ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရဲထွဋ် ဈာပန
RFA Burmese
မြန်မာ့တပ်မတော်ကို ထူထောင်ခဲ့တဲ့ ရဲဘော်သုံးကျိပ်ဝင်တွေထဲက တစ်ဦးတည်းသောကျန်ရှိသူ ဗိုလ်ရဲထွဋ်ဟာ ရန်ကုန်မြို့မှာ နိုဝင်ဘာ ၂၇ ရက်နေ့က ကွယ်လွန်သွားခဲ့ပါတယ်။ ဗိုလ်ရဲထွဋ်ရဲ့ ဈာပနအခမ်းအနားကို ဒီနေ့ ရေဝေးသုဿာန်မှာ ပြုလုပ်ခဲ့ပါတယ်။ ဗိုလ်ရဲထွဋ်ကို ၁၉၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်မှာ ရန်ကုန်မြို့မှာ မွေးဖွားခဲ့ပါတယ်။ အမည်ရင်း ဦးအောင်သိန်းဖြစ်ပြီး အထက်တန်းကျောင်းဆရာအဖြစ် လုပ်ကိုင်ရင်း သခင်ကိုယ်တော်မှိုင်းဦးစီးတဲ့ ဒို့ဗမာအစည်းအရုံးဝင်တစ်ဦးအဖြစ်နဲ့ အင်္ဂလိပ်နယ်ချဲ့ကို ဆန့်ကျင်ရာမှာ ပါဝင်ခဲ့ပါတယ်။
photo: RFA/ Kyaw Zaw Win








No comments:
Post a Comment