Sunday, January 27, 2013

စစ်ပွဲတွေကို ရပ်ပေးပါ

စစ်ပွဲတွေကို ရပ်ပေးပါ


တရားတဲ့စစ် မတရားတဲ့စစ်
ဘယ်ဘက်ကကြည့်ကြည့် အမှားမရှိပေမယ့်
ဥပေက္ခာမိုးတစွေစွေအောက်က
အနာဂတ်ပျောက်နေတဲ့ ကလေးငယ်တွေ…..
ဆောက်တည်ရာမဲ့ ပြည်သူတွေ…..
ရင်နင့်စရာ ဘ၀ပေါင်းများစွာတွေအတွက်
စေတနာအမှားလို့ နာမည်မတပ်ကြပါနဲ့
အတူတွဲမယ့်လက်တွေက
သေနတ်တွေကို ဖက်ထားမှတော့
နွားလည်းသေ ယာလည်းကြေတော့မပေါ့
ချစ်စကိုပဲ ရှည်ကြစေ
မြေခခဲ့တဲ့ ပန်းကြွေတွေလည်းများပြီမို့
ရာစုနှစ်တ၀က်ကျော်
ရေလောင်းပေါင်းသင်ခဲ့ကြတဲ့ ပြည်တွင်းစစ်
အမြစ်ကနေတွန်းလှန်
အငြိုးတရားတွေချန်ရစ်ပြီး
စစ်ပွဲတွေကိုသာ ရပ်ပေးကြပါတော့……..။
မောင်ပါလ
၁၁.၀၁.၂၀၁၃
From mgpala

Saturday, January 26, 2013

64th Karen Revolution Day KCM Statement

64th Karen Revolution Day KCM Statement

Sunday, January 13, 2013

ကရင်နှစ်သစ်ကူးပွဲတော် ရန်ကုန်တွင် စည်ကားစွာကျင်းပ

၂၇၅၂နှစ်ပြည့် ကရင့်နှစ်သစ်ကူးပွဲတော်ကို ရန်ကုန်မြို့ အလုံမြို့နယ်မှာ ဇန်န၀ါရီ ၁၂ရက်နေ့ မနက်က ကျင်းပခဲ့ပြီး ကရင့်အမျိုးသားအစည်းအရုံး KNU နဲ့ နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့က နှစ်သစ်ကူးသ၀ဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။
တိုင်းရင်းသားအားလုံး စစ်မှန်ပြီး ငြိမ်းချမ်းတဲ့ တန်းတူညီမျှပြီး ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အပြောင်းအလဲတွေကို ကရင်အမျိုးသားတွေကိုယ်တိုင် ပါဝင်ဖန်တီးနိုင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ကရင့်နှစ်သစ်ကူးနေ့မှာ သဝဏ်လွှာမှာ ပြောဆိုခဲ့ပါတယ်။
From KamayutMediaTV