဆိုဝေဖန်တာထက် တိုက်ခိုက်ခြေမှုန်းနေတာက ပိုမိုနေပြီး ကိုယ့်လည်ပင်းပေါ် တက်ခွထားတဲ့သူတွေကို မေ့နေကြတယ်။

ဒါကြောင့်မို့  မြန်မာနိုင်ငံမှာ “Divide and Rule” ဆိုတာ ယခုထိ သုံးကောင်းနေတုန်းဆိုတာ။
from Ko Nick


Friday, June 21, 2013

Times Magazine အား ပြင်းထန်စွာကန့်ကွက် ရှုတ်ချ

Vol 182, No.1, July 1 ရက်နေ့ထုတ် ကမ္ဘာကျော် Times Magazine ကြီး၏ ပုံနှိပ်ရေးသား ဖော်ပြချက် အချို့အား ကျွန်ုပ်တို့မှ ပြင်းထန်စွာကန့်ကွက် ရှုတ်ချ လိုက်သည်

21, June 2013 သောကြာနေ့
နံနက် 9 နာရီ

Vol 182, No.1, July 1 ရက်နေ့ထုတ် ကမ္ဘာကျော် Times Magazine ကြီး၏ မျက်နှာဖုံးတွင် ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်များ၏ ကိုးကွယ်ရာဖြစ်သည့် ရတနာသုံးပါးတွင် တစ်ပါးအပါအ၀င်ဖြစ်သော သံဃာတော်အရှင်သူမြတ် (ဆရာတော်ဦးဝီရသူ)၏ဓာတ်ပုံအား ဖော်ပြကာ ဗုဒ္ဓဘာသာအကြမ်းဖက်သမားဟူသော အဓိပ္ပာယ်ရသည့် စွပ်စွဲရေးသားချက်များ၊ မြန်မာဘင်လာဒင်ဟူသော အကြမ်းဖက်လူသတ် ကမ္ဘာအား ဖျက်ဆီးနေသည့် အိုစမာဘင်လာဒင်နှင့် ခိုင်းနှိုင်းကာ ရေးသားဖော်ပြထားချက်များအား ကျွန်ုပ်တို့ First Media Group အနေဖြင့် Times Magazine ကြီးနှင့် ပါဝင်ပတ်သက်သူများအား ပြင်းထန်စွာ ရှုတ်ချကန့်ကွက်သည်။

ကျွန်ုပ်တို့ မြတ်ဗုဒ္ဓ၏သားတော် ဆရာတော်ဦးဝီရသူသည် အမျိုးချစ်စိတ်၊ ဘာသာချစ်စိတ်ပြင်းထန်သည်ကို ကျွန်ုပ်တို့ ၀န်ခံပါ၏။ သို့သော် ဆရာတော် ဦးဝီရသူသည် ဒေသတွင်းငြိမ်းချမ်းရေးအားခြိမ်းခြောက်သော အစွန်းရောက် အကြမ်းဖက်သမား ဗုဒ္ဓဘာသာခေါင်းဆောင်တစ်ဦးမဟုတ်ပါ။ လူ့အသက် အိုးအိမ်စည်းစိမ်တို့အား ဖျက်ဆီးချေမွသည့် အစွန်းရောက်အကြမ်းဖက် ခေါင်းဆောင်တစ်ဦးမဟုတ်ပါ။ ယနေ့အထိ ဆရာတော်ဦးဝီရသူမှ အခြားအခြားသော ဘာသာဝင်များအား သတ်ဖြတ် စေခိုင်းခြင်း၊ အဆောက်အအုံဖျက်ဆီးခြင်း စသည့်အစွန်းရောက် လုပ်ရပ်များအား စေခိုင်းခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းရှိသူမဟုတ်ဟု ကျွန်ုပ်တို့ဗုဒ္ဓဘာသာဝင်အများစုမှ ယုံကြည်သည်။

 မြတ်ဗုဒ္ဓကိုယ်တိုင်ပင်လျှင် မေတ္တာဓာတ်ဖြင့် ရန်ပြုတိုက်ခိုက် သူများအား အောင်နိုင်ခြင်းဖြစ်ကြောင်း သာသနာ့သမိုင်းတွင် အထင်အရှား ပြသလမ်းညွှန်ခဲ့ပြီးဖြစ်သလို သံဃာတော်အစစ်အမှန်တို့ မည်သည် မေတ္တာဓာတ်ဖြင့်သာ ဘာသာအားလည်းကောင်း၊ အမျိုးအနွယ် အားလည်းကောင်း၊ တိုင်းနိုင်ငံအားလည်းကောင်း ကာကွယ်စောင့်ရှောက် ကယ်တင်ခဲ့ကြသည်ကို နိုင်ငံ့သမိုင်းနှင့် သာသနာ့သမိုင်းက သက်သေ ပြပြီးလည်းဖြစ်ပါသည်။

ထို့အတူ Times Magazine ၏ရေးသား ဖော်ပြချက်များသည် အခြားဘာသာတစ်ခုမှ အခြားဘာသာ တစ်ခုကို ထင်ယောင်ထင်မှားဖြစ်စေသည့် စွပ်စွဲရေးသားချက်များဖြစ်သလို ဗုဒ္ဓဘာသာ သာသနာတော်အား ညှိုးနွမ်းစေရန် ရည်ရွယ်ခြင်းဟု ကျွန်ုပ်တို့ ယူဆသည်။

ထို့ကြောင့် ကမ္ဘာကျော် Times Magazine ကြီး၏ အာရှ၊ ဥရောပ၊ အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိက၊ တောင်ပစိဖိတ်ဒေသအတွက် ရိုက်နှိပ်ဖြန့်ချိသော ဆရာတော် ဦးဝီရသူ၏ဓာတ်ပုံနှင့် ရေးသားစွပ်စွဲချက်များအား ကျွန်ုပ်တို့အနေဖြင့် ပြင်းထန်စွာရှုတ်ချကန့်ကွက်သည်။ ဖြေရှင်းချက် တစ်စုံတစ်ရာအားလည်း အဆိုပါ Times Magazine ကြီး၏ တာဝန်ရှိသူ များမှ မီဒီယာကျင့်ဝတ်နှင့်အညီ ဖြေရှင်းပေးရန် ကျွန်ုပ်တို့တောင်းဆို လိုက်သည်။

The First Weekly News Journal နှင့်
The First Media Group