Friday, December 16, 2011

ရွှေည၀ါသို့ (ကဗျာရှင် နေရဲနီ)


ရွှေည၀ါသို့
(ကဗျာရှင် နေရဲနီ)

တို့ဘ၀က ဘောလုံးလိုဘဲ
တအားကိုင်ပြီး ပစ်ချလေ
မြင့်မြင့်တက်လေဘဲ။
(အမရပူရ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ။ တဘ၀သံသရာ)

ဘုရားရှင်ဟာနိဗ္ဗာန်ကို တပါးတည်းသွားမယ်ဆိုရင်
သုမေဓာရသေ့ဘ၀မှာ ကတည်းက သွားလို့ရတယ်
အများအကျိုးကို ဆောင်ရွက်ချင်လို့
ဘုရားဆုပန်ပြီး လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း
ပါရမီဖြည့်ခဲ့တာ
(အရှင်ဇနကာဘိဝံသ။ နံနက်ခင်းသြ၀ါဒများ)

ပတ္တမြားရွှေဂူ
အရောင်တဖိတ်ဖိတ် တောက်သည်ကို
မနာလိုမရှုစိမ့်သော ၀က်တစ်အုပ်သည်
အရောင်မှိန်စေသောငှာ
မိမိတို့၏ ခန္ဓာကိုယ်ကို
မစင် ညွန်နှစ်များ လူးလျှက် ပွတ်သော်လည်း
ထိုပတ္တမြား ရွှေဂူသည်ကား
မမှိန်သည့်အပြင်
ပွတ်လေ ပြောင်လေဖြစ်လျှက်
နဂိုထက်ပိုကာ
ပြောင်သည်ထက်ပြောင် ၀င်းသည်ထက်ဝင်းကာ
ပို၍ပို၍ တဖိမ့်ဖိမ့် တလျှံလျှံ တ၀င်းဝင်း တောက်ကာ
ရှုမညီးဖွယ် တင့်တယ်ပေစွတကား။
(ငါးရာငါးဆယ် နိပါတ်တော်)

ရွှေည၀ါ ဆရာတော်ကြီးအား ဤစာဖြင့် ပူဇော်ကန်တော့ပါ၏။

နေရဲနီ

Monday, December 12, 2011


Mann Nyein Maung arrested at Mingaladon Int’l

ဖဒိုမန်းငြိမ်းမောင် ကို မင်္ဂလာဒုံမှာ ရုံးထုတ်စစ်ဆေး
ပန်းသတင်းဂျာနယ်
ဒီဇင်ဘာ ၁၂၊ ၂ဝ၁၁
ကိုးကား – http://www.thithtoolwin.com/2011/12/blog-post_5594.html

KNU တပ်မဟာတွင် တာဝန်ထမ်းဆောင်ခဲ့သူ အမျိုးသားတစ်ဦး တရုတ်ပြည်မှ ရန်ကုန်လေဆိပ်သို့ လက်မှတ်အတုဖြင့် ဝင်ရောက်လာသဖြင့် မတရားအသင်းအက်ဥပဒေဖြင့် မင်္ဂလာဒုံတရားရုံးက ဒီဇင်ဘာ ၈ ရက်တွင် စစ်ဆေးနေကြောင်း သိရသည်။

သိုက်ထွန်း (ခ) ဖဒိုမန်းငြိမ်းမောင် ဆိုသူသည် သားထူးဇော် အမည်ဖြင့် နိုင်ငံကူးလက်မှတ် M-073525 ကိုင်ဆောင်၍ တရုတ်ပြည် ကူမင်းလေဆိပ်မှ ရန်ကုန်လေဆိပ်သို့ လွန်ခဲ့သည့် လပိုင်းအတွင်း လာရောက်ခဲ့ရာ လေဆိပ်ရဲစခန်းမှ တာဝန်ရှိသူများက ၎င်း ကိုင်ဆောင်ထားသော နိုင်ငံကူးလက်မှတ်ပေါ်တွင် လေဆိပ်လဝကအတွက် တံဆိပ်တုံး အတုရိုက်နှိပ်ထားသည်ကို စစ်ဆေးတွေ့ရှိရ၍ လေဆိပ်ရဲစခန်းက (ပ) ၈၀/၁၁၊ ပုဒ်မ ၄၂၀/၄၆၈/၄၇၁ နှင့် လဝက အက်ဥပဒေ (ပ) ၉/၁၁ ၁၉၄၇ ခုနှစ် လဝကအက်ဥပဒေပုဒ်မ ၆၁၃ (၁) ၁၇ (၇) (က) (ဃ) တို့ဖြင့် အမှုဖွင့်အရေးယူပြီး မင်္ဂလာဒုံတရားရုံးသို့တင်ပို့ရာ တရားရုံးက သိုက်ထွန်းအား အပြစ်ရှိကြောင်း စစ်ဆေးသိရှိရ၍ စက်တင်ဘာ ၂၇ ရက်က မင်္ဂလာဒုံတရားရုံးက ပုဒ်မ ၄၆၈ ဖြင့် ထောင်ဒဏ်ခြောက်လ လူဝင်မှုအက်ဥပဒေပုဒ်မ ၁၃(၁) အရ ထောင်ဒဏ်ခြောက်လ စုစုပေါင်းတစ်နှစ်ချမှတ်ခဲ့သည်။

“လေဆိပ်ရဲစခန်းက တာဝန်ရှိသူတွေအနေနဲ့ ပြည်ပအဝင်အထွက်တွေ စနစ်တကျ သေချာစစ်ဆေးတယ်။ မသင်္ကာတဲ့သူ၊ ပြစ်မှုကျူးလွန်တဲ့သူလို့ ယူဆရင် သီးခြားအခန်းမှာ အဲဒီသူရဲ့ ပစ္စည်းတွေကို တစ်ခုချင်းစနစ်တကျစစ်ဆေးနေပါတယ်။ လုံခြုံရေးကို တင်းတင်းကြပ်ကြပ်ဆောင်ရွက်နေပါတယ်” ဟု လေဆိပ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သိုက်ထွန်းဆိုသူကို ထပ်မံစစ်ဆေးချက်များအရ ၎င်းသည် တရားမဝင်အသင်းအဖြစ် ကြေညာထားသော ကရင်အမျိုးသားအစည်းအရုံး၊ KNU ဗဟိုကော်မတီဝင်၊ နောင်လွမ်းရာ၊ အုန်းပန်မြို့နယ် ထိုင်းနိုင်ငံမှဖြစ်ကြောင်း သိရှိရသည့် အပြင် ၎င်းသည် KNU တပ်မဟာ ၆ တွင်လည်းကောင်း၊ KNU အထူးတပ်ရန်း ၁၀၁ ဝမ်ခဂိတ်တွင် KNU အဖွဲ့ဝင်ဖြစ်ပြီး KNU ဗဟို ညီလာခံ ဗဟိုကော်မတီအဖြစ် ၎င်းတာဝန်ထမ်းဆောင်ခဲ့ကြောင်း စုံစမ်းသိရှိရသဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၏ (၃-၁၁-၁၈၈၉) ပါ အမိန့်ကြေညာစာ အမှတ် (၃/၈၉) ဖြင့် တရားမဝင်အသင်းအဖြစ် ကြေညာထားသော KNU တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အတွက် သတင်းအဖွဲ့မှ တရားလိုပြုလုပ်ကာ တိုင်တန်းသဖြင့် မင်္ဂလာဒုံရဲစခန်းမှ (ပ) ၆၉၀/၁၁၊ မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇(၁) ဖြင့် ဒီဇင်ဘာ ၈ ရက်တွင် အမှုဖွင့်ကာ ထပ်မံစစ်ဆေးလျက်ရှိသည်။
from moemakha

Monday, November 28, 2011

ABSDF ဥက္ကဋ္ဌဟောင်း ဦးထွန်းအောင်ကျော်ပြောတဲ့ ဦးသိန်းစိန်အစိုးရ လက်ထက်အပေါ်ယံသကာဖုံးထားတဲ့ ဟန်ပြပြောင်းလဲမှုများ

american -Burma by dawmanhon
မြန်မာနိုင်ငံနဲ့ အမေရိကန် ပြည်ထောင်စုတို့ ဆက်ဆံရေး တိုးတက်လာတဲ့ ကိစ္စနဲ့ နောက်ဆုံး ပေါ်ထွက်လာတဲ့ ဖြစ်ပေါ်ပြောင်းလဲမှုတွေ အကြောင်းကို အမေရိကန် ပြည်ထောင်စု နယူးယောက်ပြည်နယ်မှာ အခြေစိုက်နေထိုင်ကြတဲ့ ABSDF ဥက္ကဋ္ဌဟောင်း ဦးထွန်းအောင်ကျော်၊ မြန်မာ့အရေး လေ့လာသူ RFA ပင်တိုင်ဆောင်းပါးရှင် ဦးအောင်မိုးဝင်းနဲ့ CFOB ကနေဒါ-မြန်မာ မိတ်ဆွေများအသင်း ညွန်ကြားရေးမှူး ဦးတင်မောင်ထူးတို့ ဖြစ်ပါတယ်။
(RFA)

Friday, November 11, 2011

KNU ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော် မတီကို ဖွဲ့လိုက်ပြီ

နိုဝင်ဘာလ ၁၁ရက်။ (ကေအိုင်စီ)

Photo-Nan Paw Gay (ကေအဲန်ယူ ဒုဥက္ကဌ ပဒိုစောဒေးဗစ်သကဘော)
မန်မာအစိုးရနှင့် ငြိမ်းချမ်းရေးကိစ္စများ ဆွေးနွေးရန်အတွက် ကရင်အမျိုးသားအစည်းအရုံး(KNU)က ငြိမ်းချမ်းရေးဖော်ဆောင် ရေးကော်မတီကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ကေအိုင်စီက စုံစမ်းသိရှိရသည်။

နိုဝင်ဘာလ ၈ရက်နေ့မှ ၁၁ရက်နေ့အထိ ပြုလုပ်ခဲ့သည့် KNU ၏ အရေးပေါ် အစည်းအဝေးတွင် အဖွဲ့ဝင် ၇ဦးပါသည့် အဆိုပါ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီကို ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

အဆိုပါကော်မတီတွင် ဥက္ကဌအဖြစ် KNU ဒုဥက္ကဌ ပဒိုစောဒေးဗစ်သကဘော၊ ဒုဥက္ကဌအဖြစ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူးစေး ဖိုး၊ အတွင်းရေးမှူးအဖြစ် ပဒိုစောဒေးဗစ်ထောတို့ဖြစ်ကြပြီး အဖွဲ့ဝင်များအဖြစ် အထွေထွေ အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်၊ ကျန်းမာရေးတာဝန်ခံ ဗိုလ်မှူးရောဂျာခင်၊ သစ်တောတာဝန်ခံ ပဒိုစောအားတိုးနှင့် ဖားအံခရိုင် ဥက္ကဌ ပဒိုစောအောင်မော်အေးတို့ ပါဝင်ကြောင်း သိရသည်။

အစိုးရသစ်နှင့် သွားရောက်တွေ့ဆုံမည့် KNU ကိုယ်စားလှယ်အဖွဲ့နှင့် သွားရောက်မည့် နေ့ရက်များကို ၎င်းအရေးပေါ် အစည်း အဝေးတွင် ရွေးချယ်သတ်မှတ်ခဲ့ခြင်း မရှိသေးသလို နေ့ရက် သတ်မှတ်ခြင်းလည်း မရှိသေးဟု သိရသည်။

သို့သော် ယခု ကော်မတီဖွဲ့စည်းမှုနှင့် ပတ်သက်၍ KNU ခေါင်းဆောင်များကို ကေအိုင်စီက ကြိုးစားဆက်သွယ်နေဆဲ ဖြစ်နေ သဖြင့် အသေးစိတ် အခြေအနေကို မသိရှိရသေးပေ။

KNU သည် ၂၀၀၈ခုနှစ်က ကျင်းပပြုလုပ်ခဲ့သည့် ၁၄ကြိမ်မြောက် ညီလာခံမှ ချမှတ်ဆုံးဖြတ်ထားသည့်အတိုင်း နိုင်ငံရေးပြဿ နာကို နိုင်ငံရေးနည်းအရ တစ်ဆင့်ချင်း ဖြေရှင်းသွားမည့်မူအပေါ်တွင် လုပ်ဆောင်သွားခြင်းဖြစ်သည်ဟု KNU အဖွဲ့ဝင်တစ်ဦး က ကေအိုင်စီကို ပြောသည်။

လေးရက်ကြာမြင့်သည့် KNU ၏ အရေးပေါ် အစည်းအဝေးသို့ ခရိုင်၊ တပ်မဟာ ၇ခုမှ ခေါင်းဆောင်များ ပါဝင်သည့် ဗဟိုကော် မတီဝင်များနှင့် အရံဗဟိုကော်မတီဝင်များသာ တက်ရောက်ခဲ့ကြခြင်း ဖြစ်သည်။

KNU ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီသည် ရှေ့ဆက် လုပ်ဆောင်သွားမည့် ကိစ္စရပ်များကို ဆက်လက်၍ ကြီးကြပ်စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ရက်နေ့က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် မြန်မာအစိုးရ၏ ဗဟို ကိုယ်စားလှယ်များ နှင့် KNU အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန် ဦးဆောင်သည့်အဖွဲ့တို့ အချိန် ၃နာရီကြာ ပဏာမ တွေ့ဆုံမှုပြုခဲ့သည်ဟု သိရ သည်။

၎င်းတွေ့ဆုံမှုတွင် မြန်မာအစိုးရဘက်မှ မီးရထားဝန်ကြီး ဦးအောင်မင်း၊ တြိဂံတိုင်းမှူး(ငြိမ်း) ဗိုလ်မှူးချုပ်ချစ်သန်း၊ ပညာရှင်များ ဖြစ်ကြသည့် ဒေါက်တာတင်မောင်သန်း၊ ဒေါက်တာကျော်ရင်လှိုင်၊ ဦးလှမောင်ရွှေနှင့် လုပ်ငန်းရှင်များဖြစ်သည့် ဦးငွေစိုး၊ ဦး တိုနီနှင့် ဦးကိုကိုမောင်တို့ ဇနီးမောင်နှံတို့ ပါဝင်ခဲ့ကြသည်။

ယင်းမတိုင်ခင် ပြည်နယ်အစိုးရ ကိုယ်စားလှယ်များနှင့် ၂ကြိမ် တွေ့ဆုံခဲ့မှုမှာ EC ဆုံးဖြတ်ချက် မပါဝင်သဖြင့် တရားမ၀င် ကြောင်း KNU ဒုဥက္ကဌ ပဒိုစောဒေးဗစ်သကဘောက ကေအိုင်စီကို ပြောဆိုခဲ့ပြီးဖြစ်သည်။

သို့သော်လည်း ကေအိုင်စီမှ လက်ခံရရှိသည့် သတင်းများအရ ၎င်းတရားမ၀င် တွေ့ဆုံမှုကို ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ် စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင်က ညွှန်ကြားကာ ဦးစောဖိုးနီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(ငြိမ်း)၊ ဘားအံမြို့။ သိက္ခာတော်ရဆရာတော်ဦးစောရင်မြရွှေ၊ ကော့ကရိတ်မြို့။ အရှင်ခေမာဝုဓ၊ တောရကျောင်းတိုက်၊ မြ၀တီမြို့။ အင်္ဂလီကန် အသင်းတော်လူကြီး ဦးစောဗစ်တာ၊ ဦးတင်အေး၊ ရွှေမြင်းဝန်ဘုရားဂေါပက(မြ၀တီမြို့)နှင့် ဦးစောအယ်ဝါးတို့က တွေ့ဆုံခဲ့ကြ ခြင်းဖြစ်သည်ဟု နယ်စပ်သတင်းများအရ သိရသည်။
From KIC

Sunday, November 6, 2011

မစ်ချဲလ်နဲ့  မင်းအောင်လှိုင် တွေ့ 


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နှင့် အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ်တို့ နေပြည်တော်၌ တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် မြန်မာ-အမေရိကန် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များ ဆွေးနွေးခဲ့ ကြောင်းသိရပါတယ်။


(လှိုင်ဘွားမောင်)

Wednesday, October 12, 2011

နိုင်ငံရေးအကျဉ်းသားများအားလုံးအမြန်ဆုံးလွှတ်မြောက်ပါစေ.

နိုင်ငံရေးအကျဉ်းသားများအားလုံးအမြန်ဆုံးလွှတ်မြောက်ပါစေ....
နိုင်ငံရေးအကျဉ်းသားများအားလုံးအမြန်ဆုံးလွှတ်မြောက်ပါစေ....
နိုင်ငံရေးအကျဉ်းသားများအားလုံးအမြန်ဆုံးလွှတ်မြောက်ပါစေ....

ဇာဂနာလွတ်ပြီ

ဇာဂနာလွတ်ပြီ

မြစ်ကြီးနားအကျဉ်းထောင်မှာ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ နာမည်ကျော် လူရွှင်တော် ဇာဂနာကို မြန်မာအစိုးရက အောက်တိုဘာလ ၁၂ ရက်နေ့မှာ လွှတ်ပေးလိုက်ပါတယ်။

Monday, October 3, 2011

ဒေါသကြီးနေတဲ့တရုတ် တုန်ပြန်မှု့



တရုတ်ရန်မှ စုပေါင်းကာကွယ်ကြရန် အသင့်ပြင်ထားကြ။

အမျိုးသားပြန်လည်သင့်မြတ်ရေးအချိန်မဆွဲတော့သင့်ပြီ- စာရေးသူ-ဗိုလ်မှူးအောင်လင်းထွဋ်

ယနေ့မြန်မာနိုင်ငံ၏ကံကြမ္မာသည် အမျိုးသားပြန်လည်သင့်မြတ်ရေး အား သမ္မတဦးသိန်းစိန် ခေါင်းဆောင် သော လက်ရှိအစိုးရအသစ်နှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အတိုက်အခံလွှတ်တော် အတွင်း၊ အပြင်ပုဂ္ဂိုလ်များအချိန်မှီ မဆောင်ရွက်နိုင်လျှင် မကြာသောကာလတွင် တရုပ်နိုင်ငံ၏ ကိုလိုနီ ဖြစ်လာ လိမ့်မည့် အရေးကြိုတင်ဟောကိန်းထုတ်လိုပါသည်။ နေပြည်တော် အခြေအမြစ်မှလာသော သတင်းများအရ ရက်ပိုင်းအတွင်းကဒုတိယသမ္မတသီဟသူရဦးတင်အောင်မြင်ဦးတရုပ်နိုင်ငံသို့ လျှို့ဝှက်ခရီးထွက်ခွါသွားကြောင်း သိရပါသည်။ ဧရာဝတီမြစ်ဆုံရေ ကာတာကိစ္စအတွက် ဆွေးနွေးရန်သွားကြောင်း အတည်ပြုဆဲ သတင်းများ အရ သိရပါသည်။ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကတော့ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ သို့ရောက်ရှိနေပြီး သမ္မတအိမ်တော်မှတာဝန်ရှိသူများနှင့်သမ္မတ၏အထူးကိုယ်စားလှယ် DerickMitchell တို့နှင့်တွေ့ဆုံဆွေးနွေး နေပြီဖြစ်ပါသည်။

တရုပ်နိုင်ငံ သည် ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်း တို့နှင့်ပြဿနာဖြစ်နေသော South China Sea အတွင်း Spratly ကျွန်းစုအရေးကိစ္စ နှင့်ပတ်သက်၍ အာဆီယံအဖွဲ့ဝင် မြန်မာနိုင်ငံ အား တရုပ်နိုင်ငံ ဘက်မှထောက်ခံရန် ရပ်တည်ပေးရန်သမ္မတဦးသိန်းစိန်ကိုဖိအားပေးလျက် ရှိကြောင်း သိရပါသည်။ သမ္မတဦးသိန်းစိန် အနေဖြင့် တရုပ်နိုင်ငံ၏ တောင်းဆိုချက်ကို လက်ခံလိုစိတ်မရှိကြောင်း အာဆီယံနိုင်ငံများ နှင့် သာလက်တွဲသွားလိုသည့်ဆန္ဒရှိသဖြင့် တရုပ်ခေါင်းဆောင်များမကြေမနပ် ဖြစ်နေကြပါသည်။ Spratly ကျွန်းစုအရေးကိစ္စ ဖြစ်နေသောနိုင်ငံများအနေဖြင့်လည်း လက်ရှိအနေအထားအရ တရုပ်တို့ကို ရင်ဆိုင်ရန် အမေရိကန်နိုင်ငံ ထံမှ စစ်ရေးအကူညီရရေး ချဉ်းကပ်နေကြပါသည်။ သို့သော် မြန်မာအစိုးရအနေဖြင့်မူ တရုပ် နိုင်ငံအစိုးရကို ပေါ်ပေါ်ထင်ထင် မဆန့်ကျင်ရဲသလို လူ့အခွင့်အရေးချိုးဖေါက်မှုများကြောင့် အမေရိကန်အစိုးရ ကိုချဉ်းကပ်ရန် မဝံ့မရဲဖြစ်နေရသည့် အခြေအနေမျိုးဖြစ်နေပါသည်။

ထို့အပြင်စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၏ တစ်ဦးတည်းမှားယွင်းစွာဆုံးဖြတ်ခဲ့မှုကြောင့် မြန်မာနိုင်ငံ သည် တရုပ်အစိုးရ ၏ လက်ဝေခံဘဝရောက်ခဲ့ရပါသည်။ စာချုပ်ပေါင်းများစွာကို တရုပ်တို့ အလိုကျ လက်မှတ်ထိုးရေးထိုးပေးခဲ့ရသဖြင့် လက်ရှိ သမ္မတဦးသိန်းစိန် အစိုးရသည် ချီတုတ်ခံထားရသည့် သဘောဖြစ်နေပါသည်။ တရုပ်တို့၏ တောင်းဆိုချက်အတိုင်း သမ္မတဦးသိန်းစိန် အစိုးရသည် နယ်စပ်ဒေသရှိ ”ဝ“ နှင့် မိုင်းလား လက်နက်ကိုင်အဖွဲ့များ ကိုယခင်အခြေအနေများအတိုင်းနေထိုင်ခွင့်ပြုရန် သဘော တူညီခဲ့ရပါ သည်။ ယနေ့ မြန်မာတစ်မျိုးလုံး၏ အမျိုးသားရေးကိစ္စဖြစ်သော ဧရာဝတီမြစ်ကယ်တင်ရေး သည် အစိုးရအာဏာပိုင်အများစုအပါဝင် တစ်မျိုးသားလုံး၏ တောင်းဆိုမှုကြောင့် သမ္မတဦးသိန်းစိန် အနေဖြင့် ရေကာတာ တည်ဆောက်ရေးကို ရပ်တံ့ရန်ဆန္ဒရှိကြောင်းသိရပါသည်။သို့သော်တရုပ်အစိုးရ ဘယ်လိုတုံ့ပြန်မလဲဆိုတာ စောင့်ကြည့်ရပေ ဦးမည်။ ယခင်အစိုးရလက်ထက် တရုပ်တို့နှင့် သဘောတူလက်မှတ်ထိုးခဲ့သည့် ကိစ္စဖြစ်နေ၍ တရုပ်တို့၏ သဘောထားကိုပြန်လည်မေးမြန်းဘို့လိုသလိုကုန်ကျသုံးစွဲပြီးငွေကြေးများ မည်ကဲ့သို့ဆောင်ရွက်မည် ဆိုသည်ကိုလည်းညှိနှိုင်းရပေဦးမည်ဖြစ်ပါသည်။ ထို့ကြောင့် သီဟသူရဦးတင်အောင်မြင်ဦး တရုပ်နိုင်ငံသို့ သွားနေရပါသည်။

ဧရာဝတီမြစ်ဆုံရေ ကာတာ တည်ဆောက်မှု ကိစ္စ အတွက် မြန်မာပညာရှင်များ တရုပ်နိုင်ငံသို့ သွားရောက်စဉ် တရုပ်တာဝန်ရှိသူများမှ ရေကာတာတည်ဆောက်မှုကြောင့် ဆိုးကျိုးများဖြစ်လာမည်ကို သိရှိပြီး ဖြစ်သောလည်း ဘာကြောင့်လုပ်ရသလဲဆိုတော့” မင်းတို့အစိုးရ ကိုယ်တိုင်သဘောတူလို့ ငါတို့ လုပ်တာ၊မင်းတို့အစိုးရကိုမင်းတို့ အပြစ်တင်၊မင်းတို့အချင်းချင်းပြဿနာဖြစ်တာ ငါတို့နှင့်မဆိုင်ဘူး၊ ငါတို့ကတော့အကျိုးအမြတ်ရှိရင် ဘာမဆို လုပ် မှာဘဲ” လို့ပြောလွှတ်လိုက်ကြောင်းသိရပါသည်။ အကယ်၍ တရုပ်အစိုးရက ဧရာဝတီမြစ်ဆုံရေ ကာတာ တည်ဆောက်မှု ရပ်စဲရေးကို သဘောမတူခဲ့ဘူးဆိုလျှင် ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲဆိုတာကိုလဲ စဉ်းစားထားဘို့လိုမည်ဖြစ်ပါသည်။

သို့ပါ၍ ဧရာဝတီမြစ်ကယ်တင်ရေးအတွက် လက်ရှိဆောင်ရွက်နေသော အမျိုးသားပြန်လည်သင့်မြတ်ရေး အချိန်ဆွဲ မည်ဆိုပါက မြန်မာနိုင်ငံသည်မကြာမှီ တရုပ်တို့၏ရန်အန္တရယ် နှင့်ရင်ဆိုင်ရလာနိုင်ကြောင်းသုံးသပ် တင်ပြအပ် ပါသည်။

-ဗိုလ်မှူးအောင်လင်းထွဋ်

၂၀၁၁ ခုနှစ် စက်တင်ဘာ လ ၂၉ ရက်

ဝါရှင်တန်မြို့

from Dawnmanhon

Friday, September 23, 2011

သမတကြီးခင်ဗျာ


Dear Mr. President, come take a walk with me

သမတကြီးခင်ဗျာ …
(Take a walk with me)
ကျွန်တော်နဲ့  အတူလမ်းလျှောက်ထွက်ကြရအောင် ...
Let's pretend we're just two people and you're not better than me
သမတကြီးနဲ့  ကျွန်တော် နှစ်ယောက်တည်း လမ်းလျှောက်ထွက်ကြတယ်လို့  အောင်းမေ့ပြီး၊ ကျွန်တော်တို့  နှစ်ယောက်အကြား ဘာမှ ကွာခြားမှု မရှိဖူးလို့  သဘောထားကြရအောင် …
I'd like to ask you some questions if we can speak honestly
ဒီလိုလမ်းအတူတူလျှောက်ရင်း ကျွန်တော် မေးချင်တာလေးတွေ မေးပါရစေ၊ ကျွန်တော်တို့  နှစ်ဦးစလုံး ရိုးသားမှုအပေါ်အခြေခံပြီး ပြောကြရအောင် ..

What do you feel when you see all the homeless on the street?
အခုလမ်းလျှောက်ထွက်ရင်း လမ်းမှာ မြင်တွေ့ ရတဲ့ အိုးမဲ့အိမ်မဲ့ဖြစ်နေကြတဲ့သူတွေကို သမတကြီး မြင်တွေ့ ရတဲ့အခါမှာ ဘယ်လို ခံစားမိပါသလည်းဗျာ ...
Who do you pray for at night before you go to sleep?
သမတကြီး ညဘက်မအိပ်ခင်မှာ ဘယ်သူတွေအတွက် ဆုမွန်ကောင်းတောင်းပေးတာ ရှိပါသလည်း ...
What do you feel when you look in the mirror? Are you proud?
သမတကြီးအနေနဲ့  ကြည့်မှန်ကို ကြည့်တဲ့အခါမှာ ဘယ်လို စိတ်ထဲ ခံစားမိပါသလည်း၊ ကိုယ့်ကိုကိုယ် အင်မတန် ဂုဏ်ယူဝန့် ကြွားနေပါသလာ ...

How do you sleep while the rest of us cry?
ကျွန်တော်တို့  ပြည်သူတွေ ငိုကြွေးနေရချိန်မှာ သမတကြီးအနေနဲ့  ဘယ်လို နှစ်ခြိုက်စွာ အိပ်စက်ပါသလည်း ...
How do you dream when a mother has no chance to say goodbye?
မိခင်ဖြစ်သူတွေက သူတို့ ရဲ့  သားသမီးတွေကို နှုတ်ဆက်ဖို့  အခွင့်အရေး မရှိတဲ့အချိန်မှာ သမတကြီးအနေနဲ့  ဘယ်လိုများ စိတ်ထဲမှာ ခံစားကြည့်မိတာ ရှိပါသလည်း ...
How do you walk with your head held high?
သမတကြီးအနေနဲ့  ကိုယ့်ကိုကိုယ် ခေါင်းမတ်မတ်ထောင်ပြီး လျှောက်လှမ်းရဲပါသလည်း ...
Can you even look me in the eye? And tell me why?
အဲ့ဒီလိုမှာ သမတကြီးအနေနဲ့  ကျွန်တော့်ကို သေသေချာချာ ကြည့်ရဲပါသလား၊ ကြည့်ရဲတယ်ဆိုရင် ဘာလို့  သေသေချာချာ ကြည့်ရဲလည်းဆိုတာ ပြောပြပါလား ...

Dear Mr.President, were you a lonely boy?
သမတကြီးအနေနဲ့  တစ်ဦးတည်း ရှိနေတယ်လို့  ယူဆနေခဲ့ပါသလား ...
(Were you a lonely boy?)
သမတကြီးအနေနဲ့  တစ်ဦးတည်း ရှိနေတယ်လို့  ယူဆနေခဲ့ပါသလား ...
Are you a lonely boy?
သမတကြီးအနေနဲ့  တစ်ဦးတည်း ရှိနေတယ်လို့  ယူဆနေပါသလား ...
(Are you a lonely boy?)
သမတကြီးအနေနဲ့  တစ်ဦးတည်း ရှိနေတယ်လို့  ယူဆနေပါသလား ...

How can you say, no child is left behind?
သမတကြီးအနေနဲ့  ဘယ်လိုများ ပြောနိုင်ပါသလည်း၊ သမတကြီးရေ မျိုးဆက်သစ်ကလေးငယ်လေးတွေ မရှိတော့ဖူးများ ထင်နေပါသလား ...
We're not dumb and we're not blind
ကျွန်တော်တို့ တွေ ငထုံ ငအ ငနတွေ မဟုတ်ပါဖူး၊ ကျွန်တော်တို့ တစ်တွေ မျက်မမြင်လို ကန်းနေကြသူတွေ မဟုတ်ပါဖူး ...
(We're not blind)
ကျွန်တော်တို့ တစ်တွေ မျက်မမြင်လို ကန်းနေကြသူတွေ မဟုတ်ပါဖူး ...

They're all sitting in your cells while you pave the road to hell
သမတကြီးအနေနဲ့  ပြည်သူတွေအတွက် ဆင်းရဲဒုက္ခဆိုတဲ့ လမ်းကို ဖန်တီးနေချိန်မှာ
ဒီ မျိုးဆက်သစ်ကလေးငယ်လေးတွေဟာ သမတကြီးရဲ့  တိုင်းပြည်အပေါ် အုပ်ချူပ်နေတဲ့ အခြေအနေအပေါ်မှာ မူတည် ရပ်တည်နေတာပါ၊

What kind of father would take his own daughter's rights away?
သွေးရင်းသားရင်း သမီးဖြစ်သူကို သင့်လျော်တဲ့လမ်း လျှောက်လှမ်းနေတယ်ဆိုရင် ဘယ်လိုကြိုးစားဆောင်ရွက်ပေးမယ့် ဘယ်လို ဖခင်ကောင်းတစ်ဦးပါလည်း ...
And what kind of father might hate his own daughter if she were gay?
သွေးရင်းသားရင်း သမီးဖြစ်သူ ရဲရင့်တဲ့ ယောင်္ကျားတစ်ဦးလိုမျိုး ဖြစ်နေခဲ့ရင် မုန်းတီးနေတတ်မယ့် ဖခင်ဟာ ဘယ်လို ဖခင်မျိုးလည်း ....
I can only imagine what the first lady has to say
ကျွန်တော့်အနေနဲ့  မြင်ကြည့်မိတာကတော့ ပြည်သူလူထုခေါင်းဆောင် အမျိုးသမီးဖြစ်သူကများ ဘာများပြောလိမ့်မလည်းဆိုတာကိုပါ ...
You've come a long way from whiskey and cocaine
သမတကြီးဟာ အရက်သေစာနဲ့  မူးယစ်ဆေးဝါးသုံးစွဲထားသူတစ်ဦးလို အင်မတန်ကို လက်ရှိဖြစ်ပျက်နေမှုတွေနဲ့  ဝေးကွာစွာ အသိမမြင်ဘဲ ရှိနေတဲ့သူလို့  ဆိုတာပါဘဲ ...

How do you sleep while the rest of us cry?
ကျွန်တော်တို့  ပြည်သူတွေ ငိုကြွေးနေရချိန်မှာ သမတကြီးအနေနဲ့  နှစ်ခြိုက်စွာ ဘယ်လိုများ အိပ်ပျော်နေပါသလည်း ...
How do you dream when a mother has no chance to say goodbye?
မိခင်ဖြစ်သူတွေက သူတို့ ရဲ့  သားသမီးတွေကို နှုတ်ဆက်ဖို့  အခွင့်အရေး မရှိတဲ့အချိန်မှာ သမတကြီးအနေနဲ့  ဘယ်လိုများ စိတ်ထဲမှာ ခံစားကြည့်မိတာ ရှိပါသလည်း ...

How do you walk with your head held high?
သမတကြီးအနေနဲ့  ကိုယ့်ကိုကိုယ် ခေါင်းမတ်မတ်ထောင်ပြီး လျှောက်လှမ်းရဲပါသလည်း ...
Can you even look me in the eye?
အဲ့ဒီလိုမှာ သမတကြီးအနေနဲ့  ကျွန်တော့်ကို သေသေချာချာ ကြည့်ရဲပါသလား၊

Let me tell you 'bout hard work
မှန်ကန်သော အလုပ်ကြိုးစားဆောင်ရွက်မှုအကြောင်း ပြောပြပါရစေ ...
Minimum wage with a baby on the way
အနာဂတ် မျိုးဆက်ကလေးတွေအတွက် လက်ရှိ မလိုအပ်တဲ့ ဖြုန်းတီးမှုတွေကို လျှော့ချပစ်ပါ ...
Let me tell you 'bout hard work
မှန်ကန်သော အလုပ်ကြိုးစားဆောင်ရွက်မှုအကြောင်း ပြောပြပါရစေ ...
Rebuilding your house after the bombs took them away
ပြိုကျပျက်ဆီးခဲ့မှုတွေကို ပြန်လည်တည်ဆောက်ပါ ...

Let me tell you 'bout hard work
မှန်ကန်သော အလုပ်ကြိုးစားဆောင်ရွက်မှုအကြောင်း ပြောပြပါရစေ ...
Building a bed out of a cardboard box
လက်တွေ့ မကျတဲ့ ဖန်တီးမှုတွေကနေ ရုန်းထွက်ပြီး (ပြည်သူတွေအတွက်) လက်တွေ့  အကျိုးပြုမယ့်ဟာတွေကို တည်ဆောက်ပါ ...
Let me tell you 'bout hard work, hard work, hard work
မှန်ကန်သော အလုပ်ကြိုးစားဆောင်ရွက်မှုအကြောင်း ပြောပြပါရစေ ...
You don't know nothin' 'bout hard work, hard work, hard work
ဒါပေမယ့် မှန်မှန်ကန်ကန် အလုပ်ကြိုးစားဆောင်ရွက်မှုအကြောင်း သမတကြီး မသိဖူး ...

How do you sleep at night?
ဒါနဲ့ များ သမတကြီးအနေနဲ့  ဘယ်လိုများ အိပ်ပျော်ပါလိမ့် ...
How do you walk with your head held high?
ဒါနဲ့ များ သမတကြီးအနေနဲ့  ကိုယ့်ကိုကိုယ် ခေါင်းမတ်မတ်ထောင်ပြီး လျှောက်လှမ်းရဲပါသလည်း ...
Dear Mr. President, you'd never take a walk with me, would you?

သမတကြီးခင်ဗျာ .. အခုလို မေးမြန်းပြောဆိုမိလို့  သမတကြီး ကျွန်တော်နဲ့ အတူ လမ်းလျှောက်ပါဦးမလား ...

(ပေးပို့သူ Lungatay နှင့် ဒီမိုဝေယံအား ကျေးဇူးတင်ပါသည်)။

Sunday, September 11, 2011

ခွင့်လွှတ်ပါအမေ





ခွင့်လွှတ်ပါအမေ

သားတို့တတွေ


စည်းရုံးမှုတွေမဲ့ပြီး

စည်းလုံးမှု့တွေ မရှိခဲ့လို့

မသမာသူ လူအချို့က

အမူယာပို လူတစ်ဖို့နှင့်ပေါင်းပြီး

အပိုင်းပိုင်းဖြတ်

အရိုင်းစိုင်း သတ်ဖို့ ကြံခဲ့ပြီလေ။ ။

မန်းဧရာ(
ဧရာဝတီ သို့)













Friday, August 26, 2011

အမေရိကန် အရှေ့ဘက်ကမ်းခြေသို့ ဟာရီကိန်း အီရင်းချဉ်းကပ်၊ အရေးပေါ်အခြေအနေထုတ်ပြန်ထား


အမေရိက ကုန်းမကြီးသို့ တစ်နာရီကီလိုမီတာ ၁၇၀ နှုန်းဖြင့်ဦးတည်လာနေသော အီရင်းဟာရီကိန်းမုန်တိုင်းကြောင့် မြောက်ကယ်ရိုလိုင်းနား မှ နယူးယောက်အထိ အရေးပေါ်အခြေအနေကြေငြာထားပြီး လူများကို ကုန်းမြင့်ရာသို့ရွှေ့ပြောင်းနေထိုင် ကြရန် အာဏာပိုင်များက သတိပေးကြေငြာချက်ထုတ်ပြန်လိုက်သည်။

ဟာရီကိန်း အီရင်းတိုက်ခတ်မှုကြောင့် အမေရိကန်အရှေ့ဘက်ကမ်းခြေဒေသကို လူများစွန့်ခွာရွှေ့ပြောင်းခဲ့ကြရပြီး အရှေ့ဘက်သို့ မုန်တိုင်းရွေ့လျားရာလမ်းကြောင်းတွင်ရှိသော ဘဟာမိန်း ကျွန်းလေးပေါ်တွင် အိမ်ရာပေါင်း များစွာပျက်စီးခဲ့ သည်။
အီရင်းဗဟိုသည် အမေရိကန်ပြည်ထောင်စုတည်ရှိရာ မြောက်ဘက်သို့ဦးတည်နေကြောင်းဆိုသည်။ ကာရိုလိုင်းနားမှ နယူးအင်္ဂလန်အထိ လူပေါင်း ၆၅ သန်း အိုးအိမ်စွန့်ခွာထွက်ပြေးရကြသည်။ ခုနှစ်နှစ်အတွင်း အရှေ့ဘက်ကမ်းခြေဒေသကို အင်အားအပြင်းဆုံးတိုက်ခတ်မည်ဖြစ်သည်။

ကြာသပတေးနေ့ညနေက တစ်နာရီ ၁၈၅ ကီလိုမီတာနှုန်းဖြင့် မြောက်ကာရိုလိုင်းနား ဟက်ထရက်စ်အငူ မြောကဘက် ၈၅၅ ကီလိုမီတာအကွာတွင်ဗဟိုပြုကာ တိုက်ခတ်နေကြောင်း ဖလော်ရီဒါ မိုင်ယာမီရှိ အမေရိကန်အမျိုးသားဟာရီကိန်းဌာနက ပြောသည်။
တစ်နာရီ ၂၂ မိုင်နှုန်းအရွေ့ဖြင့် မြောက်ဘက်-အနောက်မြောက်ဘက်သို့ရွေ့လျားလာနေသည်။ ကြသပတေးနေ့နှင့် သောကြာနေ့များတွင် အင်အားတိုးပွားလာနိုင်ကြောင်း ဌာနရှိ မိုးလေဝသခန့်မှန်းသူများက ခန့်မှန်းခဲ့ကြသည်။

“ဟာရီကိန်းမုန်တိုင်းတစ်ခု ဝင်ရောက်လာနိုင်တယ်ဆိုတာ လူတိုင်းသိပါတယ်။”
“ပြင်ဆင်နေဖို့အတွက် အချိန်အများကြီးမရဘူး၊ အဆင်သင့်ဖြစ်နေဖို့လိုတယ် ဆိုတာ လူတိုင်းနားလည်ထားရပါမယ်။”
ဟု ပြည်ထောင်စုအရေးပေါ်အခြေအနေစီမံကွပ်ကဲရေးဌာန အကြီးအကဲ ကရစ်ဖူဂိတ်က ပြောသည်။

မုန်တိုင်းသည် စနေနေ့နံနက်ပိုင်းတွင် နယူးယောက်သို့ မရောက်မီ မြောက်ကာရိုလိုင်းနားသို့ တိုက်ခတ်မည်ဖြစ်ပြီး မုန်တိုင်းနှင့်အတူ အလွန်အန္တရာယ်ကြီးမားသော ရေလှိုင်းကြီးများ ၃.၄ မီတာအမြင့်အထိရောက်ရှိလွှမ်းမိုးနိုင်ကြောင်း အမျိုးသားမိုးဇလဌာန ကပြောသည်။
သောကြာနေ့မနက်ပိုင်းအပြီး ရွှေ့ပြောင်းထွက်ခွါသွားရန် သတိပေးထားချက်ကို မလိုက်နာဘဲ ကျန်နေရစ်သူများကို နောက်ပိုင်း လာရောက်ကယ်ဆယ်နိုင်မည်မဟုတ်ကြောင်း မြောက်ကာရိုလိုင်းနား ဒဲရ်ကမ်းရိုးတန်းဒေသရှိ လူများကို အရေးပေါ်ကယ်ဆယ် ရေးလုပ်သားများက လိုက်လံသတိပေးကြေငြာလျက်ရှိသည်။

“ထွက်ခွာသွားဖို့သတိပေးနေချိန်မှာ ထွက်မသွားဘဲနေခဲ့တယ် ဆိုရင်တော့ ကျွန်တော်တို့က တရားစွဲမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ်တော့ အန္တရာယ်ကြားမှာ နေရစ်ခဲ့တယ် ဆိုတာသိရပါလိမ့်မယ်။” ဟု ဒေသဆိုင်ရာ တာဝန်ရှိသူ ကယ်လီဒေးဗစ်က ပြောသည်။

အခြေအနေအရလိုအပ်လာလျှင် အမျိုးသားလုံခြုံရေးတပ်သားအင်အား ၉၈,၀၀၀ လုပ်အားပေးရန် အသင့်ရှိကြောင်း အမေရိကန် စစ်ဘက်တာဝန်ရှိသူများက ကမ်းလှမ်းထားကြသည်။

ထို့ပြင် အင်္ဂါနေ့က ၅.၈ မဂ္ဂနီကျုပြင်းအားရှိ ငလျင်တစ်ခု ဝါရှင်တန်အပါအဝင် အဓိကမြို့ကြီးများတွင် မလှုပ်စဖူးလှုပ်ခတ်သွားခဲ့ သဖြင့် နောက်ထပ်စိုးရိမ်ကြောင့်ကျမှုတစ်ခု ရှိနေရပြန်သည်။

ပြည်နယ်အများအပြားရှိလူများ ကုန်းတွင်းပိုင်းသို့အရေးပေါ်ရွှေ့ပြောင်းမှုများကြောင့် ယာယီစခန်းများတွင် လူဦးရေတိုးပွားလာ လျက်ရှိခြင်းကြောင့် ပြည်ထောင်စုအာဏာပိုင်များက အစားအစာနှင့် သောက်ရေဗူးများ သန်းနှင့်ချီ၍စုဆောင်းထားကြောင်း ပြောသည်။

မုန်တိုင်းနှင့် ကီလိုမီတာ ၁,၂၀၀ အကွာတွင်ရှိသော နယူးယောက်မြို့၏ မြို့တော်ဝန် မိုက်ကယ်ဘလွန်းဘတ်ခ်ျက အနိမ့်ပိုင်းတွင် နေသော မြို့သူမြို့သားများအား တနင်္ဂနွေနေ့ အီရင်းမလာရောက်မီအမြင့်ပိုင်းများသို့ပြောင်းရွှေ့နေထိုင်ကြရန် နှိုးဆော်ထား သည်။

“မြေအနိမ့်ပိုင်းမှာ နေတဲ့သူတွေ ကားရှိတယ်ဆိုရင် အမြင့်ပိုင်းမှာသာ သွားရပ်ထားကြပါ။” သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်၍ ဘလွန်းဘတ်ခ်ျက ပြောသည်။

နယူးယောက်မြို့လူမှုဝန်ဆောင်အဖွဲ့အစည်းများက နယူးယောက်အိမ်ခြေယာခြေမဲ့များ အတွက် စခန်းများဖွင့်လှစ်ပေးထားနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ နယူးယောက် ရဲဌာနကလည်း ကယ်ဆယ်ရေးလုပ်ငန်းများ အဆင်သင့်ဆောင်ရွက်နိုင်ရေးအတွက် လှေငယ်အစီး ၅၀ ကိုမြေနိမ့်ပိုင်းတွင် ပို့ဆောင်ထားပြီးဖြစ်ကြောင်းဆိုသည်။ ရေများအလုံးအရင်းဖြင့် ဝင်ရောက်လျှံတက်နိုင် သဖြင့် ရေနှုတ်ရသွယ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရန် မီးသတ်ဌာနက ဆောင်ရွက်ခဲ့သည်။

ပူအာတိုရီကိုတွင် အီရင်းဝင်ရောက်တိုက်ခတ်သွားသဖြင့် ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများဖြစ်ပွားခဲ့သည်။ အင်္ဂါနေ့က ဆန်ဟွန်တွင် အသက် ၆၂ နှစ်ရှိ အမျိုးသမီးတစ်ဦး ရေလျှံနေသော မြစ်ကို သူမ၏မော်တော်ကားဖြင့် ဖြတ်ကူးရန်ကြိုးစားရင်း သေဆုံး သွားကြောင်း ရဲကပြောသည်။ ဒိုမီနီကန်သမ္မတနိုင်ငံတွင် မြစ်ရေလျှံခြင်း၊ ရေကြီးခြင်းနှင့် ရွှံ့မြေပြိုခြင်းများကြောင့် လူပေါင်း ၃၈,၀၀၀ ဦးနေရာရွှေ့ပြောင်းခဲ့ရသည်။

ကမ်ဘီတာမြို့တွင် အသက် ၄၀ နှစ် ရှိအမျိုးသားတစ်ဦး သူ၏နေအိမ်ရေနစ်မြုပ်သွားသောကြောင့် သေဆုံးခဲ့ကြောင်း၊ အယ်ဆီဘိုမြို့ တွင် အသက် ၄၂ နှစ်ရှိ ဟေတီရွှေ့ပြောင်းနေထိုင်သူတစ်ဦး မြစ်ထဲတွင်ရေနစ်သေဆုံးသွားကြောင်း သိရသည်။

တနင်္လာနေ့က အီရင်းဝင်ရောက်တိုက်ခတ်မှုကြောင့် ပူအာတိုရီကိုတွင် တစ်ဦးသေဆုံးခဲ့သည်။ အပျက်အစီး ဒေါ်လာသန်း ၅၀၀ ကျော်ရှိကြောင်း ပူအာတိုရီကို အာဏာပိုင်များက တွက်ချက်ထားသည်။
Source: Al Jazeera

Friday, August 12, 2011

မြစ်ဆုံရေကာတာ ဆိုးကျိုးကောင်းကျိုး

www.voanews.com/burmese မှ ကူးယူ ဖော်ပြသည်။

ဦးသန်းလွင်ထွန်း ။ ။ ကချင်ပြည်နယ် မြစ်ဆုံမှာ တည်ဆောက်နေတဲ့ ရေအားလျှပ်စစ်ထုတ်လုပ်ရေး ရေကာတာကြီးဟာ အလွန်အန္တရာယ်ကြီးမားတဲ့အတွက် လုပ်ငန်း ဆက်လက်မလုပ်ဆောင်သင့် ကြောင်း လေ့လာချက်အစီရင်ခံစာတခုက ၂၀၀၉ ခုနှစ်ကတည်းက အဆိုပြုထားပေမယ့် ဒီလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံထားတဲ့ တရုတ်အစိုးရနဲ့ မြန်မာအစိုးရဘက်ကပါ လျစ်လျူရှုခဲ့ပါတယ်။ တရုတ်နဲ့ မြန်မာပညာရှင်တွေ ကွင်းဆင်းလေ့လာပြီး တင်ပြခဲ့တဲ့ ဒီအစီရင်ခံစာကို လူသိရှင်ကြား ထုတ်ပြန် ကြေညာခဲ့ခြင်း မရှိပါဘူး။ ဒီ အစီရင်ခံစာကို မကြာခင်ကမှ ရရှိဖတ်ရှုခဲ့ရတဲ့ တရုတ်နဲ့ အာဆီယံအရေး လေ့လာသုတေသန ပြုနေတဲ့ အမေရိကန်နိုင်ငံ UC Berkeley တက္ကသိုလ်က ဦးမင်းဇင်က ဗွီအိုအေ ကို အောက်ပါအတိုင်း ပြောဆိုပါတယ်။

ဦးမင်းဇင် ။ ။ ပထမဆုံး တွေ့တာကတော့ စာမျက်နှာ (၉၀၀) ကျော်လောက်ဆိုတော့ ချက်ချင်း မဖတ်ဖြစ်ဘူး။ နောက်တော့ ဖတ်ကြည့်လိုက်တဲ့အခါမှာ အစောပိုင်းကလည်း သိပ်ပြီးတော့ တရုတ် ပညာရှင်တွေက အဓိကရေးတယ်ဆိုတော့ စိတ်ထဲမှာလည်း တရုတ်ပြည်ဆိုတော့ သာသာထိုးထိုး ရေးမှာပဲဆိုပြီး ကျနော်က ယူဆထားတာ။ အဲဒီ ယူဆချက်နဲ့ ဖတ်တာ ဖတ်ရင်းနဲ့ တခါမှ မကြားဘူးတဲ့ အချက်အလက်တွေ သိခဲ့ရတယ်။

ဥပမာ ဒီ မြစ်ဆုံရေကာတာ (၇) ခု ဆောက်တဲ့အထဲမှာ ရေကာတာ တခုတည်းကိုက စင်္ကာပူထက် ပိုပြီးကြီးတယ်။ နယူးရော့ခ်မြို့ကြီး တမြို့ စာလောက်ရှိတယ်။ ကမ္ဘာပေါ်မှာ (၁၅) ခုမြောက် အကြီးဆုံး ရေအားလျှပ်စစ် ရေကာတာကြီးဖြစ်မယ်။ ဒါမျိုးတွေ ကြားရတယ်။ အဲဒါမျိုးကြားရတဲ့အပြင် အဆိုးဆုံး ကြားရတာက အခုနပြောသလို ဒီကရမယ့် ရေအားလျှပ်စစ်ကို ၁၀၀ ရာခိုင်နှုန်းလုံး တရုတ်ပြည်ကပဲ အကျိုးကျေးဇူးရမယ်။ ဒီဘက်နောက်ပိုင်း သတင်းကြားရတာက ၉၉% တရုတ်ပြည်ဘက်ကို ရောင်းပြီး မြန်မာပြည်ကိုတော့ ၁% ပြန်ရောင်းမယ်လို့ သတင်းကြားရတယ်။ အဲဒီလိုမျိုးဟာတွေ ကြားရတယ်။

ပိုဆိုးတာက ဒီ ရေကာတာကြီးဟာ စစ်ကိုင်းပြတ်ရွေ့ကြောလို့ခေါ်တဲ့ ငလျင်ကြောကြီးနားမှာ ရှိတယ်။ ဒီဟာကလည်း အာရှတိုက်မှာ ငလျင်တွေ မကြာခဏ လှုပ်တဲ့အတွက်မို့ ဒီဟာက အန္တရာယ်များတယ် လို့ ပညာရှင်တွေက သုံးသပ်ကြတယ်။ ဒီ ငလျင်ကြောကြီးက ပြတ်ရွေ့ ကြောကြီးက တခုခုများ ဖြစ်ခဲ့ရင် ရေကာတာကြီး ပြိုသွားနိုင်တယ်။ အဲဒီလို မဟုတ်ဘဲနဲ့ ရေကာတာ ရေလှောင်ကန်ကြီးက အခုနပြောသလို စင်္ကာပူနိုင်ငံထက်ကြီးတဲ့အခါကျတော့ အဲဒီလောက်ကြီးတဲ့ဟာကြီးကနေ ရေပမာဏကြောင့်လည်း ပြတ်ရွေ့ ကြောကိုသွားပြီး လှုံ့ဆော်သလို ဖြစ်နိုင်တယ်။ ဒီလိုဖြစ်ပြီး ရေကြီးလို့ရှိရင် မြစ်ကြီးနားမြို့ကြီးက စက္ကန့် (၂၀) အတွင်း ရေမြုပ်နိုင်တယ်လို့ ပညာရှင်တွေ ပြောတာကို ကြားရတော့ အင်မတန်မှပဲ တုန်လှုပ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီ လေ့လာမှုအစီရင်ခံစာရဲ့ နံမည်ကိုက တည်ဆောက်မယ့် ရေကာတာတွေရဲ့  သဘာဝပတ်ဝန်းကျင်အပေါ်ကို ဘယ်လောက်အထိ သက်ရောက်မှု ရှိနိုင်မလဲကို ကြိုတင်ခန့်မှန်းချက်။ ဒီလို သဘာဝပတ်ဝန်းကျင်ပေါ် သက်ရောက်မှုကြိုတင်ခန့်မှန်းချက်တွေကို တကယ်တန်းကျတော့ အကုန်အကျခံပြီးတော့ အစီရင်ခံစာရေးခိုင်းတာလည်း China Power Investment Cooperation ခေါ် CPI ကော်ပရေးရှင်းကပဲ လုပ်တာဆိုတော့ ဒီ ကော်ပရေးရှင်းအနေနဲ့ မူလ ရည်မှန်းချက်ဖြစ်တဲ့ ဒီလို လေ့လာမှုတွေလုပ်ခိုင်းပြီးတော့ ဒီ လေ့လာမှုအစီရင်ခံစာကနေ ကြိုတင်ခန့်မှန်းပြီး တင်ပြတဲ့ အချက်တွေကို လိုက်နာရမယ့် တာဝန် သူတို့မှာ မရှိဘူးလား။

ဦးမင်းဇင် ။ ။ ကျနော်သိသလောက်တော့ တရုတ်အစိုးရနဲ့ မြန်မာအစိုးရတို့မှာ ဒီလိုမျိုးဟာတွေကို လိုက်နာဖို့အတွက် တာဝန်ခံထားတာ မရှိဘူးလို့ သိရပါတယ်။ ဒါပေမဲ့ ဒီ အစီရင်ခံစာကလည်း ယေဘုယျ လိုက်နာရမယ့် ဆန်းစစ်တဲ့အချက် (၁၀) ချက် ရှိပါတယ်။ အဲဒီ အချက် (၁၀) ချက်ထဲမှာမှ အချက် တခုကိုပဲ ဆန်းစစ်ရသေးတာဖြစ်ပါတယ်။ အဲဒီ ရေကာတာဆောက်မယ့် ဧရိယာ ပတ်ဝန်းကျင် ကိုပဲ ဆန်းစစ်ရသေးတာ ဖြစ်ပါတယ်။ ကျန်တဲ့ မြစ်အကြေပိုင်း ဧရာဝတီမြစ်အကြေပိုင်းတို့၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်ပိုင်းတို့ ကျန်တဲ့အကြောင်းအချက်တွေ အများကြီးရှိတယ်။ အဓိကအချက် (၉) ချက်။ အဲဒါတွေကို မလေ့လာရသေးဘူး။

ပထမ တချက်တည်းနဲ့ပင် တရုတ်အစိုးရက - အခုန ပြောတဲ့ CPI ကလည်း တရုတ်အစိုးရပိုင် ကုမ္မဏီ ဖြစ်ပါတယ်။ တရုတ်အစိုးရနဲ့ မြန်မာအစိုးရတို့က တခါတည်း ဒါကတော့ အခြေအနေ မဟန်တော့ဘူး လို့ထင်ပြီး ကျန်တဲ့လေ့လာမှုတွေကို ဆက်မလုပ်ခိုင်းဘဲ ရပ်လိုက်တာလို့ ကြားသိရပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီ အစီရင်ခံစာ စပြီးထွက်တဲ့ ပြုစုပြီးတဲ့အချိန်က ၂၀၀၉ ခုနှစ်။ အဲဒီ ၂၀၀၉ ခုနှစ် နောက်ပိုင်းမှာ မြစ်ဆုံရေကာတာလုပ်ငန်းတွေကလည်း စတင်နေပြီ။ တခြား ရေကာတာလုပ်ငန်းတွေ ကလည်း စတင်နေပြီဆိုတော့ ဒီ အစီရင်ခံစာကို လုံးဝလျစ်လျူရှုပြီးတော့ အလုပ်တွေကို ဒီအတိုင်းပဲ မျက်စိမှတ်ပြီတော့ လုပ်နေတဲ့သဘောကို ဆိုလိုချင်တာလား။

ဦးမင်းဇင် ။ ။ တချို့အပိုင်းတွေမှာ လိုက်နာမှုရှိကောင်းရှိလိမ့်မယ်။ ဥပမာ ကျနော်ကြားတာက တရုတ် ပညာရှင်တွေနဲ့ တရုတ်အာဏာပိုင်တချို့နဲ့ စကားပြောတဲ့အခါမှာ သူတို့ပြောတာက ဥပမာဆိုရင် မြန်မာ ရွှေ့ ပြောင်းခံရတဲ့ လယ်သမားတွေ၊ ကချင်ဒေသခံ တိုင်းရင်းသားတွေကို လျှော်ကြေးပေးတယ်။ အစီရင်ခံစာကတော့ ၁၀% လောက်တော့ ရင်းနှီးမြုပ်နှံမှုရဲ့  ၁၀% လောက်ကို လျော်ကြေးပေးခိုင်း ပါတယ်။ ဒါပေမဲ့ တရုတ်အစိုးရကတော့ ဒါကို ၅% ပေးတယ်လို့ သိရပါတယ်။ ဒါပေမဲ့လည်း တကယ့် တကယ် ပေးတဲ့ငွေတွေကို ဘယ်လိုဖြန့်ဝေသလဲဆိုတဲ့အခါကျတော့ မြန်မာနိုင်ငံမှာ စစ်အစိုးရနဲ့ သူ့ရဲ့  အာရှ Aisa World ကုမ္မဏီကနေ ဖြန့်ဖြူးတာဖြစ်တဲ့အတွက် လက်တွေ့မှာတော့ ဒေသခံလူထုတွေ ထင်သလောက်မရဘူး။ မရဘဲနဲ့ အခွင့်အရေးချိုးဖောက်မှုတွေ ပိုများတယ်ဆိုတာကို သတင်းစာဆရာတွေနဲ့ အန်ဂျီအိုသမားတွေက အထောက်အထားနဲ့ တင်ပြတာတွေ ရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒါ လူတွေရွှေ့ ပြောင်းခံရတဲ့ကိစ္စအပေါ်မှာပဲ အရေးယူမှု ထည့်တွက်မှု တစိတ်တပိုင်းရှိပြီးတော့ အစောက ကိုမင်းဇင် ပြောတဲ့ အစီရင်ခံစာထဲမှာ ကြိုတင်ပြီး သတိပေးထားတဲ့ ငလျင်ပြတ်ရွေ့ကြောကြီးပေါ်မှာ ရှိနေတဲ့အတွက် အန္တရာယ်ကြီးမားတဲ့အခြေအနေ။ ဒါမှမဟုတ်လို့ ရေကာတာကြီးဆောက်မယ့် ဧရိယာပမာဏက သိပ်ကြီးမားတော့ ရေကာတာကြီးမှာ စုဆောင်းလာမယ့် ရေကြောင့် ငလျင်ကြောကြီးကို သွားပြီးတော့ လှုံ့ဆော်သလို ဖြစ်သွားနိုင်မယ့် အခြေအနေ။ တကယ်လို့များ ကျိုးပေါက်သွားရင် အကြေ မြစ်ခြေဘက်မှာ ရေလွှမ်းခံရမယ့်အခြေအနေ။ ဒါတွေအကုန်လုံးကိုက ပြည်သူလူထုကိုရော လူသိရှင်ကြား အသိပေးမှုတွေ၊ ဒါမှမဟုတ် ကြိုတင်တိုင်ပင်မှုတွေ မရှိဘူးလား။

ဦးမင်းဇင် ။ ။ ဒီ အစီရင်ခံစာရဲ့ သူတို့ပြောတဲ့ အရေးကြီးဆုံး အကြံပြုချက်က ဘာလဲဆိုတော့ ရေကာတာ (၇) ခု ဆောက်မယ့် စီမံကိန်းကို လုံးဝဖျက်သိမ်းပါလို့ အကြံပြုပါတယ်။ အကယ်၍ မဖျက်သိမ်းနိုင်လို့ ဆက်ဆောက်ချင်တယ်ဆိုရင် (၇) ခု ဆောက်စရာမလိုဘူး။ အထူးသဖြင့် မြစ်ဆုံမှာ ဆောက်စရာမလိုဘဲနဲ့ မေခ-မလိခ နေရာမှာ အငယ်စား ရေကာတာလေး နှစ်ခု ဆောက်လို့ရပါတယ်။ အဲဒီ အငယ်စား ရေကာတာလေး နှစ်ခု ဆောက်ရင်လည်း ဒါက ရေကာတာ (၇) ခု ဆောက်ရင်ရမယ့် လျှပ်စစ်စွမ်းအင် ပမာဏကို မလျော့ဘဲ ရစေနိုင်တယ်လို့ ပညာရှင်တွေက သုတေသနပြု တင်ပြကြပါတယ်။ သဘောကတော့ ဒါကို ဖျက်ပါ။ မဖျက်နိုင်ရင် အငယ်စား နှစ်ခုဆောက်ပါ-ပေါ့။ အဲဒါကို အဓိကအကြံပြုချက်ကို မြန်မာစစ်အစိုးရနဲ့ တရုတ်အာဏာပိုင်တွေက လုံးဝလျစ်လျူရှုတာကို တွေ့ရပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ နှစ်ပိုင်း - တပိုင်းက ဘာလဲဆိုတော့ တရုတ်အစိုးရနဲ့ တရုတ် CPI - ရေကာတာ ဆောက်ပြီးရင်ရရှိမယ့် လျှပ်စစ်စွမ်းအားနဲ့ အကျိုးအမြတ်နဲ့ သူတို့ရဲ့  ရင်းနှီးမြုပ်နှံမှုတွေက တရုတ်ပြည်အတွက် အဓိကဖြစ်နေတော့ သဘာဝဘေးအန္တရာယ်ခံရမယ့် အခြေအနေတွေက ဗမာပြည်အတွင်းမှာ ဖြစ်နေတော့ သူတို့အနေနဲ့ ဂရုမစိုက်ဘူး ထားလိုက်ပါ။ ဒါပေမဲ့လည်း တဖတ်မှာ ပါဝင်နေတဲ့ မြန်မာအစိုးရပိုင်း။ အခု မြစ်ဆုံရေကာတာ စီမံကိန်းမှာ မြန်မာအစိုးရပိုင်းနဲ့ တခြား ပုဂ္ဂလိက ပိုင်းတွေ မြန်မာပိုင်းက ရင်းနှီးမြုပ်နှံနေတဲ့ ဦးဆောင်ပြီးလုပ်နေတဲ့လူတွေအနေနဲ့ကော ဗမာနိုင်ငံပိုင်းမှာ ကိုယ့်နိုင်ငံအတွင်းမှာ ဖြစ်မယ့် ရေရှည်ထိခိုက်မှုတွေကို သူတို့အနေနဲ့ ထည့်တွက်မှုမရှိဘူးလား။

ဦးမင်းဇင် ။ ။ တကယ်တော့ ဝမ်းနည်းစရာကောင်းတာက တရုတ်ပညာရှင်တွေရဲ့  အချက်အလက် အရပဲ ရမယ့်အကျိုးအမြတ် ၇၀% ကို တရုတ်နိုင်ငံက ယူမှာဖြစ်ပြီးတော့ သူတို့က ၃.၆ ဘီလီယံ ရင်းနှီးမြုပ်နှံထားတော့ ရမယ့်အကျိုးအမြတ်ရဲ့  ၇၀% ကို တရုတ်နိုင်ငံကယူမယ်။ မြန်မာနိုင်ငံကတော့ ၂၀% ရမယ်။ ၂၀% ဆိုတာ ဒေါ်လာနဲ့တွက်ရင် တနှစ်ကို သန်း ၅၀၀ လောက်ပဲ ရှိပါတယ်။ ကြားပွဲစားတွေက ၁၀% လောက် ရမယ်။ ကျနော်မြင်တာကတော့ ကြားပွဲစားတွေက သူတို့အတွက် အကျိုးစီးပွားသိပ်များတဲ့အခါကျတော့ ၁၀% ဆိုတဲ့ ပမာဏက သိပ်မနည်းပါဘူး။ သာမန် ပုဂ္ဂလိက အကြံပေးပညာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တို့ ရမယ့်ပမာဏက များပါတယ်။ အဲဒီအခါကျတော့ သူတို့တွေက ဒါကို မဖြစ်ဖြစ်အောင်။ ပညာရှင်တွေက မဆောက်နဲ့ ပြောပေမယ့် dam ဆောက်တာ ကိုက သူတို့အတွက် ပိုက်ဆံ ရပေါက်ရလမ်းဆိုတော့ သူတို့က မဖြစ်ဖြစ်အောင်လုပ်တဲ့ သဘောပါ။

မြန်မာစစ်အစိုးရဘက်ကတော့ တာဝန်မဲ့တဲ့အပိုင်းတွေ အများကြီးတွေ့ပါတယ်။ ဥပမာဆိုရင် မြစ်ကြီးနားကို စက္ကန့် ၂၀ အတွင်း ရေလွှမ်းမယ်။ မြစ်ကြီးနားတမြို့ လုံး ပျောက်သွားမယ်ဆိုတာကို ပညာရှင်တွေက ပြောတဲ့အခါမှာ မြန်မာစစ်တပ်က ဘာလုပ်သလဲဆိုတော့ မပခ လို့ခေါ်တဲ့ မြောက်ပိုင်းတိုင်းကို မြစ်ကြီးနားကနေ ပူတာအိုကို ရွှေ့ဖို့ အမိန့်ပေးပါတယ်။ ဒါကိုကြည့်မယ်ဆိုရင် မြန်မာ စစ်အစိုးရအနေနဲ့က ပြည်သူလူထုထက်စာရင် သူတို့ရဲ့  လုံခြုံရေး၊ သူတို့ရဲ့ စစ်တပ် မဟာဗျူဟာ ကိစ္စတွေကို စဉ်းစားနေတာ ဝမ်းနည်းစရာကောင်းတယ်လို့ ထင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒါ စစ်အစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှုလား။ တခြား ဘယ်ကုမ္မဏီတွေ မြန်မာဘက်က ပါဝင်ပတ်သက်နေသလဲ။

ဦးမင်းဇင် ။ ။ ရင်းနှီးမြှုပ်နှံမှု အပြည့်အဝကတော့ တရုတ်ပြည်က များပါတယ်။ မြန်မာပြည်ဘက်က တော့ ပါဝင်ဆောင်ရွက်ပေးတာကတော့ Asia World ကုမ္မဏီက အဓိကလုပ်တာပါ။ Asia World ကုမ္မဏီဆိုတာကလည်း စတီဗင်လော လို့ခေါ်တဲ့ ဦးထွန်းမြင့်နိုင်က လုပ်တာပါ။ ဦးထွန်းမြင့်နိုင် ကလည်း အနောက်နိုင်ငံတွေရဲ့ စီးပွားရေးအရ ပစ်မှတ်ထား အရေးယူမှုတွေမှာ သူက ဘိန်းလုပ်ငန်းနဲ့ ပတ်သက်တယ်ဆိုပြီး အရေးယူခံထားရတာ ဖြစ်ပါတယ်။ ဒါကလည်း အနောက်နိုင်ငံတွေမှ မဟုတ်ပါဘူး။ တရုတ်အစိုးရကိုယ်တိုင်လည်း သိပါတယ်။ ၂၀၀၉ ခုနှစ်လောက်က ဦးထွန်းမြင့်နိုင် တို့ ရန်ကုန်မှာ ဆောက်ထားတဲ့ သေဘာၤဆိပ္ကေန ထြက္သြားတဲ့ သေဘာၤေတြမွာ ဘိန်းတွေပါတယ်ဆိုပြီး တရုတ်အစိုးရက သတင်းပေးလို့ မြန်မာစစ်တပ်က ဖမ်းခဲ့တယ်ဆိုတာ သတင်းထဲမှာ ဟိုလေးတကျော်ပါနေတာပါ။

ကျနော်ပြောချင်တာက Asia World ကုမ္မဏီက အဓိကပတ်သက်တယ်။ မြန်မာစစ်တပ်ထဲက စစ်ခေါင်းဆောင်တွေ ကြားရတဲ့သတင်းအရဆိုရင် ဦးတင်အောင်မြင့်ဦးတို့ အဓိက ပတ်သက်တယ်လို့ သိရပါတယ်။ အဲဒီ ပုဂ္ဂိုလ်တွေက အဓိကပတ်သက်တာမို့လို့ ဒီကိစ္စကို ပြန်လည်သုံးသပ်ဖို့ ပညာရှင်တွေရဲ့ အကြံပြုချက်ဟာ ထင်သလောက်မပေါက်ဘူး ဖြစ်နေပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒေသခံလူထုအနေနဲ့ ကျနော်တို့ကြားသိရတာကတော့ ဒေသခံ ကချင် လူထု၊ ဒေသခံ အန်ဂျီအိုတွေကနေ ရေကာတာစီမံကိန်းနဲ့ ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြမှုတွေ၊ ကန့်ကွက်တဲ့စာတွေ လေ့လာချက်တွေ ထုတ်ထားတာကို တွေ့ရပါတယ်။ အလားတူပဲ ကေအိုင်အို ကချင်အဖွဲ့ကလည်း တရုတ်ပြည်ကိုတောင် စာရေးထားတယ်ဆိုတဲ့ အချက်တွေလည်း ကြားရပါတယ်။ အဲဒါတွေနဲ့ ပတ်သက်လို့ ဒေသတွင်း အခြေအနေတွေက ဘယ်လိုလဲ။

ဦးမင်းဇင် ။ ။ လုပ်ကြပါတယ်။ ဒေသခံ ကချင် ရပ်မိရပ်ဖတွေကော၊ ကချင်က အန်ဂျီအိုတွေ အားလုံး ဝိုင်းပြီးတော့ ဒီကိစ္စကို မလုပ်ဖို့ တရုတ်အစိုးရနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တို့ကို အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့တာတွေ ရှိပါတယ်။ အခုနပြောတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA ကလည်း တရုတ်ပြည်ကို စာမျက်နှာ တစ်ရာကျော်လောက်ရှိတဲ့ အထောက်အထားတွေ ပူးတွဲပါဝင်တဲ့ စာတမ်းတွေ ပေးပို့တာရှိပါတယ်။ အဲဒီ စာတမ်းတွေမှာ တချို့ အချက်အလက်တွေကို သေသေချာချာ အထောက်အထားနဲ့ တင်ပြထားတာပါ။ ဥပမာဆိုရင် အဲဒီဒေသမှာ ၁၉၅၀ ကနေ ၂၀၁၀ အထိ ရေကြီးမှု အကြီးအကျယ် (၇) ကြိမ် ဖြစ်ခဲ့တယ်။ ဒါတွေကို အထောက်အထားနဲ့ တင်ပြထားတာကို တွေ့ရပါတယ်။

နောက်တခါ ပြတ်ရွေ့ ကြောကြောင့် မဟုတ်ဘဲ မြစ်က ရေစီးသန်တော့ ရေကြီးတဲ့အခါမှာလည်း ရေကာတာတွေရဲ့  အရည်အသွေးက သိပ်မကောင်းဘူး။ တရုတ်ရေကာတာရဲ့ အရည်အသွေးက သိပ်မကောင်းလို့ ရေကြီးတာကြောင့်လည်း ပြိုနိုင်ပါတယ်။ အဲဒါလည်း အထောက်အထားရှိပါတယ်။ ၂၀၀၆ ခုနှစ်က ချင်းခရိုင် ရေကာတာ မြစ်ကြီးနား နားမှာ ပြိုခဲ့ဖူးပါတယ်။ အဲဒါ ရေကြီးလို့ပါ။ လူ (၅) ယောက်လောက် သေခဲ့ပါတယ်။ အဲဒီလိုမျိုးပဲ ဝါရှောင်ဆည်ဆိုလည်း လုံးဝပျက်သွားတာ ရှိပါတယ်။ ဒါတွေက အထောက်အထားနဲ့တကွ အထက်ကို တင်ပြတာပါ။ အခုအချိန်အထိတော့ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်တွေရဲ့  တင်ပြချက်တွေကို အရေးတယူ စဉ်းစားတာ မတွေ့ရသေးပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ အခုနောက်ပိုင်း လေ့လာချက်စာတမ်း အပြင်ကိုပေါက်ကြားပြီးနောက်ပိုင်းမှာ ကိုမင်းဇင်တို့အနေနဲ့လည်း တရုတ်ပြည်ဘက်ကို ရောက်ခဲ့တယ်။ အလားတူပဲ မကြာသေးခင်က တရုတ်ပညာရှင်တချို့ ၊ မြန်မာပညာရှင်တချို့ နဲ့ တွေ့ခဲ့တယ်ဆိုတာကိုလည်း ကျနော်ကြားရပါတယ်။ သူတို့ရဲ့  သဘောထားတွေက ဘယ်လိုရှိပါသလဲ။

ဦးမင်းဇင် ။ ။ တရုတ်ဘက်ကတော့ များသောအားဖြင့် ဒါကို သူတို့က နှစ်နိုင်ငံအကျိုးစီးပွား။ ဒါက အားလုံးကောင်းဖို့အတွက်ဆိုပြီး ဗြောင်ငြင်း ခုခံတာကို တွေ့ရပါတယ်။ မြန်မာပညာရှင်တွေ၊ မြန်မာ အန်ဂျီအိုတွေနဲ့ မြန်မာပြည်သားတွေကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး တော်တော်ကို မခံမရပ်နိုင် ဖြစ်ကြပါတယ်။ ဒါကတော့ သူတို့အတွက် ဒါကို မြစ်ဆုံပြဿနာလို့ ကြည့်လို့မရပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီလေ့လာချက်ဟာ အချက်တချက်ကိုပဲ လေ့လာရသေးတာပါ။

ဥပမာဆိုရင် ဒီမြစ်ကြီးကို အဆင့် (၇) ဆင့် ပိုင်းလိုက်လို့ နုန်းမြေစီးဆင်းမှုတွေ မရှိတော့ဘဲနဲ့ မြစ်ဝကျွန်းပေါ်မှာ စပါးအထွက်တွေ နည်းသွားမယ်။ မြစ်ကြီးနှေးသွားတဲ့အတွက်ကြောင့် ပင်လယ်ရေတွေ ဝင်လာပြီး ပင်လယ်ရေတွေကြောင့် မြစ်ဝကျွန်းပေါ် ပျက်နိုင်တယ်။ အဲဒီလိုမျိုး မြစ်ကောသွားနိုင်တယ်။ အများကြီးရှိပါတယ်။ ဖြစ်နိုင်ချေတွေ။ ဒါတွေကို စံနစ်တကျ သုတေသနပြုပြီး ဒါတွေကို ပညာရှင်တွေက အစီရင်ခံစာတွေ ထပ်တင်သွင်းသင့်ပါတယ်။ အဲဒီလိုမျိုး မလုပ်ဘဲ ဒါကို အမှောင်ချထားတဲ့အတွက်ကြောင့် ဗမာလူမျိုးတွေ၊ ဗမာနိုင်ငံသားတွေအားလုံးကတော့ ဒါကို မခံမရပ်နိုင် ဖြစ်ပါတယ်။ ဒါတွေကို ခြုံကြည့်မယ်ဆိုရင် တရုတ်ကတော့ ကိုသန်းလွင်ထွန်း ပြောသလိုမျိုး သူ့ရဲ့ နိုင်ငံရေးဘောဂဗေဒ စီးပွားရေးအကျိုးစီးပွားအတွက် လုပ်မှာပါပဲ။ ကျနော်တို့ မြန်မာနိုင်ငံသားတွေက ဒီကိစ္စကို ကိုယ်လည်း ရမှာပါ ဘာမှမရှိဘူး။ ပေးလိုက်ရမှာက မြန်မာပြည် ပြောင်းသွားမယ့် ကိစ္စဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျနော်တို့တွေကိုယ်တိုင် ဒီကိစ္စကို ထထကြွကြွနဲ့ ပညာရှင်တွေရဲ့  အကြံဉာဏ်ကိုယူ၊ ဖြစ်နိုင်မယ်ဆိုရင် ဒီ dam ကို ချက်ချင်းရပ်ဆိုင်းဖို့ အားလုံး ဝိုင်းကြိုးစားကြ။ ဒီကိစ္စမှာ တပ်မတော်၊ လက်ရှိအစိုးရနဲ့ အတိုက်အခံတွေအားလုံး ပါနိုင်မယ် ဆိုရင်တော့ တိုင်းပြည်အတွက် ပိုကောင်းပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ တရုတ်နဲ့ အာဆီယံအရေး လေ့လာသုတေသနပြုနေတဲ့ အမေရိကန်နိုင်ငံ UC Berkeley တက္ကသိုလ်က ဦးမင်းဇင် ကို ဆက်သွယ်မေးမြန်းထားတာပါ။

Monday, August 8, 2011

ဒေါ်အောင်ဆန်းစုကြည် တက်ရောက်တဲ့ ၂၃ နှစ်မြောက် ရှစ်လေးလုံးအခမ်းအ နား (ရုပ်သံ)

မြောက်ကယ်ရိုလိုင်းနားမှ 8888 အခမ်းအနား



အမေရိကန်ပြည်ထောင်စု၊ မြောက်ကယ်ရိုးလိုင်းနား ပြည်နယ်၊ နယူးဘန်းမြို့တွင်လည်း ၈၈ နှစ်ပတ်လည်နေ့ကို ကျင်းပပါတယ်။Glen burnie park မှာ ပြုလုပ်တဲ့ ဒီအစီအစဉ်ကို နယူးဘန်းမြို့ရောက် မွန် ရခိုင် ရှမ်း ကရင် မြန်မာ ချင်း စုစုပေါင်း ၁၀၀ ၀န်းကျင် တက်ရောက်ပါတယ်။အခမ်းအနားမှာ ကာတွန်းကဗျာ ပိုစတာ ဓါတ်ပုံ ပြပွဲလည်း ပါဝင်၈၈ ရင်ဆိုင်ဖြတ်သန်းမှု အတွေ့ အကြုံဟောပြောမှုလည်း ပါပါတယ်။မနက် ၁၁ နာရီကနေ နေ့ခင်း ၂နာရီအထိ ကျင်းပတဲ့ ဒီအခမ်းအနား ဖြစ်မြောက်ရေးအတွက် အဝေးရောက် ၈၈ မျိုးဆက် အဖွဲ့က စီစဉ်ခဲ့တာပါ။

အလှူရှင်များရဲ့ ဒန်ပေါက်၊ မုန့်ဟင်းခါး၊ ပဲကြော်၊ ဗူးသီးကြော်၊ ဖရဲသီး ဖျော်ရည်တို့နဲ့လည်း ဧည့်ခံတာ တွေ့ရပါတယ်။

Monday, August 1, 2011

၂၃ ကြိမ်မြောက် ၈၈၈၈ အခမ်းအနား ဖိတ်ကြားလွှာ( New Bern,NC)

(၂၃)နှစ်မြောက်(၈၈၈၈)ဒီမိုကရေစီအရေး တော်ပုံနှစ်ပတ်လည်အခမ်းအနားဖိတ်ကြားလွှာ
သြဂုတ်လ(၈)ရက် ၁၉၈၈ ခုနှစ်တွင် အမိမြန်မာပြည် ပြည်သူ ပြည်သား အားလုံးတို့သည်ဒီမိုကရေစီရရှိရေးအတွက် စစ်အာဏာရှင်များအားတိုက်ပွဲဝင်ခဲ့သော နေ့ရက်ဖြစ်ပါသည်။ငြိမ်းချမ်းစွာ တိုက်ပွဲဝင်ခဲ့သောရဟန်းရှင်လူကျောင်းသားပြည်သူအပေါင်းအား စစ်အာဏာရှင်များမှ ရက်စက်စွာ အကြမ်းဖက်နှိမ်နင်းခဲ့သဖြင့်ဒီမိုကရေစီရရှိရေးအတွက်အသက်ပေါင်းများစွာပေးဆပ်ခဲ့ရပါသည်။
ထို့ကြောင့်ဒီမိုကရေစီရရှိရေးတိုက်ပွဲအတွက်ကျဆုံးသွားသောရဟန်းရှင်လူကျောင်းသားပြည်သူအပေါင်းအားဦးညွတ် ဂုဏ်ပြုသောအားဖြင့်(၈၈၈၈)အခန်းအနားကျင်းပမည်ဖြစ်သဖြင့်မြန်မာပြည်သြူပည်သားများ မည်သူမဆို တက်ရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
အခမ်းအနားအစီအစဉ်
နေ့ရက်။ ။သြဂုတ်လ(ရ)ရက်၂၀၁၁ခုနှစ်(တနင်္ဂနွေနေ့)
အချိန်။ ။ နံနက် ၁၁း၀၀နာရီ မှ ညနေ ၃း၀၀ အထိ
နေရာ။ ။ Glenburnie Park, New Bern,NC 28560
ဆက်သွယ်ရန်
ကိုကျော်ဇင်(၂၅၂-၆၃၈-၄၁၁၂)၊
ကိုထွန်းသိန်း(၂၅၂-၅၇၁-၇၉၃၅)၊
ကိုအောင်သန်း(၂၅၂-၆၇၂-၉၃၀၄)
ကိုစိုးသန်း(၂၅၂-၆၃၆-၀၉၃၉)


Pololu 3pi Robot (Myanmar Version)

Thursday, July 28, 2011

ဒေါ်​အောင်ဆန်း​စုကြည်၏ ငြိမ်း​ချမ်း​ရေး​ ကမ်း​လှမ်း​ချက်အ​ပေါ် တိုင်း​ရင်း​သား​အဖွဲ့​များ​ ကြိုဆို

ဒေါ်​အောင်ဆန်း​စုကြည်၏ ငြိမ်း​ချမ်း​ရေး​ ကမ်း​လှမ်း​ချက်အ​ပေါ် တိုင်း​ရင်း​သား​အဖွဲ့​များ​ ကြိုဆို
Published on July 28, 2011 by ဒီဗွီဘီ · 6 Comments

တိုင်း​ရင်း​သား​အင်အား​စု​တွေနဲ့​ အစိုး​ရတပ်​တွေအကြား​ အပစ်အခတ်ရပ်စဲဖို့​နဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ ​ဖြေရှင်း​ကြဖို့​ ငြိမ်း​ချမ်း​ရေး​လုပ်ငန်း​စဉ်မှာ ပါဝင် ​ဆောင်ရွက်လိုတယ်လို့​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ကမ်း​လှမ်း​ချက်ကို တိုင်း​ရင်း​သား​ အင်အား​စု​တွေက ကြိုဆိုလိုက်ပါတယ်။

ကချင်လွတ်လပ်​ရေး​အဖွဲ့​ တွဲဖက်အ​ထွေ​ထွေအတွင်း​ ​ရေး​မှူး​လည်း​ဖြစ်တဲ့​ ဦး​လနန်း​က ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ကမ်း​လှမ်း​ချက်ကို ကြိုဆိုလိုက်ပြီး​ ဒီကိစ္စကို ​ကေအိုင်အို ထိပ်ပိုင်း​ခေါင်း​ဆောင်​တွေ အ​လေး​အနက်ထား​ ​ဆွေး​နွေး​ပြီး​ သ​ဘောထား​တရပ် ထုတ်ပြန်သွား​မယ်လို့​ ​ပြောပါတယ်။

“​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ အိပ်ဖွင့်​ပေး​စာမှာပါတဲ့​ အ​ကြောင်း​အရာ​တွေက ဒါ သိပ်ကို ​ကောင်း​ပါတယ်။ ​ကောင်း​တဲ့​အလား​အလာ​တွေ ကျ​နော် အဲဒီလိုပဲ ကျ​နော် တ​ယောက်အ​နေနဲ့​ မြင်တယ်​လေ။ ခုန​လေး​တင်ပဲ ကျ​နော်တို့​ ရတာပါ။ အဲဒါကို ကျ​နော်တို့​ ​ကေအိုင်အိုအဖွဲ့​အစည်း​ အ​နေနဲ့​က​တော့​ ဘယ်လို ပြန်ပြီး​တော့​ သတင်း​ထုတ်ပြန်မယ် ဆိုတာ​တော့​ ကျ​နော် အခု ​ပြောလို့​ မရ​သေး​ဘူး​ခင်ဗျ။ အခု လူကြီး​တွေကိုလည်း​ အဲဒီစာကို ဖြန့်​ထား​ပါတယ်။ အား​လုံး​ဖတ်ပြီး​မှပဲ ကျ​နော်တို့​ အချိန်ယူပြီး​မှပဲ အစည်း​အ​ဝေး​မှာ အား​လုံး​သုံး​သပ်ကြပြီး​မှ ​အေအိုင်အိုရဲ့​ သ​ဘောထား​ကို ​ပြောပြမှာပါ။”

ကရင်အမျိုး​သား​အစည်း​အရုံး​ (​ကေအန်ယူ) ဒုတိယဥက္ကဋ္ဌ ​ဒေး​ဗစ်သာက​ပေါလည်း​ ခုလို ကြိုဆို​ပြောဆိုပါတယ်။

“​ကောင်း​တာ​ပေါ့​ ကျ​နော်တို့​က အချင်း​ချင်း​ပဲ​လေ။ ငြိမ်း​ချမ်း​စွာ ပြဿနာ​ဖြေရှင်း​ရေး​ ကျ​နော်တို့​က လက်ခံတယ်။ အဲဒါ တခါး​ဖွင့်​ထား​တယ် အမြဲတမ်း​ပဲ။ “​ဒေါ်စုက ပြည်သူ့​ထောက်ခံမှုက ၇၀ ရာခိုင်နှုန်း​ထက် မနည်း​ပါဘူး​။ ပြည်သူလူထု ​ထောက်ခံမှု ပြည်လူထုအင်အား​နဲ့​ ​ဆောင်ရွက်နိုင်မယ်လို့​ ထင်တယ်။ အကယ်​ရွေ့​ ​ဒေါ်စုက ယူအန်တို့​လို၊​ အာဆီယံတို့​လို အဲဒါ ပါဝင်လာ​အောင် ကြိုး​စား​ဖို့​လိုတယ်။ ​နောက်ပြီး​တော့​ ​ဆွေး​နွေး​ပွဲဆိုတာကလည်း​ ကျ​နော်တို့​တော့​ ကချင်​တွေလည်း​ အ​တွေ့​အကြုံရှိခဲ့​ပြီ၊​ ကျ​နော်တို့​လည်း​ ၅ ခါထက်မနည်း​ ​တွေ့​ကြုံပြီး​ပြီ။ အဲဒီ​တော့​ ကြား​နေ နိုင်ငံတနိုင်ငံမှာ ကျ​နော်တို့​ ​တွေ့​ဖို့​ လိုလိမ့်​မယ်။”

မွန်ပြည်သစ်ပါတီ အ​ထွေအ​ထွေအတွင်း​ရေး​မှူး​ နိုင်ဟံသာကလည်း​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ကမ်း​လှမ်း​ချက်ကို ကြိုဆိုပါတယ်။

“​ဒေါ်​အောင်ဆန်း​စုကြည်အ​နေနဲ့​ ဒီလိုကိစ္စကို ​ဆောင်ရွက်​ပေး​နိုင်တယ် ဆိုရင်​တော့​ တကယ့်​ကို နိုင်ငံအတွက်​ရော အကျိုး​ရှိမယ့်​ လုပ်ငန်း​ပါ။ ကျ​နော်တို့​လည်း​ ကျ​နော်တို့​ နိုင်ငံမှာရှိတဲ့​ ကျ​နော်တို့​ အပါအဝင်​ပေါ့​ ဒီတိုင်း​ရင်း​သား​အင်အား​စု​တွေနဲ့​ စစ်အစိုး​ရဘက်ကလည်း​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ကို လိုချင်​နေမှာပါ။ ကျ​နော် ယုံကြည်တယ်​လေ။ ဒါ​ပေမယ့်​ ကျ​နော်တို့​ အချင်း​ချင်း​က ​တွေ့​ဆုံဖို့​ ​ဖြေရှင်း​ဖို့​ ခက်​နေတယ်။ အဲဒါက​တော့​ ကြား​လူ လိုတယ်ခင်ဗျ။ အခု ကြား​လူအ​နေနဲ့​ပေါ့​ ​ဒေါ်​အောင်ဆန်း​စုကြည်အ​နေနဲ့​ လုပ်​ပေး​နိုင်မယ်ဆိုရင်​တော့​ ဒါက တိုင်း​ပြည်အတွက် တကယ့်​ကို အကျိုး​ရှိမယ် လုပ်ငန်း​ ဖြစ်တယ်။ အဲဒီ​တော့​ ဒီ​နေ့​ သူကြိုး​စား​တဲ့​အ​ပေါ်မှာ ကျ​နော်တို့​လည်း​ သူ့​အ​ပေါ်မှာ ​ကျေး​ဇူး​တင်တယ် ကြိုဆိုတယ်။”

ရှမ်း​ပြည်တိုး​တက်​ရေး​ပါတီ အက်အက်စ်ပီပီက ​ပြောခွင့်​ရ ဗိုလ်မှူး​စိုင်း​လကလည်း​ အခုလို ကြိုဆိုပါတယ်။

“​ဒေါ်​အောင်ဆန်း​စုကြည်ဟာ ကမ္ဘာ့​နိုဘယ်လ်ငြိမ်း​ချမ်း​ရေး​ ဆုရှင်ဆို​တော့​ နိုင်ငံတကာကလည်း​ ယုံကြည်​လေး​စား​တယ်။ မြန်မာပြည်ရှိသမျှ ပြည်သူလူထု ​တွေကလည်း​ ​လေး​စား​တယ်။ ဒါ​ကြောင့်​မို့​ ကျ​နော်တို့​ အက်စ်အက်စ်ပီပီ/ အက်စ်အက်စ်​အေကလည်း​ ​ဒေါ်​အောင်ဆန်း​စုကြည်ကို ကျ​နော်တို့​ ယုံကြည်​လေး​စာမှု အပြည့်​အဝ ရှိပါတယ်။”

Wednesday, July 20, 2011

ဟင်္သာတ ရေကြီး

Wednesday, July 20, 2011 ဇာနည်မာန်

ဂျူလိုင်လ ၉ ရက်နေ့ညကတည်းက သည်းသည်းမည်းမည်း အဆက်မပြတ်ရွာတဲ့မိုးကြောင့် ဧရာဝတီတိုင်း ဟင်္သာတမြို့မှာ နှစ် ၂၀ အတွင်း ထူးထူးခြားခြား ရေကြီးနေတယ်လို့ သတင်းရပါတယ်။ ဆင်ခြေဖုံး ရပ်ကွက် ၃ ခုနှစ် မြို့ပေါ်က ရပ်ကွက်၂ ခုမှာ အိမ်တွေတော်တော်များများ ရေမြုပ်ကုန်ပြီး လူသေဆုံးမှု၊ နေအိမ်တွေပျက်စီးမှုတော့မရှိဘူးလို့ ဟင်္သာတမြို့ခံတွေက ပြောပါတယ်။ ရေမြောင်းတွေပိတ်နေတာကြောင့် မိုးကြီးတော့ ရေဆင်းမကောင်းတော့ပဲ ရေမြုပ်တာလို့ ဆိုပါတယ်။ ဟင်္သာတမြို့ ပဒေသာဈေးကို ပိတ်လိုက်ရပြီး မြ၀တီ၊ ပင်လုံနဲ့ အေးမြသာယာ ရပ်ကွက်တွေမှာ ရေက ၄ ပေကျော်တက်နေတာကြောင့် ရေလွတ်ရာကို ရွှေ့ပြောင်းနေကြတယ်လို့ ဆိုပါတယ်။ ပန်းဘဲတန်းနဲ့ ဘုရားကြီးရပ်ကွက်မှာကတော့ ကားလမ်းပေါ်အထိ ရေမြုပ်နေတယ်လို့ သိရပါတယ်။
source Irrwaddy

Sunday, July 3, 2011

ွှThailand First female Primister (ထိုင်းနိုင်ငံ ပထမဆုံး အမျိုးသမီး ၀န်ကြီးချုပ် ရင်လတ် ရှင်နဝပ်


Bangkok: The opposition won Thailand’s general election by a landslide on Sunday, exit polls showed, paving the way for Yingluck Shinawatra to become the country’s first female prime minister in a victory for a red-shirted political movement.

Television showed Yingluck, younger sister of former prime minister Thaksin Shinawatra, swarmed by flashing cameras and journalists after exit polls showed her Puea Thai (For Thais) party winning a clear majority of the 500 seats in parliament.

“Let’s wait for the official results. I will tell you how I feel tonight,” she told cheering supporters.

An exit poll by Bangkok’s Suan Dusit University, considered the most historically reliable, showed Puea Thai winning 313 seats with Prime Minister Abhisit Vejjajiva’s Democrat Party taking just 152. Bangkok’s Assumption University (ABAC) put the number of seats won by the opposition at 299.

The red shirts have rallied around Yingluck and accuse Abhisit of colluding with the army with impunity — grievances that have simmered since a 2006 military coup overthrew her brother.

Thaksin, a former telecommunications tycoon, scored landslide election wins in 2001 and 2005 by appealing to the poor with populist policies, from cheap credit to universal healthcare. Yingluck hopes to tap his supporters.

Abhisit, 46, an urbane economist born in Britain and educated at Oxford, has warned of instability ahead if Yingluck wins. He blames the red shirts for last year’s violence and casts Thaksin as an authoritarian crony capitalist.

His backers — the royalist establishment and urban middle class — want Thaksin to serve a two-year prison term for conflict of interest offences. They say Yingluck is a proxy for her brother and would clear the way for Thaksin’s return.

Abhisit had hoped to win a mandate from the people after coming to power in a controversial 2008 parliamentary vote when a pro-Thaksin ruling party was dissolved by the courts. His Democrats have not won an election in nearly 20 years.

Throughout the six-week campaign, the two sides have presented similar populist campaigns of subsidies for the poor, improved healthcare benefits and infrastructure investment including high-speed rail systems across the country.

The election is Thailand’s 26th since it became a democracy in 1932, ending seven centuries of absolute monarchy. It has since been governed by 17 constitutions and has experienced 18 military coups, either actual or attempted.

Recent opinion polls had suggested Puea Thai would win at least 240 seats, a threshold that is no guarantee it could govern. Most had doubted it either side would secure an outright majority, predicting back-room talks with smaller parties would prove crucial for forming a coalition.

Investors are watching. Thailand, Southeast Asia’s second-biggest economy and a base for automakers including General Motors Co has struggled to execute long-term planning — from major infrastructure to much-needed economic reforms.

The vote is also a test for Thailand’s courts, which have handed down rulings that have removed two prime ministers, disbanded six parties, jailed three election commissioners and banned more than 250 politicians since the 2006 coup.

Analysts and legal experts say those precedents suggest the courts could ultimately dictate who holds political power in the months after the election.

According to some reports, the Puea Thai camp had been in talks with the generals to find some way of working together should it emerge victorious. Puea Thai would be allowed to govern and the military top brass would remain in place, with early reshuffles limited to middle ranks.

Reuters

Saturday, July 2, 2011

မြတ်သောအကျင့်


1984 တုံးက crazy ဖြစ်ခဲ့တဲ့ ကိုခိုင်ထူးရဲ့ သီချင်းလေးပါ။

Thursday, June 23, 2011

ဂျာနယ်များတွင် ဖော်ပြခွင့်မရသော တိုင်းရင်းသား ရေးရာ ဆောင်းပါး။

သောကြာနေ့၊ ဂျွန်လ ၂၄၊ ၂၀၁၁


တိုင်းရင်းသား ပြည်သူတွေနှင့် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး

ငြိမ်းဆက်လင်း(မြစ်မခ)

နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံမေးမြန်းဖြစ်တိုင်း ကျွန်မမှာ တူညီတဲ့ မေခွန်းတစ်ခုကို အမြဲ မေးလေ့ရှိခဲ့ပါတယ်။ `တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးအတွက် ဘယ်လို ရည်မှန်းချက်မျိုး ရှိပါသလဲ`ဆိုတဲ့ မေးခွန်းပါပဲ။ အထူးသဖြင့် တိုင်းရင်းသားပါတီတွေက ခေါင်းဆောင်တွေ ဖြေတဲ့အဖြေနဲ့ အခြား နိုင်ငံရေးပါတီက ခေါင်းဆောင်တွေ အများစုကတော့ တိုင်းရင်းသားတွေ အားလုံး စည်းလုံးညီညွှတ်စေချင်တယ်။ ပြည်တွင်းစစ် မဖြစ်လိုဘူး ဆိုတဲ့ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးကို အမှန်တကယ်ကို့ သဘောညီကြတာလည်း တွေ့ရပါတယ်။

ကျွန်မတို့ မြန်မာနိုင်ငံမှာ မြန်မာလူမျိုးက ၆၀% နေထိုင်ကြပြီး အခြားတိုင်းရင်းသားများက ၄၀% ၀န်းကျင်ခန့် နေထိုင်ကြပါတယ်။ မြန်မာပြည်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသားပေါင်း ၁၃၅ မျိုး ရှိကြောင်း၊ရှမ်းတိုင်းရင်းသားနဲ့ ကရင်တိုင်းရင်းသားတို့ကတော့ တိုင်းရင်းသားလူမျိုးတွေထဲမှာ လူဦးရေအများဆုံးနဲ့ လူမျိုးကြီးတွေဖြစ်ကြောင်း အကြမ်းအားဖြင့် ယေဘူယျလေ့လာခဲ့ဖူးပါတယ်။ ကျွန်မကိုယ်တိုင်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့လေးတစ်မြို့မှာ ကြီးပြင်းခဲ့သူ ဖြစ်တဲ့အတွက် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးကို စိတ်ဝင်တစား၊ အလေးထားမိခဲ့ပါတယ်။

ကျွန်မငယ်ငယ်တုန်းကတော့ တိုင်းရင်းသားတွေနဲ့ပတ်သက်ပြီး အသိထဲမှာ စွဲနေတာက ၁၉၄၇ ခုနှစ်တုန်းက ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ပါပဲ။ ငယ်စဉ်က သင်ကြားခဲ့ရတဲ့ မြန်မာ့သမိုင်းမှာလည်း ပါဝင်ခဲ့တယ်၊ ကျက်ခဲ့ မှတ်ခဲ့ဖူးတာကြောင့်လည်းစွဲနေခဲ့ခြင်းဖြစ်ပါလိမ့်မယ်။ ပင်လုံစာချုပ်ကို ရှမ်း၊ ကချင်၊ ချင်း စတဲ့ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေအပါအ၀င် တိုင်းရင်းသားပေါင်းစုံပါဝင်ပြီး ချုပ်ဆိုခဲ့ကြရင်း လွတ်လပ်ရေးအတွက် အားလုံး စည်းလုံးပြီး တိုက်ပွဲဝင်ခဲ့ကြတယ်၊ အဲဒါကြောင့်လည်း လွတ်လပ်ရေးကို ရရှိခဲ့ကြောင်း မှတ်ခဲ့ရပါတယ်။

၁၉၄၈ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့မှာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့ပါတယ်။ လွတ်လပ်ရေးရရှိပြီးကာလတုန်းကလည်း တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးဟာ စိတ်ဝင်စားဖို့ကောင်းတဲ့ မြန်မာနိုင်ငံရေးဖြစ်စဉ်တွေ ဖြစ်ခဲ့တယ်လို့ ရှေ့မီနောက်မီ လူကြီးများရဲ့ ပြောပြချက်တွေကြောင့် စိတ်ဝင်စားခဲ့မိပါတယ်။ ဒါ့အပြင် တိုင်းရင်းသားထဲက အချို့က လက်နက်ကိုင်သွားခဲ့တာတွေကိုလည်းတွေကိုလည်း ၁၉၄၈ခုနှစ်မြန်မာပြည်ဒိုင်ယာရီ(မြဟန်)၊ ရှာရှာဖွေဖွေ မြန်မာ့သမိုင်းအတွဲ၂၊ စတဲ့ စာအုပ်တွေကို ဖတ်မိခြင်းအားဖြင့် သိခဲ့ရတယ်။

၁၉၄၈ ခုနှစ်နောက်ပိုင်းမှာ စတင်ပြီး ဗမာပြည်ဟာ တိုင်းရင်းသားတွေနဲ့ အဆင်မပြေမှုတွေ ဖြစ်ပွားခဲ့ပြီး စည်းလုံးညီညွှတ်ခြင်းကို ပျက်ဆီးစေခဲ့တာပါပဲ။ တကယ်တော့ ပင်လုံစာချုပ်ဆိုတာကတော့ တိုင်းရင်းသားခေါင်းဆောင်တွေရင်ထဲမှာ စွဲခဲ့တဲ့ စာချုပ်ပါ။ ပင်လုံစာချုပ်ထဲက အတိုင်း ပြည်နယ်ပြည်မ အခွင့်အရေးတန်းတူ ရကြလိမ့်မယ်လို့လည်း ရှေးကတည်းက ထင်မှတ်ခဲ့ကြတာပါ၊ ဒါပေမဲ့ ခုချိန်ထိ ဖြစ်မလာသေးဘူးလို့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဆုံတိုင်း ရင်ဖွင့်စကားကြားခဲ့ရပါတယ်။ ပင်လုံစာချုပ်အတိုင်းသာဆို ပြည်နယ်ပြည်ပ အေးချမ်းလိမ့်မယ်၊ တိုင်းရင်းသားလက်နက် ကိုင်တိုက်ပွဲတွေ ဖြစ်လာစရာ မရှိပါဘူးလို့ ချင်းအမျိုးသား တိုင်းရင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးကျင်ရှင်းထန်ကလည်း ပြောခဲ့ဖူးပါတယ်။

၁၉၅၇ကနေ ၁၉၆၀ ကာလတွေမှာ တိုင်းရင်းသားအဖွဲ့တွေဟာ တစ်ဖွဲ့ပြီး တစ်ဖွဲ့လက်နက် ကိုင်ခဲ့ကြတယ်လို့ သမိုင်းမှတ်တမ်းတွေအရ သိရပါတယ်။ ဘာကြောင့်လက်နက်ကိုင်ခဲ့တာလည်း ဆိုတာကို ဟိုအရင်တုန်းကတော့ နားမလည်ခဲ့ပါဘူး၊ ဒါပေမဲ့ လက်နက် ကိုင်ရလောက်တဲ့ အကြောင်းရင်းတွေ ရှိနေခဲ့မယ်ဆိုတာကိုတော့ ခန့်မှန်းမိခဲ့ပါတယ်။

ကျွန်မကတော့ ငယ်စဉ်ကတည်းက ရှမ်းပြည်နယ်မှာ နေထိုင်ကြီးပြင်းခဲ့ရသူ ပီပီ တိုင်းရင်းသားတွေရဲ့ ဖြူစင်ရိုးသားမှုကို ယုံကြည်ခဲ့သူ ဖြစ်တယ်။ သူတို့ မျက်လုံးတွေကို ကြည့်ပြီး သူတို့ စကားတွေကို နားထောင်ပြီး သူတို့လုပ်ရပ်တွေကို မြင်ရပြီး သူတို့ကို မောင်နှမ သွေးချင်းလိုပဲ မြင်ခဲ့ပါတယ်။ မြန်မာပြည်မှာ ကြီးပြင်းခဲ့ကြ၊ လွတ်လပ်ရေးတိုက်ပွဲကို အတူတကွ ပါဝင်ခဲ့ကြတဲ့ မောင်နှမ သားချင်းတွေပဲ ဆိုတဲ့ အသိက စွဲမြဲခဲ့တယ်။ ငယ်စဉ်ကာလတွေမှာ သူတို့တွေရဲ့ တိုင်ပြည်အပေါ်ထားတဲ့ စိတ်စေတနာတွေကိုလည်း မြင်ခဲ့ရပါတယ်။ ပြည်တွင်းစစ်ဆိုတာကို အောက်ပြည်အောက်သူတွေ ကြောက်ကြသလို တိုင်းရင်းသားတွေကလည်း ကြောက်ကြပါတယ်။ စစ်ဆိုတာ အသံမကြားခင်၊ တိုက်ပွဲဆိုတာ မဖြစ်ချင်ကြပါဘူး။

၁၉၈၉ ခုနှစ်မှာ ဗိုလ်ချုပ်ခင်ညွှန်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ပြီး ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့တယ်၊ အဲဒီကမ်းလှမ်းချက်ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့က ငြိမ်းချမ်းရေးယူခဲ့ကြကြောင်း မြန်မာ့အလင်းသတင်းစာနဲ့ ကြေးမုံသတင်းစာပါ သတင်းတွေအရ သိရဖတ်ရတော့ ရိုးရိုးသားသား ၀မ်းသာခဲ့မိပါတယ်။ ပြည်နယ်တွေမှာ ယခင်ကထက်ပိုပြီး အေးချမ်းဖို့ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် အခွင့်အလန်းတွေရှိလာခဲ့တာကိုလည်း ကြားရတဲ့အတွက် ၀မ်းသာခဲ့ရပါတယ်။

၁၉၉၃ လောက်မှာ ရန်ကုန်မြေပေါ် ခြေချခဲ့ပေမဲ့ ပြည်နယ်တွေရဲ့ ဖွံဲ့ဖြိုးမှု သတင်းတွေကို အမြဲနားစွင့်နေခဲ့မိတယ်။ ကျွန်မတို့ ၇ှမ်းပြည်နယ်မှာ ရှိခဲ့တဲ့ သမိုင်းဝင် ဂုတ်ထိတ် တံတားကို ဘယ်အချိန်မှာများ ပြန်လည် ပြုပြင်ပေးမလဲ၊ တကယ့်ကို နိုင်ငံခြား ခရီးသွားဧည့်သည်တွေကို စွဲဆောင်လို့ရတဲ့ တံတားပဲ ဆိုတာလည်း သိထားတော့ နိုင်ငံတော် ၀င်ငွေ တိုးစေမယ်လို့လည်း မျှော်လင့်ခဲ့ပါတယ်။ ခုတော့ ဂုတ်ထိတ်တံတားဆိုတာ ပျက်ဆီးနေပါပြီ၊ တပ်မတော်အစိုးရလက်ထက်မှာ အမြဲပဲ တည်ဆောက်ရေးတွေမှာ ပြည်နယ်တွေ ဘယ်လောက်ပါခဲ့သလဲ ဆိုတာကိုတော့ စိတ်ဝင်စားခဲ့တာပါပဲ။လမ်းတွေဖောက်တဲ့ထဲမှာ ပြည်နယ်တွေ ပါသလား။ ဆိုတာလည်း အမြဲစောင့်ကြည့်မိခဲ့တာပါပဲ။

ဒီကြားထဲမှာ ၂၀၀၇ ခုနှစ်လောက်တုန်းက ကချင်ပြည်က သူငယ်ချင်းတွေနဲ့ တွေ့တော့ သူတို့ ကချင်ပြည်နယ်ထဲမှာ တရုတ်လူမျိုးတွေ အ၀င်များလာတဲ့ ကိစ္စတွေ ကချင်ပြည်နယ်ရဲ့ တစ်ဝက်တိတိကို တရုတ်တွေ ပိုင်နေပါပြီလို့ ပြောရင်း မျက်ရည်ကျတယ် ပြီးတော့ ပြည်နယ်ရောက်နေတဲ့ တိုင်းရင်းသားတွေရဲ့ ဒုက္ခတွေကို ပြောဆို ရင်ဖွင့်ကြရင်း။ သူနဲ့ အတူ ကျွန်မလည်း လိုက်ပါ ခံစားခဲ့ရပါတယ်။

ကျွန်မတို့လို ရန်ကုန်မှာ နေထိုင်ကြတဲ့သူတွေမှာတောင် လိုအပ်ချက်တွေ၊ မပြည့်စုံမှုတွေ၊ နှိမ့်ကျမှုတွေ၊ မပြေလည်မှုတွေ အနိုင်ကျင့်ခံရမှုတွေ ရှိနေခဲ့တာ သူတို့လို ပြည်နယ်တွေက လူတွေ ဆိုရင်တော့ ပိုဆိုးမှာပါပဲ။ လူမသိ သူမသိ နာကျင် ဇာတ်လမ်းတွေ ဘယ်လောက် များခဲ့ပါသလဲ။ တရားဥပဒေ မစိုးမိုးတဲ့ ဒေသတွေမှာ သူတို့ရဲ့ ပြည်နယ်တွေက ပိုဆိုးပါတယ်လို့ သူက ပြောပြီး ငိုတော့ ကျွန်မကလည်း လိုက်ငိုမိပါတယ်။

သူဘာပြောချင်သလဲ ဆိုတာကို ကျွန်မသိခဲ့တယ်လေ။ ကျွန်မငိုချင်းနဲ့အတူ ကိုယ့်ကိုယ်ကိုယ်လည်း တာဝန်မကျေတဲ့သတင်းထောက်လို့ မြင်လာမိတယ်။ ကျွန်မတို့ ရှမ်းပြည်က တောင်တန်းတွေမှာ သစ်ပင် တွေမရှိတော့တဲ့ကိစ္စ၊ ချောင်းတွေဟာ ပျက်ဆီးကုန်တဲ့ ပြသနာ၊ ရှမ်းပြည်ကို ဆန်သယ်ခွင့်မပေးလို့ ပြောင်းစားခဲ့ရတဲ့ နေ့ရက်တွေ၊ ဆေးရုံမှာ ဆရာဝန်ရှိလို့ ဆရာဝနှ်ေမျှာ်ရင်း သေဆုံးခဲ့ရတဲ့ ဒေသခံတွေ၊ ဘယ်ကို တိုင်လို့တိုင်ရမှန်းမသိဘဲ ခံလိုက်ရတဲ့ မုဒိန်းမှုတွေဆိုတာ ဘယ်မီဒီယာမှာမှ မပါခဲ့ဘူး။ ကျွန်မ သတင်းထောက် ဖြစ်လာချိန်မှာ ရေးခဲ့ပေမဲ့ ဘယ်တုန်းကမှ ဖော်ပြမခံခဲ့ရဘူးလေ။ ကျွန်မဟာ တိုင်းရင်သား သတင်းတွေကို ပြည်သူတွေ သိအောင် မရေးနိုင်ခဲ့ပါဘူး။ အဲဒီအတွက် အပြစ်တင်ပါတယ် ကိုယ့်ကိုယ်ကိုပါ။

ဒါဟာ ကျွန်မတို့ ရှမ်းပြည်နယ်တစ်ခုတည်းတင် ကြုံနေရတာ မဟုတ်ဘူး ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်တွေမှာလည်း အလားတူ ဝေဒနာတွေ ဒဏ်ရာတွေနဲ့ ဆိုတာကို ဖြည်းဖြည်းချင်းသိလာခဲ့ရတယ်။ ကျွန်မက တိုင်းရင်းသား ဆိုရင်ပိုစာနာတတ်လာတော့တယ်။

၂၀၀၉ ခုနှစ်မှာ နယ်ခြားစောင့်တပ် ပြသနာနဲ့ပတ်သက်ပြီး တိုင်းရင်းသားအဖွဲ့အချို့ လက်နက် ပြန်ကိုင်ခဲ့တဲ့ သတင်းတွေကိုလည်း ကြားခဲ့ရပါတယ်။၂၀၁၀ခုနှစ် ၀န်းကျင်မှာ နယ်စပ်ဒေသအချို့မှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ပြီး ဒေသခံ တိုင်းရင်းသားတွေ အေးချမ်းယာကို ပြေးလွှားနေထိုင်ခဲ့ရတယ်ဆိုတဲ့ သတင်းတွေကို မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာပါ သတင်းတွေအရ ကြားရတော့လည်း စိတ်မကောင်းဖြစ်ရပြန်ပါတယ်။ တိုင်းရင်းသားဆိုတာက ကျွန်မတို့နဲ့ သွေးရင်းသားရင်းလို သဘောထားရမယ့် မောင်နှမတွေပါ။

နယ်ချဲ့တွေကို အတူးတကွ တိုက်ခဲ့ကြတဲ့ သူတွေပါ။ ထိုဒေသတွေမှာလည်း အေးချမ်းသာယာစေချင်ပါတယ်။ တိုက်ပွဲတွေ ကြားမှာ ပြေးလွှားနေတဲ့ လူတွေကို မြင်ယောင်ပြီး စာနာလာတယ်၊ စိတ်မကောင်းဖြစ်လာရတယ်။ တကယ့်ကို စိတ်ထိခိုက်ရပါတယ်။

ဘာကြောင့်များ ပြည်တွင်းမှာ ကိုယ့်အချင်းချင်းတိုက်ပွဲတွေ ဖြစ်နေရတာလဲ၊ တိုက်ပွဲတွေကို ရပ်တန့်ပေးပါလို့ပဲ အော်ဟစ်ချင်စိတ်တွေ ပေါ်လာခဲ့တယ်၊ အဲဒီကာလမှာပဲ တိုင်းရင်းသားပါတီခေါင်းဆောင်တဦးက ပြောတယ်။ ခုလို တိုက်ပွဲတွေ ဖြစ်နေတာက တိုင်းရင်းသားလက်နက်ကိုင်တွေက အချက် ၃ ချက်ကို တောင်းဆိုလို့လို့သူက ပြောတယ်။ ပထမအချက်က ဖမ်းထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အားလုံးကို လွှတ်ပေးပါတဲ့။ ဒုတိယ အချက်က တိုင်းရင်းသားခေါင်းဆောင်တွေအားလုံးရယ် ဒေါ်အောင်ဆန်းစုကြည်ရယ် ပြီးတော့ အစိုးရရယ် တွေ့ဆုံဆွေးနွေးပေးပါတဲ့။ တတိယအချက်က ပြည်နယ်တွေမှာရှိတဲ့ သဘာဝအရင်းအမြစ်တွေနဲ့ပတ်သက်ပြီး ပြည်နယ်တွေကိုလည်း ခံစားခွင့်ပေးပါတဲ့။ အဲဒီအချက် သုံးချက်ကို တောင်းဆိုနေတာလို့ သူက ရှင်းပြတယ်။ တကယ်ပဲ အဲဒီအချက်တွေကို လက်ခံပေးလိုက်ရင် ပြည်တွင်း စစ်တွေချုပ်ငြိမ်းသွားပါလိမ့်မယ်လို့ သူက ရှင်းပြပါတယ်။

ယနေ့အစိုးရသစ်လက်ထက်မှာ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကို ယခင်ကထက်ပိုပြီး ဆောင်ရွက်နိုင်လိမ့်မယ်လို့ အားလုံးက မျှော်လင့်ထားကြပါတယ်။ မတ်လ ၃၀ ရက်နေ့က ပြည်ထောင်စု လွှတ်တော်မှာ ပြောကြားခဲ့တဲ့ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ရဲ့ မိန့်ခွန်းထဲမှာလည်း တိုင်းရင်းသားရေးနဲ့ပတ်သက်ပြီး လေးလေးနက်နက်ပြောကြားခဲ့တာကို မြန်မာ့ရုပ်မြင်သံကြားကတဆင့် တွေ့ခဲ့မြင်ခဲ့ရတယ်။

နိုင်ငံတော် သမ္မတကြီးဦးသိန်းစိန်က မိန့်ခွန်းပြောကြားရာမှာ `ကျွန်တော်တို့ နိုင်ငံမှာ အင်အားသုံးရပ်တောင့်တင်းနေဖို့လိုပါတယ်။ အဲဒီအင်အားတွေကတော့ (၁) နိုင်ငံရေးအင်အား(၂) စီးပွားရေးအင်အားနဲ့ (၃) နိုင်ငံတော်ကာကွယ်ရေးအင်အားတို့ဖြစ်တယ်။ နိုင်ငံရေးအင်အားဆိုတာကတော့ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပဲ ဖြစ်ပါတယ်။ လူမျိုး စုပေါင်း ၁၀၀ ကျော်နဲ့စုစည်းနေထိုင်ကြတဲ့ ကျွန်တော်တို့ နိုင်ငံအတွက် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးဟာ အလွန်အရေးကြီးပါတယ်။ တို်င်းရင်းသားစည်းလုံးညီညွှတ်မှု ပြိုကွဲရင် နိုင်ငံတော်ကြီးလည်း အစိတ်စိတ်အမြွာမြွာ ပြိုကွဲပျက်စီးသွားမှာ ဖြစ်တဲ့အတွက် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကို အထူးအလေးထားပြီး တည်ဆောက်သွားမှာဖြစ်ပါတယ်`လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

နိုင်ငံတော်သမ္မတကြီးရဲ့ မိန့်ခွန်းကို ပြည်သူလူထုက အင်မတန် နှစ်ထောင်းအားရဖြစ်ခဲ့ကြပါတယ်။ ပညာရှင်များကလည်း သဘောကျနှစ်ခြိုက်ခဲ့ကြတယ်၊ တိုင်းရင်းသားတွေကလည်း နယ်စပ်တွေမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် တိုက်ပွဲတွေရဲ့ ငြိမ်းချမ်းရေးကို မျှော်လင့်ခဲ့ကြပါတယ်။ ပြည်နယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ပြည်နယ်ဝန်ကြီးများမှ အထူးဂရုပြုဆောင်ရွက်ပေးနိုင်ဖို့အတွက် တိုင်းရင်းသားပြည်သူတွေကလည်း တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးကို အလေးထားနေကြပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကို လိုလားနေသူများအနေနဲ့ ငြိမ်းချမ်းရေးကို မျှော်လင့်ထားကြတာပါ။

တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး မရသေးသရွေ့ ငြိမ်းချမ်းရေး မရနိုင်ပါဘူး လို့ ပြောနေတဲ့ ဆရာဒဂုန်တာရာရဲ့ အသံကိုလည်း မကြာမကြာ ကြားနေရပါတယ်။ ကိုယ့်တိုင်းရင်းသား အချင်းချင်း တိုက်နေရတာလောက် ရင်နာဖို့ကောင်းတာ မရှိဘူးဗျာလို့ ပြောခဲ့ဖူးတဲ့ တပ်ရင်းမှူးတစ်ယောက်ရဲ့ အသံကိုလည်း ပြန်ကြားမိပါတယ်။ တိုက်ပွဲဆိုတာ စစ်မြေပြင်ဆိုတာ ဘယ်သူမှ မဖြစ်ချင်ကြပါဘူး။ အထူးသဖြင့် တိုင်းရင်းသား ပြည်သူတွေဟာ စစ်ဆိုတာကို ကြောက်ခဲ့တာ၊ တိုက်ပွဲဆိုတာ မဖြစ်ချင်တော့ဘူးဆိုတာ သိစေချင်လှပါတယ်။
Myit Makha Mediagroup
from dawnmanhon

Thursday, June 2, 2011

ဒီကေဘီအေ တပ်ဖွဲ့ ကော့ကရိတ်မြို့နယ်တွင်း လူထုစည်းရုံးရေးနဲ့ ရန်ပုံငွေရရှိရေး လုပ်ငန်းများ လုပ်ဆောင်


http://www.demotix.com/photo/538259/jungle-war-between-dkba-and-spdc-burma

၂၀၁၀ ခုနှစ် နိုဝင်ဘာလမှာ နအဖ စစ်အုပ်စုနဲ့ အပစ်ခတ်ရပ်တာတွေ ပျက်ပြားပြီး မြန်မာစစ်အုပ်စုကို ပြန်လည်တော်လှန် တိုက်ပွဲဝင်နေတဲ့ ဒီကေဘီအေ တပ်ဖွဲ့တွေဟာ မနေ့က နေ့လည်လောက်မှာ မြဝတီနဲ့ ကော့ကရိတ် ကားလမ်းပေါ်က ရန်ကုတ်ရွာအနီးမှာ ကျေးရွာပြည်သူတွေနဲ့ ခရီးသွားပြည်သူ၊ စီးပွားရေးလုပ်ငန်းရှင်များကို စုစည်းပြီး စည်းရုံးရေးလုပ်ငန်းနဲ့ တော်လှန်ရေးရန်ပုံငွေ ရရှိရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း ကြားသိရပါတယ်။

မနေ့က ရန်ကုတ်ရွာအနီးမှာ နေ့လည် ၁၁ နာရီကနေ ညနေ ၃ နာရီလောက်ထိ ရွာသားတွေနဲ့ ကုန်သည်၊ လုပ်ငန်းရှင် တွေကို ဒီကေဘီအေ ဗိုလ်မှူးကျော်သက် ဦးဆောင်တဲ့ တပ်ဖွဲ့မှ ဗိုလ်ဆန်းအောင် ဦးစီးကာ စည်းရုံးရေးတရားများ ဟောပြောသွားတယ်လို့ မြဝတီမြို့ ကုန်သည်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတဦး ပြောပြတာက …

“ဟုတ်တယ် မနေ့က တောင်ပေါ်လမ်းမှာ အဆင်းကားတွေကို တားထားတာတဲ့။ ပထမတော့ ခရီးသည်တွေလည်း သေနတ်တွေနဲ့ဆိုတော့ ကြောက်နေကြတယ်တဲ့၊ ခဏကြာတော့မှ လူတွေစုပြီး စကားပြောတာတဲ့။ တော်လှန်ရေး ရန်ပုံငွေကိစ္စ ပြောတယ်။ လူထုတွေ လုပ်ငန်းရှင်တွေ အနေနဲ့ ပါဝင်ကူညီကြဖို့လိုအပ်တယ်လို့ ပြောသွားတယ်။ ပြော တာဆိုတာကတော့ အေးဆေးပါပဲ၊ အတင်းအဓမ္မ လုပ်တာမျိုး မဟုတ်ပါဘူး” လို့ ပြောပြသွားပါတယ်။

အခြေအနေ အပြည့်အစုံကိုသိရဖို့ ဒီကေဘီအေ တပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းခဲ့ရာ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ဆန်းအောင် က …

“ကျနော်တို့ ပြည်သူတွေ အဖိနှိပ်ခံဘဝမှ လွတ်မြောက်ဖို့၊ စစ်မှန်တဲ့ ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်နိုင်ဖို့ ကျနော်တို့ တိုက်ပွဲဝင်နေတယ်၊ ကျနော်တို့ကို ပြည်သူလူထုအနေနဲ့ စိတ်ဓါတ်အရ အားပေးတာကျေးဇူးတင်တယ်၊ ဒါပေမယ့် စိတ်ဓါတ်အရ အားပေးတာလောက်နဲ့ မလုံးလောက်ဘူး၊ လက်တွေ့လုပ်ပေးနိုင်တာတွေကို လုပ်ပေးနိုင်ရင် ပိုကောင်းမယ်။ တော်လှန်ရေးလုပ်တယ်ဆိုတာ ရန်ပုံငွေလိုအပ်ပါတယ်။ တော်လှန်ရေး ရဲဘော်တွေအတွက် ဝတ်စရာ စားစရာ လက်နက်ခဲယမ်း အဲဒါတွေအတွက် ငွေလိုအပ်ပါတယ်။ ကျနော်တို့ အဲဒီလို ပြောပြီး စည်းရုံးခဲ့တာပါ။ နောက်ပိုင်းမှာ လုပ်ငန်းရှင်တွေအတွက် လုပ်ငန်းခွင့်ပြုလက်မှက် ပုံမှန်လုပ်ဖို့ကိုပါ နေရာသတ်မှတ်ပေးထားပါတယ်။ ကျနော်တို့ လက် ရှိ တော်လှန်ရေး လုပ်နေတယ်ဆိုတာ ပြည်သူတွေနဲ့ ပူးပေါင်းပြီး ရပ်တည်တဲ့ တော်လှန်ရေး ဖြစ်တယ်။ ကျနော်တို့ တဦးတယောက်ထဲ တမျိုးသားထဲအတွက် လုပ်တာမဟုတ်ဘူး။ ကျနော်တို့ ပြည်သူတွေအားလုံးနဲ့ ပူးပေါင်းလုပ်တဲ့ တော်လှန်ရေး ဖြစ်တယ်။ ကျနော်တို့ လိုအပ်တာကို ပြည်သူလူထုဆီက အကူအညီတောင်းတယ် ပြည်သူလူထုကို မှီခိုတယ်။ ပြည်သူလူထုကြားမှာပဲ တည်ဆောက်တယ်။” လို့ ပြောပြသွားပါတယ်။

ဒီကေဘီအေ တပ်ဖွဲ့တွေရဲ့ စည်းရုံးရေးလုပ်ငန်းလုပ်ဆောင်မှုမှာ အချိန် ၃ နာရီခန့် ကြာမြင့်ခဲ့ပါတယ်။ ညနေ ၅ နာရီ လောက်မှာ ကြံ့ဖွံ့အစိုးရ စစ်တပ်ဘက်မှ လက်နက်ကြီးများနဲ့ ၇ ချက်လှမ်းပစ်ခဲ့တယ်လို့ သိရှိရပါတယ်။

ပြီးခဲ့တဲ့ မေလ နောက်ဆုံးသတင်းပတ်တွေမှာ ယခင် ဒီကေဘီအေဌာနချုပ်ဖြစ်ခဲ့တဲ့ မြိုင်ကြီးငူစခန်းကို နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးကို လက်မခံတဲ့ ဒီကေဘီအေတပ်တွေက ထိန်းချုပ်လိုက်ပြီးတဲ့နောက်ပိုင်းမှာ ဒီကေဘီအေ တပ်ဖွဲ့တွေ ရဲ့ တော်လှန်ရေးနယ်မြေ တိုးချဲရေးနဲ့ အုပ်ချုပ်ရေးနဲ့ စည်းရုံးရေးလုပ်ငန်းတွေ ပိုမိုလုပ်လာနိုင်တာ တွေ့ရှိရပါတယ်။
From Naythit

Sunday, May 8, 2011

သမိုင်းတကွေ့မှ သမ္မတကြီး မန်းဝင်းမောင်

သမိုင်းတကွေ့မှ သမ္မတကြီး မန်းဝင်းမောင်

သန်းဝင်းလှိုင်

မေ ၂၊ ၂၀၁၁

၁၉၅၇ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် ပါလီမန်လူမျိုးစုလွှတ်တော် တွဲဖက်ညီလာခံမှ မြန်မာနိုင်ငံ၏ တတိယမြောက် သမ္မတ မန်းဝင်းမောင်အား ရွေးကောက်တင်မြှောက် ခဲ့ကြသည်။ သမ္မတ မန်းဝင်းမောင်သည် ဖက်ဆစ်တော်လှန်ရေးကာလ၌ ရှေ့တန်းမှပါဝင်ခဲ့ပြီး၊ တိုးတက်သောအမြင်ရှိသည့် ကရင်လူငယ် ပညာတတ်ဖြစ်သည်။ သူသည် ကရင်-ဗမာ ချစ်ကြည်ရေးကို ကြိုးပမ်းဆောင်ရွက်ခဲ့သူလည်း ဖြစ်သည်။

သမ္မတကြီး မန်းဝင်းမောင်ကို ၁၉၁၆ ခုနှစ် ဧပြီလ ၁၇ ရက်နေ့ တနင်္လာနေ့တွင် ပုသိမ်ခရိုင် ကျုံပျော်မြို့နယ် လှည်းဆိပ်ရွာ၌ ဖွားမြင်ခဲ့သည်။ မိဘများမှာ အဖ ပညာအုပ် ဦးရွှေရင် နှင့် အမိ ဒေါ်သာယာ တို့ဖြစ်သည်။

ငယ်စဉ်က ပုသိမ်မြို့ မွန်ကရင် အထက်တန်းကျောင်း၊ ဂျဒ်ဆင်ကောလိပ်တို့တွင် ပညာ သင်ကြားခဲ့သည်။ ၁၉၃၃ ခုနှစ်တွင် ဆယ်တန်းအောင်၍ ၁၉၃၇ တွင် ရန်ကုန်တက္ကသိုလ်ဝိဇ္ဇာ(BA) ဘွဲ့ရရှိ ခဲ့သည်။

ဘွဲ့ရပြီးနောက် ၁၉၃၇ မှ ၁၉၄၀ အထိ သန်လျင် ဘီအိုစီကုမ္ပဏီတွင် စာရင်းဌာန၌ ဝန်ထမ်းအဖြစ် လည်းကောင်း၊ အတွင်းဝန်ရုံး (နောင် ဝန်ကြီးများရုံး)၌ အစိုးရဝန်ထမ်းအဖြစ် လည်းကောင်း ထမ်းရွက်ခဲ့သည်။ ၁၉၄၁ ခုနှစ်တွင် မေမြို့(ပြင်ဦးလွင်မြို့) တွင် ဗိုလ်သင်တန်းတက်ရောက်၍ ၁၉၄၁-၄၁ တွင် အရာခံဗိုလ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၄၂ တွင် အင်္ဂလိပ်စစ်တပ်များ အိန္ဒိယသို့ အောင်မြင်စွာဆုတ်ခွာရာ၌ အိန္ဒိယသို့ မလိုက်တော့ဘဲ မြန်မာပြည်၌နေခဲ့သည်။ ထို့နောက် မန်းဝင်းမောင် သည် ၁၉၄၂ မတ်လတွင် ရန်ကုန်မြို့နေ ဦးစံလှ ဒေါ်ဒွေးတို့၏သမီးဖြစ်သူ မမြမေနှင့် လက်ထပ်၍ သားသမီး ၆ ဦးထွန်းကားခဲ့သည်။

ဖက်ဆစ်ဂျပန်တော်လှန်ရေးတွင် ပါဝင်၍ ဖက်ဆစ်တော်လှန်ရေးအတွက် ၁၉၄၄ ခုနှစ် ဒီဇင်ဘာ လ၂၀ ရက်နေ့တွင် အိန္ဒိယနိုင်ငံသို့ စစ်ပညာသင်ကြားရန် ရန်ကုန်မှ ထွက်ခွာခဲ့သည်။ သူနှင့်အတူ သခင်ဗိုလ်၊ သခင်လှကွန်း၊ ကိုအုန်းမောင်၊ ကိုစောဟန်၊ ကိုသောင်း၊ ကိုဘသောင်း၊ ကိုအောင်ထွန်း (ဗိုလ်မှူး ချစ်ကောင်း) ၊ ဦကျော်ရင် (ကထိက) ၊ ကျော်ဝင်းမောင်၊ သခင်တင်ရွှေ၊ မစ္စတာဂိုရှယ်၊ ကိုစောဖြူ (ဒုတိယ ကာကွယ်ရေးဦးစီးချုပ်လေး)၊ ကိုစံတင့် (စံတင့်-ရှမ်းပြည်)၊ ကိုညိုထွန်း၊ သခင်ဖေတင့်၊ မမြရီ၊ ကိုဘစော (သံအမတ်ကြီး) စသည်တို့ပါဝင်၍ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့တွင် စစ်ရေး၊ စည်းရုံးရေး၊ အုပ်ချုပ်ရေး၊ လက်နက်ငယ် ကိုင်တွယ်ပစ်ခတ်ရေးနှင့် ဖောက်ခွဲဖျက်ဆီးရေး သင်တန်းများကို တက်ရောက်ခဲ့သည်။ စစ်သင်တန်းပြီးဆုံးသောအခါ သီဟိုဋ္ဌ် (သီရိလင်္ကာ) နိုင်ငံ၌ ဆက်လက်၍ စစ်သင်တန်းများ တက်ရောက်ခဲ့ပြန်သည်။

၁၉၄၅ ခုနှစ် မတ်လ ၃၀ ရက်နေ့ ညနေပိုင်းတွင် တောင်ငူခရိုင် ဖြူးမြို့နယ်အရှေ့ဘက် ဘွားအေစုရွာအနီး၌ လေထီးဆင်းခဲ့ရာတွင် မန်းဝင်းမောင်သည် လယ်ကန်သင်းပေါ်ကျပြီး ပေါင်တဖက် ကျိုးခဲ့သည်။ တောရွာများတွင် နေထိုင်ခဲ့ရသောကြောင့် တိုင်းရင်းဆေးဝါးဖြင့် ပတ်တီးစီးပေးခဲ့ရသည်။ တော်လှန်ရေးကာလတလျှောက်လုံး မန်းဝင်းမောင်သည် ထန်းစင်ထက်တွင်လှဲ၍ ကရင် တိုင်းရင်းသားများကို အောင်မြင်စွာ စည်းရုံးလှုံ့ဆော်နိုင်ခဲ့သည်။ ၁၉၄၅ ခုနှစ် ဇွန်လတွင် မန်းဝင်းမောင်ကို ဗြိတိသျှ တပ်ဖွဲ့တဖွဲ့က လေယာဉ်ပျံဖြင့် အိန္ဒိယနိုင်ငံ ဆေးရုံတရုံသို့ပို့၍ ဆေးဝါးကုသပေးခဲ့သည်။

၁၉၄၅ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့တွင် သခင်သိန်းဖေ( သိန်းဖေမြင့်) နှင့်အတူ အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည်။ လွတ်လပ်ရေးကြိုးပမ်းမှုတွင် ဆက်လက်ပါဝင်၍ ကရင်-ဗမာချစ်ကြည်ရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ၁၉၄၅ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်တွင် စောထွန်းစိန်၊ စောမြင့်သိန်း၊ စောစံဘိုးသင်၊ မန်းဘခိုင်တို့နှင့် ကရင်လူငယ်များအစည်းအရုံး (Karen Youths Organization{KYO) ကို ဖွဲ့စည်းတည်ထောင်၍ ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုစဉ်က ဥက္ကဋ္ဌမှာ အာဇာနည် မန်းဘခိုင် ဖြစ်သည်။ မန်းဝင်းမောင်သည် ကရင်လူငယ်အစည်းအရုံးက ထုတ်ဝေသော ‘တိုင်းရင်းသားဂျာနယ်’ ၏ အယ်ဒီတာအဖြစ်လည်း တာဝန်ယူခဲ့သည်။ ထို့နောက် ၁၉၅၁ ခုနှစ်တွင် ပြည်ထောင်စု ကရင်အမျိုးသားအဖွဲ့၏ ဥက္ကဋ္ဌဖြစ်လာသည်။

မန်းဝင်းမောင်သည် ၁၉၄၇ ခုနှစ် ဧပြီလ ၁၁ တွင် ပုသိမ်မြောက်ပိုင်းမှ တိုင်းပြုပြည်ပြုလွှတ် တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံရသည်။ ၁၉၄၇ ခုနှစ် မေလ အခြေခံဥပဒေရေးဆွဲရေး ကော်မတီအဖွဲ့ဝင်၊ လမ်းညွန်အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့တွင် သခင်နု ဦးဆောင်သော ယာယီအစိုးရအဖွဲ့၌ ဓာတ်သတ္တုဌာနဝန်ကြီး၊ ၁၉၄၈ ခု ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရအဖွဲ့၌ အဆောက်အဦ၊ လမ်းပန်းဆက်သွယ်ရေးနှင့် အလုပ်သမားဌာန ဝန်ကြီးအဖြစ်ဆောင်ရွက်ခဲ့သည်။

၁၉၅၁ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ရွေးကောက်ပွဲ၌ မအူပင်တောင်ပိုင်းမှ တိုင်းပြုပြည်ပြု လွှတ်တော်ကရင်အမတ်အဖြစ် ရွေးချယ်ခံရသည်။ ၁၉၅၂ ခုနှစ် မတ် ၁၆ ရက်နေ့တွင် သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးအဖြစ် ရွေးကောက်တင်မြှောက်ခံရသည်။ ထို့နောက် ၁၉၅၆ ခုနှစ် ရွေးကောက်ပွဲတွင် မအူပင်တောင်ပိုင်းမှ တိုင်းပြုပြည်ပြုလွှတ်တော် ကရင်အမတ်အဖြစ် ဆက်လက်ရွေးချယ်ခံရသည်။ ၁၉၅၆ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် ပြည်တွင်းရေကြောင်းနှင့် ဆိပ်ကမ်းဆိုင်ရာဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။

ယင်းနောက် ၁၉၅၇ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ပါလီမန်လူမျိုးစုလွှတ်တော်၏ တွဲဖက်ညီလာခံမှ မြန်မာနိုင်ငံ၏ တတိယမြောက် သမ္မတကြီးအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည်။ သမ္မတ မန်းဝင်းမောင်သည် သမ္မတကြီးအဖြစ် ၅ နှစ်သက်တမ်း ထမ်းရွက်နေစဉ်အတွင်း ၁၉၆၂ ခုနှစ် မတ်လ ၁ ရက်နေ့ သန်းခေါင်ကျော် မတ်လ ၂ ရက်နေ့အကူးမှာပင် ဗိုလ်ချုပ်ကြီးနေဝင်း ခေါင်းဆောင်သော တော်လှန်ရေးကောင်စီအမည်ခံ စစ်တပ်က အာဏာသိမ်းပိုက်လိုက်ပြီးနောက် အစိုးရအဖွဲ့ဝင်များနှင့်အတူ ထိန်းသိမ်းခြင်းခံရသည်။ ထို့နောက် ၁၉၆၇ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

၁၉၆၈ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့တွင် တော်လှန်ရေးကော်စီ၏ ကြေညာချက်အမှတ် ၇၂ အရ ပြည်ထောင်စုမြန်မာနိုင်ငံ ပြည်တွင်းညီညွတ်ရေး အကြံပေးအဖွဲ့ကို ဖွဲ့စည်းခဲ့ရာတွင် ယင်းအဖွဲ့၌ အဖွဲ့ဝင် အဖြစ် ပါဝင်ခဲ့သည်။ အကြံပေးအဖွဲ့ ၃၃ ဦး၌ အဖွဲ့ဝင် ၁၈ ဦး၏ အကြံပြုအဖွဲ့တွင် ပါဝင်၍ ဒီမိုကရေစီ ဆိုရှယ်လစ် နိုင်ငံထူထောင်ရန်၊ ပါတီစုံစနစ်ကျင့်သုံးရန်၊ ခြေလေးချောင်းထောက် စီးပွားရေးစနစ် ကျင့်သုံးရန်၊ ၁၉၄၇ ခု ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို မူတည်ပြီး ပြင်ဆင်ဖြည့်စွက်ရေးဆွဲရန် တင်ပြခဲ့သည်။

၁၉၈၈ သြဂုတ်လ ၈ ရက်နေ့တွင် ဒီမိုကရေစီအရေးတော်ပုံကြီး ပေါ်ထွန်းခဲ့ပြီးနောက် သြဂုတ်လ ၂၉ ရက်နေ့တွင် ဝန်ကြီးချုပ်ဟောင်းဦးနု နာယကအဖြစ် အမှူးပြုသော ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအဖွဲ့ (ဒီ/ငြိမ်း) ၌ သမ္မတဟောင်း မန်းဝင်းမောင်သည် ဥက္ကဋ္ဌအဖြစ် သြဂုတ်လ ၃ ရက်နေ့အထိ ထမ်းရွက်ခဲ့သည်။

ထို့နောက် သမ္မတဟောင်း မန်းဝင်းမောင်သည် ၁၉၈၉ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သွားခဲ့သည်။ ကွယ်လွန်ချိန်၌ ပုံမနှိပ်ရသေးသည့် “ဌေးဝင်းမောင်ပြောသော လေထီး သမ္မတ” ဟု အမည်ပေးထားသော ကိုယ်ရေးမှတ်တမ်း လက်ရေးမူ ကျန်ရစ်ခဲ့သည်။

သမ္မတ မန်းဝင်းမောင်သည် နိုင်ငံတော်က ချီးမြှင့်ခဲ့သော အဂ္ဂမဟာ သရေစည်သူ၊ အဂ္ဂမဟာ သီရိသုဓမ္မဘွဲ့များအပြင် လွတ်လပ်ရေးမော်ကွန်းဝင် (ဒုတိယဆင့်)၊ နိုင်ငံဂုဏ်ရည် (ပထမဆင့်) ဘွဲ့တံဆိပ်များ ရရှိခဲ့သည်။ ၁၉၅၉ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ယိုးဒယားဘုရင်၏ ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်၊ ၁၉၆၀ ပြည့်နေ့တွင် တော်လှန်ရေးကြယ်တံဆိပ် (ဒုတိယဆင့်) တို့ကို ရရှိခဲ့သည်။

ထူးခြားချက်မှာ နိုင်ငံတော်သမ္မတကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဉ်အတွင်း ၁၉၆၀ ပြည့်နှစ် သြဂုတ်လ ၈ ရက်နေ့၌ ဖက်ဆစ်တော်လှန်ရေးကာလက အိန္ဒိယသို့ အတူသွားရောက်၍ စစ်ပညာ သင်ကြားခဲ့ပြီး လေထီးအတူဆင်းဖက်ဖြစ်သော မြင်းခြံကိုစိုးမောင် (ဗမာပြည်ကွန်မြူနစ်ပါတီဝင် ဗိုလ်မှူး ချစ်ကောင်း) အား တရားလွှတ်တော်က ချမှတ်ထားသည့် သေဒဏ်စီရင်ချက်ကို ပယ်ဖျက်၍ သမ္မတ အမိန့်ဖြစ် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။ ထိုအကြောင်းကို ဗိုလ်မှူးချစ်ကောင်းက သူ၏ အနှစ် နှစ်ဆယ် စာအုပ်တွင် “သမ္မတကြီးသည် ကျနော်အား လုံးဝ လွတ်ငြိမ်းခွင့်ပေးပြီး လွှတ်ပစ်လိုက်၏၊ သူသည် ရဲဘော်စိတ်ကို အထင်အရှားပြသလိုက်ခြင်းပင် ဖြစ်သည်။ လွတ်လပ်ရေးတိုက်ပွဲကို အတူဆင်နွှဲခဲ့ကြသော ရဲဘော်များသည် အချင်းချင်း ရဲဘော်စိတ်ကို ပြန်လည်၍ မွေးဖွားကြသည်။ ပြည်တွင်းငြိမ်းချမ်းရေး ပြဿနာကြီးကို ပြေလည်သွားအောင် ဖြေရှင်နိုင်ကြလျှင် မည်မျှကောင်းလေမည်နည်း” ဟူ၍ ရေးသားဖော်ပြထားလေသည်။

သမ္မတကြီး မန်းဝင်းမောင်ကမူ သတင်းစာဆရာများကို “ကျုပ်သမ္မတဖြစ်မှ မြင်းစီးတတ်တာ တစ်ခုရယ်၊ ရဲဘော်ကြီး ကိုချစ်ကောင်းကို သေဒဏ်က လွတ်ပစ်နိုင်တာရယ်တို့ဟာ အမှတ်တရဖြစ်ပြီး ကျေနပ်အားရမိပါတယ်” ဟူ၍ ပြောကြားခဲ့ဖူးသည်။

(၁) မောင်ဇေယျာ၊ မြန်မာလူကျော် ၁၀၀ (ပထမအုပ်) ယူနီတီစာအုပ်တိုက်၊ ပကြိမ် ၂၀၁၀ မတ်လ။

(၂) ဗိုလ်မှူးချစ်ကောင်း၊ အနှစ်နှစ်ဆယ် ၊ ဗမာအမျိုးသမီးပုံနှိပ်တိုက်၊ ပကြိမ် ၁၉၆၁ ၊ ဇွန်လ။

(၃) သန်းဝင်းလှိုင်၊ အနှစ်ချုပ်မြန်မာ့သမိုင်းအဘိဓာန် (ဒုတိယတွဲ) ၊ ပညာရွှေတောင် စာအုပ်တိုက်၊ ပကြိမ် ၂၀၁၀။

from moemaka

Monday, April 18, 2011

New Bern ,NC U.S.A မြန်မာနှစ်ဆန်းတစ်ရက်နေ့ သက်ကြီးပူဇော်ပွဲ

အမေရိကန်ပြည်ထောင်စု၊ မြောက်ကယ်ရိုလိုင်းနားပြည်နယ်၊ နယူးဘန်:မြို့ ရှိ မြန်မာမိသားစုများက မြန်မာနှစ်ဆန်းတစ်ရက်နေ့ သက်ကြီးပူဇော်ပွဲ(4.17.2011)







Wednesday, March 2, 2011

စံပါယ်ဖြူတိုက်ပွဲ တိုက်တွန်းနှိုးဆော်ချက်..





Justice တရားမျှတမှူ
Able စွမ်းရည်သတ္တိရှိသော
Sacred မြင့်မြတ်သော
Making တိုးတက်သော
Independent လွပ်လပ်သော
Nice ကောင်းမွန်သော
Environment ပါတ်ဝန်းကျင်

ဖြစ်လာဖို့ စံပါယ်ပန်းလေးတွေနဲ့ ပြောင်းလဲကြစို့ ။ မည်သူမဆို ပါဝင်နိုင်သည်။

လူစည်ကားသည့် နေရာများတွင် စံပါယ်ပန်းကုံးလေးများ ဝေပေးပါ။ မိမိတို့ ၏အိမ်၊ ဆိုင်၊ ကားတို့တွင် စံပါယ်ပန်းကုံးလေးများ ဝေေ၀ဆာဆာ ချိတ်ပေးပါ။ မိမိတို့ သက်ဆိုင်ရာ ဘာသာအလိုက် စေတီပုထိုး၊ ဘုရားကျောင်းတို့တွင် စုပေါင်းပြီး စံပါယ်ပန်းများ လှူဒါန်းပါ။ အမျိုးသမီးများ ဦးခေါင်းတွင် ဝေေ၀ဆာဆာ စံပါယ်ပန်းများ ပန်ပေးပါ။ လူငယ်များ ခောတ်မီနည်းပညာများ အသုံးပြုပြီး စံပါယ်ဖြူ Campaign တွင်ပါဝင်ပေးကြပါ။

စံပါယ်ဖြူတိုက်ပွဲ အောင်ရမည်။ ။


ပေးပို့လာသူအား ကျေဇူးတင်ပါသည်..။ အလွယ်တကူ အများပါဝင် လုပ်ဆောင်နိုင်တဲ့ ကမ်ပိန်း တစ်ခုဖြစ်တဲ့ အတွက် အများသိစေရန် ဖော်ပြပေးလိုက်ပါတယ်...။ လက်ဆင့်ကမ်းပေးကြပါ။