Sunday, December 28, 2008

Karen Traditional Dance in New Bern,U.S.A

Happy Karen New Year in New Bern 2008( ကရင်နှစ်သစ်ကူး)



အ မေ ရိ ကန် ပြည် ထောင် စု ၊ နော့ ကာ ရို လိုင်း နား ပြည် နယ် ၊ န ယူး ဘန်း မြို့ တွင် ဒီ ဇင် ဘာ လ ၂၇ ရက် နေ့ နံ နက် ၁၀ နာ ရီ မှ ည နေ ၅ နာ ရီ အ ထိ စည် ကား သိုက် မြိုက် စွာ ကျင်း ပ ခဲ့ ပါ သည် ။ ရပ် ဝေး ရပ် နီး ဧည့် ပ ရိ သတ် ၅၀၀ နီး ပါး တက် ရောက် ခဲ့ ပါ သည် ။ အ ခန်း အ နား တွင် ပိုး ၊စ ကော၊ မြန်မာ၊ အ င်္ဂ လိ ပ်
( ၄ ) ဘာ သာ ဖြင်. ကျင်း ပ ခဲ့ ပါ သည် ။

Sunday, December 21, 2008

အမေရိကန် နှင်းမုန်တိုင်း


-မြတ်စိုး-

အမေရိကန် အရှေ့ပိုင်းနဲ့ အနောက်အလယ်ပိုင်း ပြည်နယ်တွေမှာ သောကြာနေ့ က ရေခဲ နှင့် နှင်းမုန်တိုင်း တိုက်ခိုက်မှု ကြောင့် နေရာတော်တော်များများမှာ လျှပ်စစ်မီးလိုင်းတွေ ပြတ်တောက်ခဲ့ ရပါသည်။ နှင်းမုန်တိုင်း ရာသီဥတုဆိုး ကြောင့် ပြင်းထန်သော ယာဉ်တိုက်မှုတွေ နေရာတော်တော်များများ မှာ ဖြစ်ပွားခဲ့ကြသည်။ လူအသေအပျောက်များလည်းရှိတယ်။ တချို့နေရာတွေ မှာ သစ်ပင်များပြိုလဲကျပြီး၊ လမ်းများ ပိတ်ဆို့ ခဲ့ရပါသည်။ အထူးသဖြင့် မီနီစိုးတား၊ အိုင်အိုဝါ၊ ဒါကိုတာတောင်ပိုင်း၊ အင်ဒီယားနား၊ အေလူးနွိုက်၊ ၀င်ကွန်စင်၊ အိုဟိုင်းရိုး၊ မန်ဆင်ချူးဆက်၊ နယူးဂျာစီ၊ ပန်ဆင်ဗေးနီးယား၊ မီချီဂန်၊နယူးဟန်းရှား၊နှင့် နယူးယောက် ပြည်နယ်တွေမှာ နှင်း ၄ လက္ခမ ကနေ ၈ လက္ခမ ထိကျခဲ့ပြီး၊ နယူးအင်္ဂလန် တချို့နေရာတွေ မှာတော့ ၁၁လက္ခမထိ တောင်ကျရောက်ခဲ့ပါတယ်။ နှင်းဟာ စနေနေ့ည နှင့် တနင်္ဂနွေနံနက် မှာ ဆက်လက် ကျဖို့ ရှိတယ်လို့ ပြည်နယ်တော်တော်များများရှိ မိုးလေ၀သ သတင်းတွေ မှာ ဖော်ပြနေကြတယ်။
နှင်းဟာ လားဗီးဂတ်စ် သဲကန္တာရမှာ တောင် အများအပြား ကျနေတာမို့ ပြည်နယ်တော်တော် များများ မှာ နှင်းကျစဉ် ကားများကို မမောင်းနှင်းကြဖို့ သတိပေးနှိုးဆော် ထားပါသည်။ တချို့ပြည်နယ်တွေ မှာ ဗုဒ္ဓဟူးနေ့ ထိတောင် လျှပ်စစ်မီးလာမှာမဟုတ်ဘူးလို့ ကြေညာထား ပါသည်။ တချို့ ပြည်နယ်တွေမှာ ရေခဲမုန်တိုင်းတွေ ကျရောက်နေပါသည်။ လမ်းမပေါ်မှာ ရေခဲပြင် အဖြစ်ဖုန်းလွှမ်းနေလျှက်ရှိသည်။

အမေရိကန်ရှိ မြန်မာမိသားစုများအတွက် နှင်းမုန်တိုင်း အထူးသတိပေးချက်

* ခရီးကို မလိုအပ်ဘဲ မထွက်ပါနှင့်။
* ကား ကို မလိုအပ်ဘဲ လမ်းမပေါ် မမောင်းပါနှင့်။
* ကားကို သေသေချာချာ စစ်ဆေးပြီးမှ မောင်းပါ။ (Insurance, Heater, etc)
* အရေးပေါ် ခရီးထွက်လျှင် သွားမည့် နေရာ၏ရာသီဥတုကိုကြိုတင်စုံစမ်းပါ။
* ဆဲဖုန်းကို ကိုယ်နှင့်တပါတည်း အမြဲယူဆောင်သွားပါ။
* အတွေ့အကြုံမရှိသော ကားမောင်းသူများ နှင်းထူတပ်သောလမ်းမများတွင် မမောင်းသင့်ပါ

Thursday, November 20, 2008

$ 25 million


သဇင်အောင် ( ဂျနီဖာ)-

ကုလသမဂ္ဂ ဥရောပ ရုံးခွဲ ( ဂျနီဖါ ) မှာရှိတဲ့ အခန်း နံပတ် ၂၀ ရဲ့  မျက်နှာကျက်ကို ပြင်ဆင်ခဲ့တယ်။ ပန်းချီကားကြီး တချပ်ကို မျက်နာကျက်မှာ တပ်ဆင်ခဲ့တယ်။ ဒီမျက်နာကျက် ကို ဒေါ်လာ ၂၅ သန်းတန်တဲ့ ပန်းချီကားတချုပ် စပိန် အနုပညာရှင် မီကူလ် ဘာဆီလို က ကိုယ်တိုင် ရေးဆွဲ ပေးခဲ့ပါတယ်။ မျက်နာကျက် က စတုရန်းမီတာ ၁၅၀၀ ရှိတဲ့ အတွက် အလွန်ကြီးတဲ့ ပန်းချီကား ကြီးတချပ်ဖြစ်လာပါတယ်။ ဒီလောက် ဈေးကြီး လှတဲ့ မျက်နာ ကျက် ပန်းချီ ကားကို အပ်တဲ့ အဖွဲ့ စည်းကတော့ ကုလသမဂ္ဂ လူ့ အခွင့်အရေး ကြေညာ စာတန်း ကော်မရှင်ဖြစ်ပါတယ်။ ကုလသမဂ္ဂ လူအခွင့်ရေး ကော်မရှင်ကောင် စီက မျက်နာကျက် ကို ကမ္ဘာ ဈေးအကြီး ဆုံး ပန်းချီကား ကြီးကို တပ်ဆင်နေချိန်မှာ မြန်မာနိင်ငံ၊ဇင်ဘာဘွေ၊ ရ၀မ်ဒါ၊ ဆူဒန်၊ ကမ္ဘော ဒီယား နဲ့  နေရာ အတော် များးများမှာ လူအသက်တချောင်းဟာ ဘာတန်ဖိုးမှ မရှိဖြစ်နေချိန် နဲ့ တိုက်ဆိုင်နေပါတယ်။

ကုလသမဂ္ဂ ဟာ နိင်ငံတကာ ဆက်ဆံရေးမှာ စွမ်းဆောင်မှု ကင်းမဲ့ ခြင်း၊ ခြစားမှုများ အလွန်များပြားခြင်း၊ ကုလသမဂ္ဂ ကိုယ်စားလှယ်တချို့ ဟာ အာဏာရှင်များနှင့် ပူးပေါင်းလာဘ်စားခြင်း၊ ဒေသဆိုင်ရာ အရာရှိကြီး များ ကိုယ်ကျိုး စီးပွားအလွန်အမင်း ယူထားခြင်းတို့ ကြောင့် နိင်ငံတကာ ဆက်ဆံရေးမှာ အလွန် နာမည် ပျက် လျက်ရှိနေပါတယ်။ အထူးသဖြင့် ဒီလို လာဘ်ပေးလာဘ်ယူ အကျင့်ပျက်မှုများ အာဏာရှင်နိုင်ငံအောက် တွေမှာ အဖြစ်များနေပါတယ်။

N.L.D special announcement

Thursday, November 13, 2008

Help K.N.L.A


ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော် ကိုကူညီပါ


သန်းေ ရွှ မိသားစုကိုကာကွယ်တဲ့ ကာကွယ်ရေးတပ် ကို ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်က အပြင်းအထန် ခုခံနေပါတယ်။ ကရင်အမျိုးသားတပ်မတော်ဟာ သံဃာတွေ၊ ကျောင်းသားတွေ၊ ဒီမိုကရေစီအင်အားစုတွေကို ကာကွယ်
ပေးထားပါတယ်။ ဒီမိုကရေစီအင်အားစုတွေနဲ့ တလျောက်လုံးလက်တွဲ ပြီး သန်းရွေ မိသားစုရဲ့ ဖိနိပ်မှုကိုခုခံနေပါတယ်။ ကရင်အမျိုးသား
လွတ်မြောက်ရေးတပ်မတော် နဲ့  ကျောင်းသားတပ်မတော်ကို အားပေးကြပါ။ ငွေကူညီပါ။ စိတ်ဓါတ်ရေးရာအရကူညီပါ။ နောက်ထပ် ပြောက်ကျားတိုက်ပွဲတွေကို ဆက်လက်ဖေါ်ထုတ်မယ်။လက်နက်ခဲယမ်း၊ စကားပြောစက်များ
ဝယ်ယူနိင်ရေးအတွက် ငွေကူညီပေးကြပါရန် မေတ္တာရပ်ခံပါတယ်။

Monday, November 10, 2008

65 years


ကျောင်းသားခေါင်းဆောင်များကို ထောင် ၆၅ နစ်ချမှတ်



၈ လေးလုံးမျိုး ဆက်ခေါင်းဆောင်များ၁၄ ဦးကို ကို စစ်အစိုးရ ထောင်ဒဏ် ၆၅ နစ် မတရားထောင်ဒဏ်တွေချမှတ်လိုက်ပါတယ်။ ခေါင်းဆောင်များကတော့
၁- ကိုမင်းဇေယျ
၂- ကိုဂျင်မီ
၃- ကိုဇော်ဇော်မင်း
၎- ကိုသန်းတင်
၅ - ကိုဇေယျ ( လူဘောင်သစ်)

၆- ကိုအံဘွယ်ကျော်
၇- ကိုကျော်ကျော်ထွေး
၈- ကိုပန်တိတ်ထွန်း
၉- ကိုသက်ဇော်
၁၀- မသင်းသင်းအေး (ခ) မမီးမီး
၁၁- မမာမာဦး
၁၂- မနီလာသိန်း
၁၃- မစန္ဒာမင်း
၁၄- မသက်သက်အောင် တို့ ဖြစ်ကြပါတယ်။ မစုစုနွေး ကိုလည်းထောင် ၁၂ နစ်ခွဲ ချမှတ် ပါတယ်။

မင်းကိုနိင်၊ ကိုကိုကြီးနှင့် ကိုဌေးကြွယ်တို့ ကိုမူ မသိရသေးပါ။ ကိုမင်းဇေယျ က ၆၅ နစ်ထဲလားကွာ ဟု ကြွေးကြော်သွားကြောင်းသိရပါတယ်။ မမီးမီးကလည်း ဘယ်တော့မှ မကြောက်ဘူး။ မြန်မာ ပြည် လွတ်မြောက်ပါစေလို့အရေးတော်ပုံအောင်ရမည်လို့ ထောင်ထဲတွင် ကြွေးကြော်သံများ ကို တိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်။

Tuesday, November 4, 2008

Obama


အမေရိကန် ပြည်ထောင်စုရဲ့ ပထမဆုံး လူမဲ သမ္မတ အဖြစ် ဘာရက် အိုဘားမား ကို ပြည်သူလူထု က သမ္မတ အဖြစ်ရွေးခြယ်လိုက်ပါပြီ။ သမ္မတလောင်းဖြစ်ဖို့ အတွက် လိုအပ်တဲ့ မဲ ၂၇၀ အနက် သူက ၃၃၃ မဲ အပြတ် အနိင်ရရှိလိုက်ပါတယ်။ ဒီလို အပြတ်အသတ်အနိင် ရရှိလိုက် ဟာဖြင့် အမေရိကန် ပြည်ထောင်စုသမိုင်းမှာ ပထမဦးဆုံး ဖြစ်ပါတယ်။ ပြိုင်ဖက် ဆီးနိတ်တာ မက်ကိန်းကတော့ ၁၄၆ မဲ ရရှိခဲ့ပါတယ်။

First Black President Of U.S.A - OBAMA

Sunday, October 26, 2008

need dialogue


တွေ့ဆုံဆွေးနွေးရေးကို မှန်မှန်ကန်ကန် လုပ်ဆောင်လာစေရန်အတွက် ချော့မြှူရေးဝါဒနည်းလမ်း သုံးမရသည့် နအဖစစ်အုပ်စုအား နိုင်ငံရေး၊ စစ်ရေးအရ ပြတ်ပြတ်သားသား ရှေ့ဆက်တိုက်ပွဲဝင်သွားမည်ဟု ကေအန်ယူက ပြောသည်။

ကေအန်ယူ ဒု-ဥက္ကဋ္ဌ ပဒိုဒေးဗစ်သာကပေါက “တွေ့ဆုံ ဆွေးနွေးရေးမူကို ကေအန်ယူက ဆက်လက်ကိုင်စွဲ ထားပေမယ့် နအဖက ကေအန်ယူကို တဖက်သတ် သူတို့နဲ့ ပူးပေါင်းဖို့ လက်နက်ချဖို့ပဲ ပြောတယ်။ နိုင်ငံရေးအရ ဖြေရှင်းမှုကို မကြိုးစားဘူး။ သူတို့ရဲ့ အာဏာတည်မြဲရေး လမ်းစဉ်ကိုပဲ ဆက်လုပ်နေတယ်။ တွေ့ဆုံ ဆွေးနွေးရေး လုပ်မှသာ ငြိမ်းချမ်းစွာနဲ့ မြန်မာနိုင်ငံပြဿနာကို ဖြေရှင်း နိုင်မယ်” ဟုပြောသည်။

သို့သော် နအဖက နိုင်ငံရေးပြဿနာကို စစ်ရေးနှင့်သာ ဖြေရှင်းလိုသည့်အတွက် ကေအန်ယူလက်အောက်ခံ တပ်မဟာများတွင် တိုက်ပွဲများ အမြဲဖြစ်ပွားနေသကဲ့သို့ ကျန်တပ်မဟာများတွင်လည်း ဖြစ်ပွားနေကြောင်း ၎င်းကပြောသည်။

“နအဖ အနေနဲ့ ကေအန်ယူ အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းတွေကို နောက်ထပ်အနှစ် (၁၀၀) အထိ ဆက်တိုက်ချင်ရင်လည်း ရတယ်။ ဗိုလ်သန်းရွှေကို ပြောချင်တာက မြန်မာ့နိုင်ငံရေးပြဿနာကို စစ်ရေးနည်းနဲ့ ဘယ်လိုမှ ဖြေရှင်းလို့ရမှာမဟုတ်ဘူး။ ဒါကြောင့် တွေ့ဆုံဆွေးနွေးရေးနည်းကသာ အကောင်းဆုံးဖြစ်တယ်” ဟု ပဒိုဒေးဗစ်သာကပေါက ပြောသည်။

Friday, October 24, 2008

Free Daw Aung San Suu Kyi


အာဏာရှင် နအဖမှ မိမိတို့ ပြဌာန်းထားသော ဥပဒေကိုပင် မလိုက်နာဘဲ ဥပဒေမဲ့ ဒေါ်အောင်ဆန်းစုကြည်အား မတရား အကျဉ်းချထားသော ၁၃ နှစ်ပြည့်မြောက်သောနေ့နှင့် မြန်မာနိုင်ငံအတွင်း အခြားသောမတရားဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရန်အတွက် လန်ဒန်ရောက် သံဃာတော်များ အပါအ၀င် မြန်မာ့အရေး ဆောင်ရွက်နေသော ပုဂ္ဂိုလ်များက နအဖ စစ်ဗိုလ်များ၏ ကိုးကွယ်ရာဆရာတစ်ဆူဖြစ်သော တရုတ်အစိုးရ ကိုယ်စား လန်ဒန်ရှိ တရုတ်သံရုံးသို့ အကျဉ်းတံခါးများအား ဖွင့်နိုင်သော သော့အား အထိမ်းအမှတ်ပြုသည့် သော့တစ်ချောင်း ပေးအပ်သော ဆန္ဒပြပွဲတစ်ခု ပြုလုပ်ခဲ့ကြသည်။

Saturday, October 18, 2008

our hero


ခေတ်တစ်ခေတ်ရဲ့ သူရဲကောင်း


၅ သိန်းသော လက်နက်ကိုင်တွေ ကြောက်ရသော အမျိုးသားသူရဲကောင်း တစ်ဦး

ကမ္ဘာမှာ မြန်မာဟေ့လို့ ကြွေးကျော်နိုင်တဲ့ သက်ရှိ သူရဲကောင်း တစ်ယောက်

ကိုမင်းကိုနိုင်

မွေးနေ့မှာ ပျော်ရွှင်နိုင်ပါစေ


ဒီကနေ့... အောက်တိုဘာလ ၁၈ ရက် ၂ဝဝ၈ ခုနှစ်ဟာ ဆိုရင် ကိုမင်းကိုနိုင် (ခ) ကိုပေါ်ဦးထွန်း ရဲ့ (၄၆) နှစ် မြောက်မွေးနေ့ရက်မြတ် ဖြစ်ပါတယ်။

မိမိကိုယ်ကျိုးမငဲ့ပဲ မြန်မာပြည်သူပြည်သားများအတွက် တိုက်ပွဲဝင်နေသော ကိုမင်းကိုနိုင်နှင့်တကွ ဖမ်းဆီးခံနေရသော ကျောင်းသားခေါင်းဆောင်များအားလုံး အမြန်ဆုံး ပြန်လည်လွတ်မြောက်ပါစေရန် ကိုမင်းကိုနိုင်ရဲ့ ၄၆ နှစ်မြောက်မွေးနေ့လေးမှာ ဝိုင်းဝန်းဆုမွန်ကောင်းများတောင်း၍၊ ဆုတောင်းမေတ္တာများ ပို့သကြပါစို့...။

K N U new leader


ကရင်အမျိုးသားအစည်းအရုံး KNU ၏ ၁၄ကြိမ်မြောက်ကွန်ဂရက်တွင် (ဗိုလ်ချုပ်) စောတာမလာဘောအား ဥက္ကဌအဖြစ် ရွေးချယ်တင် မြောက်လိုက်သည်။

KNUစတင်ဖွဲ့စည်းချိန်မှ ယနေ့အထိ ဥက္ကဌ (၇)ဦးရှိပြီဖြစ်သည်။ ၄င်းတို့မှာ စောစံဖိုးသင်၊ စောဘဦးကြီး၊ စောဟန်တာတာ မွေး၊ မန်းဘဇန်၊ စောဘိုမြ၊ ပဒိုစောဘသင်စိန်နှင့် ပဒိုစောတာမလာဘော တို့ဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံး KNU ၏ ဒု ဥက္ကဌအဖြစ် ပဒိုဒေးဗစ်သာကပေါ်ကို တင်မြှောက်လိုက်ပြီး ကွယ်လွန်သူ ပဒိုမန်းရှာနေရာတွင် အထွေထွေအတွင်းရေးမှုးအဖြစ် နော်စီဖိုးရာစိန်ကို ရွေးချယ်လိုက်သည်။

Saturday, October 11, 2008

never




ကျဆုံးသွားသော ရဲဘော်များသို့ …
ရေးသူ-အမည်မသိ

နှစ်ပေါင်းထောင်ရာ
ကမ္ဘာဆယ်သက်၊ မပျက်မတိမ်
မမှိန်မပြယ်၊ မကွယ်မပျောက်
ပြောင်မြောက်သတ္တိ၊ နီဘိရဲရဲ
သင့်အသည်းအား၊ ငါတို့ကြား၌
ထားလျက် သင်ထွက်သွားသည်တကား။ ။

(၁၉၆၉-၇၂ ဒုတိယ ကိုကိုးကျွန်း အစာငတ်ခံ ၅၇-ရက် တိုက်ပွဲတွင်
ကျဆုံးသွားသော ရဲဘော်များအတွက် ရေးခဲ့သော ကဗျာ)

(ထက်မြက်၊ နိုင်ဝင်းဆွေ၏ ‘အိုယန်ဟိုင်၏ တေးသံ’ စာအုပ်မှ …)

Tuesday, September 23, 2008

U Win Tin

free of U Win Tin

ဆရာကြီး ဦးဝင်းတင်လွတ်ပြီ။

နစ်ပေါင်နစ်ဆယ်နီးပါး သန်းရွေ မှ မတရားအဖမ်းဆီးခံထားရတဲ့ ဦးဝင်းတင်ကို ဒီနေ့ ပြန်လွတ်ပေးလိုက်ပါတယ်။ ဒီနေ့ နေ့ လည် ၃နာရီ ၄၅ မိနစ်မှာ သူကိုတိုရာတာပစ်ကားတစီးနဲ့  အိမ်ရှေ့ ကို လာပို့ သွားတယ်လို့ သိတယ်။ သူဟာ ထောင်အင်္ကျီ ထောင်အ၀တ်စား အတိုင်းပဲရှိနေပါတယ်။ ဗွီအိုအေနဲ့  အင်တာဗျူးမှာတော့ ဆရာကြီးဟာ ဒီမိုကရေစီနဲ့ လူအခွင့်အရေးအတွက် ဆက်လက်တိုက်ပွဲဝင်ဦးမယ်လို့ ဆိုပါတယ်။ အလားတူပဲ ဒေါက်တာသန်းငြိမ်း ဟာ ပြည်ထောင်ကလွတ်လာတယ်။ ဒေါက်တာမေ၀င်းမြင့်ကို လည်း အင်စိန်ထောင်မှာ ပြန်လည်လွတ်ပေးလိုက်ပါတယ်။ နအဖ ဟာ အကျဉ်းသား ၉၀၀၂ ဦးကိုလွတ်ပေးတဲ့အထဲမှာ လူကြီး နိင်ငံရေးအကျဉ်းသားတွေထဲက ဦးဝင်းတင် တို့ ကိုပြန်လည်လွတ်ပေးလိုက်တာဖြစ်ပါတယ်။ဒီလိုအကျဉ်းသားတွေကိုအစုအလိုက်အပြုံလိုက်လွတ်ပေးတာကတော့ နအဖကို ကုလသမဂ မှာထုတ်ပယ်ဖို့  ၁၉၉၀ ပြည်သူ့ လွတ်တော်ကိုယ်စားလှယ် တွေ ရဲ့  မှန်ကန်တဲ့ လှုပ်ရှားမှုအပြီးမှာ ခုလို လွတ်ပေးလာတ ယ်လို့  NCUB မှာ ဆိုပါတယ်။ ဦးဝင်းတင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့  အဓိက ဦးဏှောက်ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညာလက်ရုံးသဖွယ်အားကိုရတဲ့ ခေါင်းဆောင်တဦးဖြစ်ပါတယ်။ သူဟာ သတင်းစာဆရာ၊ စာပေသုတေသီတဦးအဖြစ်နဲ့  ၈၈ မျိုးဆက်ကျောင်းသားတွေ ရဲ့ လေးစားမှုကိုရရှိပြီးကျောင်းသားတွေနဲ့ ဒီချုပ်ကြားမှာ ဆက်သွယ်ရေး ပေါင်းကူးတံတားကြီးတခုဖြစ်ပါတယ်။ သူလွတ်မြောက်လာတာဟာ ဒီမိုကရေစီလှုပ်ရှားမှုအတွက် ခွန်အားတခုဖြစ်ပါတယ်။ လက်ရှိဒီချုပ် စီအီစီ အနေ မလုပ်မရှုပ်မပြုတ် ရပ်တည်ချက်နဲ့  နဲ့ ဦးဝင်းတင်ရဲ့ ရပ်တည်ချက်ဟာ ပြသာနာလည်းဖြစ်လာနိင်စရာအကြောင်းရှိပါတယ်။

Sunday, September 21, 2008

mann shar


မန်းရှာရေ

မြစ်ဝကျွန်းပေါ်က

တို့ဘ၀တွေ ယူခဲ့...


မန်းရှာရေ

ပဲခူးရိုးမက

အချစ်ညတွေယူခဲ့...


မန်းရှာရေ

ဒေါနတောင်တန်းက

တောပန်းတွေယူခဲ့...


မန်းရှာရေ

နင့်သေနတ်ကို

နင်ကိုင်လာခဲ့...


မန်းရှာရေ

သွေးစွန်းနေတဲ့

သင်တိုင်းတွေဝတ်ခဲ့...


မန်းရှာရေ

အမျိုးသားရေး

လွတ်မြောက်ရေးတွေ ကျောပိုးခဲ့...


မန်းရှာရေ

နင့်ရဲဘော် နင့်သားသမီး

စူးနစ်ယုံကြည်ထားရစ်ခဲ့...


အဆိပ်လူးထား

ကျည်ဖူးတစုံ ရင်အုံနဲ့လဲ

မကြေကွဲနဲ့ နမ့်ကျင်ရွှေ

နင်မှာတာတွေ

ကမ္ဘာ မြေပေါ်ကျန်ခဲ့ပြီ..။ ။


(ဆရာမန်းရှာနှင့် အမ နမ့်ကျင်ရွှေသို့)

မောင်လွမ်းဏီ

၁၅-၂-၂၀၀၈


from Ko Pho Zay.blogspot.com

A Thel Nar kabar Ma Kyay