Monday, July 29, 2013

ရှစ်လေးလုံး ငွေရတုအတွက်

 သြဂုတ်လ ၆ ရက်နေ့ကနေ ၈ ရက်နေ့ထိ အားလုံးပါဝင်နိုင်အောင်စီစဉ်နေတဲ့ ရှစ်လေးလုံး ငွေရတု အခမ်း အနားအတွက် ရံပုံငွေနဲ့ လှုံ့ဆော်ရေးအတွက် စီမံထားတဲ့ တီရှပ်နဲ့ ပို့စ်ကတ်တွေကို နိုင်ငံကျော် အနုပညာ ရှင်တွေ၊ ရုပ်ရှင်သရုပ်ဆောင်တွေက ကူညီရောင်းချပေးသွား မှာဖြစ်ပါတယ်။



သြဂုတ်လ ၃ ရက်နေ့မှာ မြေနီကုန်းက စိတ်တိုင်းကျ လက်ဘက်ရည်ဆိုင်ရယ်၊ သြဂုတ်လ ၄ ရက်နေ့ မှာ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွေမှာ ရုပ်ရှင်သရုပ်ဆောင်တွေက ကူညီရောင်းချပေးသွားမှာလို့ ကျင်းပရေး ကော်မတီက နှိုးဆော်အသိပေးထားပါတယ်။ 

အဆိုပါ ကော်မတီရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာလည်း ရှစ်လေးလုံး ငွေရတုကျင်းပရေးအတွက် ရံပုံငွေ ရရှိထားမှုတွေကိုလည်း အသိပေးထားပါတယ်။ 

ဇူလိုင်လ ၂၇ ရက်နေ့ထိ ရရှိထားတဲ့ ရံပုံငွေပေါင်း က မြန်မာကျပ်ငွေ သိန်း ၅၀၀ နီးပါး၊ စင်ကာပူ ဒေါ်လာ ၁၂၂၀ နဲ့ အမေရိကန် ဒေါ်လာ ၁၃၀၀ တို့လက်ခံရရှိထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ 


ရှစ်လေးလုံး ငွေရတုမှာ ပန်းချီကားချပ်တွေကိုလည်း ဈေးပြိုင်စနစ်နဲ့ ရောင်းချပေးသွားဖို့ အစီအစဉ် ရှိပါတယ်။ 

ဒီအပြင်  နိုင်ငံတကာရောက် ရှစ်လေးလုံး မျိုးဆက်တွေ ငွေရတု အခမ်းအနား လာတက်ဖို့ ဗီဇာ အခက် အခဲ ဖြစ်နေသူတွေကိုလည်း ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) က သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး အကူအညီပေးသွားဖို့ ကတိရထားတာဖြစ်လို့ ကူညီဖြေရှင်းပေးသွားမယ်လို့ ဆိုပါတယ်။ 

ရှစ်လေးလုံး ငွေရတု အခမ်းအနားကျင်းပမယ့် ၃ ရက်တာမှာ အတိတ်က သင်ခန်းစာတွေအပေါ် အနာဂတ် 
မြန်မာနိုင်ငံအတွက် အကောင်းဆုံး ပုံဖော်ဆွေးနွေးမှုတွေလည်း လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဦးဆောင် စီစဉ်နေသူတွေက ပြောကြပါတယ်။

From. Irrawaddy

Tuesday, July 23, 2013

တော်ဝင်ဖေါင်ဒေးရှင်းမိသားစု မှ ၀ါဆိုသင်္ကန်းကပ်လှူပွဲ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်

တော်ဝင်ဖေါင်ဒေးရှင်းမိသားစု မှ ၀ါဆိုသင်္ကန်းကပ်လှူပွဲ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်



                                            NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်
 အမေရိကန်သံအမတ်ကြီး

                                                            ရုရှားသံအမတ်ကြီး
                                                   ထိုင်းသံအမတ်ကြီး

တော်ဝင်ဖေါင်ဒေးရှင်း၊ တော်ဝင်မိသားစုcompany မှ 22-7-2013 ရက်နေ့ (၀ါဆိုလပြည့်နေ့) နံနက် (၈)နာရီတွင် သီတဂူဆရာတော်ကြီးအပါအ၀င်သံဃာ အပါး(၄၀၀) တို့ အားဝါဆိုသင်္ကန်းကပ်လှူခဲ့ပါ
ည် ။ ကပ်လှူပူဇော်ပွဲသို့ သီတဂူဆရာတော်ဘုရား အပါအ၀င် သံဃာတော်များ ၊ သီလရှင်များ၊
 အမေစု ၊အမေရိကန် ၊ ရုရှား ၊ ထ်ုင်း နီပေါ နိုင်ငံ တို့မှ သံအမတ်ကြီးများ၊ နှင့်ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး ဧည့်သည်များအား နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။

ကမ္ဘာ့အဆင့်သင်္ချာပြိုင်ပွဲ မြန်မာကျောင်းသားရှစ်ဦး ရွှေတံဆိပ်ဆုရ


အမေရိကန်နိုင်ငံအခြေစိုက် SASMO Association မှ ကြီးမှုးကျင်းပသော ကမ္ဘာ့အဆင့် သင်္ချာပြိုင်ပွဲတွင် မြန်မာ
ကျောင်းသား ရှစ်ဦး ရွှေတံဆိပ်ဆုရရှိခဲ့သည်ဟု ယင်းအစီအစဉ်ကို မြန်မာနိုင်ငံမှ ပူးပေါင်းကျင်းပသော T&H
သချာင်္သင်တန်းကျောင်းမှ သိရသည်။

ယင်းအစီအစဉ်ကို မြန်မာနိုင်ငံတွင် SASMO Association နှင့် T&H သင်္ချာသင်တန်းကျောင်းတို့ ပူးပေါင်း ကျင်း
ပခြင်းဖြစ်ပြီး စာမေးပွဲကို ဧပြီ ၂၃ ရက်တွင် ကျင်းပခြင်းဖြစ်ကာ နိုင်ငံအချို့ရှိ ကျောင်းသားများ ပါဝင် ယှဉ်ပြိုင်
သည်။ ပါဝင်ရာတွင် အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိ လစ်ပိုင်၊ ဗီယက်
နမ်နှင့် မြန်မာနိုင်ငံတို့မှ ပါဝင်ယှဉ်ပြိုင်ကြသည်ဟုသိရ

Myanmar News update

ZinYaw

Thursday, July 18, 2013