Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Friday, December 16, 2011

ရွှေည၀ါသို့ (ကဗျာရှင် နေရဲနီ)


ရွှေည၀ါသို့
(ကဗျာရှင် နေရဲနီ)

တို့ဘ၀က ဘောလုံးလိုဘဲ
တအားကိုင်ပြီး ပစ်ချလေ
မြင့်မြင့်တက်လေဘဲ။
(အမရပူရ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ။ တဘ၀သံသရာ)

ဘုရားရှင်ဟာနိဗ္ဗာန်ကို တပါးတည်းသွားမယ်ဆိုရင်
သုမေဓာရသေ့ဘ၀မှာ ကတည်းက သွားလို့ရတယ်
အများအကျိုးကို ဆောင်ရွက်ချင်လို့
ဘုရားဆုပန်ပြီး လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း
ပါရမီဖြည့်ခဲ့တာ
(အရှင်ဇနကာဘိဝံသ။ နံနက်ခင်းသြ၀ါဒများ)

ပတ္တမြားရွှေဂူ
အရောင်တဖိတ်ဖိတ် တောက်သည်ကို
မနာလိုမရှုစိမ့်သော ၀က်တစ်အုပ်သည်
အရောင်မှိန်စေသောငှာ
မိမိတို့၏ ခန္ဓာကိုယ်ကို
မစင် ညွန်နှစ်များ လူးလျှက် ပွတ်သော်လည်း
ထိုပတ္တမြား ရွှေဂူသည်ကား
မမှိန်သည့်အပြင်
ပွတ်လေ ပြောင်လေဖြစ်လျှက်
နဂိုထက်ပိုကာ
ပြောင်သည်ထက်ပြောင် ၀င်းသည်ထက်ဝင်းကာ
ပို၍ပို၍ တဖိမ့်ဖိမ့် တလျှံလျှံ တ၀င်းဝင်း တောက်ကာ
ရှုမညီးဖွယ် တင့်တယ်ပေစွတကား။
(ငါးရာငါးဆယ် နိပါတ်တော်)

ရွှေည၀ါ ဆရာတော်ကြီးအား ဤစာဖြင့် ပူဇော်ကန်တော့ပါ၏။

နေရဲနီ

Sunday, September 11, 2011

ခွင့်လွှတ်ပါအမေ





ခွင့်လွှတ်ပါအမေ

သားတို့တတွေ


စည်းရုံးမှုတွေမဲ့ပြီး

စည်းလုံးမှု့တွေ မရှိခဲ့လို့

မသမာသူ လူအချို့က

အမူယာပို လူတစ်ဖို့နှင့်ပေါင်းပြီး

အပိုင်းပိုင်းဖြတ်

အရိုင်းစိုင်း သတ်ဖို့ ကြံခဲ့ပြီလေ။ ။

မန်းဧရာ(
ဧရာဝတီ သို့)