Sunday, January 25, 2009

ဦးသန့် ရာပြည့်အခမ်းအနား ရန်ကုန်မြို့ တွင် ကျင်းပ


ကွယ်လွန်သူ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် ဦးသန့်ရဲ့  နှစ် ၁၀ဝ ပြည့်မွေးနေ့ပွဲကို ရန်ကုန်မြို့  အင်ယားကန် ဟိုတယ်မှာ ဇန်နဝါရီလ ၂၂ ရက်က ကျင်းပခဲ့ပြီးတော့ ကုလသမဂ္ဂကိုယ်စားလှယ်တွေ၊ နိုင်ငံတကာသံတမန်တွေ၊ အတိုက်အခံအင်အားစုတွေ နဲ့ စစ်အစိုးရတာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။

ဦးသန့်ဟာ မြန်မာနိုင်ငံသားတွေထဲမှာ ရှားရှားပါးပါး ကမ္ဘာ့ထိပ်တန်းခေါင်းဆောင် အဖြစ် ၁၉၆၁ ခုနှစ် ကနေ ၁၉၇၁ ခုနှစ် အထိ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် အဖြစ် သက်တမ်း နှစ်ကြိမ် တာဝန်ယူခဲ့ပါတယ်။ ဦးသန့် အတွင်းရေးမှုးချုပ် အဖြစ် တာဝန်ထမ်းဆောင်နေချိန်မှာ ကျူးဘားဒုံးပျံကိစ္စ (Cuba Missile Crisis) ၊ ကွန်ဂိုပြည်တွင်းစစ် (Congo Crisis) နဲ့ အမေရိကန်-ဗီယက်နမ်စစ်ပွဲ (US-Vietnam War) စတဲ့ ကမ္ဘာ့အရေးအခင်းတွေကို ဖြေရှင်းနိုင်ခဲ့ပြီးတော့ မြန်မာပြည်သား ဦးသန့်လို့ ကမ္ဘာမှာ ထင်ရှားခဲ့ပါတယ်။ လက်ရှိအတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban-ki Moon) ကလည်း ဦးသန့်ကို ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့ခဲ့ပြီးတော့ ကုလသမဂ္ဂရဲ့  ဦးသန့်တံဆိပ်ခေါင်းကို ဖေဖေါ်ဝါရီလမှာ ထုတ်ဝေမှာပါ။

၁၉၇၄ ခုမှာ ကင်ဆာရောဂါ နဲ့ ဦးသန့် ကွယ်လွန်လို့ မြန်မာပြည်မှာ သဂြိုလ်ဖို့ အမေရိကန်နိုင်ငံကနေ ရုပ်အလောင်း ပြန်သယ်လာခဲ့ရာ ဗိုလ်ချုပ်နေဝင်းအစိုးရက သာမန်ဈာပနပဲ ကျင်းပပေးခဲ့တဲ့အတွက် တက္ကသိုလ် ကျောင်းသားတွေရဲ့  တောင်းဆို ဆန္ဒပြခဲ့တာကြောင့် ၁၉၇၄ ဦးသန့် အရေးအခင်းဆိုပြီး ထင်ရှားတဲ့ဆန္ဒပြမှုကြီး ဖြစ်ပွါးခဲ့ပါတယ်။

တင်းကျပ်တဲ့ စစ်အစိုးရအောက်မှာ ဒီလိုအခမ်းအနားတွေ ကျင်းပခွင့် ရှားပါးလှပြီးတော့ အခု ဦးသန့်ရာပြည့်ပွဲ ကို ဦးသန့်ရဲ့  သမီးဖြစ်သူ ဒေါ်အေးအေးသန့်က စီစဉ်ကျင်းပခဲ့တာပါဖြစ်ပါတယ်။

Wednesday, January 21, 2009

ရေမျောမြန်မာနှစ်ဦးကို ငှက်ကြီးနှစ်ကောင် အစာ အန်ပေးခဲ့


ကြီးမားတဲ့ ရေခဲပုံးထဲမှာနေရင်း ပင်လယ်ပြင်ထဲ ၂၅ ရက်ကြာခဲ့တဲ့ မြန်မာငါးဖမ်းသမားနှစ်ဦးက သူတို့ဟာ အသက်ဆက်ရေး အတွက် မိုးရေနဲ့ ငါး ရှာစားတဲ့ ငှက်တွေ အန်ထုတ်လိုက်တဲ့ ငါးအပိုင်းအစတွေကို စားပြီး အသက်ရှင်ခဲ့တယ်လို့ ပြောပါတယ်။

သြစတြေးလျနိုင်ငံ Sydney Morning Herald သတင်းစာကြီးနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုလိုက်တာဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ဒီ ရေခဲပုံးထဲမှာနေ မိုးရေ သောက်ပြီး ပထမ ဆယ်ရက်လောက် ပင်လယ်ထဲ မျောနေခဲ့တယ်လို့ ပြောထားပါတယ်။ ဒီနောက်တော့ ကြီးမားတဲ့ ပင်လယ်ငှက်ကြီးနှစ်ကောင် ရောက်လာပြီး အန်လိုက်တဲ့ ငါးသေးသေးလေးတွေကို စားသုံးခဲ့တယ်လို့ ပြောပါတယ်။ သူတို့ ငါးဖမ်းသင်္ဘောမှာ ထိုင်းနဲ့ မြန်မာ ငါးဖမ်းသမား ၂၀ ပါရှိပြီး ဒီဇင်ဘာ ၂၃ ရက်နေ့က ပင်လယ်ပြင်ထဲမှာ နစ်မြုပ်ခဲ့တာလို့ ပြောပါတယ်။ အဲဒီကနေ သူတို့နှစ်ဦး ရေခဲပုံးထဲဝင်ပြီး ပင်လယ်ထဲမျော အသက်ရှင်နေတာဖြစ်ပါတယ်။

သူတို့နှစ်ဦးကို သြစတြေးလျ နဲ့ ပါပူဝါ နယူးဂီနီ အကြားမှာရှိတဲ့ တိုရီ ရေလက်ကြားထဲမှာ ပုံမှန်ကင်းလှည့်နေတဲ့ ကမ်းရိုးတန်းစောင့် လေယာဉ်ကနေ တွေ့ပြီး စနေနေ့က ကယ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ကို ကယ်တင်မိတဲ့အချိန်မှာ ရေဓါတ်အားနည်းနေလို့ ဆေးရုံတင် ကုသခဲ့ရပြီး၊ အင်္ဂါနေ့ကတော့ Queensland ဆေးရုံက ပြန်ဆင်းလာနိုင်ခဲ့ပါတယ်။

ဒီငါးဖမ်းသမားနှစ်ဦးဟာ ဘယ်ကလာသလဲ၊ ဘယ်နိုင်ငံသားတွေလဲ ဆိုတာကိုတော့ အတည်ပြုဖို့ အချိန်ယူရဦးမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

Thursday, January 15, 2009

လေယာဉ် မြစ်ထဲကို ဆင်းသက်လိုက်ရခြင်း

( ဓါတ်ပုံ- လေယဉ်မှုးနဲ့  မြစ်ထဲမှာ ပေါ်လောပေါနေတဲ့ ယူအက်စ်အဲဝေး- ၁၅၄၉)

ဒီနေ့  မွန်းလွဲ ၃ နာရီခန့် က အင်ဂျင် ၂ လုံးတပ် အေ ၃၂၀ အဲယားဘက်စ် အမျိုးအစား ယူအက်စ် အဲဝေး နံပတ် ၁၅၄၉ ဟာ နယူးယောက်ကနေ မြောက်ကရို လိုင်းနားကို ပျံသန်းဖို့ အတက်မှာ ဘဲတကောင်က လေယာဉ်အင်ဂျင် ထဲကို ၀င်သွား တဲ့အတွက်လေယဉ်စက်ချို့ ယွင်းပြီး ဟတ်ဒ်ဆန် မြစ် (Hudson River ) ထဲကို အရေးပေါ်ဆင်းသက်လိုက်ရပါတယ်။ လေယဉ်မှုးရဲ့ ကျွမ်းကျင် မှုကြောင့် ခရီးသည် ၁၅၅ ယောက်စလုံး အသက် အန္တရယ်မှ ကင်းလွတ်ခဲ့ရပါတယ်။

လေယဉ်မှုးက အင်ဂျင်ထဲကို ငှက်ဝင်သွားတဲ့အခါမှာ လေကြောင်း ထိမ်းသိမ်းရေး စခန်းကို အကြောင်းကြား လိုက်ပြီး အရေးပေါ်ဆင်းသက်မှုလုပ်ရတော့မယ်လို့ ဆိုပါတယ်။ ခရီးသည် ၁၅ ယောက်ကိုတော့ ဆေးရုံပေါ်တင်လိုက်ရတယ်လို့ ဆိုပါတယ်။ လေယဉ်ပေါ်ပါလာတဲ့ခရီးသည် တဦး အဆိုအရ ခရီးသည်တွေ အားလုံးဟာ ဘုရားတနေကြပြီး အချင်းအချင်း ဖေးမကူညီမှုတွေလုပ်နေကြပြီ ကျနော် ထင်တာက လေယာဉ် ဇောက်ထိုး ကျပြီး တစစီ ပေါက်ကွဲပြီလို့အောင့်မေ့မိခဲ့တယ်လို့ဆိုပါတယ်။ နောက်ခရီးသည်တဦးကလည်း လေယာဉ်မှုး က အတော့ကို ကျွမ်းကျင်တယ် ရေထဲကို ၀ဲပြီး ညင်းညင်းသာ သာ ဆင်းလိုက်နိင် ခဲ့ တယ် လို့ဆိုပါတယ်။ ဒီနေ့က အအေးဆုံးနဲ့ မြစ်ကလည်း ရေခဲတမျှ အေးစက်နေပါတယ်။

လေယာဉ်မှူး ဆူလန်ဘာဂါ ( Sullenberger) လေယာဉ်ထဲ မှာ ခရီးသည် ရှိမရှိ (၂) ကြိမ်တိုင်တိုင် စစ်ဆေးပြီးမှ နစ်မြုပ်နေတဲ့ လေယာဉ်က ထွက်လာခဲ့တယ်။ နယူးယောက် မြို့တော်ဝန်နဲ့ အုပ်ချူပ်ရေးမှူးတွေ ကတော့ သူကို သူရဲကောင်း တယောက် လို့ ချီးမွမ်းခဲ့ကြတယ်။

Tuesday, January 13, 2009

D.K.B.A ?

ဒီကေ ဘီအေ ဘယ်လမ်းရွေးမလဲ

၂၀၁၀ ကတော့ နိင်ငံရေးအဖွဲ့ စည်းတွေအတော်ကို အကြပ်ရိုက်နေကြပါတယ်။ ဒီထဲမှာ Karen Democratic
Buddish Association ( DKBA) ကရင် ဗုဒ္ဓ ဘာသာ အဖွဲ့ လည်းပါတယ်။ ဒီကေဘီအေ က နအဖ လက်ကိုင် ဒုတ် နယ်ခြားစောင့် လက်နက်ကိုင် အဖွဲ့ အဖြစ်သို့ ပြောင်းလဲသွားမည် ဟု သတင်းများ ထွက်ပေါ်နေပါတယ်။ ကရင်လူမျိုးတွေထဲမှာ ဗုဒ္ဓ ဘာသာဝင်တွေဟာ အများစုဖြစ်ပါတယ်။ ၁၉၉၅ ခုနစ်ဝန်းကျင်မှာ ကရင်အမျိုးသား အစည်းအရုံးထဲက ဗုဒ္ဓဘာသာ ကရင်တွေ ဟာ ခရစ်ယန်တွေ ဦးဆောင်နေတဲ့ ကရင်အမျိုးသားအစည်းအရုံးက နေခွဲထွက်သွားတယ်နဲ့ ပတ်သက်လို့  အဓိက အကြောင်း ပြချက် ၃ ခုရှိခဲ့တယ်။

၁- ကရင်အမျိုးသားအစည်းအရုံးဝင်ခေါင်းဆောင်အများစုက ခရစ်ယာန်တွေဖြစ်တယ်။
ဗုဒဘာသာဝင်ဆိုရင် ခေါင်းဆောင်မဖြစ်နိင်ဘူး
၂- ဗုဒ္ဓဘာသာ ဆိုင်ရာနေ့ ကြီးရက်ကြီးတွေ ကို ကေအင်ယူကလုပ်မပေးဘူး။
၃- ခေါင်းဆောင်ပိုင်းက အခွင့်အရေးတွေရနေတယ်။အောက်ခြေက ဘာအခွင့်အရေးမှမရဘူးဆိုတဲ့
အကြောင်းပြချက်တွေဖြစ်ပါတယ်။

ဒီကာလက သူတို့ စွပ်စွဲချက်တွေ အတိုင်း ကေအင်ယူမှာ ဖြစ်ပေါ်နေပါတယ်။ ကေအင်ယူက ဒီအခြေအနေတွေကို ပြုပြင်ပြောင်းလဲမှုတွေအချိန်မှီမလုပ်နိင်ခဲ့ပါဘူး။ ဒါက ကေအင်ယူအတွက် အက်ကြောင်း (Fault Line) လို့  ဗိုလ်ချုပ်ခင်ညွန့် ခေါင်းဆောင်တဲ့ ထောက်လှမ်းရေးတွေက ရှာဖွေတွေ့ ရှိခဲ့တယ်။ ဒီတော့ အောက်ခြေ ကေအင်ယူထဲကို သပ်လျို လ်ဖြိုခွဲ ဖို့ အတွက် ချဉ်းကပ်လာပါတယ်။ မနပုလော အနီး မှာကျောင်းထိုင်နေတဲ့ မြိုင်ကြီးငူ ဆရာတော်ဟာ ထိုင်းနိင်ငံမယ်စရီးယန်း မြို့ ကိုလာလေ့ရှိတယ်။ သူကို ထောက်လှမ်းရေးကကပ်ပါတယ်။ ဒီလိုကပ်တဲ့အခါမှာ ဘုန်းကြီးတပါးကိုအသုံးပြုခဲ့ပါတယ်။ ဒီဖုန်းကြီးက ထောက်လှမ်းရေးလို့ ယူဆရတယ်။ အသက် ၃၅ နစ်ဝန်းကျင်ဖြစ်ပါတယ်။ သူ က မနပုလောအနီးရှိ မြိုင်ကြီးငူကျောင်းအထိ လိုက်လာပြီး နေပါတယ်။ သူက ရှေ့ ကိုမထွက်ပဲနောက်ကနေ မြိုင်ကြီးငူ ဘုန်းကြီး လှုံ့ ဆော်ခဲ့ပါတယ်။ နောက်တော့ ကေအင်ယူ ကနေ ခွဲထွက်သွားကြပါတယ်။

မနပုလော ခံစစ်ကြောင်းမှာ အဓိကတိုက်နေတဲ့ ကရင်အတွင်း ဗုဒ္ဓဘာသာနဲ့ ခရစ်ယန်နစ်ဖွဲ့  ကွဲ သွား တဲ့အတွက် မုနပုလောဟာ ရန်သူလက်ကို ကျသွားပါတယ်။ ဗုဒ္ဓဘာသာကရင် ရဲဘော်တွေက ဒီကေဘီအေ ကို တည်ထောင်လိုက်တယ်။ သူတို့ ရည်ရွယ်ချက်ကတော့

၁- ကရင်လူထုအကျိုးစီးပွားကို ကာကွယ်ဖို့ 
၂- ဗုဒ္ဓဘာသာကို ပျံပွားအောင်လုပ်ဖို့ 

၁၀ နစ်ကျော်ကြာ ပြီးသွားတဲ့အခါမှာ သူတို့ ရည်မှန်းချက်တွေကိုလုပ်လာနိင်ပါပြီလား။

၁-ကရင်ပြည်နယ်အတွင်းနဖအ တပ်တွေရဲ့  ကျူးကျော်စော်ကား လူအခွင့်ရေးချိုးဖေါက်မှုတွေ
ကို မကာကွယ်နိင်ခဲ့ဘူး။
၂- ကရင်လူထု လူနေမှုဘ၀ ( စီးပွားရေး၊ ကျမ္မရေး၊ ပညာရေး၊ လျှပ်စစ်မီး၊
လမ်းပန်းဆက်သွယ်ရေး )
၃- ဒီကေဘီအေ အဖွဲ့ က ဗုဒ္ဓသာကို ကာကွယ်ဖို့  ရည်ရွယ်ပေမဲ့  နအဖ က ၂၀၀၇ ခုနစ် မှာသံဃာတွေကို သတ်ဖြတ်၊ ဘုန်းကြီးတွေ ကျောင်းကနေလူဝတ်လဲ ပြီးထွက်ပြေးနေရတဲ့
ဖြစ်ရပ်ဆိုးတွေကို မကာကွယ်နိင်၊ မကန့် ကွက်နိင်ခဲ့ပါဘူး။

၂၀၁၀ က တော့ ဒီကေဘီအေအတွက် လမ်းဆုံးကိုရောက်မဲ့နစ်ပါ။ နအဖက ဒီကေဘီအေကို
ရွေးခြယ်စရာ ၃ ခု ပေးလာနိင်ပါတယ်။ ဒါက

တစ်- ငါတို့ ကို ပြန်တိုက်မလား
နစ် - ငါတို့ ဆီမှာလက်နက်ချ ( ငါတို့ ခိုင်းတာလုပ်)

ကျနော် ယူဆတာကတော့ ဒီကေဘီအေ ဟာ နံပတ် ၁ ကို ရွေးလိမ့်မည်မဟုတ်ပါ။ ခေါင်းဆောင်တွေအများစု နအဖနဲ့ ပူးပေါင်းမည်။ မခံနိင်တဲ့ရဲဘော်တချို့  ကေအင်ယူနဲ့ လာပေါင်းလိမ့်မယ်။ ကေအင်ယူ ခေါင်းဆောင်မှု အသစ်က အရင်လို အမှားမျိုးမလုပ်ဘူးလို့ ယုံကြည်လျက်-။


- မိုးသီးဇွန် -