Saturday, December 7, 2013

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် မိချောင်းကန် သပိတ်စခန်းတွင် ပဋိပက္ခဖြစ်ပွား

  
ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် မိချောင်းကန် သပိတ်စခန်းတွင် ယနေ့ ဒီဇင်ဘာ (၇) စနေနေ့က တပ်စည်ပင်မှ တာဝန်ရှိသူများဟုဆိုသော လူတစုနှင့် ပဋိပက္ခဖြစ်ပွားသဖြင့်
သပိတ်မှောက်သူတချို့ ဒဏ်ရာရသွားသည်။


(သတင်းနှင့်ဓာတ်ပုံများ - စိုင်းဇော် / ဧရာဝတီ ) နေ့လယ်ပိုင်းတွင် တပ်စည်ပင်က မြဇံရာအေးစေတီဝင်းအတွင်း ခြံခတ်စဉ် ဖယ်ရှားခြင်းမပြုသည့် သပိတ်မှောက်သူများကို သွပ်ပြားများဖြင့်တွန်းကာ ခြံခတ်ရာမှ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

အမျိုးသမီး(၇)ဦးဒဏ်ရာရရှိပြီး ၎င်းတို့ထဲမှ တဦး သတိလစ်မေ့မြောသွားပြီး တဦး လက်ကျိုးသွားသည်။

ဒဏ်ရာရသူတချို့မှာ ည(၇)နာရီခန့်တွင် သင်္ဃန်းကျွန်းပြည့်သူဆေးရုံကြီးမှ ပြန်လည်ဆင်းလာခဲ့ပြီဖြစ်သည်။

သပိတ်စခန်းရှိလူထုမှာမြဇံရာအေးစေတီအတွင်းရှိအိမ်သာကို အသုံးပြုခဲ့သူများဖြစ်သည်။
တပ်စည်ပင်က သော့ခတ်ကာပိတ်ဆို့လိုက်ပြီးနောက်ပိုင်း တောင်းဆိုမှုများကြောင့် တကြိမ်လျှင် ငါးဦး အိမ်သာသုံးခွင့်ရသွားသည်။

ည(၇)နာရီခန့်တွင်ပင် မြန်မာ့တပ်မတော်မှ အင်အား သုံးဆယ်ကျော်ခန့်မှာ စေတီသို့ရောက်ရှိ နေရာယူလိုက်ကြသည်။
ထိုနေရာတွင် မူလကတည်းကရှိနေသည့် တပ်စည်ပင် လုံခြုံရေးဝန်ထမ်းများနှင့် ပူးတွဲ တွေ့နေရသည်။

ယနေ့ညနေပိုင်း မြန်မာနှင့်ကမ္ဘောဒီးယားဘောလုံးပွဲစဉ်ရှိသည့်အတွက်  ဒေသခံတို့ ဘောလုံးပွဲစဉ်အပေါ် အာရုံစိုက်နေကြစဉ်တွင် သပိတ်စခန်း ဖြိုခွင်းခံရဖွယ်ရှိသည်ဟု သုံးသပ်မှုများလည်း သပိတ်စခန်းအတွင်းမှ ထွက်ပေါ်လာသည်။ 


 မြဇံရာအေးစေတီဝင်းအတွင်းရှိနေသည့်သူများမှာ တပ်စည်ပင်ဟူသော ဌာနမှ ဖြစ်သည်ဟု ဆိုသည်


တပ်စည်ပင်ဟူသော ဌာနမှ ပုဂ္ဂိုလ်များ

 သပိတ်စခန်းအတွင်းမြင်ကွင်း

  သပိတ်စခန်းအတွင်းမြင်ကွင်း

 သပိတ်စခန်းကို တပ်စည်ပင်မှ ဟူသော ဌာနမှ ပုဂ္ဂိုလ်တို့က ပိတ်ဆို့လိုက်ပုံ

  မြဇံရာအေးစေတီဝင်းအတွင်းရှိ အိမ်သာကို အလှည့်စနစ်ဖြင့်
အသုံးပြုခွင့် ခေတ္တပေးနေစဉ်

 သပိတ်စခန်းညစာ

  ဒဏ်ရာရရှိသူတချို့ ဆေးရုံမှ ပြန်လည်ရောက်ရှိလာစဉ်

  ဒဏ်ရာရသူတချို့


  မြဇံရာအေးစေတီဝင်းအတွင်းနေရာယူနေသည့် စစ်သားများ

From Irrawaddy

No comments: