Tuesday, September 23, 2008

free of U Win Tin

ဆရာကြီး ဦးဝင်းတင်လွတ်ပြီ။

နစ်ပေါင်နစ်ဆယ်နီးပါး သန်းရွေ မှ မတရားအဖမ်းဆီးခံထားရတဲ့ ဦးဝင်းတင်ကို ဒီနေ့ ပြန်လွတ်ပေးလိုက်ပါတယ်။ ဒီနေ့ နေ့ လည် ၃နာရီ ၄၅ မိနစ်မှာ သူကိုတိုရာတာပစ်ကားတစီးနဲ့  အိမ်ရှေ့ ကို လာပို့ သွားတယ်လို့ သိတယ်။ သူဟာ ထောင်အင်္ကျီ ထောင်အ၀တ်စား အတိုင်းပဲရှိနေပါတယ်။ ဗွီအိုအေနဲ့  အင်တာဗျူးမှာတော့ ဆရာကြီးဟာ ဒီမိုကရေစီနဲ့ လူအခွင့်အရေးအတွက် ဆက်လက်တိုက်ပွဲဝင်ဦးမယ်လို့ ဆိုပါတယ်။ အလားတူပဲ ဒေါက်တာသန်းငြိမ်း ဟာ ပြည်ထောင်ကလွတ်လာတယ်။ ဒေါက်တာမေ၀င်းမြင့်ကို လည်း အင်စိန်ထောင်မှာ ပြန်လည်လွတ်ပေးလိုက်ပါတယ်။ နအဖ ဟာ အကျဉ်းသား ၉၀၀၂ ဦးကိုလွတ်ပေးတဲ့အထဲမှာ လူကြီး နိင်ငံရေးအကျဉ်းသားတွေထဲက ဦးဝင်းတင် တို့ ကိုပြန်လည်လွတ်ပေးလိုက်တာဖြစ်ပါတယ်။ဒီလိုအကျဉ်းသားတွေကိုအစုအလိုက်အပြုံလိုက်လွတ်ပေးတာကတော့ နအဖကို ကုလသမဂ မှာထုတ်ပယ်ဖို့  ၁၉၉၀ ပြည်သူ့ လွတ်တော်ကိုယ်စားလှယ် တွေ ရဲ့  မှန်ကန်တဲ့ လှုပ်ရှားမှုအပြီးမှာ ခုလို လွတ်ပေးလာတ ယ်လို့  NCUB မှာ ဆိုပါတယ်။ ဦးဝင်းတင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့  အဓိက ဦးဏှောက်ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညာလက်ရုံးသဖွယ်အားကိုရတဲ့ ခေါင်းဆောင်တဦးဖြစ်ပါတယ်။ သူဟာ သတင်းစာဆရာ၊ စာပေသုတေသီတဦးအဖြစ်နဲ့  ၈၈ မျိုးဆက်ကျောင်းသားတွေ ရဲ့ လေးစားမှုကိုရရှိပြီးကျောင်းသားတွေနဲ့ ဒီချုပ်ကြားမှာ ဆက်သွယ်ရေး ပေါင်းကူးတံတားကြီးတခုဖြစ်ပါတယ်။ သူလွတ်မြောက်လာတာဟာ ဒီမိုကရေစီလှုပ်ရှားမှုအတွက် ခွန်အားတခုဖြစ်ပါတယ်။ လက်ရှိဒီချုပ် စီအီစီ အနေ မလုပ်မရှုပ်မပြုတ် ရပ်တည်ချက်နဲ့  နဲ့ ဦးဝင်းတင်ရဲ့ ရပ်တည်ချက်ဟာ ပြသာနာလည်းဖြစ်လာနိင်စရာအကြောင်းရှိပါတယ်။

No comments: