Saturday, August 24, 2013

၈၈၈၈ ကျဆုံး RIT ကျောင်းသား ကိုစိုးနိုင်၏ ကျန် ရစ်သူ မိသားစု အတွက်

ဦးဆောင်ပြီး လုပ်ပေးတဲ့ ဒေါက်တာ သိန်းလှိုင် ကို ကျေးဇူးတင်ပါတယ်။


၈၈ ကျဆုံး RIT ကျောင်းသား ကိုစိုးနိုင်၏ ကျန် ရစ်သူ မိသားစု အတွက် စက်မှုတက္ကသိုလ်   ကျောင်းသား ဟောင်းများနှင့် စေတနာရှင် များမှ ပေးပို့သော ထောက်ပံ့ငွေ ၄ ၀၃၃ ၂၀၀ ကျပ်ကို ပါမောက္ခ ( ငြိမ်း ) ဒေါက်တာ သိန်းလှိုင် မှ မိခင်ကြီးအား ပုသိမ်မြို့နေအိမ်တွင် လွှဲအပ်နေစဉ်။

Friday, August 23, 2013

အတင်းအကြပ် ပင်စင်ပေးခံရတယ်၊ နောက် အလုပ်ထုတ်ခံရတယ်

အတင်းအကြပ် ပင်စင်ပေးခံရတယ်၊ နောက် အလုပ်ထုတ်ခံရတယ် ..

အတင်းအကြပ် ပင်စင်ပေးခံရတယ်၊ နောက် အလုပ်ထုတ်ခံရတယ် ..

၁၈ နှစ်တာ ကျောင်းသူကျောင်းသားတွေအပေါ် စေတနာ မေတ္တာ အနစ်နာဆိုတဲ့ ဆရာဂုဏ်ပုဒ်နဲ့  အညီ တာဝန်ထမ်းဆောင်ခဲ့တဲ့ အလယ်တန်းပြဆရာမ ဒေါ်စိုးစိုးခိုင်ကို ၈၈ ရှစ်လေးလုံး ငွေရတုအခမ်းအနားတက်လို့ ဆိုပြီး အတင်းအကြပ် ပင်စင်ပေးတဲ့ အမိန့် ထုတ်၊ အဲ့ဒီ အမိန့် ကိုဘဲ ချက်ချင်း ပြန်ပြောင်းပြီ အလုပ်ထုတ်စာအမိန့်  ထုတ်တဲ့ ပညာရေးဝန်ကြီးဌာနကို ကန့် ကွက်တဲ့အနေနဲ့  ကျောင်းသားကျောင်းသူ မည်သူမဆို ကန့် ကွက်သပိတ်မှောက်သင့်ပါတယ်။

ပညာရေးဝန်ကြီးဌာနရဲ့  လုပ်ရပ်ဟာ ကျောင်းဆရာ ဆရာမတွေအပေါ်တင်မက ကျောင်းသူကျောင်းသားများအပေါ်မှာပါ နောက်နောင် တင်းကြပ်စွာ ထပ်မံတိုးချဲ့  ဖိနှိပ်ချူပ်ခြယ်မယ့် လုပ်ရပ်ဖြစ်ပါတယ်။ ထို့  အတူ ကျောင်းသားကျောင်းသားတွေအပေါ် မတရားလုပ်ဆောင်ရင် ခေါင်းငုံ့ မခံဖူးဆိုတဲ့ ကျောင်းသားစိတ်ဓါတ်ဟာ မိမိတို့  ကျောင်းဆရာဆရာမတွေအပေါ်ပါ မတရားလုပ်ဆောင်တာကို ကာကွယ်စောင့်ရှောက်ပေးရမှာပါ။

ဒီအတွက် အလယ်တန်းပြဆရာမ ဒေါ်စိုးစိုးခိုင်ကို မတရား အတင်းအကြပ် ပင်စင်ပေးရာကနေ ပိုမိုလွန်ကဲပြီး အလုပ်ပါ ထုတ်ပစ်လိုက်တဲ့ ပညာရေးဝန်ကြီးဌာနရဲ့  မိုက်ရိုင်းတဲ့ လုပ်ရပ်ကို ဆန္ဒပြ သပိတ်မှောက်ကြပါစို့  ကျောင်းတော်သူ ကျောင်းသားအပေါင်းတို့  … ကျောင်းဆရာ ဆရာမအပေါင်းဟာလည်း မိမိတို့  လုပ်ဖေါ်ကိုင်ဘက် ကျောင်းဆရာမတစ်ဦးအပေါ် ယခုလို မတရားလုပ်ဆောင်တာကို ၀န်းရံမလား၊ ကိုယ်ကျိုးထိခိုက် နစ်နာမှာကို စိုးရိမ်ပြီး တိတ်ဆိတ်နှုတ်ပိတ်နေကြမလားဆိုတာ ဂုဏ်သိက္ခာ ဆန်းစစ်ကြည့်ကြပါစို့  …


အာရှလူနာ မြန်မာ (သို့) ကွမ်းသံသရာ