Thursday, December 30, 2010

မကဒတ (ကျောင်းသားတပ်မတော်)


လုပ်ဖော်ကိုင်ဖက်ရဲဘော်များ ခင်ဗျား
အားလုံးကျန်းမာကြပါစေလို့ ဆုတောင်း ရင်း မိတ်ဆက်လိုပါတယ်။ ကျနော့ အမည်က ဆလိုင်း ယော အောင်ဖြစ်ပြီး ယခုထက်ထိ မကဒတ (ကျောင်းသားတပ်မတော်) မှာဆက်လက် တာဝန်ထမ်း ဆောင်နေတဲ့ ရဲဘော်တဦးပါ။
အခါအခွင့်သင့်တဲ့အတွက်
ယနေ့ မကဒတ (ကျောင်းသားတပ်မတော်) အခြေအနေကို မိတ်ဆက် ပေးခြင်ပါတယ်။ အချို့လည်း သိကြမယ်လို့မျှော်လင့်ပါတယ်။ မကဒတ (ကျောင်းသားတပ်မတော်) ရဲ့သက်တမ်းဟာ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့ဆိုလျင်(၂၂)နှစ်ပြည့်မှာဖြစ်ပါတယ်။
ဒီ (၂၂)နှစ် တာကာလမှာ ယနေ့ အခြေအနေဟာ အခက်အခဲဆုံး အခြေအနေနှင့်
ရင်ဆိုင်နေရတဲ့ကာလလို့ ပြောရင် မမှားနိုင်ပါဘူး။ မည့်သည့် NGOs များရဲ့အကူအညီမှ မရှိဘဲ
ရပ်တည်နေရတဲ့အခြေအနေပါ။ လူအင်အား ကျဆင်းမှု၊ ရုပ်ဝတ္ထုအင်အား ကျဆင်းမှု၊ နိုင်ငံရေး စိန်ခေါ်မှုများနှင့်
ရင်ဆိုင်နေရတဲ့ ကာလဖြစ်သလို ခေါင်းဆောင်မှုအပေါ်လည်း ဝေဖန်မှုများနှင့် ရင်ဆိုင်နေရတဲ့ကာလလည်း
ဖြစ်ပါတယ်။ မကဒတကို လက်နက်ကိုင်တော်လှန်ရေးလုပ်ဘို့ ၁၉၈၈ ခုနှစ် ၈၈၈၈ လူထု အရေး တော်ပုံကြီး
က တာဝန်ပေးခဲ့တာဖြစ်တယ် မွေးဖွားပေးခဲ့တာဖြစ်တယ်။ မကဒတ (ကျောင်းသားတပ် မတော်) ဟာ ကမ္ဘာမြေကြီး
နှင့် မြန်မာ့မြေပေါ်မှာ တကယ်တည်ရှိခဲ့တယ်။ ကမ္ဘာ နှင့် မြန်မာ့သမိုင်းမှာ တကယ် ပေါ်ထွန်းခဲ့တာ
ဖြစ်တယ်။ ယနေ့ထက်ထိ ဆက်လက်တည်ရှိနေဆဲဖြစ်တယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရနိုင်တဲ့ အမှန်တရားဖြစ်ပါတယ်။
အနှစ်(၂၀)ကာလအတွင်းမှာ လက်လှမ်းမှီသလောက် ပြုစုထားတဲ့မှတ်တမ်းများအရ ကျဆုံး၊ ဒဏ်ရာ နှင့်
သေဆုံးသူဦးရေ (၁,၀၀၅)ယောက်ရှိသွားပြီဖြစ်ပါတယ်။ အဲဒီရဲဘော်တွေဟာ ကျနော်တို့ တိုင်းပြည်ရဲ့
လိုအပ်ချက်ဖြစ်တဲ့ ဒီမိုကရေစီရေးအတွက်၊ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးအတွက် အနစ်နာခံ
ပေးဆပ် စွန့်လွှတ် ခဲ့သူများ ဖြစ်တယ်ဆိုတာ ကျနော်တို့အားလုံး မငြင်းနိုင်ပါဘူး။ မကဒတ
(ကျောင်းသားတပ်မတော်) ပျောက်ရင် ထိုရဲဘော်တွေရဲ့ အနစ်နာခံ ပေးဆပ်မှုတွေလည်း သူ့အလိုလို
ပျောက်သွားမှာဖြစ်ပါတယ်။ ထိုအချက်ကို စစ်အာဏာရှင်တွေက လိုလားနေတာဖြစ်တယ်။ စစ်အာဏာရှင်တွေရဲ့
အကြောက်ဆုံးရန်သူဟာ မကဒတ (ကျောင်းသားတပ်မတော်) ဖြစ်တယ်။ ထိုရဲဘော်တွေအတွက် ဘယ်သူတွေမှာတာဝန်ရှိပါသလဲ။
ကျနော်တို့ အားလုံးမှာ တာဝန်ရှိတယ်လို့ ယုံကြည်လက်ခံထားပါတယ်။ လက်ရှိ မကဒတ (ကျောင်းသားတပ်မတော်)
တခုတည်းမှာတင် တာဝန်ရှိတာမဟုတ်ပါ။ မကဒတ နှင့် ပက်သက်ခဲ့သူများ အားလုံးမှာ တာဝန်ရှိတယ်လို့
ထင်ပါတယ် ပွင့်ပွင့်လင်းလင်းပြောရရင် ခင်ဗျားတို့ အားလုံးမှာတာဝန်ရှိပါတယ်။ ကြီးကြီးကျယ်ကျယ်ပြောရရင်
ဒီမိုကရေစီကိုမြတ်နိုးတဲ့ မြန်မာနိုင်ငံသူ/သား အားလုံးမှာ တာဝန်ရှိပါတယ်။ ယနေ့ကာလသည်
ကျနော်တို့ အကြားမှာ တယောက် နှင့် တယောက်အပြစ်တင် ဝေဖန်ရမည့် အချိန် ကာလ မဟုတ်ပါ။ သွေးစည်းရမည့်အချိန်ဖြစ်ပါတယ်။
ကျနော်တို့တတွေရဲ့ ခွပ်ဒေါင်းစိတ်ဓါတ် ကိုပြသရမည့် အချိန်ကာလ လည်းဖြစ်ပါတယ်။

အဲဒီတော့
မကဒတ (ကျောင်းသားတပ်မတော်) ဆက်လက်ရှင်သန်နိုင်ရေး တည်ရှိရေး တနည်း အားဖြင့် တိုက်ပွဲဝင်
ခွပ်ဒေါင်းအလံ ဆက်လက်လွှင့်ထူနိုင်ရေးဟာ ကျနော် တို့အတွက် အရေး ကြီးဆုံးဖြစ်ပါတယ်။ ထို့အတူ
ကျနော်တို့ တိုင်းပြည်အတွက်လည်း အရေးကြီးသော အချိန် ကာလကိုရောက်ရှိနေပြီဟု မှတ်ယူပါတယ်။
ကျနော်တို့ တိုင်းပြည်ရဲ့ကံကြမ္မာဟာ ကျနော်တို့ လက်ထဲမှာဘဲရှိပါတယ် မည့်သည့် နိုင်ငံခြားတိုင်းပြည်ကမှ
ဝင်ရောက်ကူညီ ဖြေရှင်းပေးမည် မဟုတ်ပါ။ ကျနော်တို့ ကိုယ်တိုင်ဖန်တီးယူရမှာဖြစ်ပါတယ်။
ကျနော်တို့ရဲ့ လုံးလထုတ် ကြိုးစား မှုမပါဘဲ မည်သည့် ပြောင်းလဲမှုမျိုးမှ မဖြစ်နိုင်သလို
မည်သည့် နိုင်ငံခြားတိုင်းပြည်များ ထံမှလည်း အကူအညီများ ရရှိနိုင် မည် မဟုတ်ပါ။

မကဒတမှ
တတိယနိုင်ငံများသို့ အကြောင်းအမျိုးမျိုးကြောင့် ထွက်ခွာ သွားသူများ အရေအတွက်မှာ မနည်းပါ။
ယနေ့ မကဒတ (ကျောင်းသားတပ်မတော်) ဆက်လက်ရှင်သန် ရပ်တည်ရေးအတွက် ထိုသူများ၏ အကူအညီများ
လိုအပ်လျက်ရှိတယ် ဆိုသည်မှာသေချာပါတယ်။ ထို့ကြောင့် လုပ်ဖော် ကိုင်ဖက်များအနေဖြင့်
ကျနော့၏ တင်ပြချက်ကို လေးနက်စွာ စဉ်းစားပေးကြဘို့ ပန်းကြားအပ်ပါတယ်။

လေးစားစွာဖြင့်
-
ဆလိုင်းယောအောင်
မကဒတ


မှတ်ချက်။ ။ လက်လှမ်းမှီသလောက် ဆက်လက်ဖြန့်ချီပေးကြဘို့
မေတ္တာရပ်ခံအပ်ပါတယ်။

Saturday, December 18, 2010

မန်းရောဘတ် ဘဇန် မှ ဆရာတီးမသေ သို့

ဆရာ…
စာရေးလိုက်ပါတယ်။ ရေးဘို့ လိုအပ်လာပြီဖြစ်လို့ပါ၊ မြန်မာနဲ့ ကရင် သတင်းမီဒီယာ (Website နဲ့ Blog) တွေကနေ နိုဝင်ဘာလ (၃၀) ရက်နေ့က ဆရာနဲ့ ဗိုလ်မှူးချုပ် စောထင်မောင်တို့ ဦးစီးတဲ့ (KNU-KNLA) အဖွဲ့က ရဲဘော် (၆) ယောက်ကို လူမဆန်စွာ ရက် ရက်စက်စက် ဒါးနဲ့ခုတ်သတ်၊ မီးရှို့ခံလိုက်ရတဲ့ သတင်းနဲ့ဓါတ်ပုံတွေ ဘတ်ရှုတွေ့မြင် လိုက်ရတဲ့အတွက် စိတ်မကောင်းခြင်းဖြစ်ရသလို ဒေါသလည်းထွက်ရပါတယ်။ ကျနော့ သွေးသားထဲက တူသားတွေ လူမဆန်စွာအသတ်ခံလိုက်ရတယ်လို့ ခံစားရပါတယ်၊ ကျနော့လိုပဲ ပြည်တွင်းနဲ့ နိုင်ငံတကာရောက် ကရင်တမျိုးသားလုံးလည်း ကြေကွဲစွာခံ စားရသလို လူစိတ်ရှိတဲ့ လူပီသတဲ့ ဗမာညီကိုမောင်နှမများနဲ့ လူမျိုးစုံပြည်သူတွေလည်း ခံစားရမယ်လို့ ယူဆပါတယ်။

ကျနော့အတွေးအခေါ်ထဲမှာ (ဗမာ့တပ်မတော် စစ်စည်းကမ်းဥပဒေထဲမှာ စစ်သုံ့ပန်းတွေ ကို ဘယ်လိုပြုမူဆက်ဆံရမယ်၊ စစ်နဲ့မသက်ဆိုင်တဲ့မှီခိုသူ အမျိုးသမီး၊ ခလေး၊ သက်ကြီး ရွယ်အို) တွေကို ဘယ်လိုဆက်ဆံပြုမူရမယ်ဆိုတာ မပါလို့၊ မသိလို့၊ စစ်တက္ကသိုလ်တွေ မှာ မသင်ရလို့ ဒီလို လူမဆန်တဲ့ လူသတ်မှုမျိုးကိုကျူးလွန်လိုက်တာလား လို့ တွေးခေါ် မိတယ်။

ခုဖြစ်စဉ်က စစ်မြေပြင်မှာ ဖမ်းမိတာ မဟုတ်ဘူး။ စစ်သုံ့ပန်းတွေမဟုတ်ဘူး၊ နအဖ နဲ့ ငြိမ်းချမ်းရေးယူထားတဲ့၊ အပစ်အခတ်ရပ်ထားတဲ့၊ အေးအေးဆေးဆေးနေတဲ့ တပ်ကိုတ မင်သက်သက် လာရောက်အနိုင်ကျင့်၊ ဗိုလ်ကျစော်ကား ဖမ်းဆီးပြီး ဒါးနဲ့ထိုး၊ မီးရှို့အစ ဖျောက်လိုက်တဲ့ လူသတ်မှုသက်သက်ဖြစ်တယ် လူမဆန်တဲ့၊ တပ်မတော်မပီသတဲ့ ဓါးပြ လုပ်ရပ်ဖြစ်တယ်။ ဒီလိုလူမဆန်တဲ့လုပ်ရပ်မျိုးကို တစိုက်မှတ်မှတ်လုပ်လာတဲ့ ရန်သူရဲ့ လူတန်းစား လက္ခဏာကိုသိထားသင့်တယ်။

ဒီရန်သူဟာ...

(၁) မဟာဗမာလူမျိုးကြီးဝါဒီတွေဖြစ်တယ်။

(၂) ဖက်ဆစ်တွေဖြစ်တယ်။

(၃) နိုင်ငံတော်လက်ဝါးကြီးအုပ်ဓနရှင်တွေဖြစ်တယ်လို့ သတ်မှတ်တယ်၊

(၁) နအဖ ဟာ မဟာဗမာလူမျိုးကြီးဝါဒီတွေဖြစ်တယ်

နအဖတွေဦးဆောင်ဖွဲ့စည်းထားတဲ့ ဗမာ့တပ်မတော်ဟာ ဗမာ (၉၉) ရာခိုင်နှုံးနဲ့ ဖွဲ့စည်း ထားတဲ့ စစ်အုပ်စုဖြစ်တယ်။ ကျန်တဲ့လူမျိုးတွေကို လူတွေလို့သဘောမထားတဲ့၊ သူတို့ သာလျှင် ကြီးမြတ်တယ်။ အုပ်ချုပ်သူတွေဖြစ်တယ်။ မင်းမျိုးတွေဖြစ်တယ်၊ ကျန်လူမျိုး တွေဟာ ကျွန်မျိုး၊ အရိုင်းအစိုင်းတွေလို့ သဘောထားတယ်။

ငါတို့သာလျှင် တိုင်းပြည်ရဲ့ ကယ်တင်ရှင်တွေ၊ နိုင်ငံတော်ရဲ့ လေထု၊ ရေပြင်နဲ့ ကုန်းပိုင်း

ကို ငါတို့ပိုင်တယ်။ ငါတို့မှာ ခေတ်မှီလက်နက်တွေတပ်ဆင်ထားတဲ့ တပ်မတော်ကြီး ရှိ တယ်။ ငါတို့ဟာ စတုတ္တဗမာနိုင်ငံတော်ကို တည်ထောင်နေတဲ့သန်းရွှေ မင်းဆက် ဖြစ် တယ်လို့ ခံယူနေသူ။ ဘ၀င်မြင့် စိတ်ကြီးဝင်နေသူ ဖြစ်တယ်။

ဒါကြောင့် ဒီအုပ်စုဟာလက်နက်အားကိုးတဲ့၊ တဗိုလ်တမင်း၊ ငါ့မင်းငါ့ချင်း စစ်အာဏာရှင် မဟာဗမာဖက်ဆစ်တွေဖြစ်တယ်လို့ သတ်မှတ်တယ်၊ ဒီအုပ်စုကို အမိမြေက အပြတ်ဖယ် ရှားဖြစ်ရမဲ့၊ နောက်ဆုံးစစ်ခုံရုံးတင်ပြီး ကြိုးပေးသတ်ပစ်ရမဲ့ အုပ်စုဖြစ်တယ်၊ ဒီလိုအုပ်စု ကိုမှ (ရွှေသမင်) ထင်ပြီး ကိုးကွယ်မိတော့ အပစ်မဲ့ ရဲဘော် ၆ ယောက် လူစိတ်ကင်းမဲ့စွာ အချောင် အသတ်ခံလိုက်ရတာဟာ ဆရာတို့မှာ လုံးဝ တာဝန်ရှိတယ်။

ဒီလုပ်ရပ်ဟာ နအဖ နဲ့ဆရာတို့ ငြိမ်းချမ်းရေးရယူမိခဲ့တဲ့ ငြိမ်းချမ်း ဆုလာဒ်နဲ့ နအဖက ပေးတဲ့ ကောင်းကြီးမင်္ဂလာ တပါးပေါ့ ဒါဟာ ပဋ္ဌမအဆင့်ပဲရှိသေးတယ်။ နောင်ဆက် တိုက်လာမဲ့ နအဖရဲ့ငြိမ်းချမ်းရေးဆုလာဒ် တသီကြီးရှိပါသေးတယ်။ ကျနော်တို့စောင့် ကြည့်နေပါတယ်။

(၂) နအဖဟာ ဖက်ဆစ်တွေဖြစ်တယ်

နအဖဟာ ဖက်ဆစ်တွေဖြစ်တယ်ဆိုတာ မတရားစွပ်စွဲတာမဟုတ်ဘူး၊ နှစ်ပေါင်း (၆၀) ကျော်ပြည်တွင်းစစ်က သက်သေပြနေပါတယ်၊ ကရင်ပြည်ထဲ ကျူးကျော်ဝင်ရောက်လာ ပြီးဆိုရင် ဖက်ဆစ်ဂျပန်တွေထက်ဆိုးတဲ့ လူမဆန်တဲ့လုပ်ရပ်တွေကို လုပ်တယ်၊ ရွာတွေ မီးရှို့တယ်၊ ရွာပေါင်း (၅) ထောင်ကျော်မီးရှို့ခံလိုက်ရပြီးဖြစ်တယ်။ ကရင့်သမီးပျိုးတွေ ကို မုဒိန်း ကျင့်တယ်။ အများစုအုပ်စုလိုက် မုဒိန်းကျင့်ပြီးသတ်ပစ်တယ်၊ စာသင်ကျောင်း၊ ဘုရားကျောင်းတွေ မီးရှို့တယ်၊ လမ်းမှာတွေ့တဲ့ဘယ်သူ့ကိုမဆို ပစ်သတ်တယ်။ လူတွေ ကိုပေါ်တာဆွဲတယ်၊ မနိုင်ဝန်တွေထမ်းခိုင်တယ်၊ ကရင်ပြည်သူတွေ ပိုင်ဆိုင်တဲ့ ကြက်၊ ဘဲ၊ ၀က်၊ ကျွဲ၊ နွားအိမ်မွေးတိရိစ္ဆာန်တွေကို ခိုးဝက်စားသောက်ကြတယ်။ လူထုတောင် ယာ၊ ဥယာဉ်၊ ခြံတွေကိုဖျက်ဆီးတယ်၊ မိုက်ကြေးခွဲ ဓါးပြတိုက်တယ်။

ဒါတွေဟာ ဖက်ဆစ်တွေရဲ့ လုပ်နည်းကိုင်နည်းတွေဖြစ်တယ်။

ဖက်ဆစ်ဂျပန်တွေဆီက စစ်ပညာအပြည့်အ၀ သင်ကြားခဲ့တာဖြစ်တယ်။ ဒါကြောင့် နအဖ တွေကို ဖက်ဆစ်တွေလို့ သတ်မှတ်ရတာဖြစ်တယ်။ ဒီ နအဖဖက်ဆစ်တွေဟာ ပြည်သူလူထုအတွက် ကောင်းတာဘာတခုလုပ်ခဲ့လို့လဲ .. ဆရာ၊ ဒါတွေကို ဆရာနဲ့ တပ်မဟာ (၇) က တပ်မှူးဟောင်းတွေသိကြပါတယ်။ သိရက်နဲ့ ဘာကြောင့် ဒီလိုစစ် အုပ်စုဖက်ဆစ်တွေနဲ့ နားလည်မှုယူကြရတာလဲဗျာ…

ဆရာတို့ ခုထိ ခေါင်းဆောင်ကြီးစောဘဦးကြီးရဲ့ တော်လှန်တဲ့ သစ္စာတရား ၄ ပါး သို့မ ဟုတ် မူ ၄ ချက်ကို ဆက်လက်ကိုင်စွဲထားတုန်းပဲလား၊

ဒီဖက်ဆစ်တွေဆီက ကျနော်တို့လိုလားတဲ့ ကရင်ပြည်တောင်းလို့ရမယ်လို့ ဆရာတို့ထင် ထားသလား၊ လုံးဝ မရနိုင်ဘူးဆရာ။ ကရင်ပြည်မပြောနဲ့ (တခရိုင်)။ တမြို့နယ်တောင်အုပ်ချုပ်ခွင့်မရနိုင်ဘူး၊ ထိုကော့ကိုး လို နေရာကွက်ကွက်ကလေးမှာ နေခွင့်ပေးမယ်၊ မသေရုံတမယ် ကားပါမစ် လေးချပေးမယ်၊ နောက်ဆုံး ဖက်ဆစ်တွေရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဆရာတို့အဖွဲ့ကို လက်နက်ဖြုတ်ဘို့ နယ်ခြားစောင့်တပ် ခေါင်းစဉ် အောက်မှာ လက်နက်တွေ သိမ်းယူလိုက်မှာဖြစ်တယ်၊ မယုံမရှိနဲ့ဆရာ။ ကြာကြာမစောင့် ရပါဘူး။ လပိုင်းလောက်စောင့်ကြည့်ပါ။

ဖက်ဆစ်တွေနဲ့ ဆရာတို့ရေရှည်ပေါင်းလို့ မရနိုင်ဘူးဆရာ၊ သူတို့ခိုင်းတဲ့ နယ်ခြားစောင့် တပ် မလုပ်ဘူးဆိုရင် ဆရာတို့ ဘာဆက်လုပ်မှာလဲ၊ လက်နက်ချမလား၊ အညံ့ခံမလား၊ နအဖ ဆက်ဆစ်တွေကို ဦီးညွတ်အလေးပြုမလား။ တပ်မင်းဗိုလ်မှူးချုပ် လင်းထင် လို အသတ်ခံမလား၊ (KRC) (Karen Revolutionary Council) က ဖါးတီ မူးဆိုးကော် ကစာ စောဟန်တာသာမွှေးလို ပညာရေးအထူးအရာရှိအဆင့်နဲ့ပဲ ဘ၀နိဂုံးချုပ်ခဲ့ရတာ ဆရာမှတ်မိပါလိမ့်မယ်ထင်ပါတယ်၊ သူ မဆုံးမီ ကျနော့် အဖေကို အမှာစကားပါးခဲ့သေး တယ်၊ မန်းဘဇန်ကိုပြောလိုက်ပါတဲ့ ကျနော်မှားသွားပြီးတဲ့၊ ဆရာနဲ့ တပ်မဟာ (၇) က တပ်မှူးဟောင်းတွေ ခုလက်ရှိ တပ်မဟာ (၇) မှူး ဗိုလ်မှူးချုပ် သူရစောဂျော်နီ ကို ပြော လိုက်ပါ၊ ကျနော်တို့မှာသွားပြီးလို့ ပြောလာမဲ့စကားကို ကျနော်မကြားချင်ဘူးဆရာ ကျနော် အကြားချင်ဆုံးစကားကတော့ အတွင်းစည်းရောက်နေတဲ့ ငါတို့ တပ်တွေက နအဖ ဖက်ဆစ်တွေရဲ့ စခန်းကြီးတခုကိုသိမ်းလိုက်ပြီး ဆိုတဲ့ (Message) ပဲ ဆရာ၊ ဆရာတို့ ရွေးစရာလမ်းကတော့ ဒေါ်စု ဖေဖေ မိန့်ကြားခဲ့သလို လွတ်လပ်ရေးကို တောင်း လို့ ရရင်ရ မရရင်ချ ဆိုတဲ့ စကားကို လက်တွေ့ အကောင်အထည်ဖေါ်ပါ ဆရာ၊ ဒီ နအဖ ဖက်ဆစ်တွေ ကျနော်တို့လိုချင်တဲ့ ကရင်ပြည် ဘယ်တော့မှ မပေးဘူး။ ဒီကောင်တွေက ရင်ပြည်ပေးလာမယ်လို့ ဘယ်တော့မှစိတ်ကူးမယဉ်နဲ့ ဆိုတာ လက်နက်အဖြုပ်မခံရခင် သတိပေးလိုက်တာပါ၊

(၃) နအဖတွေဟာ နိုင်ငံတော်လက်ဝါးကြီးအုပ် ဓနရှင်တွေ ဖြစ်တယ်

နအဖတွေကို နိုင်ငံတော်လက်ဝါးကြီးအုပ် ဓနရှင်လို့ သတ်မှတ်ရတာက နိုင်ငံတော်အာ ဏာကို သေနတ်တွေရယူထားပြီး နိုင်ငံတော်ရဲ့ သယံဇာတ အားလုံးကို လက်ဝါးကြီးအုပ် ပြီး စစ်အုပ်စုရဲ့ မျိုးနွယ်စုတွေအတွက်လုပ်ကိုင်နေလို့ သတ်မှတ်ရတာဖြစ်တယ်။

နိုင်ငံတော်မှာ ဒီမိုကရေစီမရှိဘူး၊ တရားမျှတမှုမရှိဘူး၊ တန်းတူမှုမရှိဘူး၊ ဥပဒေ စိုးမိုးမှု မရှိဘူး၊ လူမျိုးတွေရဲ့ ရပိုင်ခွင့်မရှိသလို ပြည်သူတွေရဲ့ ရပိုင်ခွင့် အားလုံးဆုံးရှုံးနေပြီး ဖြစ် တယ်။ အထက်ပါအချက် ၃ ချက်နဲ့ အနည်းဆုံးပြည့် နေလို့ နအဖ ကို မဟာဗမာ လူမျိုး ကြီးဝါဒီ၊ ဖက်ဆစ်စစ်အာဏာရှင် နိုင်ငံတော်လက်ဝါးကြီးအုပ် ဓနရှင်လို့ သတ်မှတ်လိုက် တာဖြစ်တယ်။

ဆရာ…
နောက်ဆုံး ပြောလိုတာက ကျဆုံးသွားတဲ့ ရဲဘော် ၆ ယောက်အတွက် ကျနော်တို့ ၀မ်းနည်း ယူကြုံးမရ ဖြစ်ရပါတယ်၊ သေနတ်ကိုင်ထားတာ ကရင်ပြည်သူ့အကျိုးစီးပွားကို ကာကွယ်ယုံမကဘူး၊ တိုင်းပြည်တ၀ှန်းလုံးရှိ လူမျိုးစုံပြည်သူတရပ်လုံးရဲ့ အသက် အိုး အိမ်စည်းစိမ်ကိုကာကွယ်ဘို့ပါ တာဝန်ရှိတယ်။ တပြည်လုံးကို မကာကွယ်သေးမီ မိမိတို့ အဖွဲ့၏ အသက်လုံခြုံမှုကို အရင်ဆုံးလုပ်ဆောင်ပါ၊ ရှိပီးသား လက်နက်တွေကို ကျစ်ကျစ် ဆုတ်ထားပါ၊ ကရင်အချင်းချင်းသွေးမြေကျ မဖြစ်အောင် စောင့်ထိမ်းပါ၊ ခေါင်းဆောင်ကြီး စောဘဦးကြီးရဲ့ သြ၀ါဒကိုမြေ၀ယ်မကျ စွဲကိုင်ပါလို့မှာကြားရင်း နိဂုံးချုပ်ခွင့်ပြုပါ။

မန်းရောဘတ် ဘဇန်
ဒီဇင်ဘာလ (၁၅) ရက်-၂၀၁၀၊

Friday, December 10, 2010

ထိုင်းနိုင်ငံမှာကမ္ဘာပေါ်မှထင်ကြားသူများရဲ့ဖယောင်းရုပ်ထုပြခန်းတွင်အမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ပုံ

ဘုရားစုးရပါစေ့ အဲဒါ ပိုက်ဆံတွေပါဗျာ

သူံးရမှာတောင် အားနာတယ်ဗျာ...တကယ်ပါဘဲ..
ဘဘတွေက သူများကျ ပြည်ပအားကိုး ပုဆိန်ရိုးဆိုပြီး..သူတို့ ကျ မြန်မာပိုက်ပိုက်မသုံးဘဲ ဒေါ်လာတွေ အထပ်လိုက်သုံးတော့..ဒီပိုက်ဆံတွေ ဒီလောက်ပေါက်ပြဲ စုတ်ပြတ်နေတာ.မမြင်ဖူးကြဖူးတဲ့

http://www.royal-myanmar.com/2010/12/myanmar-note.html မှ

Monday, December 6, 2010

ပါလီမန်ခေတ်၏ နောက်ဆုံးသမ္မတကြီး


ထိုင်းဘုရင်မင်းမြတ် ဘူမိဘော်အဒှူယာဒတ်နှင့် နိုင်ငံတော်သမ္မတကြီး မန်းဝင်းမောင်
မန်းဝင်းမောင်အထုပ္ပတ္တိလက်ရေးမူမှ ဓာတ်ပုံ (ကျွန်တော်သမ္မတ)
မကွယ်လွန်မှီလပိုင်းအလို အင်းစိန်တွင်ရိုက်ကူးထားသောပုံ


မန်းဝင်းမောင်(၁၉၁၆-၁၉၈၉)
ဦးဝင်းမောင် (ခ) မန်းဝင်းမောင်သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ တတိယမြောက် သမ္မတ ဖြစ်သည်။ ၁၉၅၇-ခုနှစ်၊ မတ်လ ၁၃-ရက် မှ ၁၉၆၂-ခုနှစ်၊ မတ်လ ၂-ရက်ထိ သမ္မတတာဝန် ထမ်း ဆောင်ခဲ့သည်။
၁၉၁၆ ခုနှစ်၊ ဧပြီလ ၁၇ ရက် တနင်္လာနေ့တွင် ပုသိမ်ခရိုင် ကျုံပျော်မြို့နယ် လှည်းဆိပ်ရွာ၌ ဖွားမြင်သည်။ အဖ ဦးရွှေရင်၊ အမိ ဒေါ်သာယာ ဖြစ်သည်။ ဖခင်မှာ ပညာအုပ် ဖြစ်သည်။ ကရင် တိုင်းရင်းသား ဖြစ်၍ မန်းဝင်းမောင်ဟု လူသိများသည်။
ပုသိမ်မြို့ မွန် ကရင် အထက်တန်းကျောင်း၊ ဂျပ်ဆင် ကောလိပ်တို့တွင် ပညာသင်ခဲ့သည်။ ၁၉၃၃ ခုနှစ်တွင် ဆယ်တန်းအောင်သည်။ ၁၉၃၇ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ ဘီအေဘွဲ့ ရသည်။
၁၉၃၇-၄ဝ တွင် သန်လျင် ဘီအိုစီ စာရင်းဌာန ကုမ္ပဏီဝန်ထမ်း၊ အတွင်းဝန်ရုံး အစိုးရဝန်ထမ်း အဖြစ် ဆောင်ရွက်သည်။ ၁၉၄၁ ခုနှစ်တွင် မေမြို့ ဗိုလ်သင်တန်း တက်၍ ၁၉၄၁-၄၂ တွင် အရာခံဗိုလ် အဖြစ် စစ်ဘက်၌ တာဝန် ထမ်းဆောင်သည်။ ၁၉၄၂ ခုနှစ်တွင် အင်္ဂလိပ် စစ်တပ်များ အိန္ဒိယသို့ အောင်မြင်စွာ ဆုတ်ခွာရာ၌ အိန္ဒိယသို့ မလိုက်ဘဲ မြန်မာပြည်၌ နေခဲ့သည်။ ဂျပန် တော်လှန်ရေးတွင် ပါဝင်ခဲ့သည်။ ဖက်ဆစ် တော်လှန်ရေး အတွက် ၁၉၄၄ ခုနှစ်၊ ဒီဇင်ဘာလတွင် အိန္ဒိယသို့ စေလွှတ်ခြင်း ခံရသည်။ အိန္ဒိယသို့ ပထမဆုံး ထွက်ခွာသော အဖွဲ့၌ ဒုတိယခေါင်းဆောင် အဖြစ် တာဝန် ပေးခံရသည်။ ကာလကတ္တားနှင့် သီဟိုဠ် တို့တွင် စစ်ပညာ သင်တန်းများ တက်ရောက်ခဲ့သည်။
၁၉၄၅ ခုနှစ်၊ မတ်လ ၃ဝ ရက် ညပိုင်းတွင် တောင်ငူခရိုင် ဖြူးမြို့နယ် ကြို့ပင်သာရွာ အနီး၌ လေထီးဖြင့် ခုန်ဆင်းခဲ့သည်။ မြေပြင်အရောက် အကျမတော်၍ ပေါင်ကျိုးခဲ့သည်။ ဒဏ်ရာရသည့်ကြားမှပင် ဖက်ဆစ် တော်လှန်ရေး အတွက် ကရင် တိုင်းရင်းသားများကို အောင်မြင်စွာ စည်းရုံး လှုံ့ဆော်နိုင်ခဲ့သည်။ ၂ လကြာပြီးနောက် ဆေးကုသရန် ကာလကတ္တားသို့ လေယာဉ်ဖြင့် ပြန်ပို့ခံရသည်။
၁၉၄၅ ခုနှစ်၊ အောက်တိုဘာလတွင် ဦးသိန်းဖေ (မြင့်) နှင့်အတူ အိန္ဒိယမှ ပြန်ရောက်သည်။ လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ဆက်လက်ပါဝင်၍ ကရင် ဗမာ ချစ်ကြည်ရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် ကရင်လူငယ်များ အစည်းအရုံး ဒုတိယဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သည်။ ဥက္ကဋ္ဌမှာ မန်းဘခိုင် ဖြစ်သည်။ ကရင်လူငယ် အစည်းအရုံးက ထုတ်ဝေသည့် တိုင်းရင်းသား ဂျာနယ်၏ အယ်ဒီတာ အဖြစ် တာဝန်ယူခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် ပြည်ထောင်စု ကရင်အမျိုးသား အဖွဲ့ ဥက္ကဋ္ဌ ဖြစ်လာသည်။
၁၉၄၇ ခုနှစ်၊ ဧပြီလ ၁၁ ရက်တွင် ပုသိမ်မြောက်ပိုင်းမှ တိုင်းပြုပြည်ပြု လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ် တင်မြှောက်ခံရသည်။ ၁၉၄၇ ခုနှစ်၊ မေလတွင် အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီ အဖွဲ့ဝင်၊ လမ်းညွှန်ကော်မတီ အဖွဲ့ဝင် အဖြစ် ပါဝင်ခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်တွင် သခင်နု ဦးဆောင်သော အစိုးရ အဖွဲ့၌ ဓာတ်သတ္တုဌာန ဝန်ကြီး၊ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံ အစိုးရ အဖွဲ့၌ အဆောက်အဦး လမ်းပန်းဆက်သွယ်ရေးနှင့် အလုပ်သမားဌာန ဝန်ကြီး အဖြစ် ဆောင်ရွက်သည်။
၁၉၅၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက် ရွေးကောက်ပွဲတွင် မအူပင်တောင်ပိုင်းမှ တိုင်းပြုပြည်ပြု လွှတ်တော် ကရင်အမတ် အဖြစ် ရွေးချယ်ခံရသည်။ ၁၉၅၂ ခုနှစ်၊ မတ်လ ၆ ရက်တွင် သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီး အဖြစ် တာဝန်ယူခဲ့သည်။ ၁၉၅၆ ခုနှစ်၊ ရွေးကောက်ပွဲ၌ မအူပင်တောင်ပိုင်းမှ တိုင်းပြုပြည်ပြု လွှတ်တော် ကရင်အမတ် အဖြစ် ဆက်လက် ရွေးချယ်ခံရသည်။ ၁၉၅၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်တွင် ပြည်တွင်း ရေကြောင်းနှင့် ပင်လယ်ဆိပ်ကမ်း ဆိုင်ရာ ဝန်ကြီး၊ ၁၉၅၇ ခုနှစ်၊ မတ်လ ၁၃ ရက်တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဒုတိယမြောက် ရွေးချယ်ခံရသော သမ္မတကြီး ဖြစ်လာသည်။
၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်တွင် တော်လှန်ရေး ကောင်စီ၏ ထိန်းသိမ်းခြင်းခံရသည်။ ၁၉၆၇ ခုနှစ်တွင် ပြန်လည် လွတ်မြောက်ခဲ့သည်။ ၁၉၆၈ ခုနှစ်၊ နိုဝင်ဘာလတွင် တော်လှန်ရေး ကောင်စီက ဖိတ်ကြားသော ပြည်တွင်း အကြံပေး အဖွဲ့ဝင် ၃၃ ဦးတွင် ပါဝင်သည်။ ၁၉၈၈ ခုနှစ်မှ ၁၉၈၉ ခုနှစ်တိုင် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အဖွဲ့ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သည်။
၁၉၅၇ ခုနှစ်တွင် နိုင်ငံတော်က အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရီ သုဓမ္မဘွဲ့များ ချီးမြှင့်ခဲ့သည်။ လွတ်လပ်ရေး မော်ကွန်းဝင် (ဒုတိယအဆင့်)၊ နိုင်ငံ့ဂုဏ်ရည် (ပထမအဆင့်) ဘွဲ့တံဆိပ်များ ရခဲ့သည်။ ၁၉၅၉ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ယိုးဒယားဘုရင်၏ ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်၊ ၁၉၆ဝ ပြည့်နှစ်တွင် တော်လှန်ရေးကြယ်တံဆိပ် (ဒုတိယအဆင့်) ရခဲ့သည်။
၁၉၄၂ ခုနှစ်တွင် ရန်ကုန်မြို့နေ ဦးစံလှ၊ ဒေါ်ဒွေးတို့၏ သမီး မမြမေနှင့် လက်ထပ်ခဲ့ပြီး သားလေးယောက်နှင့် သမီးနှစ်ယောက် ထွန်းကားခဲ့သည်။ ၉ ရက် ၉ လ ၁၉၈၈ ခုနှစ်တွင် ဦးနုပါဝင်သော စင်ပြိုင်အစိုးရဖွဲ့စည်းရာတွင် သမ္မတအဖြစ် စာရင်း၌ ပါရှိခဲ့သည်။
သမ္မတဟောင်း မန်းဝင်းမောင်သည် ၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၄ ရက်တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်၌ ပုံမနှိပ်ရသေးသည့် 'ဌေးဝင်းမောင် ပြောသော လေထီးသမ္မတ' ဟု အမည်ပေးထားသော ကိုယ်ရေးမှတ်တမ်း လက်ရေးမူ ကျန်ရစ်သည်။
(သမ္မတကြီး မန်းဝင်းမောင်ရေးခဲ့သော စာအုပ်တစ်အုပ်မှာ “ကျွန်တော်သမ္မတ”ဟူ၍ မှတ်သာထားဖူးပါ သည် ၊ လူထုဒေါ်အမာ၏ မန္တလေးသူ မန္တလေးသားများ စာအုပ်တွင်ထင်၏) မည်သို့ပင်ဖြစ်စေ ဤကဲ့သို့ လူတော်လူကောင်းများ ၊ ဆွေကောင်းမျိုးကောင်းများ ၊ ပညာတတ် လူရည်ချွန်များ အမိ မြန်မာနိုင်ငံကိုအုပ်ချုပ်သွားခဲ့သော ထိုထိုကာလတွေမှာ လူတိုင်းဟာ ပျော်ရွှင်ခဲ့ကြမှာ ထိုခေတ်ကို မမှီခဲ့သော ထိုခေတ်မှာ လူမဖြစ်ခဲ့ရသော ကျွန်တော်ဟာ ဒီစာလေးတွေကို ဖတ်မှိတိုင်း အတိတ်ကို လွမ်းမှိသလိုလို ဖြစ်မှိပါတယ်။
စာလေး ရေးနေစဉ်မှာတောင် ကျွန်တော့ရဲ့နားထဲမှာ ခပ်ငယ်ငယ်ကဆိုခဲ့ဖူးတဲ့ (လွတ်လပ်တဲ့ မြန်မာပြည်....ထွဋ်မြတ်သည့် စံဋ္ဌာနီ ...မချွတ်အင် လွှတ်သဘင် ဆင်နွှဲခဲ့သည် သဘင်ပွဲနွှဲသံချီ ၊ မြန်မာ့ဟန်ရေး ရှေးထုံးမပြတ်ပါ အိုးစည် မောင်း ညိမ့်ညောင်းခါ တော်မှီ .....မင်းပေါင်းစုံစုံညီညီ ဗိုလ်ရှုသဘင်ပွဲ ခန်းမဆီ လျှမ်းစွကြိုင်ဝေစွာနော် ..နိုင်ငံတော်သမ္မတ ကြွချီ ၊ အောင်လံတော်ကို အလေးပြုရမည် ၊ ဗိုလ်ရှုသဘင်ပွဲ နွှဲသည့်အခါမှီ ..ကြည်း ရေ လေ စစ်သမီးမကျန်ရ မြန်မာ့တပ်မတော်ချီလာပြီ...............) ကျွန်တော်ဟာ စာရေးနေရင်း “လွှတ်သဘင်” သီချင်းလေး နားထဲကြားယောင် နေမှိပါတော့တယ်ခင်မျာ၊ အော် အတိတ် အတိတ် အတိတ်.............။
အားလုံးရွှင်လန်း ချမ်းမြေ့ကြပါစေကြောင်း ငွေလမင်းတို့ သားမိက ဆုတောင်းလိုက် ပါတယ် ၊ ရွှင်လန်းချမ်းမြေ့ကြပါစေခင်မျာ...။
source-ငွေလမင်း

Monday, November 22, 2010

ဒုတိယပင်လုံညီလာခံ ဖြစ်မြောက်ရေးနှင့် ပတ်သက်၍ ၀ါရင့်နိုင်ငံရေးသမားကြီးများအား ပူဇော်ကန်တော့ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံ

ကျမကို ဒီလိုတာဝန်ပေးတဲ့အတွက် အများကြီးပဲ ဂုဏ်ယူပါတယ်။ နောက်ပြီးတော့ တာဝန်ဆိုတာ အမြဲပဲ ကြီး မားတဲ့ ကိစ္စတခုပါ။ တာဝန်ကို ထမ်းရတယ်။ ထမ်းရတယ်ဆိုကတည်းက လေးတယ်ဆိုတဲ့ အဓိပ္ပာယ်တော့ရှိ တာပေါ့။ တာဝန်သေးသေးဆိုရင်တော့ ခပ်ပေါ့ပေါ့ပဲ ထမ်းရမယ်။ ဒီဟာကတော့ တာဝန်ကြီးကြီးဖြစ်လို့ ကျမ အင်မတန်မှ လေးလေးနက်နက် စိတ်ထဲမှာထားလို့ တာဝန်ကျေပွန်အောင် ကြိုးစားပါ့မယ်။ ဒါပေမယ့် ဒီလို ကျ မ တာဝန်ကျေပွန်အောင် လုပ်တဲ့အချိန်မှာ ကျမကို ၀န်းရံပြီးတော့ ကူညီပေးဖို့ လိုပါတယ်။ ကျမတို့ လူကြီးတွေ ကလည်း အကြံဉာဏ်ပေးဖို့၊ ဆုံးမစရာရှိတာ ဆုံးမဖို့၊ ကျမတို့ အထူးသဖြင့် ကျမတို့ တိုင်းရင်းသားတွေဟာ ကျ မတို့ လုပ်ဖော်ကိုင်ဖက်ဟုတ်ရဲ့လားဆိုတာကို ကျမတို့ကို ပြဖို့၊ တချိန်လုံး တယောက်နဲ့တယောက် တဘက်နဲ့ တဘက် စကားပြောဆွေးနွေးပြီးတော့ ဒီတာဝန်တွေကို ထမ်းဆောင်သွားရမှာပါ။ ကျမတယောက်တည်း ကျမ သဘောနဲ့ ထမ်းဆောင်သွားလို့ မဖြစ်ပါဘူး။

အခု ဒီမှာရောက်နေတာက မျိုးဆက်တွေကလည်း စုံတယ်။ လူကြီးတွေ ... ကျမတို့ အခု လာကန်တော့နေတဲ့ ဘဘတို့ရဲ့မျိုးဆက်တွေ၊ ကျမတို့ရဲ့ မျိုးဆက်တွေ၊ ကျမတို့ထက်ငယ်တဲ့ ၈၈ မျိုးဆက်တွေ၊ ၈၈ ထက်ငယ်တဲ့ လူငယ်တွေ မျိုးဆက်တွေပေါ့နော် … ဒီမျိုးဆက်တွေ မျိုးဆက်တွေဟာ ဒီတာဝန်တွေကို ဆက်ပြီးတော့ ထမ်း ဆောင်သွားရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ အခုက အရေးကြီးတာက ကျမရဲ့အမြင်ကို ကျမ ပြောတာ ပေါ့နော်၊ ညီလာခံတခုထက် အရေးကြီးတာက စိတ်ဓာတ်ပဲ။ အဲဒီတော့ ကျမတို့ဟာ ပင်လုံစိတ်ဓာတ်ကို ဆက် ပြီးတော့ ရှင်သန်နေအောင်လုပ်သွားဖို့ဟာ နောင်မျိုးဆက်တွေမှာလည်း တာဝန်ရှိတယ်။ အလုပ်တခုက ညီ လာခံတခုနဲ့ ပြီးသွားတာမဟုတ်ဘူး။ ဒီညီလာခံကနေပြီးတော့ အကောင်အထည်ဖော်လိုက်တဲ့ ကိစ္စတွေကို အဓိပ္ပာယ်ရှိရှိနဲ့ ဆက်ပြီးတော့ ကျမတို့နိုင်ငံအတွက် ရပ်တည်သွားနိုင်ဖို့ဆိုတာ အားလုံးရဲ့တာဝန်ဖြစ်တယ်။ ဒီမျိုးဆက်တခုတင် မပြီးသွားဘူး။ မျိုးဆက်တွေ မျိုးဆက်တွေ ဆက်ပြီးတော့ လုပ်ရမယ်။ တိုင်းရင်းသားတွေ အားလုံး ညီညီညွတ်ညွတ်နဲ့ လုပ်ရမယ်။

အခု ကျမတို့ ဒီလိုဝါရင့်နိုင်ငံရေးသမားကြီးများကို ကန်တော့ပူဇော်ပွဲမှာ ဒီလိုကိစ္စမျိုးနဲ့ ဆုံစည်းပြီးလုပ်တာ အင် မတန်မှ သင့်တော်တယ်လို့ ကျမ ထင်ပါတယ်။ တနည်းအားဖြင့် ဆိုလို့ရှိရင် ကျမတို့ ၀ါရင့်နိုင်ငံရေးသမားကြီး များ၊ ကျမတို့လူကြီးများက ကျမတို့ကို လက်ဆင့်ကမ်းပြီးတော့ တာဝန်ပေးအပ်တဲ့သဘောပါ။ အဲဒီတော့ ကျမ တို့ကလည်း အခုကတည်းက ဘွတ်ကင်လုပ်ထားရမှာပေါ့ (ရယ်လျက် …)။ ကျမတို့ပြီးလို့ရှိရင် လူလတ်ပိုင်း၊ လူလတ်ပိုင်းကနေ လူငယ်ပိုင်း အဆင့်ဆင့်လုပ်သွားရမှာပါ။ ဘယ်တော့မှ နိုင်ငံရေးဆိုတာ ပြီးတယ်လို့ မရှိပါ ဘူး။ နိုင်ငံရေးဆိုတာ လူတိုင်းနဲ့ ဘယ်သူနဲ့မှလည်း ကင်းတယ်လို့မရှိဘူး။ ဘယ်တော့မှလည်း ပြီးဆုံးသွားတယ် လို့မရှိဘူး။

အဲဒီတော့ ကျမတို့ ဒုတိယပင်လုံလို့ပဲ ပြောပြောပေါ့နော်၊ ကျမ ၂၁ ရာစုနှစ်ပင်လုံလို့ ပြောချင်တာက ၂၁ ရာစု အမြင်တွေနဲ့လည်း ကိုက်အောင် ၂၁ ရာစုနှစ်မှာ ကျမတို့ရမယ့် အခွင့်အရေးတွေ လုပ်ပုံလုပ်နည်းပေါ့နော် … လမ်းကြောင်းတွေနဲ့ ကိုက်အောင်ဆိုပြီးတော့ ကျမက သုံးလိုက်တာပါ။ လူကြီးတွေပြောတဲ့ ဒုတိယပင်လုံဆို တဲ့ စကားကို ဖယ်ရှားတဲ့သဘောလည်း မဟုတ်ပါဘူး။ ထပ်ပြီးတော့ ဖြည့်ဆည်းပေးတဲ့ သဘောလို့ပဲ ကျမ မြင် စေချင်ပါတယ်။ ကျမတို့နိုင်ငံဟာ တကယ့်ပြည်ထောင်စုစစ်စစ်ဖြစ်ဖို့ဟာ လူတိုင်းရဲ့တာဝန်ဖြစ်တယ်။

အဲဒီမှာတော့ ကျမတော့ ပြောရမှာပဲ။ ကျမတို့ ... ကျမက ဗမာဆိုတော့ ဒီလိုအခြေအနေမှာ ပြောလို့လည်း ကောင်းပါတယ်။ လူများစုဖြစ်တဲ့ ဗမာတွေက ပိုပြီးတော့ ကြိုးစားရမယ်။ ဟို ... ငါတို့က လူများစုဆိုတာ အခွင့် အရေးယူဖို့ မဟုတ်ဘူး။ ပိုပြီးတော့ တာဝန်ယူဖို့။ အဲဒီလိုပဲမြင်ပါ။ ကိုယ့်မှာ အင်အားပိုပြီးတော့များလို့ရှိရင် တာ ၀န်ပိုပြီးတော့ ယူရမယ်။ အခွင့်အရေးကို လျှော့ပြီးတော့ ယူရမယ်။ ဒါမှ လူ့သိက္ခာနဲ့ ညီညွတ်တယ်။ ဒါမှ ကျမ တို့နိုင်ငံအတွက် ကောင်းတဲ့အစဉ်အလာတွေ ဖြစ်နိုင်မှာပါ။ ကျမ ဟို ... ဘဘဦးတင်ဦးလို စီကာပတ်ကုံးမပြော တတ်ဘူး (ရယ်လျက် ...)။ အဲဒီတော့ တိုတိုပဲပြောပါရစေ။

ကျမတို့ တော်လှန်ရေးဆိုတဲ့ … တော်လှန်ရေးသမားဆိုတဲ့ အဓိပ္ပာယ်ကို ကျမ ခေါ်ဆိုတဲ့အခါမှာ တခါလည်း ပြောဖူးပါတယ်။ ဆရာကြီးမင်းသုဝဏ်ရဲ့ ‘သူ့မှာတမ်း’ ဆိုတဲ့ကဗျာပေါ်ကို အခြေခံပြီး ကျမ ပြောလေ့ရှိပါတယ်။ တော်လှန်းရေးသမားရဲ့ စိတ်ဓာတ်ဆိုတာ နောက်ဆုံးတိုင် ... နောက်ဆုံးဆုံးတိုင် … အဲဒီကဗျာကို မှတ်မိတဲ့ ဖတ်ဖူးတဲ့သူတွေ မှတ်မိတဲ့သူတွေဆို သိပါလိမ့်မယ်။ ဒီတော်လှန်ရေးသမားလေးဟာ တော်လှန်ရေးမပြီးခင် ကျဆုံးသွားတဲ့အခါကျတော့ သူက တောင်းပန်သွားတယ်။ အားနာပါတယ်ပေါ့နော်။ နောက်ဆုံးအချိန်ထိ မနေ ခဲ့တာပေါ့နော်။ အဲဒီလိုပဲဖြစ်ရမယ်။ ကိုယ်က ဘယ်လောက်လုပ်ပေးပါတယ်ဆိုတာကို ပြောမယ့်အစား ကိုယ် ဒါ့ထက်ပိုပြီးတော့ မလုပ်ပေးနိုင်တာကို မကျေနပ်နိုင်ပါဘူး။ မလုပ်ပေးနိုင်လို့ တောင်းပန်ပါတယ်ဆိုတဲ့ စိတ် ဓာတ် ကျမတို့ အားလုံးမှာရှိရမယ်။ အဲဒီလိုစိတ်ဓာတ်နဲ့ လုပ်သွားမယ်ဆိုလို့ရှိရင် … တကယ်တော့ နိုင်ငံတနိုင် ငံရဲ့ တော်လှန်ရေးဆိုတာ ... အခုဆိုရင် ကမ္ဘာကြီးမှာ သူတို့က အခုနောက်ဆုံးတော်လှန်ရေးကို IT တော်လှန် ရေးပေါ့နော်။ ဒီလို သူတို့ခေါ်ကြတယ်။ နည်းပညာတော်လှန်ရေးပေါ့နော်။ အရင်တုန်းက စက်မှုတော်လှန်ရေး လည်း ရှိခဲ့တယ်။ တကယ့် ပြင်သစ်တော်လှန်ရေး… တော်လှန်ရေးဆိုတာ အမျိုးမျိုးပေါ့။ တော်လှန်ရေးဆိုတာ ဟာ အပြောင်းအလဲကြီးတခုပဲ။ သိသာတဲ့ အပြောင်းအလဲကြီးတခုပဲ။ အဲဒီလိုအပြောင်းအလဲတွေဟာ ကျမတို့ ကမ္ဘာကြီးတည်သရွေ့ ဒီလို အပြောင်းအလဲတွေက ရှိနေမှာပဲ။ အဲဒီတော့ ကျမတို့ အားကိုးမှာ တော်လှန်ရေး စိတ်ဓာတ်မွေးတယ်ဆိုတာ အဲဒါကို ပြောတာ။ ခေတ်နဲ့အညီ ကိုယ့်ရဲ့တာဝန်ကို ဆုံးခန်းတိုင်အောင် ဆက်ပြီး တော့ ထမ်းဆောင်သွားချင်တဲ့ စိတ်။

အဲဒီတော့ အခု ကျမတို့ဟာ ခေတ်နဲ့အညီ ဒီပြည်ထောင်စုစိတ်ဓာတ်တွေကို ဘယ်တော့မဆို ခိုင်မြဲသထက် ပို ပြီးတော့ ခိုင်မြဲအောင် လုပ်သွားရမှာက အဆုံးရှိမှာမဟုတ်ဘူး။ ဘယ်တော့မှ အဆုံးရှိမှာမဟုတ်ဘူး။ ဒီ ... ပင် လုံညီလာခံ ဒုတိယပင်လုံညီလာခံခေါ်ပြီးလို့ရှိရင် ပြီးပြီဆိုတာလည်း မဟုတ်ဘူး။ ပင်လုံညီလာခံက ဆုံးဖြတ် ချက်တွေကို အကောင်အထည်ဖော်ရမယ်။ ဆက်ပြီးဆက်ပြီးတော့ ဒီပင်လုံစိတ်ဓာတ်တွေကို ပိုပြီးတော့ ခိုင်မာ အောင်လို့ ပိုပြီးတော့ ကျယ်ပြန့်အောင်လို့ ကျမတို့ ဆက်ပြီးတော့ ကြိုးစားသွားရမယ်။ အဲဒီတော့ ကျမဒီမှာ ခပ် တိုတိုနဲ့ပဲပြောပါရစေ။ ပေးအပ်ခဲ့တဲ့ … အခုပေးတဲ့ တာဝန်တွေကို ကျေပွန်အောင်လို့ ကျမကြိုးစားပါ့မယ်။ ဒီလို ကြိုးစားတဲ့နေရာမှာ ၀ိုင်းပြီးတော့ ကူညီပေးကြပါ။ အကြံဉာဏ်ပေးကြပါ။ သဘောမတူရင်လည်း သဘောမတူ ဘူးလို့ ပြောကြပါ။ နောက်ပြီးတော့ ဘာဖြစ်လို့ သဘောမတူတာလဲ။ ကျမ လုပ်ပုံကိုင်ပုံကို သဘောမတူလို့ဆို ရင် ဘာဖြစ်လို့ သဘောမတူတာလဲဆိုတာကို ပြောကြပါ။

ကျမက အဲဒီဘာဖြစ်လို့ဆိုတဲ့ဟာ ... မေခွန်းက အင်မတန် အရေးကြီးတယ်လို့ ထင်ပါတယ်။ မကြိုက်ဘူးလို့ ပြောရုံနဲ့မရဘူး။ ကြိုက်တယ်လို့ ပြောရုံနဲ့လည်း မရဘူး။ ကိုယ့်မှာ အကြောင်းအချက် ခိုင်ခိုင်မာမာ ရှိရမယ်။ အဲ ဒီတော့မှလည်း တဘက်က နားလည်နိုင်မယ်။ ဘယ်လိုပြုပြင်ရမလဲ၊ ဘာဖြစ်လို့ ပြုပြင်သင့်သလဲဆိုတာကို သ ဘောပေါက်မယ်။ အဲဒီတော့ ဒီတာဝန်ထမ်းဆောင်ဖို့အတွက် ကျမတို့ ၀ါရင့်နိုင်ငံရေးသမားကြီးများဖြစ်ကြတဲ့ လူကြီးများ၊ ကျမတို့ရဲ့ အသက်အရွယ် ကျမနဲ့ တမျိုးဆက်တည်းဖြစ်တဲ့ ပုဂ္ဂိုလ်များ၊ နောက်ပြီးတော့ ကျမတို့ ထက်ငယ်တဲ့ ၈၈ မျိုးဆက်လို့ပဲဆိုပါတော့ လူလတ်ပိုင်း၊ နောက်ပြီးတော့ တက်သစ်စဖြစ်တဲ့ လူငယ်ပိုင်းတွေ ဟာ အားလုံးဝိုင်းပြီးတော့ ကူညီကြပါ။ အားလုံးဝိုင်းပြီးတော့ လုပ်ကြပါ။ အားလုံးရဲ့တာဝန်ဟာ တယောက်ချင်း တယောက်ချင်းရဲ့ တာဝန်ဖြစ်တယ်ဆိုတဲ့ စိတ်ဓာတ်ကို ထားစေချင်တယ်။

ကျမတို့မှာ အားနည်းချက်တွေရှိလို့ရှိရင် အားနည်းချက်ဟာလည်း လူတိုင်းနဲ့ဆိုင်တယ်။ အောင်မြင်မှုဟာ လည်း လူတိုင်းနဲ့ဆိုင်တယ်ဆိုတဲ့ စိတ်ကို ထားချင်ပါတယ်။ တချို့ကျတော့ အားနည်းချက်ဆိုရင်တော့ ငါနဲ့ မ ဆိုင်ဘူး။ အောင်မြင်မှုဆိုတော့ ဒို့ပဲ ... ဒို့ပဲဆိုတာ အဲဒါကြီးကတော့ မဖြစ်ဘူးနော်။ အဲဒီစိတ်ဓာတ်ကိုတော့ ကျ မတို့ ဖယ်ရှားရမယ်။ ဒါဟာ ပုဂ္ဂိုလ်တဦးတယောက်ချင်းဟာလည်း ဒီလိုစိတ်ဓာတ်ထားရမယ်။ အဖွဲ့အစည်းတ ခုချင်းကလည်း အဲလိုစိတ်ဓာတ်ထားရမယ်။ အဲတော့ ကျမတို့ လုပ်တာအောင်မြင်ရင် ဒို့ အန်အယ်လ်ဒီကွလို့ အဲလိုပြောတာဟာ အင်မတန်မှ မှားတယ်။ ဒါပေမယ့် တချို့ကျတော့လည်း ကျမတို့ ဒီ နိုင်ငံရေးနဲ့ ပတ်သက် လို့ လုပ်တာတွေဟာ သိပ်အားမရဘူးဆိုရင် အဲဒါ အန်အယ်လ်ဒီပဲဆိုပြီးတော့ လက်ညိုးထိုးတာလည်းရှိတယ်။ အဲဒီနှစ်ခုစလုံးက မမှန်ဘူး။ မမှန်ဘူး။ အားလုံးတကယ်ပဲ ကျမတို့ ဒီတိုင်းပြည်မှာ စစ်မှန်တဲ့ စိတ်ဓာတ်တော် လှန်ရေးကြီးကို အောင်အောင်မြင်မြင် လုပ်ချင်တယ်ဆိုရင် အားနည်းချက်တွေကိုလည်း အားလုံးနဲ့ဆိုင်တယ် ဆိုတဲ့ စိတ်ဓာတ်ထားရမယ်။ အောင်မြင်ချက်တွေကိုလည်း အားလုံးနဲ့ဆိုင်တယ်ဆိုတဲ့ စိတ်ဓာတ်ကို ထားရ မယ်။ ဒါဟာ တကယ့်ကို ညီညွတ်ရေးရဲ့အခြေခံပါပဲ။

ဒီတော့ ကျမတို့ ပင်လုံစိတ်ဓာတ်ကို ထူထောင်နိုင်ရင် ကျမတို့တိုင်းရင်းသားအားလုံး ... ကျမ တိုင်းရင်းသားထဲ မှာ ဗမာကိုပါ ထည့်ပြီးတော့ ပြောလိုက်မယ်။ ဗမာနဲ့ တိုင်းရင်းသားဆိုတာ ဒါပြောစရာမလိုဘူး။ ကျမတို့လည်း တိုင်းရင်းသားလူမျိုးပဲ။ ဒီထဲက တိုင်းရင်းသားတစုပဲ။ အဲဒီတော့ ကျမတို့ တိုင်းရင်းသားအားလုံးရဲ့ လုပ်ဆောင် ချက်ကြောင့် အောင်မြင်တယ်ဆိုတာကိုပဲ ကျမတို့ ရှေ့ရှုပြီးတော့ ကြိုးစားသွားပါ့မယ်လို့ … ကျမ … ကတိပြု တယ်ပဲပြောပါရစေ။ ကျမ … ကျမကတိ သိပ်ပြီးတော့လည်း မပေးချင်ဘူး။ ကတိဆိုတာ သေချာတည်နိုင် တယ်ဆိုတဲ့ဟာကို အာမခံချက်ရှိမှ။ အဲဒီတော့ ကျမ လုပ်နိုင်သလောက်လုပ်သွားပါ့မယ်။ ကျမ တတ်နိုင်သ လောက် ဒီတာဝန်ကို ကျေပွန်အောင်လုပ်သွားပါ့မယ်လို့ပဲ ပြောပါရစေ။ အားလုံးကို ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ ....)

Saturday, November 13, 2010

ဒေါ်အောင်ဆန်းစုကြည် လုံးဝလွတ်မြောက်ပြီ...



ဒေါ်အောင်ဆန်းစုကြည် လုံးဝလွတ်မြောက်ပြီ..အမြဲကျန်းမာပါစေ... ပြည်တွင်းကလူတွေ အတတ်နိုင်ဆုံး အမေ့လုံခြုံရေးကို ဂရုစိုက်ကြပါ။

Daw Aung San Su Kyi's Releasing News(ဒေါ်အောင်ဆန်းစုကြည် လုံးဝလွတ်မြောက်ပြီ...)

Thursday, November 11, 2010

အညံ့ခံဖို့ အကြောင်းမရှိ

ရွေးကောက်ပွဲ ကျင်းပသည့်နေ့ ဖြစ်သော နိုဝင်ဘာလ ၇ ရက်နေ့တွင် ဗိုလ်မှူးကြီး စောလားပွယ် ဦးဆောင်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) က မြ၀တီမြို့၌ အစိုးရတပ်ဖွဲ့များကို အလစ်အငိုက် ညတိုက်ပွဲတခုဖြင့် တိုက်ခိုက်ခဲ့ပြီး အစိုးရအဆောက်အအုံ များစွာကို ယာယီထိန်းချုပ်နိုင်ခဲ့သည်။ နောက်တရက်တွင် မြ၀တီမြို့တွင်းနှင့် မြို့တ၀ိုက်တွင် DKBA နှင့် စစ်အစိုးရတပ်ဖွဲ့များအကြား တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားခဲ့သည်။ ထိုနေ့တွင်ပင် DKBA တပ်ဖွဲ့များသည် ဘုရားသုံးဆူဒေသတွင် တပ်စွဲထားသော စစ်အစိုးရတပ်ဖွဲ့များကို တိုက်ခိုက်ခဲ့ပြီး အစိုးရအဆောက်အအုံများကို မီးရှို့ဖျက်ဆီးခဲ့သည်။ တိုက်ခိုက်မှုများကြောင့် ဒုက္ခသည်ပေါင်း ထောင်သောင်းချီ၍ ထိုင်းနိုင်ငံ မဲဆောက်မြို့နှင့် စံခရဘူရီမြို့များသို့ ထွက်ပြေးခဲ့ကြသည်။

SawLahBwe

ဗိုလ်မှူးကြီး စောလားပွယ်

ဗိုလ်မှူးကြီး စောလားပွယ်သည် DKBA တပ်မဟာ (၅) ၏ တပ်မှူးဖြစ်သည်။ DKBA ခေါင်းဆောင်ပိုင်းက စစ်အစိုးရ ဖိအားပေးသည့်အတိုင်း နယ်ခြားစောင့်တပ်ဖွဲ့ရေး လက်ခံလိုက်ခြင်းကို သဘောမတူသဖြင့် DKBA မှ ခွဲထွက်ခဲ့သော တပ်မဟာ တခုလည်း ဖြစ်သည်။ DKBA တပ်မဟာ (၅) သည် မြ၀တီနှင့် ဘုရားသုံးဆူ ဒေသတ၀ိုက် ထိုင်း-မြန်မာ နယ်စပ်အနီးတွင် အခြေစိုက်သည်။

လက်ရှိစစ်ရေး အခြေအနေများနှင့်ပတ်သက်၍ ဧရာဝတီသတင်းထောက် စောရန်နိုင်က ဗိုလ်မှူးကြီး စောလားပွယ်အား ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။ ။ နိုဝင်ဘာ ၇ ရက်နေ့တုန်းက ဗိုလ်မှူးကြီးတို့အဖွဲ့ မြ၀တီမြို့ကိုဝင်တိုက်ပြီး အစိုးရအဆောက်အဦတွေကို သိမ်းယူခဲ့တယ်။ ဘာကြောင့် အဲဒီလို တိုက်ခိုက်ခဲ့ရတယ်ဆိုတာနဲ့ပတ်သက်ပြီး သိပါရစေခင်ဗျား။

ဖြေ ။ ။ စစ်အစိုးရက မြ၀တီမြို့ခံတွေကို အတင်းအကျပ် မဲပေးခိုင်းတယ်လို့ ကျနော်တို့ကြားရတယ်။ လူထုက မဲမပေးချင်ဘူး။ ဒါပေမယ့် စစ်အစိုးရက လူထုကို လက်နက်အားကိုးနဲ့ အကျပ်ကိုင်ခြိမ်းခြောက်တယ်။ အဲဒါကြောင့်မို့ လုံခြုံရေးအတွက် မြ၀တီမှာ ကျနော်တို့တပ်တွေ နေရာစယူခဲ့တာပါ။

မေး ။ ။ မြန်မာအစိုးရက ဗိုလ်မှူးကြီးအပေါ် ဘယ်လိုမျိုး ဖိအားတွေပေးနေပါသလဲ။

ဖြေ ။ ။ ကျနော်သာ နယ်ခြားစောင့်တပ်ဖွဲ့ဖို့ သဘောတူမယ်ဆိုရင် ကျနော့်ကို ကားအစီး ၅၀၀ နဲ့ စီးပွားရေးလုပ်ခွင့်တွေ ပေးမယ်လို့ အစိုးရအာဏာပိုင်တွေက ပြောခဲ့ပါတယ်။ ကျနော့်ကို ဖျောင်းဖျပြောဆိုဖို့ဆိုပြီး အစိုးရက ဆရာတော် ဦးသုဇနကိုတောင် ခိုင်းခဲ့သေးတယ်။ ဘယ်သူမှ ကျနော်တို့ကို မစည်းရုံးနိုင်တဲ့အခါကျတော့ အစိုးရက ကျနော်တို့ကို မြ၀တီကနေ ထွက်သွားခိုင်းပါတယ်။ ကျနော်တို့ကို မတွေ့ချင်တော့ဘူးလို့ သူတို့က ပြောပါတယ်။ ဒါပေမယ့် ကျနော်တို့ ထွက်မပေးနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီနေရာဟာ ကရင့်နယ်မြေဖြစ်တယ်။ ဒါ့ကြောင့် ကရင်တိုင်းရင်းသားတွေ နေထိုင်နိုင်ရမယ်။ ဘယ်လိုအကြောင်းနဲ့မှ ကျနော်တို့ ထွက်မပေးနိုင်ပါဘူး။ နယ်ခြားစောင့်တပ်ဖွဲ့ဖို့ကိုသာ ကျနော်က လက်ခံမယ်ဆိုရင် ကျနော်လိုတာပေးမယ်လို့ စစ်အစိုးရက ပြောပါတယ်။ ပြည်သူလူထုအတွက်ပဲ အလုပ်အကျွေးပြုမယ်လို့ ပြန်ပြောလိုက်တယ်။ လူထုကို အကာအကွယ်ပေးဖို့ဆိုတာ ကျနော်တို့တပ်ဖွဲ့တွေရဲ့ တာဝန်ပဲဖြစ်တယ်။

မေး ။ ။ အခုပြီးသွားတဲ့ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဗိုလ်မှူးကြီးရဲ့အမြင်ကို သိပါရစေ။

ဖြေ ။ ။ ဒီရွေးကောက်ပွဲက မြန်မာပြည်သူတွေအတွက် ဒီမိုကရေစီ မဆောင်ကျဉ်းပေးနိုင်သလို တိုင်းရင်းသား ပြည်သူလူထုအတွက်လည်း တန်းတူညီမျှမှု ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီမိုကရေစီအစစ်အမှန် မဟုတ်ဘူး။ စစ်ဗိုလ်ချုပ်ကြီးတွေ အရေခွံလဲတဲ့သဘောပါပဲ။ ပြည်သူလူထုကလည်း ရွေးကောက်ပွဲကို မထောက်ခံဘူး။ စစ်မှန်တဲ့ ရွေးကောက်ပွဲလည်း မဟုတ်ဘူး။ တိုင်းရင်းသားဒေသတွေမှာ ဘာတွေဖြစ်နေသလဲဆိုတာကို နိုင်ငံတကာအသိုင်းအ၀န်းက လာရောက် ကြည့်ရှုလေ့လာဖို့လိုပါတယ်။ ပြဿနာတွေကို သူတို့လာပြီး ဖြေရှင်းပေးသင့်ပါတယ်။

မေး ။ ။ တခြား DKBA တပ်မဟာတွေက နယ်ခြားစောင့်တပ် ဖွဲ့ဖို့ လက်ခံခဲ့ကြတယ်။ ဗိုလ်မှူးကြီးတို့ တပ်မဟာတခုပဲ နယ်ခြားစောင့်တပ်အစီအစဉ်ကို လက်မခံဘဲငြင်းပယ်ခဲ့ပါတယ်။ နယ်ခြားစောင့် တပ်ဖွဲ့နဲ့ပတ်သက်လို့ ဗိုလ်မှူးကြီးရဲ့ အမြင်ကို သိပါရစေ။

ဖြေ ။ ။ နယ်ခြားစောင့်တပ်ဖွဲ့ဆိုတာ စစ်အစိုးရက ကျနော်တို့ ကရင်ပြည်သူတွေကို ဖိနှိပ်ချေမှုန်းပစ်မယ့် နည်းလမ်းပါ။ ကျနော်တို့ကတော့ အောင်ပွဲမရမချင်း ကရင့်တော်လှန်ရေးခေါင်းဆောင် စောဘဦးကြီးရဲ့ မူလေးချက်ကို ဆုပ်ကိုင်သွားမှာဖြစ်ပါတယ်။ အဲဒါတွေက ဘာလဲဆိုတော့ (၁) လက်နက်ချစကား အလျဉ်းမပြောရ (၂) ကရင့်လက်နက် ကရင့်လက်ထဲမှာရှိရမည် (၃) ကရင့်ကြမ္မာ ကရင်ဖန်တီးရမည် (၄) ကရင်ပြည် အသိအမှတ်ပြုခြင်း ပြီးပြည့်စုံစေရမည် ဆိုတာပါပဲ။

မေး ။ ။ ဗိုလ်မှူးကြီးတို့က မြန်မာအစိုးရနဲ့ နှစ်ပေါင်း ၁၅ နှစ်ကြာ အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုပြီး ရည်တည်လှုပ်ရှားခဲ့ပါတယ်။ ဒီတော့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်နဲ့ပတ်သက်ပြီး စစ်အစိုးရရဲ့ သဘောထားက ဘာဖြစ်နိုင်တယ်လို့ ဗိုလ်မှူးကြီးထင်ပါသလဲ။ အပစ်အခတ်ရပ်စဲရေးအပေါ်မှာကော သူတို့အနေနဲ့ အလေးအနက်ရှိပါရဲ့လား။

ဖြေ ။ ။ စစ်အစိုးရက သူတို့နဲ့လာရောက်ပူးပေါင်းဖို့ ကျနော်တို့ကို ဖိတ်ခေါ်ခဲ့တယ်။ ပြည်သူလူထုရဲ့ အကျိုးစီးပွား၊ ငြိမ်းချမ်းရေးရရှိဖို့ ရည်မှန်းချက်နဲ့ နှစ်ပေါင်းများစွာကြာအောင် ကျနော်တို့ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့က ငြိမ်းချမ်းရေးကို တကယ်မလိုလားပါဘူး။ စစ်အစိုးရက သဘောတူချက်အပေါ်မှာ အလေးထားခြင်းမရှိသလို အပစ်ရပ်စာချုပ်နဲ့ပတ်သက်လို့လည်း မရိုးသားပါဘူး။ ပြည်သူလူထုအပေါ်မှာရော တိုင်းရင်းသားလူထုအပေါ်မှာပါ သူတို့တွေ မရိုးသားကြပါဘူး။ ဒီလူတွေအုပ်ချုပ်မှုအောက်မှာတော့ ကျနော်တို့ အသက်ပဲရှုနိုင်တယ်၊ အသက်တော့ မရှင်နိုင်ပါဘူး။

မေး ။ ။ မြန်မာအစိုးရနဲ့ ယှဉ်ကြည့်မယ်ဆိုရင် ဗိုလ်မှူးကြီးတို့ဘက်မှာက ရဲဘော်အင်အား နည်းနည်းပဲရှိတယ်။ ဆိုတော့ ဗိုလ်မှူးကြီးတို့က အစိုးရတပ်တွေကို ဘယ်လိုတန်ပြန် တိုက်မလဲ။

ဖြေ ။ ။ ကျနော်တို့တပ်တွေကို မြ၀တီကနေ ပြန်ဆုတ်ခိုင်းပြီး မြို့အပြင်မှာ နေရာချထားပါတယ်။ ကျနော်တို့ရဲ့ စစ်ဗျူဟာကို ပြောင်းပါမယ်။ ပြောက်ကျားစစ်နည်းဗျူဟာနဲ့ ကျနော်တို့ ပြန်တိုက်ပါမယ်။ ကျနော်တို့ကို စစ်ရေးအကူအညီပေးမယ့် အကူတပ်ဖွဲ့တွေလည်း ရှိပါသေးတယ်။

မေး ။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU) ကရော ဗိုလ်မှူးကြီးတို့အဖွဲ့ကို ကူညီမှာလား။

ဖြေ ။ ။ ကျနော်တို့ KNU နဲ့ ပုံမှန်အဆက်အသွယ်ရှိပါတယ်။

မေး ။ ။ စစ်အစိုးရက ဗိုလ်မှူးကြီးတို့အဖွဲ့ကို နယ်ခြားစောင့် တပ်ဖွဲ့ထဲပါဖို့ နောက်ထပ် ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်လာဦးမယ်လို့ ယူဆပါသလား။

ဖြေ ။ ။ မထင်ပါဘူး။ သူတို့သဘောထားက သိပ်မဟုတ်ဘူး။ အခုအထိ အင်အား ထပ်တိုးနေတုန်းရှိသေးတယ်။
From Irrawaddy

Saturday, November 6, 2010

နအဖ ၂၀၁၀ ရွေးကောက်ပွဲ အလိုမရှိ။

နအဖ ၂၀၁၀ ရွေးကောက်ပွဲ အလိုမရှိ။

နအဖ ၂၀၁၀ ရွေးကောက်ပွဲ အလိုမရှိ။

နအဖ ၂၀၁၀ ရွေးကောက်ပွဲ အလိုမရှိ။

Monday, October 18, 2010

သစ္စာ


အမျိုးသားရေးအတွက်
အသက်ပေးသွားသော ရဲဘော်များအား
တိုင်တည် သစ္စာပြုပါ၏။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွနိုပ်၏သွေး မနီသေးလျှင်
အသင်တို့ သွေးပက်ဖြန်းပေး၍
ရဲဆေးတင်ပေးကြပါလေ။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွနိုပ်ဝိညာဉ် ကြောက်စိတ်ဝင်၍
မချင့်မရဲ သတ္တိနည်းလျှင်
သင်တို့ ၀ိညာဉ် ပူးကပ်ဝင်၍
ကျွနိုပ်အား ထိန်းချုပ်သွားပါလေ။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွနိုပ်သည်ကား အမျိုးဂုဏ်မောက် သစ္စာဖောက်ဟု
မထောက်မညှာ ပြုမိပါလျှင်
အသင်တို့၏ မညွတ်ပြောင်းသော
ခွပ်ဒေါင်းလက်ဖြင့်
ဝိုင်းညှပ်အပြစ် ပေးကြပါလေ။

မပြီးပြတ်သေးလေသာ တော်လှန်ရေးအတွက်
ကျွနိုပ် အသက်လမ်းတ၀က်မှ ပေးဆက်ရလည်း
လူဘုံလမ်းခွဲ ၀မ်းမနည်းဘဲ
တာဝန်တရပ် ကျွေပြွန် မှတ်၍
ထပ်ဆင့်ပျော်ဝင် ကျွနိုပ် ၀ိညာဉ်သည်
ဒေါင်းအလံကိုဆွဲ လေတွင်ဝဲ၍
သင်တို့ ရှိရာ ကျွနိုပ်လာမည်
ရင်ဖွင့် ကြိုဆိုကြပါလေ။

(မင်းကိုနိုင်)

Monday, September 27, 2010

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမြအေး၏ သမီး ဝေနှင်းပွင့်သုန်

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမြအေး၏ သမီး ဝေနှင်းပွင့်သုန်မှ ကျန်းမာရေးအခြေအနေဆိုးရွားလျက်ရှိသော နိုင်ငံရေးအကျဉ်းသားများနှင့်ဆိုးရွားလှသော မြန်မာပြည်တွင်းအခြေအနေများကို မနေ့ကအင်္ဂလန်နိုင်ငံ Manchesterမြို့တွင်ကျင်းပသော Labour Party Conference တွင် ယခုလိုပြောကြားသွားပါတယ်။
From Dawnmanhon

Thursday, August 19, 2010

□ မဲမပေးရေး လှုပ်ရှားမှု □

မြန်မာပြည်သူပြည်သား ညီအစ်ကိုမောင်နှမများ ခင်ဗျား၊

မကြာခင်မှာ မြန်မာပြည်ရဲ့ရှေ့ရေး လမ်းချိုးတစ်ခုကို ရောက်လာတော့မှာဖြစ်ပါ တယ်။ ကိုယ့်တိုင်းပြည်ရဲ့အနာဂါတ်အရေးကို သက်ရောက်မှုများစွာပေးမယ့် အချိုး

အကွေ့တစ်ခုဖြစ်လို့ သတိထားပြီး အချိန်လည်းနည်းနည်းပေး စဉ်းစားကြစေချင်ပါ တယ်။ အထူးသဖြင့် မဲဆန္ဒရှင်များရဲ့ ဆုံးဖြတ်ချက်ဟာ -

Ø မိမိသားစဉ်မြေးဆက်နဲ့ နိုင်ငံရဲ့အနာဂါတ်အပေါ် သက်ရောက်စေပါလိမ့်မယ်၊

Ø ကမ္ဘာမှာလည်း ဆင့်ကဲသက်ရောက်မှုတွေ ရှိစေပါလိမ့်မယ်၊

မြန်မာပြည်ရဲ့အစဉ်အလာကိုကြည့်ရင် -

Ø စစ်တပ်ကအာဏာသိမ်းမှု ၂ ကြိမ်ဖြစ်ခဲ့ပြီး စစ်အုပ်ချုပ်ရေးကနေ ယခုအခါမှာ အရပ်ဝတ်စစ်သားများအုပ်ချုပ်ရေးအသွင်ကို ဒုတိယအကြိမ်ထပ်ပြောင်းဖို့ ကြိုး စားနေပါတယ်။

Ø ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲဟာ လမ်းချိုးတစ်ခုဖြစ်ခဲ့ပေမယ့် ပြည်သူတွေရဲ့ ဆန္ဒနဲ့ရွေးချယ်မှုဟာ အရာမထင်ခဲ့ပါဘူး။

Ø ၂၀၀၈ ခုနှစ် အခြေခံဥပဒေဆန္ဒခံယူပွဲမှာ ပြည်တွင်းသာမက ကမ္ဘာတစ်ဝှမ်းက ပါ မယုံကြည်နိုင်လောက်တဲ့၊ မဖြစ်နိုင်တဲ့ထောက်ခံမှုအချိုးအစား ထွက်ပေါ် လာခဲ့တာမို့ မဲဘယ်လိုထည့်ထည့် ပြည်သူ့ဆန္ဒအတိုင်း ဖြစ်မလာနိုင်တာထင် ရှားပါတယ်။

ကမ္ဘာကိုကြည့်ပြန်ရင် -

Ø မဲပေးရွေးချယ်မှုနည်းလမ်းကိုအသုံးပြုတဲ့ ဒီမိုကရေစီစနစ်ဟာ ပြည်သူအများ စုအကျိုးကို ရည်ရွယ်တဲ့စနစ်ဖြစ်ပြီး စည်းကမ်းရှိကြရပါတယ်၊ စည်းကမ်းပြည့် ဝသောဒီမိုကရေစီဆိုတဲ့အခေါ်အဝေါ် မရှိပါဘူး။

Ø နိုင်ငံတစ်နိုင်ငံမှာရွေးကောက်ပွဲကျင်းပတာဟာ ပြည်သူတွေကသူတို့ကိုယ်စား နိုင်ငံကိုစီမံခန့်ခွဲပေးဖို့ သဘောတူလက်ခံတဲ့သူတွေကို ရွေးချယ်တဲ့လုပ်ငန်းစဉ် သာ ဖြစ်ပါတယ်။

Ø ရွေးကောက်ပွဲများဟာ အများနဲ့သက်ဆိုင်တဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်တဲ့အတွက် အဓိကမဲပေးကြသူပြည်သူတွေနဲ့ ကမ္ဘာကယုံကြည်လက်ခံတဲ့ နည်းလမ်းနဲ့လုပ် ထုံးလုပ်နည်းတွေကို အသုံးပြုရပါတယ်။

ဒီတော့ ရလဒ်အနေနဲ့ အတိုချုပ်ကောက်ချက်ဆွဲရရင် -

Ø မကြာခင်မှာကျင်းပမယ့်ရွေးကောက်ပွဲဟာ တရားမျှတမှု၊ စေတနာမှန်ကန်မှု၊ အများအကျိုးရှေ့ရှုမှုနဲ့ အများလက်ခံနိုင်မှုတွေ ကင်းဝေးနေတာ ကိုမြင်နိုင်ပါ တယ်။

Ø အခုကျင်းပမယ့် မြန်မာပြည်ရွေးကောက်ပွဲဟာ ဘယ်စံနှုန်းနဲ့မှတိုင်းတာလို့အံမ ဝင်နိုင်တဲ့ ဒီမိုကရေစီလမ်းကြောင်းအမည်ခံ အတုအယောင်လုပ်ငန်းစဉ်သာ ဖြစ်ပါတယ်။

Ø လူအများမသိနားမလည်မှု၊ ကြောက်ရွံ့မှုများအပေါ် တမင်တကာရည်ရွယ် အမြတ်ထုတ်ပြီး အာဏာကိုမတရားဆက်လက်ဆုပ်ကိုင်ဖို့ ကြိုးပမ်းတဲ့လုပ်ရပ် တစ်ခုသာ ဖြစ်ပါတယ်။

Ø ပြည့်သူ့ဝန်ထမ်းတွေဟာ ပြည်သူတွေအတွက်သာ အလုပ်အကြွေးပြုပေးဆပ် ကြရမှာဖြစ်ပြီး ဥပဒေအထက်၊ ပြည်သူတွေအထက်မှာ ရှိမနေသင့်ပါဘူး။

Ø မြန်မာပြည်သူပြည်သားအားလုံးရဲ့ ရေရှည်အကျိုးစီးပွားအတွက် ယုံကြည်နိုင် လောက်တဲ့ရွေးကောက်ပွဲနဲ့လုပ်ဆောင်မှုတွေ မပေါ်ပေါက်မချင်း မဲမထည့်ပဲ အစဉ်တစိုက်အကြမ်းမဖက် ဆက်လက်တောင်းဆိုသွားကြသင့်ပါတယ်။

ဘယ်လိုပဲဆိုဆို ကိုယ့်ကြမ္မာကို အဆုံးအဖြတ်ပေးဖို့ရာမှာတော့ မြန်မာပြည်သူပြည် သားတွေရဲ့ လက်ထဲမှာသာကျရောက်နေပါတယ်။ လက်နက်၊ လုပ်နိုင်ခွင့်တွေနဲ့ ခြိမ်း ခြောက်မှုတွေအောက်မှာ ဆန့်ကျင်အာခံဖို့ နည်းလမ်းမရှိလှပေမယ့် မြန်မာပြည်အ တွက် တစ်ဖက်တစ်လမ်းအကျိုးပြုမယ့် အားထုတ်နိုင်မှုအချို့ကို တင်ပြရရင်တော့ -

Ø နိုင်ငံရပ်ခြားရောက်ရှိနေသူများကနေ မြန်မာပြည်တွင်းမှာရှိတဲ့သူများဆီ တယ် လီဖုန်းများမှတစ်ဆင့် မဲဘာကြောင့်မထည့်သင့်သလဲဆိုတာ အကြောင်းကြား ဆွေးနွေးရှင်းပြခြင်း - (သောင်းသိန်းမကရှိတဲ့ဖုန်းတွေကို ပိတ်ပင်တားဆီး နှောင့်ယှက်လို့ မရနိုင်ပါဘူး) - No Vote Phone Campaign

Ø ပြည်တွင်းပြည်ပကပြည်သူတွေအားလုံး မဲမထည့်ရေးနဲ့ အခြားနိုင်ငံရေးလက် ကမ်းစာစောင်တွေကို တတ်စွမ်းသလောက်ရိုက်နှိပ်ဝေဌခြင်း - Leaflet Campaign

Ø ပြည်တွင်းမှပြည်သူများ ရွေးကောက်ပွဲဆိုင်ရာမသမာမှုသတင်းများကို အချက် အလက်တွေနဲ့တကွ သတင်းဋ္ဌာနများဆီပေးပို့ပြီး ဝိုင်းဝန်းဖေါ်ထုတ်ပေးခြင်း - Citizen Reporter Campaign တို့ဖြစ်ကြပါတယ်။

နိုင်ငံရေးမှာ “လ” ပိုင်းအချိန်ဆိုတာဟာ အင်မတန်တိုတောင်းလှပါတယ်။ အခုပြု လုပ်မယ့်ရွေးကောက်ပွဲဟာ မြန်မာပြည်သူတွေအတွက် ခရီးတစ်ထောက်သာ ဖြစ်ပေ မယ့် ပြောဆိုငြင်းခုံနေကြဖို့ အချိန်မရှိတာကြောင့် အမြန်ဆုံးကိုယ်ပိုင်ဆုံးဖြတ်ချက် တွေချပြီး လှုပ်ရှားလုပ်ကိုင်ကြဖို့ အကြံပြု တိုက်တွန်းလိုပါတယ်။ ဒါပေမယ့် တာဝန် သိသူသာ တာဝန်ရှိပါတယ်၊ ရွေးချယ်မှုဟာ စာဖတ်သူအပေါ်မှာသာ မူတည်တာမို့ ….

ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးကိုမြတ်နိုးပြီး ပြည်သူ့အင်အားကို ယုံကြည်တဲ့၊

မြန်မာပြည်သားတစ်ဦး

၁၆၊ ၀၈၊ ၂၀၁၀

From gmail

Wednesday, August 18, 2010

No Vote,

No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,
No Vote,
No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,No Vote,