ဟုန်ရှင်းအလုပ်သမားများသပိတ်စခန်းရုတ်သိမ်းတော့မည်
"အခုအလုပ်သမားတွေကို အလုပ်မရသေးတဲ့ ၃လ ၊ ၅လ ကို နစ်နာကြေးအနေနဲ့ပေးဖို့ရှိတယ်။ သူတို့အလုပ်ရဖို့ကို စက်မှုဇုန်က လုပ်ငန်းရှင်တွေကို လည်း ဒီအလုပ်သမားတွေကို ဦးစားပေးပြီး အလုပ်သမားလိုရင်ခန့်ပေးပါလို့ ပြောဆိုထားတယ်"ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းကပြောသည်။
လက်ရှိအချိန်တွင် အလုပ်သမားကိုယ်စားလှယ်များနှင့် အလုပ်ရှင်ကိုယ် စားလှယ်များ ယင်းလက်မှတ်ရေးထိုးပြီးပါက သပိတ်စခန်းကို ပိတ်သိမ်းရမည်ဖြစ်ကြောင်းသိရသည်။
ယင်းသပိတ်စခန်းကို စက်တင်ဘာ ၂၂ ရက်နေ့က စတင်ဖွင့်လှစ်ဆန္ဒထုတ်ဖော်ခဲ့ပြီး ယနေ့နေ့လည် တွင် အလုပ်သမားဝန်ကြီး ဦးစိုဝင်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းတို့၏ ညှိနှိုင်းပေးခဲ့ကြကြောင်းသိရသည်။
ရန်နိုင်၊ အောင်နိုင်စိုး(ကစ္ဆပ)
Popular Myanmar News Journal




No comments:
Post a Comment