Thursday, August 19, 2010

□ မဲမပေးရေး လှုပ်ရှားမှု □

မြန်မာပြည်သူပြည်သား ညီအစ်ကိုမောင်နှမများ ခင်ဗျား၊

မကြာခင်မှာ မြန်မာပြည်ရဲ့ရှေ့ရေး လမ်းချိုးတစ်ခုကို ရောက်လာတော့မှာဖြစ်ပါ တယ်။ ကိုယ့်တိုင်းပြည်ရဲ့အနာဂါတ်အရေးကို သက်ရောက်မှုများစွာပေးမယ့် အချိုး

အကွေ့တစ်ခုဖြစ်လို့ သတိထားပြီး အချိန်လည်းနည်းနည်းပေး စဉ်းစားကြစေချင်ပါ တယ်။ အထူးသဖြင့် မဲဆန္ဒရှင်များရဲ့ ဆုံးဖြတ်ချက်ဟာ -

Ø မိမိသားစဉ်မြေးဆက်နဲ့ နိုင်ငံရဲ့အနာဂါတ်အပေါ် သက်ရောက်စေပါလိမ့်မယ်၊

Ø ကမ္ဘာမှာလည်း ဆင့်ကဲသက်ရောက်မှုတွေ ရှိစေပါလိမ့်မယ်၊

မြန်မာပြည်ရဲ့အစဉ်အလာကိုကြည့်ရင် -

Ø စစ်တပ်ကအာဏာသိမ်းမှု ၂ ကြိမ်ဖြစ်ခဲ့ပြီး စစ်အုပ်ချုပ်ရေးကနေ ယခုအခါမှာ အရပ်ဝတ်စစ်သားများအုပ်ချုပ်ရေးအသွင်ကို ဒုတိယအကြိမ်ထပ်ပြောင်းဖို့ ကြိုး စားနေပါတယ်။

Ø ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲဟာ လမ်းချိုးတစ်ခုဖြစ်ခဲ့ပေမယ့် ပြည်သူတွေရဲ့ ဆန္ဒနဲ့ရွေးချယ်မှုဟာ အရာမထင်ခဲ့ပါဘူး။

Ø ၂၀၀၈ ခုနှစ် အခြေခံဥပဒေဆန္ဒခံယူပွဲမှာ ပြည်တွင်းသာမက ကမ္ဘာတစ်ဝှမ်းက ပါ မယုံကြည်နိုင်လောက်တဲ့၊ မဖြစ်နိုင်တဲ့ထောက်ခံမှုအချိုးအစား ထွက်ပေါ် လာခဲ့တာမို့ မဲဘယ်လိုထည့်ထည့် ပြည်သူ့ဆန္ဒအတိုင်း ဖြစ်မလာနိုင်တာထင် ရှားပါတယ်။

ကမ္ဘာကိုကြည့်ပြန်ရင် -

Ø မဲပေးရွေးချယ်မှုနည်းလမ်းကိုအသုံးပြုတဲ့ ဒီမိုကရေစီစနစ်ဟာ ပြည်သူအများ စုအကျိုးကို ရည်ရွယ်တဲ့စနစ်ဖြစ်ပြီး စည်းကမ်းရှိကြရပါတယ်၊ စည်းကမ်းပြည့် ဝသောဒီမိုကရေစီဆိုတဲ့အခေါ်အဝေါ် မရှိပါဘူး။

Ø နိုင်ငံတစ်နိုင်ငံမှာရွေးကောက်ပွဲကျင်းပတာဟာ ပြည်သူတွေကသူတို့ကိုယ်စား နိုင်ငံကိုစီမံခန့်ခွဲပေးဖို့ သဘောတူလက်ခံတဲ့သူတွေကို ရွေးချယ်တဲ့လုပ်ငန်းစဉ် သာ ဖြစ်ပါတယ်။

Ø ရွေးကောက်ပွဲများဟာ အများနဲ့သက်ဆိုင်တဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်တဲ့အတွက် အဓိကမဲပေးကြသူပြည်သူတွေနဲ့ ကမ္ဘာကယုံကြည်လက်ခံတဲ့ နည်းလမ်းနဲ့လုပ် ထုံးလုပ်နည်းတွေကို အသုံးပြုရပါတယ်။

ဒီတော့ ရလဒ်အနေနဲ့ အတိုချုပ်ကောက်ချက်ဆွဲရရင် -

Ø မကြာခင်မှာကျင်းပမယ့်ရွေးကောက်ပွဲဟာ တရားမျှတမှု၊ စေတနာမှန်ကန်မှု၊ အများအကျိုးရှေ့ရှုမှုနဲ့ အများလက်ခံနိုင်မှုတွေ ကင်းဝေးနေတာ ကိုမြင်နိုင်ပါ တယ်။

Ø အခုကျင်းပမယ့် မြန်မာပြည်ရွေးကောက်ပွဲဟာ ဘယ်စံနှုန်းနဲ့မှတိုင်းတာလို့အံမ ဝင်နိုင်တဲ့ ဒီမိုကရေစီလမ်းကြောင်းအမည်ခံ အတုအယောင်လုပ်ငန်းစဉ်သာ ဖြစ်ပါတယ်။

Ø လူအများမသိနားမလည်မှု၊ ကြောက်ရွံ့မှုများအပေါ် တမင်တကာရည်ရွယ် အမြတ်ထုတ်ပြီး အာဏာကိုမတရားဆက်လက်ဆုပ်ကိုင်ဖို့ ကြိုးပမ်းတဲ့လုပ်ရပ် တစ်ခုသာ ဖြစ်ပါတယ်။

Ø ပြည့်သူ့ဝန်ထမ်းတွေဟာ ပြည်သူတွေအတွက်သာ အလုပ်အကြွေးပြုပေးဆပ် ကြရမှာဖြစ်ပြီး ဥပဒေအထက်၊ ပြည်သူတွေအထက်မှာ ရှိမနေသင့်ပါဘူး။

Ø မြန်မာပြည်သူပြည်သားအားလုံးရဲ့ ရေရှည်အကျိုးစီးပွားအတွက် ယုံကြည်နိုင် လောက်တဲ့ရွေးကောက်ပွဲနဲ့လုပ်ဆောင်မှုတွေ မပေါ်ပေါက်မချင်း မဲမထည့်ပဲ အစဉ်တစိုက်အကြမ်းမဖက် ဆက်လက်တောင်းဆိုသွားကြသင့်ပါတယ်။

ဘယ်လိုပဲဆိုဆို ကိုယ့်ကြမ္မာကို အဆုံးအဖြတ်ပေးဖို့ရာမှာတော့ မြန်မာပြည်သူပြည် သားတွေရဲ့ လက်ထဲမှာသာကျရောက်နေပါတယ်။ လက်နက်၊ လုပ်နိုင်ခွင့်တွေနဲ့ ခြိမ်း ခြောက်မှုတွေအောက်မှာ ဆန့်ကျင်အာခံဖို့ နည်းလမ်းမရှိလှပေမယ့် မြန်မာပြည်အ တွက် တစ်ဖက်တစ်လမ်းအကျိုးပြုမယ့် အားထုတ်နိုင်မှုအချို့ကို တင်ပြရရင်တော့ -

Ø နိုင်ငံရပ်ခြားရောက်ရှိနေသူများကနေ မြန်မာပြည်တွင်းမှာရှိတဲ့သူများဆီ တယ် လီဖုန်းများမှတစ်ဆင့် မဲဘာကြောင့်မထည့်သင့်သလဲဆိုတာ အကြောင်းကြား ဆွေးနွေးရှင်းပြခြင်း - (သောင်းသိန်းမကရှိတဲ့ဖုန်းတွေကို ပိတ်ပင်တားဆီး နှောင့်ယှက်လို့ မရနိုင်ပါဘူး) - No Vote Phone Campaign

Ø ပြည်တွင်းပြည်ပကပြည်သူတွေအားလုံး မဲမထည့်ရေးနဲ့ အခြားနိုင်ငံရေးလက် ကမ်းစာစောင်တွေကို တတ်စွမ်းသလောက်ရိုက်နှိပ်ဝေဌခြင်း - Leaflet Campaign

Ø ပြည်တွင်းမှပြည်သူများ ရွေးကောက်ပွဲဆိုင်ရာမသမာမှုသတင်းများကို အချက် အလက်တွေနဲ့တကွ သတင်းဋ္ဌာနများဆီပေးပို့ပြီး ဝိုင်းဝန်းဖေါ်ထုတ်ပေးခြင်း - Citizen Reporter Campaign တို့ဖြစ်ကြပါတယ်။

နိုင်ငံရေးမှာ “လ” ပိုင်းအချိန်ဆိုတာဟာ အင်မတန်တိုတောင်းလှပါတယ်။ အခုပြု လုပ်မယ့်ရွေးကောက်ပွဲဟာ မြန်မာပြည်သူတွေအတွက် ခရီးတစ်ထောက်သာ ဖြစ်ပေ မယ့် ပြောဆိုငြင်းခုံနေကြဖို့ အချိန်မရှိတာကြောင့် အမြန်ဆုံးကိုယ်ပိုင်ဆုံးဖြတ်ချက် တွေချပြီး လှုပ်ရှားလုပ်ကိုင်ကြဖို့ အကြံပြု တိုက်တွန်းလိုပါတယ်။ ဒါပေမယ့် တာဝန် သိသူသာ တာဝန်ရှိပါတယ်၊ ရွေးချယ်မှုဟာ စာဖတ်သူအပေါ်မှာသာ မူတည်တာမို့ ….

ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးကိုမြတ်နိုးပြီး ပြည်သူ့အင်အားကို ယုံကြည်တဲ့၊

မြန်မာပြည်သားတစ်ဦး

၁၆၊ ၀၈၊ ၂၀၁၀

From gmail

No comments: