Monday, June 16, 2014
Wednesday, June 11, 2014
Sunday, May 25, 2014
Sunday, May 25, 2014
"ယင်လတ် ရှင်နာဝတ်ကို ပြန်လွှတ်လိုက်ပြီ"






BBC Burmese
ထိုင်းစစ်တပ်က ခေါ်ယူ ထိမ်းသိမ်းထားသော ၀န်ကြီးချုပ်ဟောင်း ယင်လတ် ရှင်နာဝတ်ကို ယနေ့ ညနေပိုင်းက ပြန်လွှတ်လိုက်ပြီဟု သတင်းရရှိသည်။
သိုသော် ထိုင်းစစ်တပ် အာဏာသိမ်းမှုသည် အခြားသော စစ်အာဏာသိမ်းမှုများ ကဲ့သို့ပင် စာအုပ်ကြီး အတိုင်း ဖြစ်လာနေပြီဟု လေ့လာသူများက ဆိုသည်။
ခန့်မှန်းခဲ့ကြသည့်အတိုင်းပင် ညမထွက်ရ အမိန့်များ၊ စစ်အုပ်ချုပ်ရေး ကြေငြာချက်များ၊ ရုပ်သံမှ စစ်ချီတေး ထုတ်လွှင့်မှုများနောက်တွင် မီဒီယာ ဆင်ဆာနှင့် ဖမ်းဆီးထိမ်းသိမ်းမှုများ ပါလာသည်။
နောက်ဆုံးတွင်တော့ အသင့် အနေအထား ရှိနေသော လက်နက် အပြည့်အစုံ ကိုင်ဆောင်ထားသည့် စစ်သားများက နေရာတိုင်း လိုလိုတွင် ရောက်လာခဲ့ပြီ။ ယခု အချိန်တွင် မြို့တွင်း လမ်းထောင့်မှ မက်ဒေါ်နယ်ဆိုင် ရှေ့တွင်ပင် လက်နက်ကိုင် စစ်သားအစောင့် ရှိနေပြီ ဖြစ်သည်။
တဖက်ခြမ်းတွင်တော့ ညနေအတွက် စားသောက်စရာ ၀ယ်ရန် တန်းစီနေသော ပြည်သူများ ရှိသည်။ သူတို့ကြားတွင် စစ်အာဏာသိမ်းမှုကို ကန့်ကွက်ကြောင်း အော်ဟစ်ကာ ဆန္ဒ ဖော်ထုတ်ကြသူ လူတစ်စုက တန်းစီစောင့်ကြပ်နေသော စစ်သည်များကို ရင်ဆိုင်လျှက်ရှိသည်။
မကြာမီ စစ်တပ်က ထရပ်ကားတစ်စီး ရောက်လာပြီး အသင့်တင်ဆောင်လာသော အသံလွှင့်စက်များဖြင့် စစ်ချီသီချင်းများ ဖွင့်ကာ ဆန္ဒပြသူများ၏ အသံကို ဖုံးလွှမ်းပစ်လိုက်သည်။
ထိုင်းစံတော်ချိန် ညနေ ၆ နာရီတွင် လူစုခွဲခိုင်းထားသည်။ သို့သော် ယခု အချိန်ထိ လူစု မကွဲသွားဘဲ ဆန္ဒပြသူများက ပိုလို့ပင် တိုးလာသည်။ တပ်အနေဖြင့် ယခု အခြေအနေတွင် လမ်းပေါ်မှ ပြည်သူလူထု၏ ဆန့်ကျင်မှုများကို မည်သို့ တုံ့ပြန်ရမည်ကို ဝေခွဲမရ ဖြစ်နေဟန်တူသည်။
စစ်သည်ငယ် တစ်ဦး၏ တာဝန်နှင့် ခံစားချက်ကြားမှ ကြေကွဲနေရဟန် မျက်နှာကိုလဲ သတင်းပေးပို့ချက်များတွင် တွေ့ရသည်။ တိုက်ဆိုင်စွာပင် နေကလဲ ခြစ်ခြစ် ပူသော နေ့တစ်နေ့ ဖြစ်ခဲ့သည်။
ယခုတကြိမ် အာဏာသိမ်းမှုသည် ယခင် အကြိမ်များနှင့် မတူ။ ဒေါသပါသည်။ တင်းမာမှု ပိုကြီးသည်။ ဆန့်ကျင်ဆန္ဒပြမှုများက ယခု အချိန်တွင် လူရာဂဏန်းမျှဖြင့် သေးငယ်သော်ငြား ပိုမို ကြီးထွားလာမည့် အရိပ်အယောင်များ ရှိနေသည်။ စစ်တပ်က အမှားမခံသည့် အနေအထားတွင် ထိပ်တိုက် ရင်ဆိုင်မှုများ ယခုထက် ပိုများပြီး ပိုလဲ ဆိုးလာနိုင်သော အနေအထား ဖြစ်သည်။
ဘန်ကောက်မြို့မှ ဘီဘီစီ သတင်းထောက်၏ သတင်းပေးပို့ချက် ဖြစ်ပါသည်။
Friday, May 23, 2014
ထိုင်း အာဏာသိမ်းမှု အမေရိကန် ဝေဖန်
ထိုင်း အာဏာသိမ်းမှု အမေရိကန် ဝေဖန်
23 May 2014 09:15(+0630)
ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အပေါ် အမေရိကန်ပြည်ထောင်စု အနေနဲ့ စိတ်ပျက်မိကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ပြီး အခုလို အာဏာသိမ်းဖို့ ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘူးလို့ ဆိုပါတယ်။
ဝါရင့် ထိုင်းနိုင်ငံရေးသမားတွေကို စစ်တပ်က ဖမ်းဆီး ထိန်းသိမ်းထား လိုက်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ်မှာ စိုးရိမ် ပူပန်မိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ကြာသပတေးနေ့ မှာ ကြေငြာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။ အဲဒီလူတွေကို ချက်ချင်း ပြန်လွတ်ပေးပြီး ဒီမိုကရေစီ စနစ်ကို ပြန်အသက်သွင်း ဖို့ တောင်းဆိုလိုက်ပါတယ်။
စစ်တပ်က အခုလို အာဏာသိမ်းလိုက်တဲ့အတွက် ထိုင်းစစ်တပ်နဲ့ အမေရိကန် အစိုးရရဲ့ ဆက်ဆံရေးကို ဆိုးကျိုးတွေ သက်ရောက်စေလိမ့်မယ်လို့လည်း ၀န်ကြီးကယ်ရီက ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံမှာ စစ်အုပ်ချုပ်ရေးထုတ်ပြန်ပြီး ၂ ရက်အကြာမှာ စစ်တပ်က အာဏာသိမ်းလိုက်ကြောင်း ထိုင်းကာကွယ်ရေးဦးစီးချုပ် Prayuth Chan-Ocha က ရုပ်မြင်သံကြားကတဆင့် မနေ့က ကြေညာအပြီး နာရီပိုင်းအကြာမှာပဲ ၀န်ကြီးကယ်ရီက ၀ါရှင်တန်ဒီစီမြို့မှာ အဲဒီလို ပြောကြားလိုက်တာပါ။
ထိုင်းနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေကို ယာယီရပ်ဆိုင်းလိုက်တာဟာ အခြေအနေတွေ ပြန်လည် တည်ငြိမ်လာအောင် လုပ်ဆောင်ဖို့ အတွက်ဖြစ်တယ်လို့ ကာကွယ်ရေး ဦးစီးချုပ်က ပြောပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံရဲ့ ယာယီဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့အနေနဲ့လည်း စစ်တပ်မှာ လာသတင်းပို့ကြဖို့ ကာကွယ်ရေးဦးစီးချုပ် Prayuth Chan-Ocha က အမိန့် ထုတ်ပြန်ထားပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
Monday, May 19, 2014
Subscribe to:
Posts (Atom)






