Sunday, October 26, 2008

need dialogue


တွေ့ဆုံဆွေးနွေးရေးကို မှန်မှန်ကန်ကန် လုပ်ဆောင်လာစေရန်အတွက် ချော့မြှူရေးဝါဒနည်းလမ်း သုံးမရသည့် နအဖစစ်အုပ်စုအား နိုင်ငံရေး၊ စစ်ရေးအရ ပြတ်ပြတ်သားသား ရှေ့ဆက်တိုက်ပွဲဝင်သွားမည်ဟု ကေအန်ယူက ပြောသည်။

ကေအန်ယူ ဒု-ဥက္ကဋ္ဌ ပဒိုဒေးဗစ်သာကပေါက “တွေ့ဆုံ ဆွေးနွေးရေးမူကို ကေအန်ယူက ဆက်လက်ကိုင်စွဲ ထားပေမယ့် နအဖက ကေအန်ယူကို တဖက်သတ် သူတို့နဲ့ ပူးပေါင်းဖို့ လက်နက်ချဖို့ပဲ ပြောတယ်။ နိုင်ငံရေးအရ ဖြေရှင်းမှုကို မကြိုးစားဘူး။ သူတို့ရဲ့ အာဏာတည်မြဲရေး လမ်းစဉ်ကိုပဲ ဆက်လုပ်နေတယ်။ တွေ့ဆုံ ဆွေးနွေးရေး လုပ်မှသာ ငြိမ်းချမ်းစွာနဲ့ မြန်မာနိုင်ငံပြဿနာကို ဖြေရှင်း နိုင်မယ်” ဟုပြောသည်။

သို့သော် နအဖက နိုင်ငံရေးပြဿနာကို စစ်ရေးနှင့်သာ ဖြေရှင်းလိုသည့်အတွက် ကေအန်ယူလက်အောက်ခံ တပ်မဟာများတွင် တိုက်ပွဲများ အမြဲဖြစ်ပွားနေသကဲ့သို့ ကျန်တပ်မဟာများတွင်လည်း ဖြစ်ပွားနေကြောင်း ၎င်းကပြောသည်။

“နအဖ အနေနဲ့ ကေအန်ယူ အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းတွေကို နောက်ထပ်အနှစ် (၁၀၀) အထိ ဆက်တိုက်ချင်ရင်လည်း ရတယ်။ ဗိုလ်သန်းရွှေကို ပြောချင်တာက မြန်မာ့နိုင်ငံရေးပြဿနာကို စစ်ရေးနည်းနဲ့ ဘယ်လိုမှ ဖြေရှင်းလို့ရမှာမဟုတ်ဘူး။ ဒါကြောင့် တွေ့ဆုံဆွေးနွေးရေးနည်းကသာ အကောင်းဆုံးဖြစ်တယ်” ဟု ပဒိုဒေးဗစ်သာကပေါက ပြောသည်။

Friday, October 24, 2008

Free Daw Aung San Suu Kyi


အာဏာရှင် နအဖမှ မိမိတို့ ပြဌာန်းထားသော ဥပဒေကိုပင် မလိုက်နာဘဲ ဥပဒေမဲ့ ဒေါ်အောင်ဆန်းစုကြည်အား မတရား အကျဉ်းချထားသော ၁၃ နှစ်ပြည့်မြောက်သောနေ့နှင့် မြန်မာနိုင်ငံအတွင်း အခြားသောမတရားဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရန်အတွက် လန်ဒန်ရောက် သံဃာတော်များ အပါအ၀င် မြန်မာ့အရေး ဆောင်ရွက်နေသော ပုဂ္ဂိုလ်များက နအဖ စစ်ဗိုလ်များ၏ ကိုးကွယ်ရာဆရာတစ်ဆူဖြစ်သော တရုတ်အစိုးရ ကိုယ်စား လန်ဒန်ရှိ တရုတ်သံရုံးသို့ အကျဉ်းတံခါးများအား ဖွင့်နိုင်သော သော့အား အထိမ်းအမှတ်ပြုသည့် သော့တစ်ချောင်း ပေးအပ်သော ဆန္ဒပြပွဲတစ်ခု ပြုလုပ်ခဲ့ကြသည်။

Saturday, October 18, 2008

our hero


ခေတ်တစ်ခေတ်ရဲ့ သူရဲကောင်း


၅ သိန်းသော လက်နက်ကိုင်တွေ ကြောက်ရသော အမျိုးသားသူရဲကောင်း တစ်ဦး

ကမ္ဘာမှာ မြန်မာဟေ့လို့ ကြွေးကျော်နိုင်တဲ့ သက်ရှိ သူရဲကောင်း တစ်ယောက်

ကိုမင်းကိုနိုင်

မွေးနေ့မှာ ပျော်ရွှင်နိုင်ပါစေ


ဒီကနေ့... အောက်တိုဘာလ ၁၈ ရက် ၂ဝဝ၈ ခုနှစ်ဟာ ဆိုရင် ကိုမင်းကိုနိုင် (ခ) ကိုပေါ်ဦးထွန်း ရဲ့ (၄၆) နှစ် မြောက်မွေးနေ့ရက်မြတ် ဖြစ်ပါတယ်။

မိမိကိုယ်ကျိုးမငဲ့ပဲ မြန်မာပြည်သူပြည်သားများအတွက် တိုက်ပွဲဝင်နေသော ကိုမင်းကိုနိုင်နှင့်တကွ ဖမ်းဆီးခံနေရသော ကျောင်းသားခေါင်းဆောင်များအားလုံး အမြန်ဆုံး ပြန်လည်လွတ်မြောက်ပါစေရန် ကိုမင်းကိုနိုင်ရဲ့ ၄၆ နှစ်မြောက်မွေးနေ့လေးမှာ ဝိုင်းဝန်းဆုမွန်ကောင်းများတောင်း၍၊ ဆုတောင်းမေတ္တာများ ပို့သကြပါစို့...။

K N U new leader


ကရင်အမျိုးသားအစည်းအရုံး KNU ၏ ၁၄ကြိမ်မြောက်ကွန်ဂရက်တွင် (ဗိုလ်ချုပ်) စောတာမလာဘောအား ဥက္ကဌအဖြစ် ရွေးချယ်တင် မြောက်လိုက်သည်။

KNUစတင်ဖွဲ့စည်းချိန်မှ ယနေ့အထိ ဥက္ကဌ (၇)ဦးရှိပြီဖြစ်သည်။ ၄င်းတို့မှာ စောစံဖိုးသင်၊ စောဘဦးကြီး၊ စောဟန်တာတာ မွေး၊ မန်းဘဇန်၊ စောဘိုမြ၊ ပဒိုစောဘသင်စိန်နှင့် ပဒိုစောတာမလာဘော တို့ဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံး KNU ၏ ဒု ဥက္ကဌအဖြစ် ပဒိုဒေးဗစ်သာကပေါ်ကို တင်မြှောက်လိုက်ပြီး ကွယ်လွန်သူ ပဒိုမန်းရှာနေရာတွင် အထွေထွေအတွင်းရေးမှုးအဖြစ် နော်စီဖိုးရာစိန်ကို ရွေးချယ်လိုက်သည်။

Saturday, October 11, 2008

never




ကျဆုံးသွားသော ရဲဘော်များသို့ …
ရေးသူ-အမည်မသိ

နှစ်ပေါင်းထောင်ရာ
ကမ္ဘာဆယ်သက်၊ မပျက်မတိမ်
မမှိန်မပြယ်၊ မကွယ်မပျောက်
ပြောင်မြောက်သတ္တိ၊ နီဘိရဲရဲ
သင့်အသည်းအား၊ ငါတို့ကြား၌
ထားလျက် သင်ထွက်သွားသည်တကား။ ။

(၁၉၆၉-၇၂ ဒုတိယ ကိုကိုးကျွန်း အစာငတ်ခံ ၅၇-ရက် တိုက်ပွဲတွင်
ကျဆုံးသွားသော ရဲဘော်များအတွက် ရေးခဲ့သော ကဗျာ)

(ထက်မြက်၊ နိုင်ဝင်းဆွေ၏ ‘အိုယန်ဟိုင်၏ တေးသံ’ စာအုပ်မှ …)