Tuesday, August 28, 2012

ကရင်ရိုးရာ ချည်ဖြူဖွဲ. မင်္ဂလာပွဲ( New Bern,NC U.S.A)






အမေရိကန်ပြည်ထောင်စု မြောက်ကယ်လိုရိုလိုင်းနားပြည်နယ် နယူးဘန်းမြို. ရှိ Farmer's Market-( 412-s , Front street ) တွင် ယမန်နေ့ နံနက် ( ၁၀ ) နာရီ မှ ညနေ ( ၃း၀၀ ) နာရီထိ ကရင်ရိုးရာ ချည်ဖြူဖွဲ. မင်္ဂလာပွဲ ကို စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။၎င်းလက်ချည်ပွဲတွင် ကျင်းပရေးကော်မတီက အဖွင့်အမှာစကားပြောကြား၍ ကရင်အမျိုးသားသီချင်းဖြင့် အခမ်းအနား ဖွင့်ခဲ့ပါသည်။လူငယ်များ ၊ ကလေးများ ၊ တက်ရောက်လာသူ ဧည့်သည်များအား New Bern မြို. မှ သက်ကြီးရွယ်အိုများက လက်ချည်မင်္ဂလာပွဲအား ချီးမြင့်ခဲ့ကြပါသည်။ထိုလက်ချီပွဲ သို. အနီးပတ်ဝန်းကျင်မြို.မှ ကရင်လူမျိုးများလဲ တက်ရောက်ခဲ့ပါသည်။ အခန်းအနား၌ ကရင်ဘာသာ ( ပိုး ၊ စကော ) ၊ မြန်မာဘာသာ များဖြင့် လက်ချည်ပွဲ ဖြစ်ပေါ်လာပုံကို ပြောကြားခဲ့ပါသည်။
လက်ချည်မင်္ဂလာပွဲတွင် တက်ရောက်သူအင်အား ( ၂၀၀ ) ခန့်ရှိ၍ တက်ရောက်သူများအာ ၊ ကြက်သားဒန်ပေါက် ၊ ငါးငပိချက် ၊ တို့စရာအစုံအလင် ၊ ထမင်းဖြူ ၊ မုန်လာဥဟင်းချို ၊ အုန်းနို.ခေါက်ဆွဲ ၊ ကော်ပြန်.လိပ် ၊ ကောက်ညှင်းပေါင်း ၊ ရွှေရင်အေး ၊ နာနတ်သီး ၊ ဖရဲသီး နှင့် ဖျော်ရည်စုံဖြင့် ဧည့်ခံခဲ့ပါသည်။

တက်ရောက်လာသည့် ဧည့်သည်များအား နယူးဘန်းလူငယ်များမှ ကရင်ရိုးရာတေးသီချင်းများ၊ အ ကများဖြင့် ဖျော်ဖြေခဲ့ပါသည်။