စစ်ပွဲတွေကို ရပ်ပေးပါ
တရားတဲ့စစ် မတရားတဲ့စစ်
ဘယ်ဘက်ကကြည့်ကြည့် အမှားမရှိပေမယ့်
ဥပေက္ခာမိုးတစွေစွေအောက်က
အနာဂတ်ပျောက်နေတဲ့ ကလေးငယ်တွေ…..
ဆောက်တည်ရာမဲ့ ပြည်သူတွေ…..
ရင်နင့်စရာ ဘ၀ပေါင်းများစွာတွေအတွက်
စေတနာအမှားလို့ နာမည်မတပ်ကြပါနဲ့
အတူတွဲမယ့်လက်တွေက
သေနတ်တွေကို ဖက်ထားမှတော့
နွားလည်းသေ ယာလည်းကြေတော့မပေါ့
ချစ်စကိုပဲ ရှည်ကြစေ
မြေခခဲ့တဲ့ ပန်းကြွေတွေလည်းများပြီမို့
ရာစုနှစ်တ၀က်ကျော်
ရေလောင်းပေါင်းသင်ခဲ့ကြတဲ့ ပြည်တွင်းစစ်
အမြစ်ကနေတွန်းလှန်
အငြိုးတရားတွေချန်ရစ်ပြီး
စစ်ပွဲတွေကိုသာ ရပ်ပေးကြပါတော့……..။
မောင်ပါလ
၁၁.၀၁.၂၀၁၃
From mgpala

No comments:
Post a Comment