Showing posts with label news. Show all posts
Showing posts with label news. Show all posts

Monday, April 16, 2012

မြောက်ကယ်ရိုလိုင်းနား နယူးဘန်းမြို့ နှစ်သစ်ကူးသင်္ကြန်ပွဲနှင့် သက်ကြီးပူဇော်ပွဲ

မြောက်ကယ်ရိုလိုင်းနား နှစ်သစ်ကူးသင်္ကြန်ပွဲ နှင့် နှစ်ကူး ကန်တော့ပွဲ
အမေရိကန်ပြည်ထောင်စု၊ မြောက်ကယ်ရိုလိုင်းနားပြည်နယ် နယူးဘန်းမြို့ တွင် မြန်မာရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲ နှင့် သက်ကြီးပူဇော်ပွဲ ကျင်းပခဲ့သည်။
Farmers Market 412 south front street တွင် ဧပြီလ ၁၅ တနင်္ဂနွေနေ့၌ နံနက် (၁၀း ၀၀)နာရီမှ ညနေ (၃း ၀၀) နာရီ အထိ ကျင်းပခဲ့ခြင်း ဖြစ်သည်။
အသက်(၆၀)နှစ်အထက် (၁၆)ဦးအား လက်ဆောင်ပစ္စည်းများဖြင့် ကန်တော့ကြသည်။
ထိုင်းမြန်မာနယ်စပ် သင်္ကြန်ကာလ ထုံးစံများအတိုင်း ပေါင်ဒါမှုန့်ရေဖျော်ပြီး အချင်းချင်း မျက်နှာတွင် သုတ်လိမ်းကြသည်။ ဘိုးဘွားတို့ကိုမူ ပုံတွင် တွေ့ရသည့်အတိုင်း အမွှေးနံ့သာရည်ဖြင့် ပက်ဖြန်းကြသည်။
ကရင် , ကယား , မွန် , ရခိုင် , ရှမ်း , ဗမာ ၁၀၀ ကျော်ခန့် တက်ရောက် ပါဝင် ဆင်နွှဲကြသည်။ ဒေသခံ အမေရိကန်တချို့လည်း တက်ရောက်ကြသည်။
နယူးဘန်း လူငယ်များက ဧည့်ပရိတ်သတ်များအား သင်္ကြန်ထမင်း , မုန့်ဟင်းခါး , ရွှေရင်အေး , ကျောက်ကျော နှင့်ဖျော်ရည် များဖြင့် ဧည့်ခံကြသည်။
အက, သီချင်း နှင့် အငြိမ့် များဖြင့်လည်း ဖော်ဖြေ ခဲ့ကြသည်။










Wednesday, April 11, 2012

ကျွန်းနံ့သာကျွန်းပေါ်တွင် ယနေ့ ၃ နာရီ ၄၅ မိနစ်က မီးတောင်ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွား



ငပလီကမ်းခြေ၏ ရေမိုင် ၁၅ မိုင်အကွာရှိ ကျွန်းနံ့သာကျွန်းပေါ်တွင် ယနေ့ ၃ နာရီ ၄၅ မိနစ်က မီးတောင်ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားခဲ့ပြီး မီးညွှန့်များမှာ တစ်နာရီလျှင် တစ်ကြိမ်တက်လာလျှက်ရှိနေကြောင်း သတင်းရရှိသည်။

Monday, March 19, 2012

ပဒို မန်းငြိမ်းမောင် လွတ်ပြီ

ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ခေါင်းဆောင် တဦးဖြစ်သူ ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခံထားရသော ပဒို မန်းငြိမ်းမောင်ကို ယနေ့နံနက်တွင်အင်းစိန်ထောင်မှ ပြန်လွှတ်ပေး လိုက်ကြောင်း သတင်းရရှိသည်။

“သမ္မတရဲ့ လုပ်ပိုင်ခွင့်အာဏာနဲ့ ပုဒ်မ ၄၀၁ ရယ်နဲ့ လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။ မနက် ၈ နာရီက လွှတ်ပေးပြီးတော့ အခု အက်စ်ဘီ (ရဲအထူးသတင်းတပ်ဖွဲ့) ရုံးကို ခေါ်သွားတယ်လို့ သိရပါတယ်” ဟု ပဒို မန်းငြိမ်းမောင်၏ ရှေ့နေ ဦးကြီးမြင့်က ပြောသည်။

ကရင်အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင် တဦးဖြစ်သူ ပဒိုမန်းငြိမ်းမောင်

ပဒို မန်းငြိမ်းမောင်ကို မိခင်အဖွဲ့အစည်းဖြစ်သည့် KNU သို့ မကြာမီ ပြန်လည်ပေးပို့မည်ဟုလည်း သိရသည်။

ပဒို မန်းငြိမ်းမောင်အား နိုင်ငံတော်ကို စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်မှု ပုဒ်မ ၁၂၂/၁ နှင့် ထောင်ဒဏ် တသက်တကျွန်း၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ နှင့် ထောင်ဒဏ် ၃ နှစ်တို့ဖြင့် အင်းစိန် အထူးတရားရုံးက မတ်လ ၁၃ ရက်နေ့တွင် စီရင်ချက်ချထားခဲ့ရာမှ ယခု ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။

နေပြည်တော်တွင် ယမန်နေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် မီးရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပဒို မန်းငြိမ်းမောင်ကို မကြာမီ လွှတ်ပေးမည်ဖြစ်ကြောင်း သတင်းထောက်များကို ပြောဆိုခဲ့သည်။

ပဒို မန်းငြိမ်းမောင်သည် ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်းက တရုတ်ပြည် ကူမင်းလေဆိပ်မှတဆင့် မြန်မာနိုင်ငံ ရန်ကုန်လေဆိပ်သို့ ပို့ဆောင်ခံရပြီး နိုင်ငံကူးလက်မှတ်တွင် တံဆိပ်တုံးအတု ရိုက်နှိပ်ထားသည်ဟု ဆိုကာ လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ တရားမ၀င် စာရွက်စာတမ်း ကိုင်ဆောင်မှု၊ မတရားအသင်း ဆက်သွယ်မှုများဖြင့် ဖမ်းဆီးအရေးယူ ခံခဲ့ရသည်။

ထို့နောက် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၆၈ နှင့် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၃/၁ တို့အရ ထောင်ဒဏ် ၆ လစီကို တစ်ပေါင်းတည်း ကျခံစေရန် ရန်ကုန်တိုင်း မင်္ဂလာဒုံ တရားရုံးမှ ပြစ်ဒဏ် ချမှတ်ခဲ့သည်။

လွတ်မြောက်ရန် ၂၂ ရက် အလို ပြီးခဲ့သည့် ဇန်န၀ါရီ ၂ ရက်နေ့တွင် မတရားသင်း ကြေညာထားသည့် KNU ဗဟိုကော်မတီဝင် ဖြစ်သည်ဟူသော အကြောင်းပြချက်ဖြင့် နိုင်ငံတော်ပုန်ကန်မှု ဥပဒေ ပုဒ်မ ၁၂၂/၁ နှင့် မတရားအသင်း ပုဒ်မ ၁၇/၁ တို့ဖြင့်ထပ်မံစွဲချက်တင် တရားစွဲခံခဲ့ရသည်။

Friday, March 9, 2012

ဗုဒ္ဓမြတ်စွာအား ရိုင်းပြစွာ နောက်ပြောင်ခဲ့သည့် NBC ရုပ်သံအစီအစဉ်

ဗုဒ္ဓမြတ်စွာအား ရိုင်းပြစွာ နောက်ပြောင်ခဲ့သည့် NBC ရုပ်သံအစီအစဉ်


အမေရိကန် ရုပ်သံလိုင်းကြီး တစ်ခုဖြစ်သည့် NBC ရုပ်သံတွင် ယမန်နေ့က ထုတ်လွှင့်ပြသခဲ့သည့် အပတ်စဉ် ဟာသအစီအစဉ် ဖြစ် သည့် Saturday Night Live (SNL) တွင် ဗုဒ္ဓမြတ်စွာအား နောက်ပြောင်စော်ကားသည့် Rude Buddha (ဒေါသကြီးသည့် ဗုဒ္ဓ) ဟု အမည်ရသည့် တစ်ခန်းရပ် အစီအစဉ်တစ်ခုအား ယမန်နေ့က ထုတ်လွှင့်သွားခဲ့သည်။

ယင်းအစီအစဉ်တွင် SML သရုပ်ဆောင် Andy Samnberg က သင်္ကန်းရုံကာ ဗုဒ္ဓအဖြစ် သရုပ်ဆောင်သွားခဲ့ပြီး ဗုဒ္ဓမြတ်စွာအား ရိုင်း ပြသော၊ ညစ်ညမ်းသော အသုံးအနှုန်းများ၊ အပြုအမူများဖြင့် နောက်ပြောင်ပြီး ပုံတူဖော်သွားခဲ့သည်။
ဦးစွာပထမအနေဖြင့် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော်က ဗုဒ္ဓပွင့်ခဲ့ကြောင်း၊ ညောင်ပင်အောက်၌ နေထိုင်ရင်း အလုံးစုံသိမြင်သော ဉာဏ်အားရရှိခဲ့ကြောင်း၊ လူအများ၏ ရှေ့ဆောင်လမ်းပြသူ၊ လွတ်မြောက်ရာအား ညွှန်ကြားပြသသူ ဖြစ်လာခဲ့ကြောင်း၊ သို့သော် လည်း ဗုဒ္ဓအနေဖြင့် လူအများမသိသော၊ အနီးကပ်တပည့်များသာသိသော အချက်များရှိသေးကြောင်း၊ ယခုပြသမည့် ဗီဒီယိုသည့် ဒေါသကြီးသောဗုဒ္ဓ၏ အကြောင်းအရာများဖြစ်ကြောင်း စာတမ်းထိုးသွားခဲ့သည်။

ထို့နောက်တွင် သင်္ကန်းရုံကာ ဗုဒ္ဓအသွင်ဖန်တီးထားသည့် Andy Samberg က ယင်းအား လူအများက လာရောက်တွေ့ဆုံပြီး မေးခွန်းများ မေးမြန်းခဲ့သည်များကို တင်ဆက်ပြသသွားခဲ့သည်။

ပထမဦးစွာ လာရောက်ခဲ့သည့် ပုဂ္ဂိုလ်က "ဗုဒ္ဓခင်ဗျား။ ကျွန်တော်ရဲ့စိတ်တွေက အမြဲတမ်း ဂဏာမငြိမ်ဖြစ်နေပါတယ်။ တရားရရှိရေးနဲ့ စိတ်အေးချမ်းရေးကို မည်သို့ဆောင်ရွက်ရပါမလဲ။" ဟု မေးမြန်းခဲ့ရာ ဗုဒ္ဓသရုပ်ဆောင်နေသည့် Andy Samberg က တည်ငြိမ်စွာဖြင့် ပင် "သင်ကြိုက်သော်လည်း ပန်းပွင့်မှာ ကြွေမည်ဖြစ်သလို၊ မြေစာပင်မှာလည်း သင်မကြိုက်သော်လည်း ပေါက်မည်သာဖြစ်မည်။" ဟု ဖြေကြားခဲ့သည်။

အဆိုပါပုဂ္ဂိုလ်က ဆက်လက်ပြီး "ဒါဆိုရင် အရာအရာတိုင်းကို အရှိအတိုင်း လက်ခံရမည်လား။" ဟု ထပ်လောင်းမေးမြန်းရာ Samberg က "မိုင်ထောင်ချီ ရှည်လျားသည့် ခရီးအားလည်း ပထမဆုံးခြေလှမ်းဖြင့်ပင့် စတင်ရမည်ဖြစ်သည်။" ဟု ပြန်လည်ဖြေ ကြားခဲ့သည်။

ပုဂ္ဂိုလ်က ကျေးဇူးတင်ကြောင်း ပြောကြားကာ ထွက်ခွာသွားပြီးနောက် ဗုဒ္ဓသရုပ်ဆောင်နေသည့် Samberg က ယင်း၏ အနီးတွင် ထိုင်နေသည့် တပည့် ၂ ဦး ဘက်သို့လှည့်ကာ "ဒီလူရဲ့ ပထမဆုံးခြေလှမ်းက တောင်စောင်းကပဲ ဖြစ်ရမယ်။ ဟားဟားဟား။ အရှိကို အရှိအတိုင်း လက်ခံရမယ်ဟုတ်လား။ အရှိအတိုင်းကတော့ ဒီလူဘယ်တော့မှ မိန်းမနဲ့မှ အိပ်ရမှာမဟုတ်ဘူး။ ဟားဟားဟား။" ဟု နောက်ပြောင်ပြောဆိုခဲ့သည်။

ထို့နောက် အမျိုးသမီးတစ်ဦး ရောက်ရှိလာခဲ့ပြီး "ကျွန်မရဲ့ ယောက်ခမနဲ့ အဆင်မပြေရပါ။ စိတ်ဒုက္ခ ရောက်ရပါတယ်။ ဒီဘဝကြီးမှာ မနေချင်တော့ပါ။" ဟု ဆိုခဲ့ရာ Samberg က "တရားရဖို့ နည်းလမ်းတစ်ခုထဲသာရှိတာမဟုတ်ပါဘူး။ ရေခွက်တစ်ခုကို ရေတစ်ပေါက်ခြင်း ဖြည့်ရင်းနဲ့ပဲ ပြည့်သွားရတာပါ။" ဟု ပြောကြားသွားခဲ့သည်။

ထိုအမျိုးသမီး ထွက်သွားပြီးနောက် တပည့်များဘက်သို့လှည့်ကာ "ခွက်လို့ပြောလို့၊ ဒီမိန်းကကိုယ်ပေါ်က မုတ်ခွက်တွေကို တွေ့လိုက် လား။ မိုက်လိုက်တာ။ လိင်စိတ်တောင် ကြွလာပြီနော်။ ဟားဟားဟား။ ဗုဒ္ဓလည်း ဒါမျိုးကြိုက်တတ်ပါတယ်။ ဟားဟားဟား။" ဟု ရိုင်းပြစွာ ဆိုသွားခဲ့သည်။

အဆိုးရွားဆုံးမှာ နောက်ဆုံးရောက်ရှိလာသည့် အမျိုးသမီး (Lindsay Lohan) နှင့် ပြောကြားခဲ့သည့် စကားများပင်ဖြစ်သည်။ အဆိုပါ အမျိုးသမီးက ယင်းအနေဖြင့် တရားကျင့်ကြံနေရာ အောင်မြင်မှု မရှိကြောင်း၊ နိဗ္ဗာန်သို့ရောက်ရှိရေး တရားပေးပါဟု တောင်းဆိုခဲ့ရာ Samberg က တပည့်ထံသို့ မသိမသာလှည့်ပြီး ရယ်ခဲ့ပြီးနောက် မျက်နှာအမူအရာ မပျက်စေပဲ အမျိုးသမီးအား "ရှိတာပေါ့ သမီး ငယ်။ သမာဓိနည်းလမ်း (Zen) ကို ပြပေးနိုင်ပါတယ်။ ဒီည ၁၁ နာရီလောက်ကို ပြန်လာခဲ့လေ။ အတူတူ တရားအားထုတ်တာပေါ့။" ဟု ဆိုခဲ့သည်။

ထို့နောက် Lindsay Lohan က "ဒါဆို အရှင်ဘုရားထံမှာပဲ တရားရရှိမှာပေါ့နော်။" ဟု မေးခဲ့ရာ Samberg က ရယ်မောလျက် "ငါရောက်မှာတော့ သေချာတာပေါ့။ ဟားဟားဟား။ သမီးအနေနဲ့ကတော့ အချိန်ပို လုပ်ရမယ်ထင်တယ်။" ဟု ဆိုခဲ့ရာ Lohan က ကျေးဇူးတင်စကားပြောပြီး ထွက်ခွာသွားခဲ့သည်။

Lohan ထွက်သွားပြီးနောက် ဗုဒ္ဓအသွင်ဖမ်း Samberg က တပည့်များထံလှည့်ကာ "သမာဓိနည်း (zen) ဟုတ်လား။ ဟုတ်တာကတော့ ဒီကောင်မလေးကို အိမ်ခေါ်သွားမယ်။ ပြီးရင် အဝတ်တွေချွတ်မယ်။ ကောင်မလေး ဂျူးလူမျိုး မဟုတ်လောက်ဘူးထင်ပါတယ်။ သူ့ကို ဝက်သားလို မြိန်မြိန်စားချင်လို့ပါ။ ဟားဟားဟား။ ငါ့ရဲ့ (သစ်ပင်) သာ ကောင်မလေးရဲ့ (ချုံပုတ်) ထဲ လဲကျမယ်ဆိုရင် အိမ်နီး ချင်းတွေတောင် ကြားရမှာကွ။ ဟားဟားဟား။" ဟု ရိုင်းပြသည့် အသုံးအနှုန်းများဖြင့် ပြောကြားသွားခဲ့သည်ကို တွေ့ရှိခဲ့ရသည်။

SNL အစီအစဉ်သည် အမေရိကန်နိုင်ငံတွင် နာမည်ကျော်သော ဟာသအစီအစဉ် တစ်ခုဖြစ်ပြီး အများသူငါအား ပွင့်လင်းစွာ လှောင်ပြောင်သည့် (Spoofs) အသုံးအနှုန်းများ အစဉ်အမြဲ အသုံးပြုလေ့ရှိသည်။ ယင်းတို့အနေဖြင့် ယခင်က ယေရှုအားလည်း ယခုကဲ့သို့ပင် နောက်ပြောင်ခဲ့ဖူးသည်။

ဒီမိုကရေစီပြည့်ဝသည့် နိုင်ငံတစ်ခုတွင် လူတိုင်းလူတိုင်း လွတ်လပ်ပွင့်လင်းစွာ ပြောဆိုဆွေးနွေးခွင့် ရှိသည်မှာ မှန်သော်လည်း ယခု ကဲ့သို့ ဘာသာတရားတစ်ခုအား ပျက်ရယ်ပြုခြင်း၊ ဗုဒ္ဓမြတ်စွာအား အတုယောင်ပြုပြီး၊ ညစ်ညမ်းသော အသုံးအနှုန်းများဖြင့် နောက် ပြောင်ပြောဆိုခဲ့ခြင်းတို့မှာ လုံးဝဥဿုံ မလုပ်သင့်မလုပ်ထိုက်သည့် အရာများဖြစ်ခြင်းကြောင့် NBC ရုပ်သံလိုင်းနှင့် SNL အစီအစဉ် အား ရွှေလုံးမှ ပြင်းထန်စွာ ရှုတ်ချလိုက်ပါသည်။

မှတ်ချက် - SNL အစီအစဉ်မှ တာဝန်ရှိသူများအား ဆက်သွယ်ရန် ကြိုးပမ်းခဲ့ခြင်းမှာ အောင်မြင်မှု မရရှိခဲ့သလို အီးမေးလ်ပေးပို့ ထားခြင်းအားလည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ကမ္ဘာတစ်ဝန်းမှ ဗုဒ္ဓဘာသာဝင်များထံသို့ ဤသတင်းအား မျှဝေပါရန် တိုက်တွန်း အပ်ပါသည်။ ဤသတင်းအပေါ် စာဖတ်သူတို့၏ တုန့်ပြန်ပြောဆိုမှုများအားလည်း NBC ရုပ်သံဌာနသို့ ပေးပို့သွားမည် ဖြစ်ပါသည်။
ဗုဒ္ဓုဘာသာမှန်သမျှဘာသာတရားကိုကာကွယ်ရမည်။

ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေ..ရွှေဝန်းရတနာ.(၈.၃.၁၂)ကြာသာပတေးနေ့

email..ashinvimala2009@gmail.com
From shwewonyatana

Wednesday, February 29, 2012

မိန်းကလေးများသထိထားရန် ကူးယူတင်ပြလိုက်သည် ..သတိ....

အမျိုးသမီး တစ်ဦးက ဓာတ်ဆီဆိုင်မှာ ဓာတ်ဆီ ဖြည့်နေတုန်း သပ်သပ်ရပ်ရပ်ဝတ်စား ထားတဲ့ ယောက်ျား တစ်ဦးက သူ့ကိုယ်သူ ကုမ္ပဏီ အရောင်းကိုယ်စားလှယ်အဖြစ်နဲ့ သူမကို ရည်ရည်မွန်မွန် မိတ်ဆက်ရင်း ပစ္စည်းဝယ်ဖို့ လိုအပ်ရင်ဆက်သွယ်ဖို့ လိပ်စာကဒ်ကို ပေးခဲ့တယ်။
သူမကလဲ သဘောရိုးနဲ့လို့ထင်မှတ်ပြီး ယဉ်ကျေးမှု အနေနဲ့ လိပ်စာကဒ်ကိုလက်ခံပြီး ကားပေါ်ပြန်တက်လို့မောင်းထွက် ခဲ့တယ်။ အဲဒီ အချိန်မှာပဲ အဲဒီယောက်ျားဟာ တခြား လူရည်သန့် ယောက်ျား တစ်ဦး မောင်းတဲ့ ကားပေါ် တက်သွားခဲ့တယ်။

ဓာတ်ဆီဆိုင်ထဲကနေ ကားမောင်း ထွက်လာတဲ့ သူမဟာ သူမရဲ့ ကားနောက်ကနေ စောစောကယောက်ျားက တချိန်တည်းမှာပဲ နောက်ယောင်ခံ ကားမောင်းလိုက်လာတာကိုနောက်ကြည့်မှန်က တဆင့် မြင်လိုက်တယ်။
အဲဒီအချိန်မှာပဲ သူမဟာ တအားခေါင်းကိုက်လာပြီး အသက်ရှူလို့မရဖြစ်လာခဲ့တယ်။ သူမဟာ ကားပြတင်းပေါက်ကို ဖွင့်ဖို့ ကြိုးစားရင်းနဲ့ အနံ့ဟာသူမရဲ့လက်ကလာတာ ဖြစ်ကြောင်း သတိထားမိလိုက်တယ်။စောစောက ယောက်ျား လှမ်းပေးတဲ့ ကဒ်ကိုလက်ခံ ကိုင်မိတဲ့ လက်ဆီက လာတဲ့ အနံ့ပါ။

ရုတ်တရက် ပတ်ဝန်းကျင်ကို ပြန်ငဲ့ ကြည့်မိတဲ့အခါ ကဒ်ပေးတဲ့ယောက်ျားရဲ့ကားကသူမကားရဲ့ နောက်တည့်တည့် ရောက်နေပါပြီ။ဒါနဲ့ လူနဲ့ ကားစည်ကားရာဆီကို သွားတဲ့ ကားလမ်းကြောကို အမြန်ဆုံးရွေးမောင်းရင်းကားဟွန်းကို ထပ်ခါ တလဲလဲ နှိပ်နေခဲ့ရတယ်။ သူမရဲ့ ကားကိုလူတွေသတိထားမိပြီး အကူအညီ ရလိုရငြားပေါ့။

အဲဒီတော့မှ သူမရဲ့ ကားနောက်က လိုက်နေတဲ့ ယောက်ျားတွေရဲ့ ကားကတခြားကိုမောင်းပြေး ပါတော့တယ်။သူတို့ရန်က လွတ်ခဲ့ပေမယ့် သူမကတော့ မိနစ်တော်တော်ကြာကြာ ခေါင်းမူးခေါင်းကိုက် ဖြစ်ပြီးနောက် ကားပြတင်းပေါက်တွေကတိုးဝင်လာတဲ့ လေတွေကြောင့်အသက် ပြန်ရှူနိုင် ခဲ့ပါတယ်။

လိပ်စာကဒ် ပေါ်မှာ ဘာပါလဲ သိလား…လူတဖက်သား ဆီက တခုခု ခိုးယူဖို့ ဒါမှမဟုတ် အဲဒီလူဆီကတစုံတခုအမြတ်ထုတ်ဖို့ ကြိုးစားရာမှာ သူတို့ ရည်ရွယ်ထားတဲ့ သားကောင်သို့မဟုတ်အနစ်နာ ခံရမယ့် သူက ဘာမှ ပြန်မတုံ့ပြန် နိုင် အောင် မသမာ သူတွေက'BURUNDANGA' လို့ ခေါ်တဲ့ ဆေးကို သုံးတတ်ကြတယ်။အဲဒီဆေး ဟာ မုဒိမ်းကောင်တွေက မိန်းကလေးတွေကို မကျူးလွန်မီ မိန်းကလေးတွေထွက်မပြေးနိုင်၊ မလှုပ်ရှား နိုင်အောင် ကျွေးလေ့ ရှိတဲ့ ဆေးထက် လေးဆပိုပြင်းပါတယ်။ပိုဆိုးတာက ဒီဆေးက ပါးစပ်ထဲ ၀င်အောင် ခတ်စရာ မလိုပဲလိပ်စာကဒ်လိုရိုးရှင်းတဲ့ စာရွက် အပိုင်းအစ တစ်ခုက နေတောင် အနံ့အဖြစ်နဲ့ ကူးလွယ်၊
အသုံးချရ လွယ်ကူ နေပါတယ်။

ဒီလို လုပ်ရပ်မျိုးထဲမှာ ကိုယ့်အိမ်တံခါး လာခေါက်ပြီး သတင်းစာ ဝေတာ၊လက်ကမ်း ကြော်ငြာ စာရွက် ဝေပေးတာ၊ လူရှင်းပြီး ချောင်ကျတဲ့စားသောက်ဆိုင်တွေမှာ tissue box လာချတာက စလို့ ပုံစံ မျိုးစုံနဲ့
ချဉ်းကပ်လာနိုင်တာတွေ အများကြီး ရှိပါတယ်။

ကျေးဇူးပြုပြီး ဒီသတင်းကို သင် အလေးထား ဂရုစိုက်သူ တွေဆီကိုလက်ဆင့်ကမ်းပေးပါ။ မသမာ သူတွေရဲ့ မာယာ ကျော့ကွင်း တွေကို အပြစ်မဲ့သူတွေရှောင်ရှား နိုင်ကြပါစေ.


Burundanga Business Card Drug Warning

Subject: Be Alert & Cautious / Must read!!

A man came over and offered his services as a painter to a female who was putting gas in her car and left his card. She said no, but accepted his card out of kindness and got in the car. The man then got into a car driven by another gentleman. As the lady left the service station, she saw the men following her out of the station at the same time. Almost immediately, she started to feel dizzy and could not catch her breath. She tried to open the window and realized that the odor was on her hand; the same hand which accepted the card from the gentleman at the gas station.

She then noticed the men were immediately behind her and she felt she needed to do something at that moment. She drove into the first driveway and began to honk her horn repeatedly to ask for help. The men drove away but the lady still felt pretty bad for several minutes after she could finally catch her breath.

Apparently, there was a substance on the card that could have seriously injured her.

This drug is called 'BURUNDANGA' and it is used by people who wish to incapacitate a victim in order to steal from or take advantage of them like REPEATED GANG RAPE. This drug is four times more dangerous than the date rape drug and is transferable on simple cards.

So take heed and make sure you don't accept cards at any given time alone or from someone on the streets. This applies to those making house calls and slipping you a card when they offer their services .

PLEASE SEND THIS E-MAIL ALERT TO EVERY FEMALE YOU KNOW
From http://www.hoax-slayer.com/burundanga-warning.shtml

Wednesday, February 15, 2012

ဘန်ကောက်ရောက်၊ ခရစ်ယာန်ဘုန်းကြီး အတုကြီး


ဘန်ကောက်ရောက်၊ ခရစ်ယာန်ဘုန်းကြီး အတုကြီး

ဝတ်မှုန် (စင်ကာပူ)
ဖေဖော်ဝါရီ ၁၆၊ ၂၀၁၂

ကျွန်တော် နိုင်ငံရေးသမားမဟုတ်ပါဘူး။ ဘာသာရေးတရားဟောဆရာလည်း မဟုတ်ပါဘူး။ သို့သော် နိုင်ငံကိုကောင်းစေချင်တဲ့ ခရစ်ယာန် ဘာသာရေးမီဒီယာလုပ်ငန်းလုပ်ပါတယ်။

အင်တာနက်မှာ 5-Feb-2012 YouTube ခရစ်ယာန်တစ်ဦးရဲ့ဘ၀အကြောင်းကို နားထောင်လိုက်ရတဲ့အချိန်မှာ၊ သူပြောသလို သူနဲ့ကိုယ်က RIT ဘွဲ့ရချင်းအတူတူ၊ ခရစ်ယာန်လည်းတူ ..ဆိုတော့ အလွန်စိတ်ဝင်စားမိတယ်။ အံ့သြလွန်းလို့ တခြား RIT နဲ့ဆက်နွယ် သူတွေကိုမေး ကြည့်တော့ ဟုတ်လားလို့ပဲ ပြန်မေးခံရတယ်။

ဇတ်လမ်းကတော့ … အသက် (၇) နှစ်အရွယ် သူရိန်ထွန်း ဆိုသူ မိဘ ၂ ပါးနဲ့၊ သူ့ညီမလေးရယ် သထုံဖက်၊ ကားနဲ့ခရီးထွက်စဉ် စစ်တပ်က အမေ့ကို မုဒိမ်းကျင့်၊ အဖေ့ကိုဘက်နက်နဲ့ထိုးသတ်၊ ကားနဲ့အလောင်း ဓါတ်ဆီလောင်းမီးရှို့ပြီး၊ မောင်နှမ ၂ ယောက်ကျန်ရစ်ခဲ့တယ်။ နောက်ပိုင်း ပဲခူးမှာ ၁၀ တန်းအောင်၊ သူက RIT ပြီးတယ်။ ညီမက MBBS ပြီးတယ်။ မိဘသတ်သူကိုလက်စားခြေဖို့ တောထဲဝင်မယ်ကြံတုန်း ပဲခူးဘုန်းကြီးက သံ ဃာဝတ်ခိုင်းရာမှ ဘုန်းကြီး (၉) ဘွဲ့ရတယ်။ ၁၉၈၈ အရေးအခင်းအပြီးမှာ ဗိုလ်ချုပ်မှူးကြီးစောမောင်က သူ့ကို ပြည်ပပညာသင်ပို့တယ်။ အိန္ဒိယက M.A Buddhism, သီရိလင်္ကာက Ph.D ရခဲ့တယ်။ မြန်မာပြည်မှာမြှောက်စားခံရပြီး နိုင်ငံအကြီးအကဲ ဗိုလ်ချုပ်မှုးကြီးစောမောင်သွား တဲ့နိုင်ငံတွေကို လိုက်ရတယ်။ နောက် နှလုံးကင်ဆာရောဂါရပြီး သေနေ့စောင့်နေချိန် ခရစ်ယာန်တရားကြားပြီး၊ ခရစ်ယာန်ဖြစ်တယ်။ ဘုန်းကြီးလူထွက်ပြီး၊ ကချင်ပြည်ရောက်တယ်။ ပြည်မပြန်လာပြီး ခရစ်ယာန်သာသာနာပြုချိန် အဖမ်းခံ၊ ထောင်ကျ၊ နှိပ်စက်ခံရပေမဲ့ ပန်းပန် လျှက်ပါပဲလို့ အလွန်ဘုရားရဲ့စောင့်ရှောက်မှုခံရကြောင်း ပြောပါတယ်။ မေတ္တာတရားလည်း ရရှိကြောင်းကို သူ့မိဘသတ်သွားသူ အသက် ၈၀ အရွယ်ပြန်တွေ့ပြီး၊ ခွင့်လွှတ်နိုင်ကြောင်း၊ ဘုရားမေတ္တာကြီးမားလှကြောင်း စသဖြင့်ပေါ့။ ပါဠိစကားတွေ၊ စာအုပ်တွေ ညှပ်ပြောတော့ … ကျွန်တော်နားမလည်ပေမဲ့၊ သူ့ရဲ့အသံကြားပြီး ယုံလိုက်မိပါတယ်။

အံ့သြစရာကြီးပေါ့။ ဘုရားသခင်လုပ်ရင် ဘာမဆိုဖြစ်တယ်ဆိုပြီး အချက်အလက် အနည်းအကျဉ်းစုံစမ်းတယ်။ RIT ဘွဲ့ရသူငယ်ချင်း များကလည်း မသိဘူး၊ ဟုတ်လားလို့ပဲ ပြောတယ်။ ဘယ်သူမှ မကန့်ကွက်ရဲဘူး။ Data မှမရှိပဲကိုး။ အဲဒီ တနာရီကြာတဲ့ YouTube ဟာ အင်တာနက်မှာ ၄ ရက်အတွင်း အကြိမ် တစ်သောင်းငါးထောင်ကျော် (15,000) count ဖြစ်သွားတယ်။ ကွန်မင့်တွေအများကြီးပေးကြပေမဲ့ သူပြောတဲ့အကြောင်းတွေကို Data နဲ့ ကန့်ကွက်မဲ့လူမရှိဘူး။

အဲဒီလူက တဆင့်တိုးပြီး ဗုဒ္ဓဘာသာတွေကို တိုက်ရိုက်ဘုန်းကြီးအသံ၊ ပါဠိစာလုံးတွေနဲ့ ခရစ်ယာန်တရား ၂ ခုထုတ်လိုက်တာ၊ နာရီပိုင်း အ တွင်း အပြင်အထန်တိုက်ခိုက်မှုကိုခံရပြီး၊ ခရစ်ယာန်အချင်းချင်းကလည်း ဒီလူလိမ်ဖြစ်တယ်ဆိုတာကို သက်သေများနဲ့ပြောလာတာကြောင့် YouTube ကနေ ဖြုတ်ချလိုက်ပါတယ်။

ကျွန်တော်တို့ RIT ကျောင်းဆင်းတဲ့။ ပဲခူးမြို့က အင်ဂျင်နီယာတွေက မဖြစ်နိုင်ဘူး။ ဒါလောက်နာမည်ကြီးတာတောင် မကြားဖူး။ ပြီးတော့ 1982 B.E Civil ဘွဲ့ရသူ ၁၆၀ ဦးမှာ သူရိန်ထွန်းဆိုတာမပါဘူး။ RIT 1980-1984 အင်ဂျင်နီယာဘွဲ့အားလုံးရသွားသူစာရင်းမှာလည်း သူရိန်ထွန်းဆိုတာ မတွေ့ဘူး။ အဲဒီလူကို ဘန်ကောက်ကမိတ်ဆွေတွေက အင်တာဗျူးတဲ့အသံဖိုင်ကို နားထောင်ပြီးချိန် ဒီလူ RIT ကျောင်းမတက်ဖူးဘူးဆိုတာ သေချာပေါက် သိသွားပါတယ်။ ဒီတချက်နဲ့ပဲ သူကို Reject လုပ်လိုက်ပါတယ်။

သတင်းမီဒီယာသမားတွေလည်း တခါတလေ သတင်းထူးပဲဆိုပြီး၊ ယုံလို့ အေပရယ်ဖူးနေ့များမှာ အင်တာနက်၊ ယုံချင်စရာများ တင်ပြ လေ့ရှိတယ်။ အခုကိစ္စတော့ ခရစ်ယာန်မီဒီယာလောကအတွက် အရှိုက်ကိုထိုးခံရတဲ့ လိမ်လည်မှုကြီးပါ။ ဒီလူ ဘာသာရေးဘန်းပြ လိမ်စား နေတာ အခုချိန်မသိရင် နောက်နောင်ပိုဆိုးလာမလားမသိ။ မြန်မာပြည်မှာ ၁၅ နှစ်လောက် ဘုန်းကြီးလူထွက်၊ ခရစ်ယန်ဘာသာဝင်ပြီး မြန်မာပြည်တွင်းမှာလိမ်လို့ အဆင်မပြေတော့၊ အခု ပြည်ပထွက်လာပြီး လိမ်ပြန်တယ်။ ပြည်ပကျတော့ လိမ်လို့မရတော့ဘူး။ မိသွား ရှာတယ်။

● လင်္ကာအရှင်ရဲ့ဖေ့စ်ဘုတ်
13-Feb-2012 မှာတင်ထားတဲ့ အချက်အလက်မှာ၊ သီရိလင်္ကာ ကိုလံဗုဒ္ဓတိသရဏယူနီဗာစတီက Ph.D ရသွားတာဆိုတာ
၁။ ၂၀၀၈ ခုနှစ်မတိုင်ခင်က ကေလနိယတက္ကသိုလ်မှ ဦးပညာဝံသ၊
၂။ ပေရာဒနိယတက္ကသိုလ်မှ ဦးနရိန္ဒ
၃။ ယခုနှစ်မှ ဒေါက်တာဘွဲ့ပြီးခဲ့တဲ့ ဆရာတော်ဦးဝဏ္ဏသီရိဆိုတဲ့ အရှင်သုံးပါးသာ လင်္ကာကနေ ဒေါက်တာဘွဲ့ပြီးဆုံးခဲ့တယ်လို့ သိရပါ တယ်ဆိုတာ Data ရအောင်ရှာပြီး၊ ဒီလူဟာ လူလိမ်ဖြစ်ကြောင်း ချေပနိုင်ပါတယ်။

RIT ဘွဲ့ရမဟုတ်ကြောင်း၊ Ph.D ဘွဲ့ရမဟုတ်ကြောင်း ဒီ (၂) ချက်ရဖို့ ၇ ရက်တောင် ကြာမြင့်ပါတယ်။ နောက်ပိုင်းတော့ အဲဒီခရစ်ယာန် ဘုန်းတော်အတုရဲ့ လိမ်တဲ့အချက်တွေ တခုပြီးတခုပေါ်လာတော့မှာပါ။

ဒါ နိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် အလွန့် အလွန် အရေးကြီးပါတယ်။

အင်တာနက်ခေတ်ကြီးမှာ ခရက်တစ်ကပ်၊ အိုင်စီပျောက်လို့ ရဲ၊ ဘဏ်ကို သတင်းမပို့ခင် နာရီပိုင်းအတွင်းမှာပဲ အွန်လိုင်းနဲ့ ငွေထုတ်သွားနိုင် တဲ့ခေတ်ကြီးမှာ၊ ဒေတာ (အချက်အလက်) အလွယ်တကူမရနိုင်တဲ့ မြန်မာလူမျိုးများအတွက် လူလိမ်များရန် ကာကွယ်ဖို့ခက်ခဲလှပါတယ်။ ဘယ်သူ့ကိုယုံရမလဲ။ မြန်မာသံရုံးတွေကကော ..ယုံရပြီလား။

● လူလိမ်ကြီးများကြီးစိုးနေသော မြန်မာနိုင်ငံ
မြန်မာပြည် စစ်အစိုးရခေါင်းဆောင်များဟာ ဟိုးယခင်က ရိုးသား၊ အမိန့်နာခံမှုနဲ့ လုပ်သူများဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော်ယုံပါတယ်။ သူတို့ မှာပညာမရှိတော့ နိုင်ငံရေးလိမ်မာပါးနပ်စွာလုပ်စားနေရင်းကနေ စစ်တပ်အာဏာသိမ်းပြီး၊ နောက်ပိုင်းမှာ ပညာတတ်ရင်၊ လုပ်စားလို့မရတဲ့ အထိဖြစ်သွားပါတယ်။ ဥပဒေအားလုံးကို နှုတ်ဥပဒေ (တနည်းအားဖြင့် စစ်ဥပဒေနဲ့) တိုင်းပြည်အုပ်ချုပ်ခဲ့တာ နှစ် ၅၀ အတွင်း ဒီလိုဖြစ်သွား တာကို အားလုံးသိပြီးဖြစ်ပါတယ်။

အခု ဒီဘာသာရေးလူလိမ်အကြောင်းကို ဆက်မယ်ဆိုရင် မြန်မာပြည်တွင်းမှာ ဘာမှယုံကြည်မှုမရှိပဲ၊ နှစ်ပေါက်တပေါက်၊ အပွကြံ၊ တနပ် စားတွေဖြစ်ပြီး၊ တရုတ်ကြီးရဲ့ဝါးမြိုမှုတွေကိုမြင်ပြီး ပြုပြင်ပြောင်းလဲရေးအစိုးရသစ် ၂၀၁၁ မှာစတင်ခဲ့တာ တနှစ်ရှိပါပြီ။ မြန်မာအစိုးရသစ်ရဲ့လုပ်ဆောင်မှုတွေကတော့ တနှစ်အတွင်းမှာ အံ့သြဘွယ်လုပ်ပြခဲ့ပါတယ်။

အခုရေးလိုတာကတော့ လူလိမ်များ၊ ပြည်တွင်းမှာ ဆက်လိမ်လို့ လုံးဝမရသူများ၊ ပြည်ပထွက်ပြီးလိမ်တာတွေ များနေပါတယ်။ မြန်မာပြည်ပြု ပြင်ပြောင်းလဲမှုများကြောင့် ပြည်တွင်းမှာ ဆက်လိမ်လို့မရတော့သူတွေ ပြည်ပထွက်လိမ်ရတယ်ဆိုရင်တော့ ကောင်းပါတယ်။ ဒါပေမဲ့ ပြည် ပရောက်မြန်မာများ အထူးသတိထားစေလိုပါတယ်။ သန့်ရှင်းမြင့်မြတ်ပါတယ်ဆိုတဲ့ ဘာသာရေးလောကထဲအထိ အတုအယောင်တွေ ၀င်လာကြတာ ကိုယ့်ဘုန်းကြီးကလိမ်တော့၊ လူမသိတိတ်တိတ်ကလေး၊ ဖြေရှင်းလိုက်ကြတာများပေမဲ့ အခု အင်တာနက် ယူကျူ့အထိ တက်ပြီးလိမ်တာကတော့ အကောင်းမြင်ဖက်ကကြည့်ရင် ဒီခရစ်ယာန်ဘုန်းကြီးအတု ဆက်လိမ်လို့မရတော့ဘူး။ နောက်မြန်မာလူမျိုးတွေ လည်း သတိထားပေတော့လို့ မှတ်ယူလိုက်ပါတယ်။

● ပြည်ပငွေလိမ်သတင်းကြီး ၂ ခု
၁။ December 2012, စင်ကာပူနိုင်ငံ၊ ရွှေရတနာဆိုတဲ့ ဆိုင်ပိုင်ရှင် စင်ကာပူနိုင်ငံသားခံယူထားတဲ့ မြန်မာပြည်ကအမျိုးသမီးက မြန်မာပြည်မှာအတိုးပိုရတယ်ဆိုပြီး သူ့ဆီအပ်ထားတဲ့ ဒေါ်လာသန်းပေါင်းများစွာကို ခပ်တည်တည်နဲ့လိမ်သွားတယ်။ ဆိုင်ကို ခဲနဲ့ပေါက်မဲ့ အလုပ်သမား ငွေလွှဲသူများကိုတော့ သူတို့လွှဲတဲ့ငွေတွေ ပြန်ပေးတယ်။ ဒေါ်လာသိန်းချီပြီး အပ်ထားသူများရဲ့ ငွေကိုတော့ ပြန်မပေးပဲ ပျောက်ဆုံးနေပါတယ်။ ထို့အတူ လွိုင်ဟိန်းဆိုတဲ့ဆိုင်ကလည်း တခြားမြန်မာဆိုင်အငယ်များက အလုပ်သမားများလွှဲငွေများကို ထပ်မံလိမ်ယူ၊ ထွက်ပြေးပျောက် ဆုံးသွားပါတယ်တဲ့။ အဲဒီလူတွေလည်း မကြာခင် စင်ကာပူပြန်လာကြမလားမသိဘူး။

၂။ January 2012, ကိုရီးယားဝမ်ငွေ တောင်ကိုရီးယားနိုင်ငံတွင် မြန်မာပြည်သို့ ငွေလွှဲလုပ်ငန်းလုပ်ကိုင်နေသော နိုင်သားလေး (ဖုန်း ၀၁၀၈၄၈၈၄၇၇၀ ဂျီမေးအကောင်.montharlay@gmail.com) ဆိုသူသည် မြန်မာပြည်သို့ငွေလွှဲရန် မြန်မာအလုပ်သမားများအပ်နှံထားသော ကိုရီးယားဝမ်သိန်းပေါင်း နှစ်ထောင်ကျော်ယူငင်ပြီး ထွက်ပြေးတိမ်းရှောင်သွားပါသည်။ ၎င်းကိုင်ဆောင်သောဖုန်းနှင့် ဂျီမေးအကောင့်ကို လည်း လုံးဝပိတ်ထားလိုက်ပါသည်။ ကိုသစ်ထူးလွင်မှ သတင်းအဖြစ် နောက်ထပ် အလုပ်သမားများ ကျွန်တော်တို့လို အလိမ်မခံရရေး အတွက် အသိပေးစေလိုပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာအသင်းအကြီးအကဲ ဦးဝိုင်းထံသို့မေးမြန်းနိုင်ပါသည်။ (ဖုန်း ၈၂ ၁၀၂ ၃၃၁၂၄၅၇) လို့ပါတဲ့အတွက် ဦးဝိုင်းကိုဖုန်းခေါ်ပါတယ်။ ဦးဝိုင်းဖြေကြားချက်က – အဲဒီလူငယ် ထိုင်းနိုင်ငံကနေ သူ့ဆီကိုဖုန်းဆက်တယ်။ သူကိုးရီးယားရောက်လာတာ ၆ နှစ်ရှိပြီ။ ဆိုင်ထောင်တယ်။ မကိုက်လို့ ဆိုင်ကိုသူများလွှဲလိုက်ပြီး ငွေလွှဲတာပဲလုပ်တယ်။ အကျပ်အတည်း တွေ့လို့ တခြားနိုင်ငံရှောင်သွားတယ်။ အခု ငွေပြန်လည်ပြီမို့ လွှဲငွေအားလုံးကို ပြန်ပေးပြီးတဲ့အတွက် သစ်ထူးလွှင်က ဒီသတင်းပြန်ဖြုတ်ပေးဖို့ ပြောပေးပါဆိုပဲ။

ဒီလူတွေလည်း မြန်မာပြည်ကလူလိမ်များလို ဥပဒေအရတရားစွဲလို့လဲမရနဲ့၊ လိမ်လည်မှုဖိုးတွန်တီးဆိုတော့ တော်တော်ခက်ပါတယ်။ ခပ် တည်တည် ဆိုင်ပြန်ဖွင့်နေနိုင်တာပဲ။ အံ့သြမိတယ်။

● ဆောင်းပါးနိဂုံး
ဒါကြောင့်ပဲ ပိုက်ဆံလိမ်ပြီး ပြည်ပထွက်ပြေးလာသူ မြန်မာများစွာ တတိယနိုင်ငံတွေမှာ ဒုက္ခသယ်အဖြစ်ငွေပေးပြီး၊ ရီဂျစ်စတာလုပ်လို့ အမေရိကား၊ သြစတြေးလျှားမှာ ငွေထုပ်ကြီးနဲ့ရောက်သွားသူများစွာ ၂၀၀၃ ဗိုလ်ချုပ်ခင်ညွန့် အနားပေးလိုက်ကတည်းကပါပဲ။ အဲဒီလူများ ဟာ ဒုက္ခသည်အတုများဖြစ်ပါတယ်။ ဟိုလူ..သည်လူ .. ဒုက္ခသည်အတုလို့ပြောနေမဲ့အစား ကိုယ်တိုင်ပဲ၊ လမ်းမှားကနေ – လမ်းမှန်ကို လျှောက်ပြီး၊ မိမိ မိသားစုဂုဏ်ကို မြှင့်တင်နိုင်သူများဘ၀ ပြန်ရောက်စေဖို့ မျှော်လင့်ပါတယ်။

အကောင်းမြင်ဖက်ကကြည့်ရင် မြန်မာပြည်တွင်းမှာလိမ်မရတဲ့လူများ ပြည်ပရောက် ရိုးရိုးအေးအေးနေတဲ့၊ မြန်မာလူမျိုးတွေလည်း သတိ ထားပေတော့လို့။
From Moemaka

Monday, February 13, 2012

ဖဒို မန်းရှာလားဖန်း ကိုယ်ရေးအကျဉ်းချုပ်


ဖဒို မန်းရှာလားဖန်း
အထွေထွေ အတွင်းရေးမှူး
ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)
ကိုယ်ရေးအကျဉ်းချုပ်

· ဖဒို မန်းရှာလားဖန်းအား ၁၉၄၃ ခုနှစ် ဇူလိုင်လ (၅)ရက်နေ့တွင် ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် တောကျောင်းကျေးရွာနေ အဖ မန်းဘသော်နှင့် အမိ ဂါ့နမ့်တင် တို့မှ မွေးဖွားခဲ့သည်။ မွေးချင်းမောင်နှမ (၂)ယောက်အနက် ဒုတိယမြောက်သား ဖြစ်သည်။ အမည်ရင်း မန်းချစ်ရွှေ ဖြစ်ပြီး တော်လှန်ရေး အမည်မှာ မန်းရှာလားဖန်း ဖြစ်သည်။
· ၁၉၅၉-၆၀ ခုနှစ်တွင် ပန်းတနော်မြို့နယ် ယင်းတိုက်ကုန်း အလယ်တန်းကျောင်းတွင် မူလတန်းနှင့် အလယ်တန်းပညာကို သင်ယူခဲ့ပြီး ပန်းတနော် အထက်တန်းကျောင်းတွင် (၈)တန်းအောင်မြင်ကာ ရန်ကုန်မြို့တွင် အထက်တန်း အောင်မြင်ခဲ့သည်။
· ၁၉၆၂ ခုနှစ် ရန်ကုန်မြို့၌ တက္ကသိုလ်ပညာကို သင်ကြားရင်း ၁၉၆၂ ခုနှစ် ဆဲဗင်းဇူလိုင် အရေးအခင်းတွင် ပါဝင် လှုပ်ရှားခဲ့သည်။ ၁၉၆၆ ခုနှစ်၌ တက္ကသိုလ် ၀ိဇ္ဇာတန်းကို သမိုင်းအဓိကဘာသာဖြင့် ဘွဲ့ရရှိခဲ့သည်။
· ၁၉၆၃ ခုနှစ်ကုန်ပိုင်းတွင် ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ)နှင့် ဆက်သွယ်၍ ၁၉၆၆ ခုနှစ်အထိ ကေအဲန်ယူ၏ မြေအောက်လှုပ်ရှားမှု တာဝန်များကို ဆောင်ရွက်ခဲ့သည်။
· ၁၉၆၇ ခုနှစ်တွင် ပဲခူးရိုးမ ကရင်တော်လှန်ရေး နယ်မြေထဲသို့ ၀င်ရောက်လာခဲ့ပြီး ကရင်အမျိုးသား အစည်းအရုံး၏ တာဝန်များကို ထမ်းဆောင်ခဲ့သည်။
· ၁၉၇၅ ခုနှစ်တွင် ကေအဲန်ယူ တပ်မဟာ (၃)နယ်မြေ ညောင်လေးပင်ခရိုင်၏ တွဲဖက်အတွင်းရေးမှူး အဖြစ် တာဝန်ပေးအပ်ခြင်းခံရပြီး ၁၉၈၄ ခုနှစ်အထိ တာဝန်ယူခဲ့သည်။
· ၁၉၇၆ ခုနှစ်တွင် ကရင်တော်လှန်ရေး ရဲမေ နမ့်ကျင်ရွှေနှင့် ကေအဲန်ယူ ညောင်လေးပင်ခရိုင်တွင် လက်ထပ်ခဲ့ပြီး စောစေးစေး၊ နမ့်ဘွားဘွားဖန်း၊ နမ့်ဇိုယာဖန်း၊ စလုံ့ဖန်း သားသမီး(၄)ဦး ထွန်းကားခဲ့သည်။

· ၁၉၈၄ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု (NDF) ဗဟိုသဘာပတိ အဖွဲ့ဝင်တဦးအဖြစ် တာဝန်ယူခဲ့ပြီး ၁၉၈၄ ခုနှစ် ကရင်နီနယ်စပ်မှ ရှမ်းပြည်တောင်ပိုင်း၊ ရှမ်းပြည်မြောက်ပိုင်း၊ ကချင်ပြည် နယ်စပ်အထိ မြောက်ပိုင်း ခရီးရှည် စည်းရုံးရေးခရီးစဉ်တွင် KNPP, KNU, ALP, PPLO, NMSP, KIO, SSPP အဖွဲ့များမှ တိုင်းရင်းသား ခေါင်းဆောင်ကြီးများနှင့်အတူ ဒုတိယ စစ်ရေးခေါင်းဆောင်တဦးအဖြစ် ပါဝင်ခဲ့သည်။ ထိုခရီးစဉ်တွင် (NDF)၏ တိုင်းရင်းသား လူမျိုးများ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး၊ စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ်များကို ဒေသခံ တိုင်းရင်းသား ခေါင်းဆောင်များ၊ ပြည်သူများအား တက်တက်ကြွကြွ ဆွေးနွေး ဆောင်ရွက်ခဲ့သူ ဖြစ်သည်။
· ၁၉၈၄ ခုနှစ်တွင် ကေအဲန်ယူ ဗဟိုကော်မတီ အဖွဲ့ဝင်တဦး ဖြစ်လာပြီး ၁၉၈၈ ခုနှစ်အထိ ဗိုလ်ချုပ်ကြီး စောဘိုမြ၏ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
· ၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံကြီးမှ တော်လှန်ရေး နယ်မြေအတွင်းသို့ ရောက်ရှိလာသည့် ကျောင်းသားများ စုစည်းရေး၊ ညီညွတ်ရေးနှင့် ပေါင်းစည်းရေး လုပ်ငန်းများကို အင်တိုက် အားတိုက် ဆောင်ရွက်ပေး ခဲ့သူ တဦး ဖြစ်သည်။
· ၁၉၈၉ ခုနှစ် မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် (DAB) စတင်ဖွဲ့စည်းရာတွင် ခေါင်းဆောင်တဦး အဖြစ် ပါဝင်ခဲ့ပြီး တိုင်းရင်းသား အင်အားစုများနှင့် ဒီမိုကရေစီ အင်အားစုများ စုစည်းရေးနှင့် ညီညွတ်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်ခဲ့သည်။
· ၁၉၉၂ ခုနှစ် စက်တင်ဘာ (၂၂)ရက်နေ့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB)ကို စတင်ဖွဲ့စည်းရာတွင် ပါဝင်ခဲ့ပြီး တွဲဖက် အထွေထွေ အတွင်းရေးမှူး(၃)အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ကွယ်လွန်သည့်အချိန်ထိလည်း (NCUB)၏ အတွင်းရေးမှူး အဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့သည်။
· ၁၉၉၅ ခုနှစ် (၁၁)ကြိမ်မြောက် ကေအဲန်ယူ ကွန်ဂရက်တွင် တွဲဖက် အထွေထွေ အတွင်းရေးမှူး (၂)အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရသည်။ ၁၉၅၅ ခုနှစ် ဒီဇင်ဘာလမှ ၁၉၉၆ ခုနှစ် နှစ်ကုန်အထိ ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ)နှင့် န၀တတို့ တွေ့ဆုံဆွေးနွေးပွဲ (၄)ကြိမ် ပြုလုပ်ခဲ့ရာ ၁၉၆၆ ခုနှစ် ဖေဖော်ဝါရီလ မော်လမြိုင်မြို့တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ဆွေးနွေးပွဲတွင် အဖွဲ့ခေါင်းဆောင်၊ ၁၉၉၆ ခုနှစ် ဇွန်လ ဗိုလ်ချုပ်ကြီး တာမလာဘော ဦးဆောင်သည့် မော်လမြိုင်မြို့တွင် ပြုလုပ်သည့် တတိယအကြိမ် ဆွေးနွေးပွဲတွင် ဒု-အဖွဲ့ခေါင်းဆောင်၊ ၁၉၆၆ ခုနှစ် နိုဝင်ဘာလ ဗိုလ်ချုပ်ကြီး တာမလာဘော ဦးဆောင်သည့် စတုတ္ထအကြိမ် ဆွေးနွေးပွဲတွင် ဒု-အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့သည်။
· ၂၀၀၀ ပြည့်နှစ် (၁၂)ကြိမ်မြောက် ကေအဲန်ယူ ကွန်ဂရက်တွင် ကေအဲန်ယူ၏ အထွေထွေ အတွင်းရေးမှူးချုပ် အဖြစ်၎င်း၊ ၂၀၀၄ ခုနှစ် (၁၃)ကြိမ်မြောက် ကွန်ဂရက်တွင်လည်း အထွေထွေ အတွင်းရေးမှူးချုပ် အဖြစ် ထပ်မံ ရွေးချယ်ခြင်း ခံခဲ့ရသည်။
· ဖဒို မန်းရှာလာဖန်းသည် စာရေးစာဖတ် ၀ါသနာထုံပြီး ကေအဲန်ယူ (ဗဟို)မှ ထုတ်ဝေသည့် စာစောင်ဂျာနယ်များတွင်လည်း “ရေဆန်”၊ “တော်လှန်သော ရဲဘော်တဦး”၊ “ဇိုယာဖန်း” စသည့် ကလောင်အမည်များဖြင့် တော်လှန်ရေး ခေါင်းဆောင်များ၊ ရဲဘော်များ၏ အတ္ထုပ္ပတ္တိအကျဉ်းများ၊ တော်လှန်ရေးနှင့် အတွေးအခေါ်ဆိုင်ရာ ဆောင်းပါးများ၊ ကဗျာများကို ရေးသားခဲ့သည်။
· ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ (၁၄)ရက်နေ့ ညနေ(၄)နာရီ (၄၆)မိနစ် အချိန်တွင် မသမာသူ လူတစု၏ လုပ်ကြံမှုကြောင့် ကျဆုံးခဲ့ရသည်။
ချစ်သမီးသို့
ရေဆန်
သမီးရေ
ဂန္တ၀င်ခရီးမှာ
နေ့ခင်းကြောင်တောင်
နေရောင်ခြည်အောက်
တောင်မြောက်ဘယ်မှာ
မသိပါ၍
ရပ်နေသူများလည်း ရှိပါသည်။

ညဥ့်နက်သန်းခေါင်
လမ်းစမှောင်လည်း
တောင်မြောက်သေချာ
သိနေပါ၍
လိုရာသွားနေသူလည်း ရှိပါသည်။

လေပြင်းအတိုက်
လှိုင်းအရိုက်မှာ
ငိုရှိုက်အော်မြည်
ဆောက်တည်ရာမဲ့
လွင့်ပျက်နေသူတွေလည်း ရှိပါသည်။

မုန်တိုင်းကထန်
လှိုင်းကထန်လည်း
ရေဆန်လေကြမ်း
ခရီးလမ်းကို
ဖြတ်သန်းနေသူတွေလည်း ရှိပါသည်။

သမီးရေ
စေတနာနှင့် အသိ
သတိနှင့် သီလ
ဝိရိယနှင့် ပညာ
သစ္စာနှင့် သမာဓိ
သတ္တိနှင့် စွန့်လွှတ်မှု
အရင်းပြု ခရီးနှင်
ဂန္တ၀င် ရက်မြတ်
ရဲရဲဖြတ်လော့ သမီး။

copy rights_http://saveburma.wordpress.com/2008/03/page/7/မှ

Saturday, January 21, 2012

၈၈ မျိုးဆက်ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်




၈၈ မျိုးဆက်ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်

၁။ကျွန်ုပ်တို့ ၈၈ မျိုးဆက်ကျောင်းသားများသည် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၁၉၈၈ ခုနှစ် ၈၈၈၈ အရေးတော်ပုံကြီးမှ စတင်၍ အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်နေကြသူများ ဖြစ်သည်။

၂။ ကျွန်ုပ်တို့နိုင်ငံသားများသည် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးမူဝါဒအမှားများ ဒီမိုကရေစီ ဆိတ်သုန်းမှုများကြောင့် ဆင်းရဲနွမ်းပါးမှု၊ ပညာရေး၊ ကျန်းမာရေးနိမ့်ကျမှုစသည့် လူမှုဒုက္ခ အ၀၀ကို ဆယ်စုနှစ်ငါးခုကျော် ခံစားခဲ့ကြရပြီးဖြစ်သည်။

၃။ ယနေ့အချိန်အထိ စစ်မှန်သော ဒီမိုကရေစီဖော်ဆောင်ရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ်သို့ ဦးတည် ကြိုးပမ်းကြရမည့် အချိန်ဖြစ်သည်ဟု ယုံကြည်သည်။

၎။ စစ်မှန်သော ဒီမိုကရေစီဖော်ဆောင်ရေးအတွက် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက်အား ထောက်ခံသည်။ ၈၈ မျိုးဆက် ကျောင်းသားများအနေဖြင့် အားပေးဝန်းရံသွားမည်။

၅။ ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေသော တွေ့ဆုံဆွေးနွေးရေး ဖြစ်စဉ်များမှတစ်ဆင့် ပိုမိုကျယ်ပြန့်ပြည့်စုံသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖြစ်ပေါ်စေရန် အမျိုးသားအင်အားစုအားလုံးနှင့် လက်တွဲဆောင်ရွက်သွားမည်။

၆။ နိုင်ငံတော်သစ်တည်ဆောက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များအား ပြန်လည်စုစည်းနိုင်ရန်၊ နိုင်ငံရေးအရ ထိန်းသိမ်းခံထားရသည့် ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လည်လွှတ်ပေးရေး၊ နိုင်ငံရေးအရ တိုင်းပြည်မှ ထွက်ခွာခဲ့ရသော ပြည်ပရောက်နိုင်ငံရေးအင်အားစုများ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေးတို့အတွက် ပြည်ထောင်စုအစိုးရမှ အမြန်ဆုံးဆောင်ရွက်ပေးပါရန် ကျွန်ုပ်တို့မှ အလေးအနက် တိုက်တွန်းအပ်ပါသည်။

၇။ အမျိုးသားစီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာ မြင့်မားလာစေရေးအတွက် နိုင်ငံတကာနှုန်းစံများနှင့်အညီ ကျင့်သုံးဆောင်ရွက်မှုများ၊ အိမ်နီးချင်းနိုင်ငံများအပါအ၀င် နိုင်ငံတကာမိသားစုများနှင့် ဆက်ဆံရေး တိုးမြင့်လာစေရန် ကြိုးပမ်းဆောင်ရွက်မှုများအား အားပေးထောက်ခံသွားမည်။

၈။ ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတော်သမ္မတဦးဆောင်သည့် အစိုးရအဖွဲ့၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တပ်မတော်အင်အားစု၊ နိုင်ငံရေးပါတီအသီးသီး၊ တိုင်းရင်းသားအင်အားစုများအပါအ၀င် မြန်မာ့လူ့အဖွဲ့စည်းတစ်ရပ်လုံးရှိ ပြုပြင်ပြောင်းလဲရေး အင်အားစုများနှင့် ကိုယ်စွမ်း ဥာဏ်စွမ်းရှိသမျှ ပူးပေါင်းဆောင်ရွက်သွားမည်။

၉။ မြန်မာနိုင်ငံဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးကြိုးပမ်းမှုများတွင် အားပေးကူညီထောက်ခံနေသော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၊ နိုင်ငံတကာမိသားစုများနှင့် လက်ရှိပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ယုံကြည်ထက်သန်စွာ အကောင်အထည်ဖော်နေသူအားလုံးအား ကျွန်ုပ်တို့ ၈၈ မျိုးဆက်ကျောင်းသားများမှ အလေးအနက် တန်ဖိုးထားအပ်ပါသည်။

၈၈ မျိုးဆက်ကျောင်းသားများ

Monday, December 12, 2011


Mann Nyein Maung arrested at Mingaladon Int’l

ဖဒိုမန်းငြိမ်းမောင် ကို မင်္ဂလာဒုံမှာ ရုံးထုတ်စစ်ဆေး
ပန်းသတင်းဂျာနယ်
ဒီဇင်ဘာ ၁၂၊ ၂ဝ၁၁
ကိုးကား – http://www.thithtoolwin.com/2011/12/blog-post_5594.html

KNU တပ်မဟာတွင် တာဝန်ထမ်းဆောင်ခဲ့သူ အမျိုးသားတစ်ဦး တရုတ်ပြည်မှ ရန်ကုန်လေဆိပ်သို့ လက်မှတ်အတုဖြင့် ဝင်ရောက်လာသဖြင့် မတရားအသင်းအက်ဥပဒေဖြင့် မင်္ဂလာဒုံတရားရုံးက ဒီဇင်ဘာ ၈ ရက်တွင် စစ်ဆေးနေကြောင်း သိရသည်။

သိုက်ထွန်း (ခ) ဖဒိုမန်းငြိမ်းမောင် ဆိုသူသည် သားထူးဇော် အမည်ဖြင့် နိုင်ငံကူးလက်မှတ် M-073525 ကိုင်ဆောင်၍ တရုတ်ပြည် ကူမင်းလေဆိပ်မှ ရန်ကုန်လေဆိပ်သို့ လွန်ခဲ့သည့် လပိုင်းအတွင်း လာရောက်ခဲ့ရာ လေဆိပ်ရဲစခန်းမှ တာဝန်ရှိသူများက ၎င်း ကိုင်ဆောင်ထားသော နိုင်ငံကူးလက်မှတ်ပေါ်တွင် လေဆိပ်လဝကအတွက် တံဆိပ်တုံး အတုရိုက်နှိပ်ထားသည်ကို စစ်ဆေးတွေ့ရှိရ၍ လေဆိပ်ရဲစခန်းက (ပ) ၈၀/၁၁၊ ပုဒ်မ ၄၂၀/၄၆၈/၄၇၁ နှင့် လဝက အက်ဥပဒေ (ပ) ၉/၁၁ ၁၉၄၇ ခုနှစ် လဝကအက်ဥပဒေပုဒ်မ ၆၁၃ (၁) ၁၇ (၇) (က) (ဃ) တို့ဖြင့် အမှုဖွင့်အရေးယူပြီး မင်္ဂလာဒုံတရားရုံးသို့တင်ပို့ရာ တရားရုံးက သိုက်ထွန်းအား အပြစ်ရှိကြောင်း စစ်ဆေးသိရှိရ၍ စက်တင်ဘာ ၂၇ ရက်က မင်္ဂလာဒုံတရားရုံးက ပုဒ်မ ၄၆၈ ဖြင့် ထောင်ဒဏ်ခြောက်လ လူဝင်မှုအက်ဥပဒေပုဒ်မ ၁၃(၁) အရ ထောင်ဒဏ်ခြောက်လ စုစုပေါင်းတစ်နှစ်ချမှတ်ခဲ့သည်။

“လေဆိပ်ရဲစခန်းက တာဝန်ရှိသူတွေအနေနဲ့ ပြည်ပအဝင်အထွက်တွေ စနစ်တကျ သေချာစစ်ဆေးတယ်။ မသင်္ကာတဲ့သူ၊ ပြစ်မှုကျူးလွန်တဲ့သူလို့ ယူဆရင် သီးခြားအခန်းမှာ အဲဒီသူရဲ့ ပစ္စည်းတွေကို တစ်ခုချင်းစနစ်တကျစစ်ဆေးနေပါတယ်။ လုံခြုံရေးကို တင်းတင်းကြပ်ကြပ်ဆောင်ရွက်နေပါတယ်” ဟု လေဆိပ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သိုက်ထွန်းဆိုသူကို ထပ်မံစစ်ဆေးချက်များအရ ၎င်းသည် တရားမဝင်အသင်းအဖြစ် ကြေညာထားသော ကရင်အမျိုးသားအစည်းအရုံး၊ KNU ဗဟိုကော်မတီဝင်၊ နောင်လွမ်းရာ၊ အုန်းပန်မြို့နယ် ထိုင်းနိုင်ငံမှဖြစ်ကြောင်း သိရှိရသည့် အပြင် ၎င်းသည် KNU တပ်မဟာ ၆ တွင်လည်းကောင်း၊ KNU အထူးတပ်ရန်း ၁၀၁ ဝမ်ခဂိတ်တွင် KNU အဖွဲ့ဝင်ဖြစ်ပြီး KNU ဗဟို ညီလာခံ ဗဟိုကော်မတီအဖြစ် ၎င်းတာဝန်ထမ်းဆောင်ခဲ့ကြောင်း စုံစမ်းသိရှိရသဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၏ (၃-၁၁-၁၈၈၉) ပါ အမိန့်ကြေညာစာ အမှတ် (၃/၈၉) ဖြင့် တရားမဝင်အသင်းအဖြစ် ကြေညာထားသော KNU တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အတွက် သတင်းအဖွဲ့မှ တရားလိုပြုလုပ်ကာ တိုင်တန်းသဖြင့် မင်္ဂလာဒုံရဲစခန်းမှ (ပ) ၆၉၀/၁၁၊ မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇(၁) ဖြင့် ဒီဇင်ဘာ ၈ ရက်တွင် အမှုဖွင့်ကာ ထပ်မံစစ်ဆေးလျက်ရှိသည်။
from moemakha

Friday, November 11, 2011

KNU ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော် မတီကို ဖွဲ့လိုက်ပြီ

နိုဝင်ဘာလ ၁၁ရက်။ (ကေအိုင်စီ)

Photo-Nan Paw Gay (ကေအဲန်ယူ ဒုဥက္ကဌ ပဒိုစောဒေးဗစ်သကဘော)
မန်မာအစိုးရနှင့် ငြိမ်းချမ်းရေးကိစ္စများ ဆွေးနွေးရန်အတွက် ကရင်အမျိုးသားအစည်းအရုံး(KNU)က ငြိမ်းချမ်းရေးဖော်ဆောင် ရေးကော်မတီကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ကေအိုင်စီက စုံစမ်းသိရှိရသည်။

နိုဝင်ဘာလ ၈ရက်နေ့မှ ၁၁ရက်နေ့အထိ ပြုလုပ်ခဲ့သည့် KNU ၏ အရေးပေါ် အစည်းအဝေးတွင် အဖွဲ့ဝင် ၇ဦးပါသည့် အဆိုပါ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီကို ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

အဆိုပါကော်မတီတွင် ဥက္ကဌအဖြစ် KNU ဒုဥက္ကဌ ပဒိုစောဒေးဗစ်သကဘော၊ ဒုဥက္ကဌအဖြစ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူးစေး ဖိုး၊ အတွင်းရေးမှူးအဖြစ် ပဒိုစောဒေးဗစ်ထောတို့ဖြစ်ကြပြီး အဖွဲ့ဝင်များအဖြစ် အထွေထွေ အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်၊ ကျန်းမာရေးတာဝန်ခံ ဗိုလ်မှူးရောဂျာခင်၊ သစ်တောတာဝန်ခံ ပဒိုစောအားတိုးနှင့် ဖားအံခရိုင် ဥက္ကဌ ပဒိုစောအောင်မော်အေးတို့ ပါဝင်ကြောင်း သိရသည်။

အစိုးရသစ်နှင့် သွားရောက်တွေ့ဆုံမည့် KNU ကိုယ်စားလှယ်အဖွဲ့နှင့် သွားရောက်မည့် နေ့ရက်များကို ၎င်းအရေးပေါ် အစည်း အဝေးတွင် ရွေးချယ်သတ်မှတ်ခဲ့ခြင်း မရှိသေးသလို နေ့ရက် သတ်မှတ်ခြင်းလည်း မရှိသေးဟု သိရသည်။

သို့သော် ယခု ကော်မတီဖွဲ့စည်းမှုနှင့် ပတ်သက်၍ KNU ခေါင်းဆောင်များကို ကေအိုင်စီက ကြိုးစားဆက်သွယ်နေဆဲ ဖြစ်နေ သဖြင့် အသေးစိတ် အခြေအနေကို မသိရှိရသေးပေ။

KNU သည် ၂၀၀၈ခုနှစ်က ကျင်းပပြုလုပ်ခဲ့သည့် ၁၄ကြိမ်မြောက် ညီလာခံမှ ချမှတ်ဆုံးဖြတ်ထားသည့်အတိုင်း နိုင်ငံရေးပြဿ နာကို နိုင်ငံရေးနည်းအရ တစ်ဆင့်ချင်း ဖြေရှင်းသွားမည့်မူအပေါ်တွင် လုပ်ဆောင်သွားခြင်းဖြစ်သည်ဟု KNU အဖွဲ့ဝင်တစ်ဦး က ကေအိုင်စီကို ပြောသည်။

လေးရက်ကြာမြင့်သည့် KNU ၏ အရေးပေါ် အစည်းအဝေးသို့ ခရိုင်၊ တပ်မဟာ ၇ခုမှ ခေါင်းဆောင်များ ပါဝင်သည့် ဗဟိုကော် မတီဝင်များနှင့် အရံဗဟိုကော်မတီဝင်များသာ တက်ရောက်ခဲ့ကြခြင်း ဖြစ်သည်။

KNU ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီသည် ရှေ့ဆက် လုပ်ဆောင်သွားမည့် ကိစ္စရပ်များကို ဆက်လက်၍ ကြီးကြပ်စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ရက်နေ့က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် မြန်မာအစိုးရ၏ ဗဟို ကိုယ်စားလှယ်များ နှင့် KNU အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန် ဦးဆောင်သည့်အဖွဲ့တို့ အချိန် ၃နာရီကြာ ပဏာမ တွေ့ဆုံမှုပြုခဲ့သည်ဟု သိရ သည်။

၎င်းတွေ့ဆုံမှုတွင် မြန်မာအစိုးရဘက်မှ မီးရထားဝန်ကြီး ဦးအောင်မင်း၊ တြိဂံတိုင်းမှူး(ငြိမ်း) ဗိုလ်မှူးချုပ်ချစ်သန်း၊ ပညာရှင်များ ဖြစ်ကြသည့် ဒေါက်တာတင်မောင်သန်း၊ ဒေါက်တာကျော်ရင်လှိုင်၊ ဦးလှမောင်ရွှေနှင့် လုပ်ငန်းရှင်များဖြစ်သည့် ဦးငွေစိုး၊ ဦး တိုနီနှင့် ဦးကိုကိုမောင်တို့ ဇနီးမောင်နှံတို့ ပါဝင်ခဲ့ကြသည်။

ယင်းမတိုင်ခင် ပြည်နယ်အစိုးရ ကိုယ်စားလှယ်များနှင့် ၂ကြိမ် တွေ့ဆုံခဲ့မှုမှာ EC ဆုံးဖြတ်ချက် မပါဝင်သဖြင့် တရားမ၀င် ကြောင်း KNU ဒုဥက္ကဌ ပဒိုစောဒေးဗစ်သကဘောက ကေအိုင်စီကို ပြောဆိုခဲ့ပြီးဖြစ်သည်။

သို့သော်လည်း ကေအိုင်စီမှ လက်ခံရရှိသည့် သတင်းများအရ ၎င်းတရားမ၀င် တွေ့ဆုံမှုကို ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ် စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင်က ညွှန်ကြားကာ ဦးစောဖိုးနီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(ငြိမ်း)၊ ဘားအံမြို့။ သိက္ခာတော်ရဆရာတော်ဦးစောရင်မြရွှေ၊ ကော့ကရိတ်မြို့။ အရှင်ခေမာဝုဓ၊ တောရကျောင်းတိုက်၊ မြ၀တီမြို့။ အင်္ဂလီကန် အသင်းတော်လူကြီး ဦးစောဗစ်တာ၊ ဦးတင်အေး၊ ရွှေမြင်းဝန်ဘုရားဂေါပက(မြ၀တီမြို့)နှင့် ဦးစောအယ်ဝါးတို့က တွေ့ဆုံခဲ့ကြ ခြင်းဖြစ်သည်ဟု နယ်စပ်သတင်းများအရ သိရသည်။
From KIC

Sunday, November 6, 2011

မစ်ချဲလ်နဲ့  မင်းအောင်လှိုင် တွေ့ 


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နှင့် အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ်တို့ နေပြည်တော်၌ တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် မြန်မာ-အမေရိကန် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များ ဆွေးနွေးခဲ့ ကြောင်းသိရပါတယ်။


(လှိုင်ဘွားမောင်)

Wednesday, October 12, 2011

ဇာဂနာလွတ်ပြီ

ဇာဂနာလွတ်ပြီ

မြစ်ကြီးနားအကျဉ်းထောင်မှာ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ နာမည်ကျော် လူရွှင်တော် ဇာဂနာကို မြန်မာအစိုးရက အောက်တိုဘာလ ၁၂ ရက်နေ့မှာ လွှတ်ပေးလိုက်ပါတယ်။

Monday, October 3, 2011

အမျိုးသားပြန်လည်သင့်မြတ်ရေးအချိန်မဆွဲတော့သင့်ပြီ- စာရေးသူ-ဗိုလ်မှူးအောင်လင်းထွဋ်

ယနေ့မြန်မာနိုင်ငံ၏ကံကြမ္မာသည် အမျိုးသားပြန်လည်သင့်မြတ်ရေး အား သမ္မတဦးသိန်းစိန် ခေါင်းဆောင် သော လက်ရှိအစိုးရအသစ်နှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အတိုက်အခံလွှတ်တော် အတွင်း၊ အပြင်ပုဂ္ဂိုလ်များအချိန်မှီ မဆောင်ရွက်နိုင်လျှင် မကြာသောကာလတွင် တရုပ်နိုင်ငံ၏ ကိုလိုနီ ဖြစ်လာ လိမ့်မည့် အရေးကြိုတင်ဟောကိန်းထုတ်လိုပါသည်။ နေပြည်တော် အခြေအမြစ်မှလာသော သတင်းများအရ ရက်ပိုင်းအတွင်းကဒုတိယသမ္မတသီဟသူရဦးတင်အောင်မြင်ဦးတရုပ်နိုင်ငံသို့ လျှို့ဝှက်ခရီးထွက်ခွါသွားကြောင်း သိရပါသည်။ ဧရာဝတီမြစ်ဆုံရေ ကာတာကိစ္စအတွက် ဆွေးနွေးရန်သွားကြောင်း အတည်ပြုဆဲ သတင်းများ အရ သိရပါသည်။ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကတော့ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ သို့ရောက်ရှိနေပြီး သမ္မတအိမ်တော်မှတာဝန်ရှိသူများနှင့်သမ္မတ၏အထူးကိုယ်စားလှယ် DerickMitchell တို့နှင့်တွေ့ဆုံဆွေးနွေး နေပြီဖြစ်ပါသည်။

တရုပ်နိုင်ငံ သည် ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်း တို့နှင့်ပြဿနာဖြစ်နေသော South China Sea အတွင်း Spratly ကျွန်းစုအရေးကိစ္စ နှင့်ပတ်သက်၍ အာဆီယံအဖွဲ့ဝင် မြန်မာနိုင်ငံ အား တရုပ်နိုင်ငံ ဘက်မှထောက်ခံရန် ရပ်တည်ပေးရန်သမ္မတဦးသိန်းစိန်ကိုဖိအားပေးလျက် ရှိကြောင်း သိရပါသည်။ သမ္မတဦးသိန်းစိန် အနေဖြင့် တရုပ်နိုင်ငံ၏ တောင်းဆိုချက်ကို လက်ခံလိုစိတ်မရှိကြောင်း အာဆီယံနိုင်ငံများ နှင့် သာလက်တွဲသွားလိုသည့်ဆန္ဒရှိသဖြင့် တရုပ်ခေါင်းဆောင်များမကြေမနပ် ဖြစ်နေကြပါသည်။ Spratly ကျွန်းစုအရေးကိစ္စ ဖြစ်နေသောနိုင်ငံများအနေဖြင့်လည်း လက်ရှိအနေအထားအရ တရုပ်တို့ကို ရင်ဆိုင်ရန် အမေရိကန်နိုင်ငံ ထံမှ စစ်ရေးအကူညီရရေး ချဉ်းကပ်နေကြပါသည်။ သို့သော် မြန်မာအစိုးရအနေဖြင့်မူ တရုပ် နိုင်ငံအစိုးရကို ပေါ်ပေါ်ထင်ထင် မဆန့်ကျင်ရဲသလို လူ့အခွင့်အရေးချိုးဖေါက်မှုများကြောင့် အမေရိကန်အစိုးရ ကိုချဉ်းကပ်ရန် မဝံ့မရဲဖြစ်နေရသည့် အခြေအနေမျိုးဖြစ်နေပါသည်။

ထို့အပြင်စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၏ တစ်ဦးတည်းမှားယွင်းစွာဆုံးဖြတ်ခဲ့မှုကြောင့် မြန်မာနိုင်ငံ သည် တရုပ်အစိုးရ ၏ လက်ဝေခံဘဝရောက်ခဲ့ရပါသည်။ စာချုပ်ပေါင်းများစွာကို တရုပ်တို့ အလိုကျ လက်မှတ်ထိုးရေးထိုးပေးခဲ့ရသဖြင့် လက်ရှိ သမ္မတဦးသိန်းစိန် အစိုးရသည် ချီတုတ်ခံထားရသည့် သဘောဖြစ်နေပါသည်။ တရုပ်တို့၏ တောင်းဆိုချက်အတိုင်း သမ္မတဦးသိန်းစိန် အစိုးရသည် နယ်စပ်ဒေသရှိ ”ဝ“ နှင့် မိုင်းလား လက်နက်ကိုင်အဖွဲ့များ ကိုယခင်အခြေအနေများအတိုင်းနေထိုင်ခွင့်ပြုရန် သဘော တူညီခဲ့ရပါ သည်။ ယနေ့ မြန်မာတစ်မျိုးလုံး၏ အမျိုးသားရေးကိစ္စဖြစ်သော ဧရာဝတီမြစ်ကယ်တင်ရေး သည် အစိုးရအာဏာပိုင်အများစုအပါဝင် တစ်မျိုးသားလုံး၏ တောင်းဆိုမှုကြောင့် သမ္မတဦးသိန်းစိန် အနေဖြင့် ရေကာတာ တည်ဆောက်ရေးကို ရပ်တံ့ရန်ဆန္ဒရှိကြောင်းသိရပါသည်။သို့သော်တရုပ်အစိုးရ ဘယ်လိုတုံ့ပြန်မလဲဆိုတာ စောင့်ကြည့်ရပေ ဦးမည်။ ယခင်အစိုးရလက်ထက် တရုပ်တို့နှင့် သဘောတူလက်မှတ်ထိုးခဲ့သည့် ကိစ္စဖြစ်နေ၍ တရုပ်တို့၏ သဘောထားကိုပြန်လည်မေးမြန်းဘို့လိုသလိုကုန်ကျသုံးစွဲပြီးငွေကြေးများ မည်ကဲ့သို့ဆောင်ရွက်မည် ဆိုသည်ကိုလည်းညှိနှိုင်းရပေဦးမည်ဖြစ်ပါသည်။ ထို့ကြောင့် သီဟသူရဦးတင်အောင်မြင်ဦး တရုပ်နိုင်ငံသို့ သွားနေရပါသည်။

ဧရာဝတီမြစ်ဆုံရေ ကာတာ တည်ဆောက်မှု ကိစ္စ အတွက် မြန်မာပညာရှင်များ တရုပ်နိုင်ငံသို့ သွားရောက်စဉ် တရုပ်တာဝန်ရှိသူများမှ ရေကာတာတည်ဆောက်မှုကြောင့် ဆိုးကျိုးများဖြစ်လာမည်ကို သိရှိပြီး ဖြစ်သောလည်း ဘာကြောင့်လုပ်ရသလဲဆိုတော့” မင်းတို့အစိုးရ ကိုယ်တိုင်သဘောတူလို့ ငါတို့ လုပ်တာ၊မင်းတို့အစိုးရကိုမင်းတို့ အပြစ်တင်၊မင်းတို့အချင်းချင်းပြဿနာဖြစ်တာ ငါတို့နှင့်မဆိုင်ဘူး၊ ငါတို့ကတော့အကျိုးအမြတ်ရှိရင် ဘာမဆို လုပ် မှာဘဲ” လို့ပြောလွှတ်လိုက်ကြောင်းသိရပါသည်။ အကယ်၍ တရုပ်အစိုးရက ဧရာဝတီမြစ်ဆုံရေ ကာတာ တည်ဆောက်မှု ရပ်စဲရေးကို သဘောမတူခဲ့ဘူးဆိုလျှင် ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲဆိုတာကိုလဲ စဉ်းစားထားဘို့လိုမည်ဖြစ်ပါသည်။

သို့ပါ၍ ဧရာဝတီမြစ်ကယ်တင်ရေးအတွက် လက်ရှိဆောင်ရွက်နေသော အမျိုးသားပြန်လည်သင့်မြတ်ရေး အချိန်ဆွဲ မည်ဆိုပါက မြန်မာနိုင်ငံသည်မကြာမှီ တရုပ်တို့၏ရန်အန္တရယ် နှင့်ရင်ဆိုင်ရလာနိုင်ကြောင်းသုံးသပ် တင်ပြအပ် ပါသည်။

-ဗိုလ်မှူးအောင်လင်းထွဋ်

၂၀၁၁ ခုနှစ် စက်တင်ဘာ လ ၂၉ ရက်

ဝါရှင်တန်မြို့

from Dawnmanhon

Friday, August 26, 2011

အမေရိကန် အရှေ့ဘက်ကမ်းခြေသို့ ဟာရီကိန်း အီရင်းချဉ်းကပ်၊ အရေးပေါ်အခြေအနေထုတ်ပြန်ထား


အမေရိက ကုန်းမကြီးသို့ တစ်နာရီကီလိုမီတာ ၁၇၀ နှုန်းဖြင့်ဦးတည်လာနေသော အီရင်းဟာရီကိန်းမုန်တိုင်းကြောင့် မြောက်ကယ်ရိုလိုင်းနား မှ နယူးယောက်အထိ အရေးပေါ်အခြေအနေကြေငြာထားပြီး လူများကို ကုန်းမြင့်ရာသို့ရွှေ့ပြောင်းနေထိုင် ကြရန် အာဏာပိုင်များက သတိပေးကြေငြာချက်ထုတ်ပြန်လိုက်သည်။

ဟာရီကိန်း အီရင်းတိုက်ခတ်မှုကြောင့် အမေရိကန်အရှေ့ဘက်ကမ်းခြေဒေသကို လူများစွန့်ခွာရွှေ့ပြောင်းခဲ့ကြရပြီး အရှေ့ဘက်သို့ မုန်တိုင်းရွေ့လျားရာလမ်းကြောင်းတွင်ရှိသော ဘဟာမိန်း ကျွန်းလေးပေါ်တွင် အိမ်ရာပေါင်း များစွာပျက်စီးခဲ့ သည်။
အီရင်းဗဟိုသည် အမေရိကန်ပြည်ထောင်စုတည်ရှိရာ မြောက်ဘက်သို့ဦးတည်နေကြောင်းဆိုသည်။ ကာရိုလိုင်းနားမှ နယူးအင်္ဂလန်အထိ လူပေါင်း ၆၅ သန်း အိုးအိမ်စွန့်ခွာထွက်ပြေးရကြသည်။ ခုနှစ်နှစ်အတွင်း အရှေ့ဘက်ကမ်းခြေဒေသကို အင်အားအပြင်းဆုံးတိုက်ခတ်မည်ဖြစ်သည်။

ကြာသပတေးနေ့ညနေက တစ်နာရီ ၁၈၅ ကီလိုမီတာနှုန်းဖြင့် မြောက်ကာရိုလိုင်းနား ဟက်ထရက်စ်အငူ မြောကဘက် ၈၅၅ ကီလိုမီတာအကွာတွင်ဗဟိုပြုကာ တိုက်ခတ်နေကြောင်း ဖလော်ရီဒါ မိုင်ယာမီရှိ အမေရိကန်အမျိုးသားဟာရီကိန်းဌာနက ပြောသည်။
တစ်နာရီ ၂၂ မိုင်နှုန်းအရွေ့ဖြင့် မြောက်ဘက်-အနောက်မြောက်ဘက်သို့ရွေ့လျားလာနေသည်။ ကြသပတေးနေ့နှင့် သောကြာနေ့များတွင် အင်အားတိုးပွားလာနိုင်ကြောင်း ဌာနရှိ မိုးလေဝသခန့်မှန်းသူများက ခန့်မှန်းခဲ့ကြသည်။

“ဟာရီကိန်းမုန်တိုင်းတစ်ခု ဝင်ရောက်လာနိုင်တယ်ဆိုတာ လူတိုင်းသိပါတယ်။”
“ပြင်ဆင်နေဖို့အတွက် အချိန်အများကြီးမရဘူး၊ အဆင်သင့်ဖြစ်နေဖို့လိုတယ် ဆိုတာ လူတိုင်းနားလည်ထားရပါမယ်။”
ဟု ပြည်ထောင်စုအရေးပေါ်အခြေအနေစီမံကွပ်ကဲရေးဌာန အကြီးအကဲ ကရစ်ဖူဂိတ်က ပြောသည်။

မုန်တိုင်းသည် စနေနေ့နံနက်ပိုင်းတွင် နယူးယောက်သို့ မရောက်မီ မြောက်ကာရိုလိုင်းနားသို့ တိုက်ခတ်မည်ဖြစ်ပြီး မုန်တိုင်းနှင့်အတူ အလွန်အန္တရာယ်ကြီးမားသော ရေလှိုင်းကြီးများ ၃.၄ မီတာအမြင့်အထိရောက်ရှိလွှမ်းမိုးနိုင်ကြောင်း အမျိုးသားမိုးဇလဌာန ကပြောသည်။
သောကြာနေ့မနက်ပိုင်းအပြီး ရွှေ့ပြောင်းထွက်ခွါသွားရန် သတိပေးထားချက်ကို မလိုက်နာဘဲ ကျန်နေရစ်သူများကို နောက်ပိုင်း လာရောက်ကယ်ဆယ်နိုင်မည်မဟုတ်ကြောင်း မြောက်ကာရိုလိုင်းနား ဒဲရ်ကမ်းရိုးတန်းဒေသရှိ လူများကို အရေးပေါ်ကယ်ဆယ် ရေးလုပ်သားများက လိုက်လံသတိပေးကြေငြာလျက်ရှိသည်။

“ထွက်ခွာသွားဖို့သတိပေးနေချိန်မှာ ထွက်မသွားဘဲနေခဲ့တယ် ဆိုရင်တော့ ကျွန်တော်တို့က တရားစွဲမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ်တော့ အန္တရာယ်ကြားမှာ နေရစ်ခဲ့တယ် ဆိုတာသိရပါလိမ့်မယ်။” ဟု ဒေသဆိုင်ရာ တာဝန်ရှိသူ ကယ်လီဒေးဗစ်က ပြောသည်။

အခြေအနေအရလိုအပ်လာလျှင် အမျိုးသားလုံခြုံရေးတပ်သားအင်အား ၉၈,၀၀၀ လုပ်အားပေးရန် အသင့်ရှိကြောင်း အမေရိကန် စစ်ဘက်တာဝန်ရှိသူများက ကမ်းလှမ်းထားကြသည်။

ထို့ပြင် အင်္ဂါနေ့က ၅.၈ မဂ္ဂနီကျုပြင်းအားရှိ ငလျင်တစ်ခု ဝါရှင်တန်အပါအဝင် အဓိကမြို့ကြီးများတွင် မလှုပ်စဖူးလှုပ်ခတ်သွားခဲ့ သဖြင့် နောက်ထပ်စိုးရိမ်ကြောင့်ကျမှုတစ်ခု ရှိနေရပြန်သည်။

ပြည်နယ်အများအပြားရှိလူများ ကုန်းတွင်းပိုင်းသို့အရေးပေါ်ရွှေ့ပြောင်းမှုများကြောင့် ယာယီစခန်းများတွင် လူဦးရေတိုးပွားလာ လျက်ရှိခြင်းကြောင့် ပြည်ထောင်စုအာဏာပိုင်များက အစားအစာနှင့် သောက်ရေဗူးများ သန်းနှင့်ချီ၍စုဆောင်းထားကြောင်း ပြောသည်။

မုန်တိုင်းနှင့် ကီလိုမီတာ ၁,၂၀၀ အကွာတွင်ရှိသော နယူးယောက်မြို့၏ မြို့တော်ဝန် မိုက်ကယ်ဘလွန်းဘတ်ခ်ျက အနိမ့်ပိုင်းတွင် နေသော မြို့သူမြို့သားများအား တနင်္ဂနွေနေ့ အီရင်းမလာရောက်မီအမြင့်ပိုင်းများသို့ပြောင်းရွှေ့နေထိုင်ကြရန် နှိုးဆော်ထား သည်။

“မြေအနိမ့်ပိုင်းမှာ နေတဲ့သူတွေ ကားရှိတယ်ဆိုရင် အမြင့်ပိုင်းမှာသာ သွားရပ်ထားကြပါ။” သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်၍ ဘလွန်းဘတ်ခ်ျက ပြောသည်။

နယူးယောက်မြို့လူမှုဝန်ဆောင်အဖွဲ့အစည်းများက နယူးယောက်အိမ်ခြေယာခြေမဲ့များ အတွက် စခန်းများဖွင့်လှစ်ပေးထားနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ နယူးယောက် ရဲဌာနကလည်း ကယ်ဆယ်ရေးလုပ်ငန်းများ အဆင်သင့်ဆောင်ရွက်နိုင်ရေးအတွက် လှေငယ်အစီး ၅၀ ကိုမြေနိမ့်ပိုင်းတွင် ပို့ဆောင်ထားပြီးဖြစ်ကြောင်းဆိုသည်။ ရေများအလုံးအရင်းဖြင့် ဝင်ရောက်လျှံတက်နိုင် သဖြင့် ရေနှုတ်ရသွယ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရန် မီးသတ်ဌာနက ဆောင်ရွက်ခဲ့သည်။

ပူအာတိုရီကိုတွင် အီရင်းဝင်ရောက်တိုက်ခတ်သွားသဖြင့် ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများဖြစ်ပွားခဲ့သည်။ အင်္ဂါနေ့က ဆန်ဟွန်တွင် အသက် ၆၂ နှစ်ရှိ အမျိုးသမီးတစ်ဦး ရေလျှံနေသော မြစ်ကို သူမ၏မော်တော်ကားဖြင့် ဖြတ်ကူးရန်ကြိုးစားရင်း သေဆုံး သွားကြောင်း ရဲကပြောသည်။ ဒိုမီနီကန်သမ္မတနိုင်ငံတွင် မြစ်ရေလျှံခြင်း၊ ရေကြီးခြင်းနှင့် ရွှံ့မြေပြိုခြင်းများကြောင့် လူပေါင်း ၃၈,၀၀၀ ဦးနေရာရွှေ့ပြောင်းခဲ့ရသည်။

ကမ်ဘီတာမြို့တွင် အသက် ၄၀ နှစ် ရှိအမျိုးသားတစ်ဦး သူ၏နေအိမ်ရေနစ်မြုပ်သွားသောကြောင့် သေဆုံးခဲ့ကြောင်း၊ အယ်ဆီဘိုမြို့ တွင် အသက် ၄၂ နှစ်ရှိ ဟေတီရွှေ့ပြောင်းနေထိုင်သူတစ်ဦး မြစ်ထဲတွင်ရေနစ်သေဆုံးသွားကြောင်း သိရသည်။

တနင်္လာနေ့က အီရင်းဝင်ရောက်တိုက်ခတ်မှုကြောင့် ပူအာတိုရီကိုတွင် တစ်ဦးသေဆုံးခဲ့သည်။ အပျက်အစီး ဒေါ်လာသန်း ၅၀၀ ကျော်ရှိကြောင်း ပူအာတိုရီကို အာဏာပိုင်များက တွက်ချက်ထားသည်။
Source: Al Jazeera

Friday, August 12, 2011

မြစ်ဆုံရေကာတာ ဆိုးကျိုးကောင်းကျိုး

www.voanews.com/burmese မှ ကူးယူ ဖော်ပြသည်။

ဦးသန်းလွင်ထွန်း ။ ။ ကချင်ပြည်နယ် မြစ်ဆုံမှာ တည်ဆောက်နေတဲ့ ရေအားလျှပ်စစ်ထုတ်လုပ်ရေး ရေကာတာကြီးဟာ အလွန်အန္တရာယ်ကြီးမားတဲ့အတွက် လုပ်ငန်း ဆက်လက်မလုပ်ဆောင်သင့် ကြောင်း လေ့လာချက်အစီရင်ခံစာတခုက ၂၀၀၉ ခုနှစ်ကတည်းက အဆိုပြုထားပေမယ့် ဒီလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံထားတဲ့ တရုတ်အစိုးရနဲ့ မြန်မာအစိုးရဘက်ကပါ လျစ်လျူရှုခဲ့ပါတယ်။ တရုတ်နဲ့ မြန်မာပညာရှင်တွေ ကွင်းဆင်းလေ့လာပြီး တင်ပြခဲ့တဲ့ ဒီအစီရင်ခံစာကို လူသိရှင်ကြား ထုတ်ပြန် ကြေညာခဲ့ခြင်း မရှိပါဘူး။ ဒီ အစီရင်ခံစာကို မကြာခင်ကမှ ရရှိဖတ်ရှုခဲ့ရတဲ့ တရုတ်နဲ့ အာဆီယံအရေး လေ့လာသုတေသန ပြုနေတဲ့ အမေရိကန်နိုင်ငံ UC Berkeley တက္ကသိုလ်က ဦးမင်းဇင်က ဗွီအိုအေ ကို အောက်ပါအတိုင်း ပြောဆိုပါတယ်။

ဦးမင်းဇင် ။ ။ ပထမဆုံး တွေ့တာကတော့ စာမျက်နှာ (၉၀၀) ကျော်လောက်ဆိုတော့ ချက်ချင်း မဖတ်ဖြစ်ဘူး။ နောက်တော့ ဖတ်ကြည့်လိုက်တဲ့အခါမှာ အစောပိုင်းကလည်း သိပ်ပြီးတော့ တရုတ် ပညာရှင်တွေက အဓိကရေးတယ်ဆိုတော့ စိတ်ထဲမှာလည်း တရုတ်ပြည်ဆိုတော့ သာသာထိုးထိုး ရေးမှာပဲဆိုပြီး ကျနော်က ယူဆထားတာ။ အဲဒီ ယူဆချက်နဲ့ ဖတ်တာ ဖတ်ရင်းနဲ့ တခါမှ မကြားဘူးတဲ့ အချက်အလက်တွေ သိခဲ့ရတယ်။

ဥပမာ ဒီ မြစ်ဆုံရေကာတာ (၇) ခု ဆောက်တဲ့အထဲမှာ ရေကာတာ တခုတည်းကိုက စင်္ကာပူထက် ပိုပြီးကြီးတယ်။ နယူးရော့ခ်မြို့ကြီး တမြို့ စာလောက်ရှိတယ်။ ကမ္ဘာပေါ်မှာ (၁၅) ခုမြောက် အကြီးဆုံး ရေအားလျှပ်စစ် ရေကာတာကြီးဖြစ်မယ်။ ဒါမျိုးတွေ ကြားရတယ်။ အဲဒါမျိုးကြားရတဲ့အပြင် အဆိုးဆုံး ကြားရတာက အခုနပြောသလို ဒီကရမယ့် ရေအားလျှပ်စစ်ကို ၁၀၀ ရာခိုင်နှုန်းလုံး တရုတ်ပြည်ကပဲ အကျိုးကျေးဇူးရမယ်။ ဒီဘက်နောက်ပိုင်း သတင်းကြားရတာက ၉၉% တရုတ်ပြည်ဘက်ကို ရောင်းပြီး မြန်မာပြည်ကိုတော့ ၁% ပြန်ရောင်းမယ်လို့ သတင်းကြားရတယ်။ အဲဒီလိုမျိုးဟာတွေ ကြားရတယ်။

ပိုဆိုးတာက ဒီ ရေကာတာကြီးဟာ စစ်ကိုင်းပြတ်ရွေ့ကြောလို့ခေါ်တဲ့ ငလျင်ကြောကြီးနားမှာ ရှိတယ်။ ဒီဟာကလည်း အာရှတိုက်မှာ ငလျင်တွေ မကြာခဏ လှုပ်တဲ့အတွက်မို့ ဒီဟာက အန္တရာယ်များတယ် လို့ ပညာရှင်တွေက သုံးသပ်ကြတယ်။ ဒီ ငလျင်ကြောကြီးက ပြတ်ရွေ့ ကြောကြီးက တခုခုများ ဖြစ်ခဲ့ရင် ရေကာတာကြီး ပြိုသွားနိုင်တယ်။ အဲဒီလို မဟုတ်ဘဲနဲ့ ရေကာတာ ရေလှောင်ကန်ကြီးက အခုနပြောသလို စင်္ကာပူနိုင်ငံထက်ကြီးတဲ့အခါကျတော့ အဲဒီလောက်ကြီးတဲ့ဟာကြီးကနေ ရေပမာဏကြောင့်လည်း ပြတ်ရွေ့ ကြောကိုသွားပြီး လှုံ့ဆော်သလို ဖြစ်နိုင်တယ်။ ဒီလိုဖြစ်ပြီး ရေကြီးလို့ရှိရင် မြစ်ကြီးနားမြို့ကြီးက စက္ကန့် (၂၀) အတွင်း ရေမြုပ်နိုင်တယ်လို့ ပညာရှင်တွေ ပြောတာကို ကြားရတော့ အင်မတန်မှပဲ တုန်လှုပ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီ လေ့လာမှုအစီရင်ခံစာရဲ့ နံမည်ကိုက တည်ဆောက်မယ့် ရေကာတာတွေရဲ့  သဘာဝပတ်ဝန်းကျင်အပေါ်ကို ဘယ်လောက်အထိ သက်ရောက်မှု ရှိနိုင်မလဲကို ကြိုတင်ခန့်မှန်းချက်။ ဒီလို သဘာဝပတ်ဝန်းကျင်ပေါ် သက်ရောက်မှုကြိုတင်ခန့်မှန်းချက်တွေကို တကယ်တန်းကျတော့ အကုန်အကျခံပြီးတော့ အစီရင်ခံစာရေးခိုင်းတာလည်း China Power Investment Cooperation ခေါ် CPI ကော်ပရေးရှင်းကပဲ လုပ်တာဆိုတော့ ဒီ ကော်ပရေးရှင်းအနေနဲ့ မူလ ရည်မှန်းချက်ဖြစ်တဲ့ ဒီလို လေ့လာမှုတွေလုပ်ခိုင်းပြီးတော့ ဒီ လေ့လာမှုအစီရင်ခံစာကနေ ကြိုတင်ခန့်မှန်းပြီး တင်ပြတဲ့ အချက်တွေကို လိုက်နာရမယ့် တာဝန် သူတို့မှာ မရှိဘူးလား။

ဦးမင်းဇင် ။ ။ ကျနော်သိသလောက်တော့ တရုတ်အစိုးရနဲ့ မြန်မာအစိုးရတို့မှာ ဒီလိုမျိုးဟာတွေကို လိုက်နာဖို့အတွက် တာဝန်ခံထားတာ မရှိဘူးလို့ သိရပါတယ်။ ဒါပေမဲ့ ဒီ အစီရင်ခံစာကလည်း ယေဘုယျ လိုက်နာရမယ့် ဆန်းစစ်တဲ့အချက် (၁၀) ချက် ရှိပါတယ်။ အဲဒီ အချက် (၁၀) ချက်ထဲမှာမှ အချက် တခုကိုပဲ ဆန်းစစ်ရသေးတာဖြစ်ပါတယ်။ အဲဒီ ရေကာတာဆောက်မယ့် ဧရိယာ ပတ်ဝန်းကျင် ကိုပဲ ဆန်းစစ်ရသေးတာ ဖြစ်ပါတယ်။ ကျန်တဲ့ မြစ်အကြေပိုင်း ဧရာဝတီမြစ်အကြေပိုင်းတို့၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်ပိုင်းတို့ ကျန်တဲ့အကြောင်းအချက်တွေ အများကြီးရှိတယ်။ အဓိကအချက် (၉) ချက်။ အဲဒါတွေကို မလေ့လာရသေးဘူး။

ပထမ တချက်တည်းနဲ့ပင် တရုတ်အစိုးရက - အခုန ပြောတဲ့ CPI ကလည်း တရုတ်အစိုးရပိုင် ကုမ္မဏီ ဖြစ်ပါတယ်။ တရုတ်အစိုးရနဲ့ မြန်မာအစိုးရတို့က တခါတည်း ဒါကတော့ အခြေအနေ မဟန်တော့ဘူး လို့ထင်ပြီး ကျန်တဲ့လေ့လာမှုတွေကို ဆက်မလုပ်ခိုင်းဘဲ ရပ်လိုက်တာလို့ ကြားသိရပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီ အစီရင်ခံစာ စပြီးထွက်တဲ့ ပြုစုပြီးတဲ့အချိန်က ၂၀၀၉ ခုနှစ်။ အဲဒီ ၂၀၀၉ ခုနှစ် နောက်ပိုင်းမှာ မြစ်ဆုံရေကာတာလုပ်ငန်းတွေကလည်း စတင်နေပြီ။ တခြား ရေကာတာလုပ်ငန်းတွေ ကလည်း စတင်နေပြီဆိုတော့ ဒီ အစီရင်ခံစာကို လုံးဝလျစ်လျူရှုပြီးတော့ အလုပ်တွေကို ဒီအတိုင်းပဲ မျက်စိမှတ်ပြီတော့ လုပ်နေတဲ့သဘောကို ဆိုလိုချင်တာလား။

ဦးမင်းဇင် ။ ။ တချို့အပိုင်းတွေမှာ လိုက်နာမှုရှိကောင်းရှိလိမ့်မယ်။ ဥပမာ ကျနော်ကြားတာက တရုတ် ပညာရှင်တွေနဲ့ တရုတ်အာဏာပိုင်တချို့နဲ့ စကားပြောတဲ့အခါမှာ သူတို့ပြောတာက ဥပမာဆိုရင် မြန်မာ ရွှေ့ ပြောင်းခံရတဲ့ လယ်သမားတွေ၊ ကချင်ဒေသခံ တိုင်းရင်းသားတွေကို လျှော်ကြေးပေးတယ်။ အစီရင်ခံစာကတော့ ၁၀% လောက်တော့ ရင်းနှီးမြုပ်နှံမှုရဲ့  ၁၀% လောက်ကို လျော်ကြေးပေးခိုင်း ပါတယ်။ ဒါပေမဲ့ တရုတ်အစိုးရကတော့ ဒါကို ၅% ပေးတယ်လို့ သိရပါတယ်။ ဒါပေမဲ့လည်း တကယ့် တကယ် ပေးတဲ့ငွေတွေကို ဘယ်လိုဖြန့်ဝေသလဲဆိုတဲ့အခါကျတော့ မြန်မာနိုင်ငံမှာ စစ်အစိုးရနဲ့ သူ့ရဲ့  အာရှ Aisa World ကုမ္မဏီကနေ ဖြန့်ဖြူးတာဖြစ်တဲ့အတွက် လက်တွေ့မှာတော့ ဒေသခံလူထုတွေ ထင်သလောက်မရဘူး။ မရဘဲနဲ့ အခွင့်အရေးချိုးဖောက်မှုတွေ ပိုများတယ်ဆိုတာကို သတင်းစာဆရာတွေနဲ့ အန်ဂျီအိုသမားတွေက အထောက်အထားနဲ့ တင်ပြတာတွေ ရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒါ လူတွေရွှေ့ ပြောင်းခံရတဲ့ကိစ္စအပေါ်မှာပဲ အရေးယူမှု ထည့်တွက်မှု တစိတ်တပိုင်းရှိပြီးတော့ အစောက ကိုမင်းဇင် ပြောတဲ့ အစီရင်ခံစာထဲမှာ ကြိုတင်ပြီး သတိပေးထားတဲ့ ငလျင်ပြတ်ရွေ့ကြောကြီးပေါ်မှာ ရှိနေတဲ့အတွက် အန္တရာယ်ကြီးမားတဲ့အခြေအနေ။ ဒါမှမဟုတ်လို့ ရေကာတာကြီးဆောက်မယ့် ဧရိယာပမာဏက သိပ်ကြီးမားတော့ ရေကာတာကြီးမှာ စုဆောင်းလာမယ့် ရေကြောင့် ငလျင်ကြောကြီးကို သွားပြီးတော့ လှုံ့ဆော်သလို ဖြစ်သွားနိုင်မယ့် အခြေအနေ။ တကယ်လို့များ ကျိုးပေါက်သွားရင် အကြေ မြစ်ခြေဘက်မှာ ရေလွှမ်းခံရမယ့်အခြေအနေ။ ဒါတွေအကုန်လုံးကိုက ပြည်သူလူထုကိုရော လူသိရှင်ကြား အသိပေးမှုတွေ၊ ဒါမှမဟုတ် ကြိုတင်တိုင်ပင်မှုတွေ မရှိဘူးလား။

ဦးမင်းဇင် ။ ။ ဒီ အစီရင်ခံစာရဲ့ သူတို့ပြောတဲ့ အရေးကြီးဆုံး အကြံပြုချက်က ဘာလဲဆိုတော့ ရေကာတာ (၇) ခု ဆောက်မယ့် စီမံကိန်းကို လုံးဝဖျက်သိမ်းပါလို့ အကြံပြုပါတယ်။ အကယ်၍ မဖျက်သိမ်းနိုင်လို့ ဆက်ဆောက်ချင်တယ်ဆိုရင် (၇) ခု ဆောက်စရာမလိုဘူး။ အထူးသဖြင့် မြစ်ဆုံမှာ ဆောက်စရာမလိုဘဲနဲ့ မေခ-မလိခ နေရာမှာ အငယ်စား ရေကာတာလေး နှစ်ခု ဆောက်လို့ရပါတယ်။ အဲဒီ အငယ်စား ရေကာတာလေး နှစ်ခု ဆောက်ရင်လည်း ဒါက ရေကာတာ (၇) ခု ဆောက်ရင်ရမယ့် လျှပ်စစ်စွမ်းအင် ပမာဏကို မလျော့ဘဲ ရစေနိုင်တယ်လို့ ပညာရှင်တွေက သုတေသနပြု တင်ပြကြပါတယ်။ သဘောကတော့ ဒါကို ဖျက်ပါ။ မဖျက်နိုင်ရင် အငယ်စား နှစ်ခုဆောက်ပါ-ပေါ့။ အဲဒါကို အဓိကအကြံပြုချက်ကို မြန်မာစစ်အစိုးရနဲ့ တရုတ်အာဏာပိုင်တွေက လုံးဝလျစ်လျူရှုတာကို တွေ့ရပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ နှစ်ပိုင်း - တပိုင်းက ဘာလဲဆိုတော့ တရုတ်အစိုးရနဲ့ တရုတ် CPI - ရေကာတာ ဆောက်ပြီးရင်ရရှိမယ့် လျှပ်စစ်စွမ်းအားနဲ့ အကျိုးအမြတ်နဲ့ သူတို့ရဲ့  ရင်းနှီးမြုပ်နှံမှုတွေက တရုတ်ပြည်အတွက် အဓိကဖြစ်နေတော့ သဘာဝဘေးအန္တရာယ်ခံရမယ့် အခြေအနေတွေက ဗမာပြည်အတွင်းမှာ ဖြစ်နေတော့ သူတို့အနေနဲ့ ဂရုမစိုက်ဘူး ထားလိုက်ပါ။ ဒါပေမဲ့လည်း တဖတ်မှာ ပါဝင်နေတဲ့ မြန်မာအစိုးရပိုင်း။ အခု မြစ်ဆုံရေကာတာ စီမံကိန်းမှာ မြန်မာအစိုးရပိုင်းနဲ့ တခြား ပုဂ္ဂလိက ပိုင်းတွေ မြန်မာပိုင်းက ရင်းနှီးမြုပ်နှံနေတဲ့ ဦးဆောင်ပြီးလုပ်နေတဲ့လူတွေအနေနဲ့ကော ဗမာနိုင်ငံပိုင်းမှာ ကိုယ့်နိုင်ငံအတွင်းမှာ ဖြစ်မယ့် ရေရှည်ထိခိုက်မှုတွေကို သူတို့အနေနဲ့ ထည့်တွက်မှုမရှိဘူးလား။

ဦးမင်းဇင် ။ ။ တကယ်တော့ ဝမ်းနည်းစရာကောင်းတာက တရုတ်ပညာရှင်တွေရဲ့  အချက်အလက် အရပဲ ရမယ့်အကျိုးအမြတ် ၇၀% ကို တရုတ်နိုင်ငံက ယူမှာဖြစ်ပြီးတော့ သူတို့က ၃.၆ ဘီလီယံ ရင်းနှီးမြုပ်နှံထားတော့ ရမယ့်အကျိုးအမြတ်ရဲ့  ၇၀% ကို တရုတ်နိုင်ငံကယူမယ်။ မြန်မာနိုင်ငံကတော့ ၂၀% ရမယ်။ ၂၀% ဆိုတာ ဒေါ်လာနဲ့တွက်ရင် တနှစ်ကို သန်း ၅၀၀ လောက်ပဲ ရှိပါတယ်။ ကြားပွဲစားတွေက ၁၀% လောက် ရမယ်။ ကျနော်မြင်တာကတော့ ကြားပွဲစားတွေက သူတို့အတွက် အကျိုးစီးပွားသိပ်များတဲ့အခါကျတော့ ၁၀% ဆိုတဲ့ ပမာဏက သိပ်မနည်းပါဘူး။ သာမန် ပုဂ္ဂလိက အကြံပေးပညာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တို့ ရမယ့်ပမာဏက များပါတယ်။ အဲဒီအခါကျတော့ သူတို့တွေက ဒါကို မဖြစ်ဖြစ်အောင်။ ပညာရှင်တွေက မဆောက်နဲ့ ပြောပေမယ့် dam ဆောက်တာ ကိုက သူတို့အတွက် ပိုက်ဆံ ရပေါက်ရလမ်းဆိုတော့ သူတို့က မဖြစ်ဖြစ်အောင်လုပ်တဲ့ သဘောပါ။

မြန်မာစစ်အစိုးရဘက်ကတော့ တာဝန်မဲ့တဲ့အပိုင်းတွေ အများကြီးတွေ့ပါတယ်။ ဥပမာဆိုရင် မြစ်ကြီးနားကို စက္ကန့် ၂၀ အတွင်း ရေလွှမ်းမယ်။ မြစ်ကြီးနားတမြို့ လုံး ပျောက်သွားမယ်ဆိုတာကို ပညာရှင်တွေက ပြောတဲ့အခါမှာ မြန်မာစစ်တပ်က ဘာလုပ်သလဲဆိုတော့ မပခ လို့ခေါ်တဲ့ မြောက်ပိုင်းတိုင်းကို မြစ်ကြီးနားကနေ ပူတာအိုကို ရွှေ့ဖို့ အမိန့်ပေးပါတယ်။ ဒါကိုကြည့်မယ်ဆိုရင် မြန်မာ စစ်အစိုးရအနေနဲ့က ပြည်သူလူထုထက်စာရင် သူတို့ရဲ့  လုံခြုံရေး၊ သူတို့ရဲ့ စစ်တပ် မဟာဗျူဟာ ကိစ္စတွေကို စဉ်းစားနေတာ ဝမ်းနည်းစရာကောင်းတယ်လို့ ထင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒါ စစ်အစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှုလား။ တခြား ဘယ်ကုမ္မဏီတွေ မြန်မာဘက်က ပါဝင်ပတ်သက်နေသလဲ။

ဦးမင်းဇင် ။ ။ ရင်းနှီးမြှုပ်နှံမှု အပြည့်အဝကတော့ တရုတ်ပြည်က များပါတယ်။ မြန်မာပြည်ဘက်က တော့ ပါဝင်ဆောင်ရွက်ပေးတာကတော့ Asia World ကုမ္မဏီက အဓိကလုပ်တာပါ။ Asia World ကုမ္မဏီဆိုတာကလည်း စတီဗင်လော လို့ခေါ်တဲ့ ဦးထွန်းမြင့်နိုင်က လုပ်တာပါ။ ဦးထွန်းမြင့်နိုင် ကလည်း အနောက်နိုင်ငံတွေရဲ့ စီးပွားရေးအရ ပစ်မှတ်ထား အရေးယူမှုတွေမှာ သူက ဘိန်းလုပ်ငန်းနဲ့ ပတ်သက်တယ်ဆိုပြီး အရေးယူခံထားရတာ ဖြစ်ပါတယ်။ ဒါကလည်း အနောက်နိုင်ငံတွေမှ မဟုတ်ပါဘူး။ တရုတ်အစိုးရကိုယ်တိုင်လည်း သိပါတယ်။ ၂၀၀၉ ခုနှစ်လောက်က ဦးထွန်းမြင့်နိုင် တို့ ရန်ကုန်မှာ ဆောက်ထားတဲ့ သေဘာၤဆိပ္ကေန ထြက္သြားတဲ့ သေဘာၤေတြမွာ ဘိန်းတွေပါတယ်ဆိုပြီး တရုတ်အစိုးရက သတင်းပေးလို့ မြန်မာစစ်တပ်က ဖမ်းခဲ့တယ်ဆိုတာ သတင်းထဲမှာ ဟိုလေးတကျော်ပါနေတာပါ။

ကျနော်ပြောချင်တာက Asia World ကုမ္မဏီက အဓိကပတ်သက်တယ်။ မြန်မာစစ်တပ်ထဲက စစ်ခေါင်းဆောင်တွေ ကြားရတဲ့သတင်းအရဆိုရင် ဦးတင်အောင်မြင့်ဦးတို့ အဓိက ပတ်သက်တယ်လို့ သိရပါတယ်။ အဲဒီ ပုဂ္ဂိုလ်တွေက အဓိကပတ်သက်တာမို့လို့ ဒီကိစ္စကို ပြန်လည်သုံးသပ်ဖို့ ပညာရှင်တွေရဲ့ အကြံပြုချက်ဟာ ထင်သလောက်မပေါက်ဘူး ဖြစ်နေပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒေသခံလူထုအနေနဲ့ ကျနော်တို့ကြားသိရတာကတော့ ဒေသခံ ကချင် လူထု၊ ဒေသခံ အန်ဂျီအိုတွေကနေ ရေကာတာစီမံကိန်းနဲ့ ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြမှုတွေ၊ ကန့်ကွက်တဲ့စာတွေ လေ့လာချက်တွေ ထုတ်ထားတာကို တွေ့ရပါတယ်။ အလားတူပဲ ကေအိုင်အို ကချင်အဖွဲ့ကလည်း တရုတ်ပြည်ကိုတောင် စာရေးထားတယ်ဆိုတဲ့ အချက်တွေလည်း ကြားရပါတယ်။ အဲဒါတွေနဲ့ ပတ်သက်လို့ ဒေသတွင်း အခြေအနေတွေက ဘယ်လိုလဲ။

ဦးမင်းဇင် ။ ။ လုပ်ကြပါတယ်။ ဒေသခံ ကချင် ရပ်မိရပ်ဖတွေကော၊ ကချင်က အန်ဂျီအိုတွေ အားလုံး ဝိုင်းပြီးတော့ ဒီကိစ္စကို မလုပ်ဖို့ တရုတ်အစိုးရနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တို့ကို အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့တာတွေ ရှိပါတယ်။ အခုနပြောတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA ကလည်း တရုတ်ပြည်ကို စာမျက်နှာ တစ်ရာကျော်လောက်ရှိတဲ့ အထောက်အထားတွေ ပူးတွဲပါဝင်တဲ့ စာတမ်းတွေ ပေးပို့တာရှိပါတယ်။ အဲဒီ စာတမ်းတွေမှာ တချို့ အချက်အလက်တွေကို သေသေချာချာ အထောက်အထားနဲ့ တင်ပြထားတာပါ။ ဥပမာဆိုရင် အဲဒီဒေသမှာ ၁၉၅၀ ကနေ ၂၀၁၀ အထိ ရေကြီးမှု အကြီးအကျယ် (၇) ကြိမ် ဖြစ်ခဲ့တယ်။ ဒါတွေကို အထောက်အထားနဲ့ တင်ပြထားတာကို တွေ့ရပါတယ်။

နောက်တခါ ပြတ်ရွေ့ ကြောကြောင့် မဟုတ်ဘဲ မြစ်က ရေစီးသန်တော့ ရေကြီးတဲ့အခါမှာလည်း ရေကာတာတွေရဲ့  အရည်အသွေးက သိပ်မကောင်းဘူး။ တရုတ်ရေကာတာရဲ့ အရည်အသွေးက သိပ်မကောင်းလို့ ရေကြီးတာကြောင့်လည်း ပြိုနိုင်ပါတယ်။ အဲဒါလည်း အထောက်အထားရှိပါတယ်။ ၂၀၀၆ ခုနှစ်က ချင်းခရိုင် ရေကာတာ မြစ်ကြီးနား နားမှာ ပြိုခဲ့ဖူးပါတယ်။ အဲဒါ ရေကြီးလို့ပါ။ လူ (၅) ယောက်လောက် သေခဲ့ပါတယ်။ အဲဒီလိုမျိုးပဲ ဝါရှောင်ဆည်ဆိုလည်း လုံးဝပျက်သွားတာ ရှိပါတယ်။ ဒါတွေက အထောက်အထားနဲ့တကွ အထက်ကို တင်ပြတာပါ။ အခုအချိန်အထိတော့ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်တွေရဲ့  တင်ပြချက်တွေကို အရေးတယူ စဉ်းစားတာ မတွေ့ရသေးပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ အခုနောက်ပိုင်း လေ့လာချက်စာတမ်း အပြင်ကိုပေါက်ကြားပြီးနောက်ပိုင်းမှာ ကိုမင်းဇင်တို့အနေနဲ့လည်း တရုတ်ပြည်ဘက်ကို ရောက်ခဲ့တယ်။ အလားတူပဲ မကြာသေးခင်က တရုတ်ပညာရှင်တချို့ ၊ မြန်မာပညာရှင်တချို့ နဲ့ တွေ့ခဲ့တယ်ဆိုတာကိုလည်း ကျနော်ကြားရပါတယ်။ သူတို့ရဲ့  သဘောထားတွေက ဘယ်လိုရှိပါသလဲ။

ဦးမင်းဇင် ။ ။ တရုတ်ဘက်ကတော့ များသောအားဖြင့် ဒါကို သူတို့က နှစ်နိုင်ငံအကျိုးစီးပွား။ ဒါက အားလုံးကောင်းဖို့အတွက်ဆိုပြီး ဗြောင်ငြင်း ခုခံတာကို တွေ့ရပါတယ်။ မြန်မာပညာရှင်တွေ၊ မြန်မာ အန်ဂျီအိုတွေနဲ့ မြန်မာပြည်သားတွေကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး တော်တော်ကို မခံမရပ်နိုင် ဖြစ်ကြပါတယ်။ ဒါကတော့ သူတို့အတွက် ဒါကို မြစ်ဆုံပြဿနာလို့ ကြည့်လို့မရပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီလေ့လာချက်ဟာ အချက်တချက်ကိုပဲ လေ့လာရသေးတာပါ။

ဥပမာဆိုရင် ဒီမြစ်ကြီးကို အဆင့် (၇) ဆင့် ပိုင်းလိုက်လို့ နုန်းမြေစီးဆင်းမှုတွေ မရှိတော့ဘဲနဲ့ မြစ်ဝကျွန်းပေါ်မှာ စပါးအထွက်တွေ နည်းသွားမယ်။ မြစ်ကြီးနှေးသွားတဲ့အတွက်ကြောင့် ပင်လယ်ရေတွေ ဝင်လာပြီး ပင်လယ်ရေတွေကြောင့် မြစ်ဝကျွန်းပေါ် ပျက်နိုင်တယ်။ အဲဒီလိုမျိုး မြစ်ကောသွားနိုင်တယ်။ အများကြီးရှိပါတယ်။ ဖြစ်နိုင်ချေတွေ။ ဒါတွေကို စံနစ်တကျ သုတေသနပြုပြီး ဒါတွေကို ပညာရှင်တွေက အစီရင်ခံစာတွေ ထပ်တင်သွင်းသင့်ပါတယ်။ အဲဒီလိုမျိုး မလုပ်ဘဲ ဒါကို အမှောင်ချထားတဲ့အတွက်ကြောင့် ဗမာလူမျိုးတွေ၊ ဗမာနိုင်ငံသားတွေအားလုံးကတော့ ဒါကို မခံမရပ်နိုင် ဖြစ်ပါတယ်။ ဒါတွေကို ခြုံကြည့်မယ်ဆိုရင် တရုတ်ကတော့ ကိုသန်းလွင်ထွန်း ပြောသလိုမျိုး သူ့ရဲ့ နိုင်ငံရေးဘောဂဗေဒ စီးပွားရေးအကျိုးစီးပွားအတွက် လုပ်မှာပါပဲ။ ကျနော်တို့ မြန်မာနိုင်ငံသားတွေက ဒီကိစ္စကို ကိုယ်လည်း ရမှာပါ ဘာမှမရှိဘူး။ ပေးလိုက်ရမှာက မြန်မာပြည် ပြောင်းသွားမယ့် ကိစ္စဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျနော်တို့တွေကိုယ်တိုင် ဒီကိစ္စကို ထထကြွကြွနဲ့ ပညာရှင်တွေရဲ့  အကြံဉာဏ်ကိုယူ၊ ဖြစ်နိုင်မယ်ဆိုရင် ဒီ dam ကို ချက်ချင်းရပ်ဆိုင်းဖို့ အားလုံး ဝိုင်းကြိုးစားကြ။ ဒီကိစ္စမှာ တပ်မတော်၊ လက်ရှိအစိုးရနဲ့ အတိုက်အခံတွေအားလုံး ပါနိုင်မယ် ဆိုရင်တော့ တိုင်းပြည်အတွက် ပိုကောင်းပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ တရုတ်နဲ့ အာဆီယံအရေး လေ့လာသုတေသနပြုနေတဲ့ အမေရိကန်နိုင်ငံ UC Berkeley တက္ကသိုလ်က ဦးမင်းဇင် ကို ဆက်သွယ်မေးမြန်းထားတာပါ။

Monday, August 8, 2011

မြောက်ကယ်ရိုလိုင်းနားမှ 8888 အခမ်းအနား



အမေရိကန်ပြည်ထောင်စု၊ မြောက်ကယ်ရိုးလိုင်းနား ပြည်နယ်၊ နယူးဘန်းမြို့တွင်လည်း ၈၈ နှစ်ပတ်လည်နေ့ကို ကျင်းပပါတယ်။Glen burnie park မှာ ပြုလုပ်တဲ့ ဒီအစီအစဉ်ကို နယူးဘန်းမြို့ရောက် မွန် ရခိုင် ရှမ်း ကရင် မြန်မာ ချင်း စုစုပေါင်း ၁၀၀ ၀န်းကျင် တက်ရောက်ပါတယ်။အခမ်းအနားမှာ ကာတွန်းကဗျာ ပိုစတာ ဓါတ်ပုံ ပြပွဲလည်း ပါဝင်၈၈ ရင်ဆိုင်ဖြတ်သန်းမှု အတွေ့ အကြုံဟောပြောမှုလည်း ပါပါတယ်။မနက် ၁၁ နာရီကနေ နေ့ခင်း ၂နာရီအထိ ကျင်းပတဲ့ ဒီအခမ်းအနား ဖြစ်မြောက်ရေးအတွက် အဝေးရောက် ၈၈ မျိုးဆက် အဖွဲ့က စီစဉ်ခဲ့တာပါ။

အလှူရှင်များရဲ့ ဒန်ပေါက်၊ မုန့်ဟင်းခါး၊ ပဲကြော်၊ ဗူးသီးကြော်၊ ဖရဲသီး ဖျော်ရည်တို့နဲ့လည်း ဧည့်ခံတာ တွေ့ရပါတယ်။

Wednesday, July 20, 2011

ဟင်္သာတ ရေကြီး

Wednesday, July 20, 2011 ဇာနည်မာန်

ဂျူလိုင်လ ၉ ရက်နေ့ညကတည်းက သည်းသည်းမည်းမည်း အဆက်မပြတ်ရွာတဲ့မိုးကြောင့် ဧရာဝတီတိုင်း ဟင်္သာတမြို့မှာ နှစ် ၂၀ အတွင်း ထူးထူးခြားခြား ရေကြီးနေတယ်လို့ သတင်းရပါတယ်။ ဆင်ခြေဖုံး ရပ်ကွက် ၃ ခုနှစ် မြို့ပေါ်က ရပ်ကွက်၂ ခုမှာ အိမ်တွေတော်တော်များများ ရေမြုပ်ကုန်ပြီး လူသေဆုံးမှု၊ နေအိမ်တွေပျက်စီးမှုတော့မရှိဘူးလို့ ဟင်္သာတမြို့ခံတွေက ပြောပါတယ်။ ရေမြောင်းတွေပိတ်နေတာကြောင့် မိုးကြီးတော့ ရေဆင်းမကောင်းတော့ပဲ ရေမြုပ်တာလို့ ဆိုပါတယ်။ ဟင်္သာတမြို့ ပဒေသာဈေးကို ပိတ်လိုက်ရပြီး မြ၀တီ၊ ပင်လုံနဲ့ အေးမြသာယာ ရပ်ကွက်တွေမှာ ရေက ၄ ပေကျော်တက်နေတာကြောင့် ရေလွတ်ရာကို ရွှေ့ပြောင်းနေကြတယ်လို့ ဆိုပါတယ်။ ပန်းဘဲတန်းနဲ့ ဘုရားကြီးရပ်ကွက်မှာကတော့ ကားလမ်းပေါ်အထိ ရေမြုပ်နေတယ်လို့ သိရပါတယ်။
source Irrwaddy

Sunday, July 3, 2011

ွှThailand First female Primister (ထိုင်းနိုင်ငံ ပထမဆုံး အမျိုးသမီး ၀န်ကြီးချုပ် ရင်လတ် ရှင်နဝပ်


Bangkok: The opposition won Thailand’s general election by a landslide on Sunday, exit polls showed, paving the way for Yingluck Shinawatra to become the country’s first female prime minister in a victory for a red-shirted political movement.

Television showed Yingluck, younger sister of former prime minister Thaksin Shinawatra, swarmed by flashing cameras and journalists after exit polls showed her Puea Thai (For Thais) party winning a clear majority of the 500 seats in parliament.

“Let’s wait for the official results. I will tell you how I feel tonight,” she told cheering supporters.

An exit poll by Bangkok’s Suan Dusit University, considered the most historically reliable, showed Puea Thai winning 313 seats with Prime Minister Abhisit Vejjajiva’s Democrat Party taking just 152. Bangkok’s Assumption University (ABAC) put the number of seats won by the opposition at 299.

The red shirts have rallied around Yingluck and accuse Abhisit of colluding with the army with impunity — grievances that have simmered since a 2006 military coup overthrew her brother.

Thaksin, a former telecommunications tycoon, scored landslide election wins in 2001 and 2005 by appealing to the poor with populist policies, from cheap credit to universal healthcare. Yingluck hopes to tap his supporters.

Abhisit, 46, an urbane economist born in Britain and educated at Oxford, has warned of instability ahead if Yingluck wins. He blames the red shirts for last year’s violence and casts Thaksin as an authoritarian crony capitalist.

His backers — the royalist establishment and urban middle class — want Thaksin to serve a two-year prison term for conflict of interest offences. They say Yingluck is a proxy for her brother and would clear the way for Thaksin’s return.

Abhisit had hoped to win a mandate from the people after coming to power in a controversial 2008 parliamentary vote when a pro-Thaksin ruling party was dissolved by the courts. His Democrats have not won an election in nearly 20 years.

Throughout the six-week campaign, the two sides have presented similar populist campaigns of subsidies for the poor, improved healthcare benefits and infrastructure investment including high-speed rail systems across the country.

The election is Thailand’s 26th since it became a democracy in 1932, ending seven centuries of absolute monarchy. It has since been governed by 17 constitutions and has experienced 18 military coups, either actual or attempted.

Recent opinion polls had suggested Puea Thai would win at least 240 seats, a threshold that is no guarantee it could govern. Most had doubted it either side would secure an outright majority, predicting back-room talks with smaller parties would prove crucial for forming a coalition.

Investors are watching. Thailand, Southeast Asia’s second-biggest economy and a base for automakers including General Motors Co has struggled to execute long-term planning — from major infrastructure to much-needed economic reforms.

The vote is also a test for Thailand’s courts, which have handed down rulings that have removed two prime ministers, disbanded six parties, jailed three election commissioners and banned more than 250 politicians since the 2006 coup.

Analysts and legal experts say those precedents suggest the courts could ultimately dictate who holds political power in the months after the election.

According to some reports, the Puea Thai camp had been in talks with the generals to find some way of working together should it emerge victorious. Puea Thai would be allowed to govern and the military top brass would remain in place, with early reshuffles limited to middle ranks.

Reuters

Thursday, June 23, 2011

ဂျာနယ်များတွင် ဖော်ပြခွင့်မရသော တိုင်းရင်းသား ရေးရာ ဆောင်းပါး။

သောကြာနေ့၊ ဂျွန်လ ၂၄၊ ၂၀၁၁


တိုင်းရင်းသား ပြည်သူတွေနှင့် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး

ငြိမ်းဆက်လင်း(မြစ်မခ)

နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံမေးမြန်းဖြစ်တိုင်း ကျွန်မမှာ တူညီတဲ့ မေခွန်းတစ်ခုကို အမြဲ မေးလေ့ရှိခဲ့ပါတယ်။ `တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးအတွက် ဘယ်လို ရည်မှန်းချက်မျိုး ရှိပါသလဲ`ဆိုတဲ့ မေးခွန်းပါပဲ။ အထူးသဖြင့် တိုင်းရင်းသားပါတီတွေက ခေါင်းဆောင်တွေ ဖြေတဲ့အဖြေနဲ့ အခြား နိုင်ငံရေးပါတီက ခေါင်းဆောင်တွေ အများစုကတော့ တိုင်းရင်းသားတွေ အားလုံး စည်းလုံးညီညွှတ်စေချင်တယ်။ ပြည်တွင်းစစ် မဖြစ်လိုဘူး ဆိုတဲ့ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးကို အမှန်တကယ်ကို့ သဘောညီကြတာလည်း တွေ့ရပါတယ်။

ကျွန်မတို့ မြန်မာနိုင်ငံမှာ မြန်မာလူမျိုးက ၆၀% နေထိုင်ကြပြီး အခြားတိုင်းရင်းသားများက ၄၀% ၀န်းကျင်ခန့် နေထိုင်ကြပါတယ်။ မြန်မာပြည်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသားပေါင်း ၁၃၅ မျိုး ရှိကြောင်း၊ရှမ်းတိုင်းရင်းသားနဲ့ ကရင်တိုင်းရင်းသားတို့ကတော့ တိုင်းရင်းသားလူမျိုးတွေထဲမှာ လူဦးရေအများဆုံးနဲ့ လူမျိုးကြီးတွေဖြစ်ကြောင်း အကြမ်းအားဖြင့် ယေဘူယျလေ့လာခဲ့ဖူးပါတယ်။ ကျွန်မကိုယ်တိုင်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့လေးတစ်မြို့မှာ ကြီးပြင်းခဲ့သူ ဖြစ်တဲ့အတွက် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးကို စိတ်ဝင်တစား၊ အလေးထားမိခဲ့ပါတယ်။

ကျွန်မငယ်ငယ်တုန်းကတော့ တိုင်းရင်းသားတွေနဲ့ပတ်သက်ပြီး အသိထဲမှာ စွဲနေတာက ၁၉၄၇ ခုနှစ်တုန်းက ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ပါပဲ။ ငယ်စဉ်က သင်ကြားခဲ့ရတဲ့ မြန်မာ့သမိုင်းမှာလည်း ပါဝင်ခဲ့တယ်၊ ကျက်ခဲ့ မှတ်ခဲ့ဖူးတာကြောင့်လည်းစွဲနေခဲ့ခြင်းဖြစ်ပါလိမ့်မယ်။ ပင်လုံစာချုပ်ကို ရှမ်း၊ ကချင်၊ ချင်း စတဲ့ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေအပါအ၀င် တိုင်းရင်းသားပေါင်းစုံပါဝင်ပြီး ချုပ်ဆိုခဲ့ကြရင်း လွတ်လပ်ရေးအတွက် အားလုံး စည်းလုံးပြီး တိုက်ပွဲဝင်ခဲ့ကြတယ်၊ အဲဒါကြောင့်လည်း လွတ်လပ်ရေးကို ရရှိခဲ့ကြောင်း မှတ်ခဲ့ရပါတယ်။

၁၉၄၈ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့မှာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့ပါတယ်။ လွတ်လပ်ရေးရရှိပြီးကာလတုန်းကလည်း တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးဟာ စိတ်ဝင်စားဖို့ကောင်းတဲ့ မြန်မာနိုင်ငံရေးဖြစ်စဉ်တွေ ဖြစ်ခဲ့တယ်လို့ ရှေ့မီနောက်မီ လူကြီးများရဲ့ ပြောပြချက်တွေကြောင့် စိတ်ဝင်စားခဲ့မိပါတယ်။ ဒါ့အပြင် တိုင်းရင်းသားထဲက အချို့က လက်နက်ကိုင်သွားခဲ့တာတွေကိုလည်းတွေကိုလည်း ၁၉၄၈ခုနှစ်မြန်မာပြည်ဒိုင်ယာရီ(မြဟန်)၊ ရှာရှာဖွေဖွေ မြန်မာ့သမိုင်းအတွဲ၂၊ စတဲ့ စာအုပ်တွေကို ဖတ်မိခြင်းအားဖြင့် သိခဲ့ရတယ်။

၁၉၄၈ ခုနှစ်နောက်ပိုင်းမှာ စတင်ပြီး ဗမာပြည်ဟာ တိုင်းရင်းသားတွေနဲ့ အဆင်မပြေမှုတွေ ဖြစ်ပွားခဲ့ပြီး စည်းလုံးညီညွှတ်ခြင်းကို ပျက်ဆီးစေခဲ့တာပါပဲ။ တကယ်တော့ ပင်လုံစာချုပ်ဆိုတာကတော့ တိုင်းရင်းသားခေါင်းဆောင်တွေရင်ထဲမှာ စွဲခဲ့တဲ့ စာချုပ်ပါ။ ပင်လုံစာချုပ်ထဲက အတိုင်း ပြည်နယ်ပြည်မ အခွင့်အရေးတန်းတူ ရကြလိမ့်မယ်လို့လည်း ရှေးကတည်းက ထင်မှတ်ခဲ့ကြတာပါ၊ ဒါပေမဲ့ ခုချိန်ထိ ဖြစ်မလာသေးဘူးလို့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဆုံတိုင်း ရင်ဖွင့်စကားကြားခဲ့ရပါတယ်။ ပင်လုံစာချုပ်အတိုင်းသာဆို ပြည်နယ်ပြည်ပ အေးချမ်းလိမ့်မယ်၊ တိုင်းရင်းသားလက်နက် ကိုင်တိုက်ပွဲတွေ ဖြစ်လာစရာ မရှိပါဘူးလို့ ချင်းအမျိုးသား တိုင်းရင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးကျင်ရှင်းထန်ကလည်း ပြောခဲ့ဖူးပါတယ်။

၁၉၅၇ကနေ ၁၉၆၀ ကာလတွေမှာ တိုင်းရင်းသားအဖွဲ့တွေဟာ တစ်ဖွဲ့ပြီး တစ်ဖွဲ့လက်နက် ကိုင်ခဲ့ကြတယ်လို့ သမိုင်းမှတ်တမ်းတွေအရ သိရပါတယ်။ ဘာကြောင့်လက်နက်ကိုင်ခဲ့တာလည်း ဆိုတာကို ဟိုအရင်တုန်းကတော့ နားမလည်ခဲ့ပါဘူး၊ ဒါပေမဲ့ လက်နက် ကိုင်ရလောက်တဲ့ အကြောင်းရင်းတွေ ရှိနေခဲ့မယ်ဆိုတာကိုတော့ ခန့်မှန်းမိခဲ့ပါတယ်။

ကျွန်မကတော့ ငယ်စဉ်ကတည်းက ရှမ်းပြည်နယ်မှာ နေထိုင်ကြီးပြင်းခဲ့ရသူ ပီပီ တိုင်းရင်းသားတွေရဲ့ ဖြူစင်ရိုးသားမှုကို ယုံကြည်ခဲ့သူ ဖြစ်တယ်။ သူတို့ မျက်လုံးတွေကို ကြည့်ပြီး သူတို့ စကားတွေကို နားထောင်ပြီး သူတို့လုပ်ရပ်တွေကို မြင်ရပြီး သူတို့ကို မောင်နှမ သွေးချင်းလိုပဲ မြင်ခဲ့ပါတယ်။ မြန်မာပြည်မှာ ကြီးပြင်းခဲ့ကြ၊ လွတ်လပ်ရေးတိုက်ပွဲကို အတူတကွ ပါဝင်ခဲ့ကြတဲ့ မောင်နှမ သားချင်းတွေပဲ ဆိုတဲ့ အသိက စွဲမြဲခဲ့တယ်။ ငယ်စဉ်ကာလတွေမှာ သူတို့တွေရဲ့ တိုင်ပြည်အပေါ်ထားတဲ့ စိတ်စေတနာတွေကိုလည်း မြင်ခဲ့ရပါတယ်။ ပြည်တွင်းစစ်ဆိုတာကို အောက်ပြည်အောက်သူတွေ ကြောက်ကြသလို တိုင်းရင်းသားတွေကလည်း ကြောက်ကြပါတယ်။ စစ်ဆိုတာ အသံမကြားခင်၊ တိုက်ပွဲဆိုတာ မဖြစ်ချင်ကြပါဘူး။

၁၉၈၉ ခုနှစ်မှာ ဗိုလ်ချုပ်ခင်ညွှန်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ပြီး ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့တယ်၊ အဲဒီကမ်းလှမ်းချက်ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့က ငြိမ်းချမ်းရေးယူခဲ့ကြကြောင်း မြန်မာ့အလင်းသတင်းစာနဲ့ ကြေးမုံသတင်းစာပါ သတင်းတွေအရ သိရဖတ်ရတော့ ရိုးရိုးသားသား ၀မ်းသာခဲ့မိပါတယ်။ ပြည်နယ်တွေမှာ ယခင်ကထက်ပိုပြီး အေးချမ်းဖို့ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် အခွင့်အလန်းတွေရှိလာခဲ့တာကိုလည်း ကြားရတဲ့အတွက် ၀မ်းသာခဲ့ရပါတယ်။

၁၉၉၃ လောက်မှာ ရန်ကုန်မြေပေါ် ခြေချခဲ့ပေမဲ့ ပြည်နယ်တွေရဲ့ ဖွံဲ့ဖြိုးမှု သတင်းတွေကို အမြဲနားစွင့်နေခဲ့မိတယ်။ ကျွန်မတို့ ၇ှမ်းပြည်နယ်မှာ ရှိခဲ့တဲ့ သမိုင်းဝင် ဂုတ်ထိတ် တံတားကို ဘယ်အချိန်မှာများ ပြန်လည် ပြုပြင်ပေးမလဲ၊ တကယ့်ကို နိုင်ငံခြား ခရီးသွားဧည့်သည်တွေကို စွဲဆောင်လို့ရတဲ့ တံတားပဲ ဆိုတာလည်း သိထားတော့ နိုင်ငံတော် ၀င်ငွေ တိုးစေမယ်လို့လည်း မျှော်လင့်ခဲ့ပါတယ်။ ခုတော့ ဂုတ်ထိတ်တံတားဆိုတာ ပျက်ဆီးနေပါပြီ၊ တပ်မတော်အစိုးရလက်ထက်မှာ အမြဲပဲ တည်ဆောက်ရေးတွေမှာ ပြည်နယ်တွေ ဘယ်လောက်ပါခဲ့သလဲ ဆိုတာကိုတော့ စိတ်ဝင်စားခဲ့တာပါပဲ။လမ်းတွေဖောက်တဲ့ထဲမှာ ပြည်နယ်တွေ ပါသလား။ ဆိုတာလည်း အမြဲစောင့်ကြည့်မိခဲ့တာပါပဲ။

ဒီကြားထဲမှာ ၂၀၀၇ ခုနှစ်လောက်တုန်းက ကချင်ပြည်က သူငယ်ချင်းတွေနဲ့ တွေ့တော့ သူတို့ ကချင်ပြည်နယ်ထဲမှာ တရုတ်လူမျိုးတွေ အ၀င်များလာတဲ့ ကိစ္စတွေ ကချင်ပြည်နယ်ရဲ့ တစ်ဝက်တိတိကို တရုတ်တွေ ပိုင်နေပါပြီလို့ ပြောရင်း မျက်ရည်ကျတယ် ပြီးတော့ ပြည်နယ်ရောက်နေတဲ့ တိုင်းရင်းသားတွေရဲ့ ဒုက္ခတွေကို ပြောဆို ရင်ဖွင့်ကြရင်း။ သူနဲ့ အတူ ကျွန်မလည်း လိုက်ပါ ခံစားခဲ့ရပါတယ်။

ကျွန်မတို့လို ရန်ကုန်မှာ နေထိုင်ကြတဲ့သူတွေမှာတောင် လိုအပ်ချက်တွေ၊ မပြည့်စုံမှုတွေ၊ နှိမ့်ကျမှုတွေ၊ မပြေလည်မှုတွေ အနိုင်ကျင့်ခံရမှုတွေ ရှိနေခဲ့တာ သူတို့လို ပြည်နယ်တွေက လူတွေ ဆိုရင်တော့ ပိုဆိုးမှာပါပဲ။ လူမသိ သူမသိ နာကျင် ဇာတ်လမ်းတွေ ဘယ်လောက် များခဲ့ပါသလဲ။ တရားဥပဒေ မစိုးမိုးတဲ့ ဒေသတွေမှာ သူတို့ရဲ့ ပြည်နယ်တွေက ပိုဆိုးပါတယ်လို့ သူက ပြောပြီး ငိုတော့ ကျွန်မကလည်း လိုက်ငိုမိပါတယ်။

သူဘာပြောချင်သလဲ ဆိုတာကို ကျွန်မသိခဲ့တယ်လေ။ ကျွန်မငိုချင်းနဲ့အတူ ကိုယ့်ကိုယ်ကိုယ်လည်း တာဝန်မကျေတဲ့သတင်းထောက်လို့ မြင်လာမိတယ်။ ကျွန်မတို့ ရှမ်းပြည်က တောင်တန်းတွေမှာ သစ်ပင် တွေမရှိတော့တဲ့ကိစ္စ၊ ချောင်းတွေဟာ ပျက်ဆီးကုန်တဲ့ ပြသနာ၊ ရှမ်းပြည်ကို ဆန်သယ်ခွင့်မပေးလို့ ပြောင်းစားခဲ့ရတဲ့ နေ့ရက်တွေ၊ ဆေးရုံမှာ ဆရာဝန်ရှိလို့ ဆရာဝနှ်ေမျှာ်ရင်း သေဆုံးခဲ့ရတဲ့ ဒေသခံတွေ၊ ဘယ်ကို တိုင်လို့တိုင်ရမှန်းမသိဘဲ ခံလိုက်ရတဲ့ မုဒိန်းမှုတွေဆိုတာ ဘယ်မီဒီယာမှာမှ မပါခဲ့ဘူး။ ကျွန်မ သတင်းထောက် ဖြစ်လာချိန်မှာ ရေးခဲ့ပေမဲ့ ဘယ်တုန်းကမှ ဖော်ပြမခံခဲ့ရဘူးလေ။ ကျွန်မဟာ တိုင်းရင်သား သတင်းတွေကို ပြည်သူတွေ သိအောင် မရေးနိုင်ခဲ့ပါဘူး။ အဲဒီအတွက် အပြစ်တင်ပါတယ် ကိုယ့်ကိုယ်ကိုပါ။

ဒါဟာ ကျွန်မတို့ ရှမ်းပြည်နယ်တစ်ခုတည်းတင် ကြုံနေရတာ မဟုတ်ဘူး ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်တွေမှာလည်း အလားတူ ဝေဒနာတွေ ဒဏ်ရာတွေနဲ့ ဆိုတာကို ဖြည်းဖြည်းချင်းသိလာခဲ့ရတယ်။ ကျွန်မက တိုင်းရင်းသား ဆိုရင်ပိုစာနာတတ်လာတော့တယ်။

၂၀၀၉ ခုနှစ်မှာ နယ်ခြားစောင့်တပ် ပြသနာနဲ့ပတ်သက်ပြီး တိုင်းရင်းသားအဖွဲ့အချို့ လက်နက် ပြန်ကိုင်ခဲ့တဲ့ သတင်းတွေကိုလည်း ကြားခဲ့ရပါတယ်။၂၀၁၀ခုနှစ် ၀န်းကျင်မှာ နယ်စပ်ဒေသအချို့မှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ပြီး ဒေသခံ တိုင်းရင်းသားတွေ အေးချမ်းယာကို ပြေးလွှားနေထိုင်ခဲ့ရတယ်ဆိုတဲ့ သတင်းတွေကို မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာပါ သတင်းတွေအရ ကြားရတော့လည်း စိတ်မကောင်းဖြစ်ရပြန်ပါတယ်။ တိုင်းရင်းသားဆိုတာက ကျွန်မတို့နဲ့ သွေးရင်းသားရင်းလို သဘောထားရမယ့် မောင်နှမတွေပါ။

နယ်ချဲ့တွေကို အတူးတကွ တိုက်ခဲ့ကြတဲ့ သူတွေပါ။ ထိုဒေသတွေမှာလည်း အေးချမ်းသာယာစေချင်ပါတယ်။ တိုက်ပွဲတွေ ကြားမှာ ပြေးလွှားနေတဲ့ လူတွေကို မြင်ယောင်ပြီး စာနာလာတယ်၊ စိတ်မကောင်းဖြစ်လာရတယ်။ တကယ့်ကို စိတ်ထိခိုက်ရပါတယ်။

ဘာကြောင့်များ ပြည်တွင်းမှာ ကိုယ့်အချင်းချင်းတိုက်ပွဲတွေ ဖြစ်နေရတာလဲ၊ တိုက်ပွဲတွေကို ရပ်တန့်ပေးပါလို့ပဲ အော်ဟစ်ချင်စိတ်တွေ ပေါ်လာခဲ့တယ်၊ အဲဒီကာလမှာပဲ တိုင်းရင်းသားပါတီခေါင်းဆောင်တဦးက ပြောတယ်။ ခုလို တိုက်ပွဲတွေ ဖြစ်နေတာက တိုင်းရင်းသားလက်နက်ကိုင်တွေက အချက် ၃ ချက်ကို တောင်းဆိုလို့လို့သူက ပြောတယ်။ ပထမအချက်က ဖမ်းထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အားလုံးကို လွှတ်ပေးပါတဲ့။ ဒုတိယ အချက်က တိုင်းရင်းသားခေါင်းဆောင်တွေအားလုံးရယ် ဒေါ်အောင်ဆန်းစုကြည်ရယ် ပြီးတော့ အစိုးရရယ် တွေ့ဆုံဆွေးနွေးပေးပါတဲ့။ တတိယအချက်က ပြည်နယ်တွေမှာရှိတဲ့ သဘာဝအရင်းအမြစ်တွေနဲ့ပတ်သက်ပြီး ပြည်နယ်တွေကိုလည်း ခံစားခွင့်ပေးပါတဲ့။ အဲဒီအချက် သုံးချက်ကို တောင်းဆိုနေတာလို့ သူက ရှင်းပြတယ်။ တကယ်ပဲ အဲဒီအချက်တွေကို လက်ခံပေးလိုက်ရင် ပြည်တွင်း စစ်တွေချုပ်ငြိမ်းသွားပါလိမ့်မယ်လို့ သူက ရှင်းပြပါတယ်။

ယနေ့အစိုးရသစ်လက်ထက်မှာ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကို ယခင်ကထက်ပိုပြီး ဆောင်ရွက်နိုင်လိမ့်မယ်လို့ အားလုံးက မျှော်လင့်ထားကြပါတယ်။ မတ်လ ၃၀ ရက်နေ့က ပြည်ထောင်စု လွှတ်တော်မှာ ပြောကြားခဲ့တဲ့ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ရဲ့ မိန့်ခွန်းထဲမှာလည်း တိုင်းရင်းသားရေးနဲ့ပတ်သက်ပြီး လေးလေးနက်နက်ပြောကြားခဲ့တာကို မြန်မာ့ရုပ်မြင်သံကြားကတဆင့် တွေ့ခဲ့မြင်ခဲ့ရတယ်။

နိုင်ငံတော် သမ္မတကြီးဦးသိန်းစိန်က မိန့်ခွန်းပြောကြားရာမှာ `ကျွန်တော်တို့ နိုင်ငံမှာ အင်အားသုံးရပ်တောင့်တင်းနေဖို့လိုပါတယ်။ အဲဒီအင်အားတွေကတော့ (၁) နိုင်ငံရေးအင်အား(၂) စီးပွားရေးအင်အားနဲ့ (၃) နိုင်ငံတော်ကာကွယ်ရေးအင်အားတို့ဖြစ်တယ်။ နိုင်ငံရေးအင်အားဆိုတာကတော့ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပဲ ဖြစ်ပါတယ်။ လူမျိုး စုပေါင်း ၁၀၀ ကျော်နဲ့စုစည်းနေထိုင်ကြတဲ့ ကျွန်တော်တို့ နိုင်ငံအတွက် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးဟာ အလွန်အရေးကြီးပါတယ်။ တို်င်းရင်းသားစည်းလုံးညီညွှတ်မှု ပြိုကွဲရင် နိုင်ငံတော်ကြီးလည်း အစိတ်စိတ်အမြွာမြွာ ပြိုကွဲပျက်စီးသွားမှာ ဖြစ်တဲ့အတွက် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကို အထူးအလေးထားပြီး တည်ဆောက်သွားမှာဖြစ်ပါတယ်`လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

နိုင်ငံတော်သမ္မတကြီးရဲ့ မိန့်ခွန်းကို ပြည်သူလူထုက အင်မတန် နှစ်ထောင်းအားရဖြစ်ခဲ့ကြပါတယ်။ ပညာရှင်များကလည်း သဘောကျနှစ်ခြိုက်ခဲ့ကြတယ်၊ တိုင်းရင်းသားတွေကလည်း နယ်စပ်တွေမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် တိုက်ပွဲတွေရဲ့ ငြိမ်းချမ်းရေးကို မျှော်လင့်ခဲ့ကြပါတယ်။ ပြည်နယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ပြည်နယ်ဝန်ကြီးများမှ အထူးဂရုပြုဆောင်ရွက်ပေးနိုင်ဖို့အတွက် တိုင်းရင်းသားပြည်သူတွေကလည်း တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးကို အလေးထားနေကြပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကို လိုလားနေသူများအနေနဲ့ ငြိမ်းချမ်းရေးကို မျှော်လင့်ထားကြတာပါ။

တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး မရသေးသရွေ့ ငြိမ်းချမ်းရေး မရနိုင်ပါဘူး လို့ ပြောနေတဲ့ ဆရာဒဂုန်တာရာရဲ့ အသံကိုလည်း မကြာမကြာ ကြားနေရပါတယ်။ ကိုယ့်တိုင်းရင်းသား အချင်းချင်း တိုက်နေရတာလောက် ရင်နာဖို့ကောင်းတာ မရှိဘူးဗျာလို့ ပြောခဲ့ဖူးတဲ့ တပ်ရင်းမှူးတစ်ယောက်ရဲ့ အသံကိုလည်း ပြန်ကြားမိပါတယ်။ တိုက်ပွဲဆိုတာ စစ်မြေပြင်ဆိုတာ ဘယ်သူမှ မဖြစ်ချင်ကြပါဘူး။ အထူးသဖြင့် တိုင်းရင်းသား ပြည်သူတွေဟာ စစ်ဆိုတာကို ကြောက်ခဲ့တာ၊ တိုက်ပွဲဆိုတာ မဖြစ်ချင်တော့ဘူးဆိုတာ သိစေချင်လှပါတယ်။
Myit Makha Mediagroup
from dawnmanhon

Thursday, June 2, 2011

ဒီကေဘီအေ တပ်ဖွဲ့ ကော့ကရိတ်မြို့နယ်တွင်း လူထုစည်းရုံးရေးနဲ့ ရန်ပုံငွေရရှိရေး လုပ်ငန်းများ လုပ်ဆောင်


http://www.demotix.com/photo/538259/jungle-war-between-dkba-and-spdc-burma

၂၀၁၀ ခုနှစ် နိုဝင်ဘာလမှာ နအဖ စစ်အုပ်စုနဲ့ အပစ်ခတ်ရပ်တာတွေ ပျက်ပြားပြီး မြန်မာစစ်အုပ်စုကို ပြန်လည်တော်လှန် တိုက်ပွဲဝင်နေတဲ့ ဒီကေဘီအေ တပ်ဖွဲ့တွေဟာ မနေ့က နေ့လည်လောက်မှာ မြဝတီနဲ့ ကော့ကရိတ် ကားလမ်းပေါ်က ရန်ကုတ်ရွာအနီးမှာ ကျေးရွာပြည်သူတွေနဲ့ ခရီးသွားပြည်သူ၊ စီးပွားရေးလုပ်ငန်းရှင်များကို စုစည်းပြီး စည်းရုံးရေးလုပ်ငန်းနဲ့ တော်လှန်ရေးရန်ပုံငွေ ရရှိရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း ကြားသိရပါတယ်။

မနေ့က ရန်ကုတ်ရွာအနီးမှာ နေ့လည် ၁၁ နာရီကနေ ညနေ ၃ နာရီလောက်ထိ ရွာသားတွေနဲ့ ကုန်သည်၊ လုပ်ငန်းရှင် တွေကို ဒီကေဘီအေ ဗိုလ်မှူးကျော်သက် ဦးဆောင်တဲ့ တပ်ဖွဲ့မှ ဗိုလ်ဆန်းအောင် ဦးစီးကာ စည်းရုံးရေးတရားများ ဟောပြောသွားတယ်လို့ မြဝတီမြို့ ကုန်သည်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတဦး ပြောပြတာက …

“ဟုတ်တယ် မနေ့က တောင်ပေါ်လမ်းမှာ အဆင်းကားတွေကို တားထားတာတဲ့။ ပထမတော့ ခရီးသည်တွေလည်း သေနတ်တွေနဲ့ဆိုတော့ ကြောက်နေကြတယ်တဲ့၊ ခဏကြာတော့မှ လူတွေစုပြီး စကားပြောတာတဲ့။ တော်လှန်ရေး ရန်ပုံငွေကိစ္စ ပြောတယ်။ လူထုတွေ လုပ်ငန်းရှင်တွေ အနေနဲ့ ပါဝင်ကူညီကြဖို့လိုအပ်တယ်လို့ ပြောသွားတယ်။ ပြော တာဆိုတာကတော့ အေးဆေးပါပဲ၊ အတင်းအဓမ္မ လုပ်တာမျိုး မဟုတ်ပါဘူး” လို့ ပြောပြသွားပါတယ်။

အခြေအနေ အပြည့်အစုံကိုသိရဖို့ ဒီကေဘီအေ တပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းခဲ့ရာ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ဆန်းအောင် က …

“ကျနော်တို့ ပြည်သူတွေ အဖိနှိပ်ခံဘဝမှ လွတ်မြောက်ဖို့၊ စစ်မှန်တဲ့ ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်နိုင်ဖို့ ကျနော်တို့ တိုက်ပွဲဝင်နေတယ်၊ ကျနော်တို့ကို ပြည်သူလူထုအနေနဲ့ စိတ်ဓါတ်အရ အားပေးတာကျေးဇူးတင်တယ်၊ ဒါပေမယ့် စိတ်ဓါတ်အရ အားပေးတာလောက်နဲ့ မလုံးလောက်ဘူး၊ လက်တွေ့လုပ်ပေးနိုင်တာတွေကို လုပ်ပေးနိုင်ရင် ပိုကောင်းမယ်။ တော်လှန်ရေးလုပ်တယ်ဆိုတာ ရန်ပုံငွေလိုအပ်ပါတယ်။ တော်လှန်ရေး ရဲဘော်တွေအတွက် ဝတ်စရာ စားစရာ လက်နက်ခဲယမ်း အဲဒါတွေအတွက် ငွေလိုအပ်ပါတယ်။ ကျနော်တို့ အဲဒီလို ပြောပြီး စည်းရုံးခဲ့တာပါ။ နောက်ပိုင်းမှာ လုပ်ငန်းရှင်တွေအတွက် လုပ်ငန်းခွင့်ပြုလက်မှက် ပုံမှန်လုပ်ဖို့ကိုပါ နေရာသတ်မှတ်ပေးထားပါတယ်။ ကျနော်တို့ လက် ရှိ တော်လှန်ရေး လုပ်နေတယ်ဆိုတာ ပြည်သူတွေနဲ့ ပူးပေါင်းပြီး ရပ်တည်တဲ့ တော်လှန်ရေး ဖြစ်တယ်။ ကျနော်တို့ တဦးတယောက်ထဲ တမျိုးသားထဲအတွက် လုပ်တာမဟုတ်ဘူး။ ကျနော်တို့ ပြည်သူတွေအားလုံးနဲ့ ပူးပေါင်းလုပ်တဲ့ တော်လှန်ရေး ဖြစ်တယ်။ ကျနော်တို့ လိုအပ်တာကို ပြည်သူလူထုဆီက အကူအညီတောင်းတယ် ပြည်သူလူထုကို မှီခိုတယ်။ ပြည်သူလူထုကြားမှာပဲ တည်ဆောက်တယ်။” လို့ ပြောပြသွားပါတယ်။

ဒီကေဘီအေ တပ်ဖွဲ့တွေရဲ့ စည်းရုံးရေးလုပ်ငန်းလုပ်ဆောင်မှုမှာ အချိန် ၃ နာရီခန့် ကြာမြင့်ခဲ့ပါတယ်။ ညနေ ၅ နာရီ လောက်မှာ ကြံ့ဖွံ့အစိုးရ စစ်တပ်ဘက်မှ လက်နက်ကြီးများနဲ့ ၇ ချက်လှမ်းပစ်ခဲ့တယ်လို့ သိရှိရပါတယ်။

ပြီးခဲ့တဲ့ မေလ နောက်ဆုံးသတင်းပတ်တွေမှာ ယခင် ဒီကေဘီအေဌာနချုပ်ဖြစ်ခဲ့တဲ့ မြိုင်ကြီးငူစခန်းကို နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးကို လက်မခံတဲ့ ဒီကေဘီအေတပ်တွေက ထိန်းချုပ်လိုက်ပြီးတဲ့နောက်ပိုင်းမှာ ဒီကေဘီအေ တပ်ဖွဲ့တွေ ရဲ့ တော်လှန်ရေးနယ်မြေ တိုးချဲရေးနဲ့ အုပ်ချုပ်ရေးနဲ့ စည်းရုံးရေးလုပ်ငန်းတွေ ပိုမိုလုပ်လာနိုင်တာ တွေ့ရှိရပါတယ်။
From Naythit