Monday, September 23, 2013


ဟုန်ရှင်းအလုပ်သမားများသပိတ်စခန်းရုတ်သိမ်းတော့မည်

ဟုန်ရှင်းအအေးခန်းစက်ရုံမှ အလုပ်သမားများ မဟာဗန္ဓုလပန်းခြံရှေ့တွင် သပိတ်စခန်းဖွင့်၍ ဆန္ဒထုတ်ဖော်မှုအား ယနေ့ညနေ ၄နာရီတွင် နှစ်ဖက်သဘောတူညီမှု ရရှိ၍ ယင်းသပိတ်စခန်းကို ပြန်လည် ရုတ်သိမ်းမည်ဖြစ်ကြောင်းသိရသည်။

"အခုအလုပ်သမားတွေကို အလုပ်မရသေးတဲ့ ၃လ ၊ ၅လ ကို နစ်နာကြေးအနေနဲ့ပေးဖို့ရှိတယ်။ သူတို့အလုပ်ရဖို့ကို စက်မှုဇုန်က လုပ်ငန်းရှင်တွေကို လည်း ဒီအလုပ်သမားတွေကို ဦးစားပေးပြီး အလုပ်သမားလိုရင်ခန့်ပေးပါလို့ ပြောဆိုထားတယ်"ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းကပြောသည်။

လက်ရှိအချိန်တွင် အလုပ်သမားကိုယ်စားလှယ်များနှင့် အလုပ်ရှင်ကိုယ် စားလှယ်များ ယင်းလက်မှတ်ရေးထိုးပြီးပါက သပိတ်စခန်းကို ပိတ်သိမ်းရမည်ဖြစ်ကြောင်းသိရသည်။

ယင်းသပိတ်စခန်းကို စက်တင်ဘာ ၂၂ ရက်နေ့က စတင်ဖွင့်လှစ်ဆန္ဒထုတ်ဖော်ခဲ့ပြီး ယနေ့နေ့လည် တွင် အလုပ်သမားဝန်ကြီး ဦးစိုဝင်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းတို့၏ ညှိနှိုင်းပေးခဲ့ကြကြောင်းသိရသည်။

ရန်နိုင်၊ အောင်နိုင်စိုး(ကစ္ဆပ)
Popular Myanmar News Journal

Myanmar Home Shin Cold-Store factory Workers held a sit in protest-ကျမ တော်တော်ကို စိတ်မ ကောင်းဖြစ်ခဲ့ပါတယ် ။(22.9.2013.)


Workers from the Home Shin Cold-Store factory held a sit in protest at a rally camp in front of Rangoon’s City Hall on Sunday.
photo credit ma su su nway
ဒဂုံဆိတ်ကမ်းမြို့ နယ် ယုံရှင်း ငါးအ အေးခန်း စက် ရုံ မှဆန္ဒပြသပိတ်မှောက် နေ သောအလုပ်သမားအင် အား(100 )ကျော်အား ညစာထမင်းစားရန် အလှုငွေ( 5.00.00.)ကျပ်ပေးလှုပြီး သပိတ်မှောက် အလုပ်သမားများအား အားပေးစကားပြောခဲ့စဉ်။
ပိတ်မှောက်ဆန္ဒပြ အလုပ်သမားများ၏ တောင်းဆိုချက်များမှာ (1 )စက် ရုံပိတ်ပြီ အလုပ်ရပ်စဲတာ ဘာကြောင့်လဲသိချင်သည် (2)အများဆန္ဒနဲ့ အညီ သပိတ်စခန်ဖွင့်ပြီမေးခြင်းဖြစ်သည်(3) တာဝန်ရှိသူများ အမြန်ဆုံး ဖြေ ရှင်းပေးပါ (4)အလုပ်သမားသမဂ္ဂ ဖြိုခွင်းမှုကို လက်မခံနိုင် ပါ(5)လျှော်ကြေးမယူလိုပါ အလုပ် လုပ်လိုသည်ဟု မေးမြန်းသိရှိခဲ့ရသည်။
996824_330003270470130_2022252863_n
1209291_372665089531283_925703108_n1233565_372669379530854_2101713438_n1231625_372671516197307_1673176096_n

Tuesday, September 17, 2013

အမည်မဖေါ်လိုတဲ့ မြန်မာပိုင် ဒေါ်လာငွေ ၁၁ ဘီလီယံ ပိုင်ရှင်တော့ ဘယ်လိုနေမယ် မသိဘူး။

September 17, 2013
အမည်မဖေါ်လိုတဲ့ မြန်မာပိုင် ဒေါ်လာငွေ ၁၁ ဘီလီယံ ပိုင်ရှင်တော့ ဘယ်လိုနေမယ် မသိဘူး။
ကျေးလက်မှာ တစ်သိန်းတစ်သောင်း ကျပ်လောက် ကုန်ကျတဲ့ ရေတုံကင် တခု လှူပေးလိုက်တယ် ဆိုရင်ပဲ ကျေးရွာသား အနည်းဆုံး ငါးဆယ်လောက် ရေကောင်းကောင်း သုံးလို့ရတယ်။ သူတို့တွေ သိပ်ပျော်သွားကြတယ်။
အမည်ပျောက် ပိုင်ရှင် မြန်မာအမျိုးသား အမျိုးသမီးတို့ရေ ဒေါ်လာ ၁၁ ဘီယီယံ ဆို မြန်မာငွေ ဘယ်လောက်တောင် ရနိုင်မလဲ မသိပေမယ့် ကျနော်တို့ သွားနေတဲ့ ကျေးလက်တွေမှာတော့ ဖိနပ်တောင် ၀ယ်မစီးနိုင်တဲ့ ပြည်သူလူထုတွေ၊ အင်္ကျီတောင် လဲစရာ မရှိတဲ့ ကျောမွဲ ကျောကွဲ လူတန်းစားတွေ၊ စာသင်ကျောင်း မရှိလို့ သစ်ရိပ်ဝါးရိပ်မှာ စာသင်နေရတဲ့ ကျောင်းသားလေးတွေကို ငဲ့ညှာပြီး လူစိတ်တွေကို ဖေါ်ထုတ်ပေးပါ။ နိုင်ငံသားတွေကို ငဲ့ညှာပါလို့ပဲ ပန်ကြားချင်မိတယ်။
NMZ
NAY MYO ZIN
NAY MYO ZIN

Sunday, September 8, 2013

တောင်ပြူတင်း

တောင်ပြူတင်း

တောင်ပြူတင်း
မောင်လွမ်းဏီ

နော်အုန်းလှလား
ဒေါ်အုန်းလှလို့ ခေါ်ရမလား
ကိုကိုးကျွန်းများရှိရင်
ခင်ဗျားက
ဓားတောင်ကိုကျော် မီးပင်လယ်ဖြတ်ဦးမှာ ...။

လက်ပံတောင်းကို
ခေါင်းအုံးမှတ်ထင်
ရင်ခွင်ပိုက်
ဒါကြောင့်လည်း
ခင်ဗျားကို မိုက်တယ် ပြောတာပေါ့
အင်္ဂါထောင့်က စောင့်နေကြတယ် အနော်။

ဆူးလေတ၀ိုက်က
ခိုတွေ
ငိုနေတယ် နော်အုန်းလှ
အစာမဲ့သူတွေက
ထောင်ဝ ပျံဝဲတယ်
လွမ်းသူတွေက
အမှတ်တရ ဖယောင်းတိုင်တွေ ဝေငှပါလိမ့်မယ်။

နော်အုန်းလှ
တောင်ပြူတင်း
ထောင်အကျဉ်းက ပြုံးနေတာ
ကဗျာဖြစ်ပါတယ်။ ။

မောင်လွမ်းဏီ
၅-၉-၂၀၁၃
from DR.LUM